ကြုံတင် ရွာကြီး(အပိုင်း ၁)
ဟဲဟဲ..... အိပ်မရသေးလို့ ကျွန်တော်တို့ ရွာကြီးအကြောင်းပြောပြပေးမယ်ဗျာ..........
ကျွန်တော်တို့ရွာကြီးကို ကြုံတင်ရွာလို့ ခေါ်ကြတယ်။ကြုံမှ တင်ကြတာလေ post ကို တကူးတကတော့ ပြောမနေနဲ့ သိပ်ချေတဲ့ ရွာကြီးပေါ့ ။
ရွာသူကြီး ကို ရွာသားတိုင်းခေါ်ကြတာကတော့ သူကြီးဖြိုးတဲ့.....စိတ်သဘောထား ကောင်းသလောက် မာန်မာန မရှိဘဲ ရွာသူရွာသားတွေကို ကျောသားရင်သားမခွဲဘဲ အုပ်ချုပ်တဲ့ သူကြီးတစ်ယောက်၊သူ့ လက် ဆွဲတော်နှစ်လုံးပြူး သေနတ်ကြီးကလည်း ဂျပန်ခေတ်ကတည်းကဆိုတော့ ဘယ်ကောင်းတော့မလဲ အိမ်ရှေ့မှာဘဲ အလှချိတ်ထားလို့ ရတော့တယ် ။အဲ့ဒါနဲ့ မြို့တက်ပြီး နှစ်လုံးပြူး သေနတ် အသစ်တက်ပြီး ဝယ်ချ လာပါရော ။တော်ယုံ သောင်းကျန်းတဲ့ရွာသားတွေ မလှုပ်ရဲတော့ဘူးပေါ့။ဝယ်ခြမ်းတဲ့ အသုံးစရိတ် ကတော့ ရွာရဲ့ ဖန်ငွေ ထဲကပေါ့.....ဟဲဟဲ ။ကျွန်တော်တို့ရွာကြီးမှာ ကွန်ပြူတာ ကောင်းကောင်းသုံးတက်တဲ့ သူကြီးလက်စွဲတော် ဆရာမ မှန်ကြီးဆိုတာ ရှိတယ်။သူကတော့ သာရေးနာရေး ကိစ္စ တွေ၊ရပ်ရေးရွာရေး အကြောင်းကိစ္စတွေအတွက်ရန်ပုံငွေ တွေကို စာရင်းလုပ်ပေးရတာပေါ့။စာရင်း အင်းပိုင်းကတော့ တိကျသလားမမေးနဲ့ ။တစ်လကုန်လို့ တစ်ခါ စာရင်းချုပ်ရင် သူ့လက်ကောက်တစ်ကွင်းက ရွာအပေါင်ဆိုင်ရောက်တယ်.....
ခုတော့ လက်ဗလာ ဖြစ်နေလို့ ပွဲဈေးက ရွှေရည်စိမ်လက်ကောက်လေးတွေ ဝယ်ပြီး ဝတ်ထားလေရဲ့။
ရွာမြောက်ပိုင်းမှာတော့ စာသင်ပေးတဲ့ ဆရာမအပျိုကြီး တစ်ယောက်ရှိတယ်။စာအသင်အပြကတော့ လွှတ်ကောင်းဗျာ။ဒါပေမယ့် အပျို ကြီးဘဝမှ လွတ်ချင်တော့ ရွာကို အသစ်ပြောင်းလာတဲ့ ဗေဒင်ဆရာ အင်းတကော်ဗိုလ်မြင့်လွင်ဆိုတဲ့ ဆရာကြီးဆီ ဗေဒင်သွားတွက်လိုက်တော့ ယေတြာ ချေရမယ် အညံ့တွေ ပျောက်အောင် နာမည် ပြောင်းရမယ် ဆိုလို့ ကြာသပတေးချစ်သူ ဆိုပြီး နာမည်ပြောင်းထားလေရဲ့ .....
