Ready Mix Concrete လုပ်ငန်း(အပိုင်း ၂)

in myanmar •  7 years ago  (edited)

Ready Mix Concrete လုပ်ငန်း(အပိုင်း ၂)
image
Grade အကြောင်းကို နားလည်သွားပြီ ဆိုတော့ Mix design ဘက်ကိုပြန်သွားပါမယ် ။Mix design ကို QC(quality control)lab မှ စမ်းသပ်ခြင်းဖြစ်ပါတယ်။QC မှ G10 mix design ရအောင် အမျိုးမျိုး စမ်းသပ်ပါတယ်။ ဥပမာ-chemical အမျိုးအစားကောင်းတာသုံးကြည့်တာ၊Cement အမျိုးအစားကောင်းတာ၊ကျောက်ကောင်းကောင်းသုံးကြည့်ချင်း၊ သဲအမျိုးအစားကောင်းကောင်း အစရှိသည်ဖြင့်အမျိုးအမျိုးစမ်းသပ်ပါတယ် ။ အဓိကကတော့ ဈေးနူန်းသက်သာပြီး လုပ်ငန်းအတွက်လည်း အဆင်ပြေ သတ်မှတ်ထားသော မာကျောမူလည်း ရရှိတဲ့ G10 Mix Design ရရှိရန်ဖြစ်ပါတယ်။ပြီးတော့တစ်ခု ကျန်ပါသေးတယ် ရာသီဥတု နဲ့လဲ ကိုက်ညီတဲ့ Mix design ဖြစ်ဖို့လည်း လိုအပ်ပါတယ်။
image
လုပ်ငန်းလုပ်ရတာလဲ အဆင်ပြေ၊ရာသီဥတုနဲ့လည်းကိုက်ညီ၊ဈေးနူန်းလည်းသက်သာ၊ Grade 10 သတ်မှတ်ထားတဲ့ မာကျောမူ့လည်းရပြီဆိုတာနဲ့ အဲ့ဒီ Mix design ကို QC မှ production(ကုန်ထုတ်လုပ်ငန်း) သို့ လွှဲပေးပါတယ်။
Production မှ Mix design တွင် ပါဝင်သော ပစ္စည်းအမျိုးအစား၊အချိုးအစားအတိုင်း ချိန်တွယ်ပြီး Mixer ဟု ခေါ်သော အိုးကြီးထဲ ထည့်ပြီး Mixing(ရောမွှေခြင်း) ပြုလုပ်ပါတယ်။ ရောမွှေပြီးသည်နှင့် အုန်းမွှေးလုံးဟုခေါ်သော Mixer trucks များထဲ ထည့်ပြီး customer ဆီကို အရောက်ပို့ဆောင်ပေးခြင်းဖြစ်ပါတယ်။ဒါ ကတော့အကြမ်းဖျင်းပြောပြခြင်းဖြစ်ပာတယ်။ခုနောက်ပိုင်း customer requirements တွေ များလာပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ foreigner customers များ တစ်ဖြည်းဖြည်းများလာတော့ တောင်းဆိုတဲ့ customer requirements တွေများပြားလာပါတယ်။
image
ဥပမာ- concrete slump (100 to120) အတွင်းဖြစ်ရမယ်။ ဘာလို့တောင်းဆိုတာလဲ ဆိုရင် test ပြုလုပ်ထားတဲ့ water/cement ratio အတိုင်း အတိအကျ လိုချင်၍ ဖြစ်ပါတယ်။ water/cement ratio များသွားလည်း မကောင်း နည်းသွားလည်း Concrete အတွက်မကောင်းပါဘူး ။ ပြီးတော့ concrete flow ဥပမာ-(300 to 400)mm ရရှိရပါမယ်။ဘာအတွက်ကြောင့်လည်းဆိုရင် workability ကောင်းမွန်ဖို့အတွက်ဖြစ်ပါတယ်။slump reduction ဥပမာ-4 hr ရှိရမယ်။ဘာအတွက်ကြောင့်လဲ ဆိုရင် 4 နာရီ ကြာတဲ့အထိ ပျော့နေရမည်။setting မဝင်ရဘူးပေါ့။ ပြောချင်တာက 4 နာရီကြာတဲ့အထိ ပျော့ပျော့ပြောင်းပြောင်းနဲ့ မာမသွားရတာကိုဆိုလိုပါတယ်။
image
image
ပြီးတော့ temperature 32'အောက်ရရမယ်။ဒါကတော့ ကျွန်တော်တို့နိုင်ငံဟာ အပူပိုင်းဒေသထဲပါပါတယ် လက်ရှိရာသီဥတု temperature တောင်
30'လောက်အနည်းဆုံး ရှိတာပါ။ အဲ့အတွက်ကြောင့် 32 အောက်ရောက်အောင် concrete မှာ သုံးစွဲရတဲ့ materials များကို temperature control ပြုလုပ်ပေးရပါတယ်။ဘာတွေလုပ်ရသလဲဆိုရင် သဲကျောက်များကို အမိုးအကာများအောက်တွင်ထားရှိရပါတယ် ။ပြီးရင် ရေဖြန်းရပါတယ်။cement များကိုလည်း လာပို့တဲ့တိုက်ရိုက်မသုံးဘဲ ညသိပ်ထားရပါတယ်။ပြီးမှ အသုံးပြုရပါတယ်။ရေကိုလည်း temperature ကျအောင် ရေခဲရေကိုအသုံးပြုပေးရပါတယ်။အဲ့လို ပါဝင်ပစ္စည်းများကို temperature control ပြုလုပ်ထားမှ concrete temperature 32'အောက် ကိုရရှိပါတယ်။ဟုတ်ကဲ့ ပြီးတော့ ပါဝင်တဲ့ materials တွေမှာ အမှိုက် ၊မီးသွေးများ သစ်တိုသစ်စ များ ပါဝင်မူမရှိအောင်လည်း ဇကာချစက်များဖြင့် ဇကာချပြီးမှ သန့်စင်သော materials များကိုအသုံးပြုရပါတယ်။
image
ပြီးမှ production ပြုလုပ်ရပါတယ်။production ပြုလုပ်ရာတွင်လည်း customer ဆီကို အချိန်မီရောက်ရှိရေး၊pump or bomb pump များဖြင့် concrete ရိုက်တင်ရင်လည်း(ဥပမာ-အထပ်မြင့်များ) အဆင်ပြေချောမွေ့အောင် စီစဉ်ရပါတယ်။ customer ဆီအချိနိမီရောက်