ရွာတောင်ပိုင်းဘက်ကတော့ ကုန်သည် တော်တော်များများနေကြတယ်။ကျွန်တော်တို့ရွာက ကုန်သည်တွေက ရွာရဲ့ အမှတ်အသားဖြစ်တဲ့ လက်မူ့ ပစ္စည်းတွေကို အဓိက ရောင်းကြပါတယ်။ဘီဒိုတို့...... ဘာတို့ အစရှိတဲ့အိမ်တွင်း လက်မူ ပစ္စည်းလေးတွေပေါ့။ရောင်းတဲ့ သူတွေကိုလည်း အလွယ်ခေါ်ကြရင်း ငယ်နာမည်တွေ ပျောက်ကာ...... မဘီဒို တို့ ဘာတို့ ဖြစ်ကုန်တာပေါ့။ဒါပေမယ့် မဘီဒို တို့ စီးပွားဖြစ်တယ်လို့ မထင်နဲ့.......သူခိုးခိုးတာနဲ့ ရောင်းစရာတောင်မကျန်တော့ဘူး။မဘီဒိုတို့ ခမျာ စားလောက်ယုံလောက်ဘဲ မနည်းရုန်းကန်နေရတယ်။အဲ့ဒါ နဲ့ ကာလသားခေါင်းကို သူကြီးက တာဝန်ပေးထားတယ် ရွာတောင်ပိုင်းဘက်ကို သူခိုးရန်က အဓိက ကာကွယ်ရမယ်။ကင်းစောင့်ထားရမယ့်ပေါ့။ ရွာရဲ့ ကာလသားခေါင်း က နိုင်ငံခြား ရုပ်ရှင်တွေထဲက ဂျွန်ဝစ် ကို သိပ်ကြိုက်တာ သူကို ကိုဂျွန်လို့ခေါ်မှ ပြန်စကားပြောတယ်။လမ်းသွားရင် ခဲတံတစ်ချောင်း အမြဲကိုင်ကိုင်ထားတယ်။
ကင်းသမားအဖြစ်တာဝန်ချထားတာ က နင်ခန့်ညားလို့ နာမည်တွင်တဲ့ ရွာသား။သူက စီးပွားရေး လုပ်ဖို့ မြို့ပေါ်တက်ရင်း အလိမ်ခံရလို့ နင်ပြီးပြန်လာခဲ့ရလို့ နင်ခန့်ညားလို့ နာမည်တွင်သွားလေရဲ့။အဲ့ဒါနဲ့ စိတ်ဒုံးဒုံး ချရင် ကင်းသမားဘဲ လုပ်စားတော့မယ်ဆိုပြီး ကင်းစောင့်သမားလုပ်နေရဲ့။ရွာနောက်ပိုင်းမှာတော့ .....စာရေးဆရာကြီးတွေ နေကြပါတယ် ။ဆရာတွင်းကြီး နဲ့ ဆရာမင်းစိုးနိုင် တို့ပေါ့။သူတို့ကတော့ ရွာသားတွေနဲ့ အဆက်အဆံ သိပ်မလုပ်ဘဲ စာဘဲ မဲရေးနေလေ့ရှိတယ်။
ကျွန်တော်တို့ရွာကြီးထဲ မုန့်ပဲသရေစာတွေ လာလာရောင်းတဲ့ အကားဆိုတဲ့ ဟိန္ဒူ မိန်းမကြီး တစ်ယောက်ရှိတယ်။တစ်ရွာလုံးကလည်း နေ့လယ် နေခင်းဆို သူ့ဘဲ မျှော်နေတာ။မလာတဲ့နေ့ကြရင်တော့ တစ်ရွာလုံး အုံးအုံးကြွက်ကြွက် နဲ့ အကားဘာများ ဖြစ်နေမလဲ။နေများ မကောင်းဘူးလား ဆိုပြီး စိတ်ပူလိုက်ကြရတာ အမော။ဒါပေမယ့် ရွာထဲမှာ အကားကို ကြည့်မရတဲ့သူ တစ်ယောက်ရှိတယ်ဗျ ။ရွာဇိုး ဆရာချစ်တဲ့......... သူမြည်းဖို့ အမြည်းမရောင်းလို့ ဆိုပြီး အကားကို မကြည်တာ..........
ဒါပေမယ့်လဲ့ အကား ကိုမတွေ့ရရင် သူလည်း မနေနိုင်ပေါင်ဗျာ..........
အော် အကား.....အကား ငါတို့ ကြုံ တင်ရွာကို တော်တော်လွှမ်းမိုးနိုင်တဲ့သူကြီးပါလား။
တစ်နေ့တော့ သူကြီးက ရွာသူရွာသားများအားလုံးကိုအရေးကြီး အစည်းအဝေး ရှိတယ်ဆိုပြီ သူကြီးအိမ်ရှေ့သို့ ဆင့်ခေါ်လိုက်တယ်။ရွာသူရွာသားများလည်း ph အရစ်ကျ ရောင်းပေးဖို့လား။ခြံကွက်တွေ ပါမစ်ချပေးဖို့လို့လား ဒါမှမဟုတ် သူကြီး သေနတ် အသစ်ဘဲ ကြွားချင်လို့လား...... သို့လော သို့လော နဲ့ စုဝေးပြီး သူကြီး အိမ်ရှေ့သို့ ရောက်လာကြလေသည်။
သူကြီးက သေနတ် အသစ်ကြီး ပုခုံးပေါ် ထမ်းရင်း ခေါက်တုံ့ ခေါက်ပြန် အိမ်ရှေ့မှာ ဂိုက်ပေးကြမ်းနေလေရဲ့...
ဒိုင်း..........
အမလေးတော့ လုပ်ကြပါအုံး ၊မိုးကြိုးပစ်တာလား မသိဘူး။
မဟုတ်ဘူးဟ ၊သူကြီး သူ့နှစ်လုံးပြူးကြီးကို ပစ်လိုက်တာ
ရွာသားများ အားလုံး အသံ ငြိမ်ကျသွားတဲ့အခါ
သူကြီးရဲ့ အသံညှောင်နာနာအသံကြီး ထွက်လာလေသည်။
ကဲ လူစုံကြပြီလားဟေ့......
စုံပါပြီ သူကြီး.......
အေး.....အခုလို လူစုလိုက်တာက ရွာတောင်ပိုင်းဘက်မှာ သူခိုးထနေလို့ ဘီဒိုတို့ အဖွဲ့တွေ လုပ်ကိုင်စားသောက်လို့မရတော့လို့ သူခိုးရန် ကာကွယ်ရေးလုပ်ရအောင် ရွာသားများအကုန်လုံးကို ဆင့်ခေါ်လိုက်ခြင်းဖြစ်တယ်။အဲ့အတွက် ကင်းစောင့်တွေထားမယ်၊ မြို့က စုံထောက်ကျော် ရှားလောစ့်အောင်ကို ငှါးရမ်းထားပြီး ရအောင်ဖော်ထုတ်အရေးယူသွားပါမယ်။
အပိုင်း(2) ကို နောက်တစ်ပုဒ်အဖြစ်ဆက်ပါမယ်။
ပျော်ရွှင်စေဖို့ရေးသားခြင်းဖြစ်တဲ့အတွက် အမှားများ၊လွန်ကျုး မိပါက ခွင့်လွှတ်ပေးကြပါ။ညီအစ်ကိုတို့
@thethtooaung
MSC-157
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
ကိုထူးရယ် အရေးအသားတွေ ကောင်းလွန်းနေတော့ ဘယ်လိုမန့်ရမယ်မှန်းတောင်မသိတော့ဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘဒို၇ဲ့ အေ၇းသားတွေက ဘယ်လိုပြော၇မလဲဆ်ုတော့ ကောင်းလွန်းနေတာဗျ အ၇မ်းကောင်းတယ်😁😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီး အားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်လို့ကောင်းပါတယ်bro။ရှားလော့အောင်က Bro လား။😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီး....တန်းက့ကို သိတာဘဲ bro 😁😁😁
ဖတ့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good writing!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ဖတ့်ပေးတဲ့အတွက်ကျေးဇူးပါ bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖက်လို့ကောင်းပဗျာ😃အားပေးနေပါတယ်👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတိကဲ့ ကျေးဇူးတင်ပါတယ် bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါ့ပေတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် bro ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းလွန်းပါတယ်ဗျာ အရေးသားတွေက။ဟီးး သူကိုယ်သူ စုံထောက်တဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲရွာကိုပြောင်းမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရေးအသားကောင်းပါတယ်ရှင်၊အားပေးနေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာရေးထညးတာ အရမ်းကောင်းတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ဖတ့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit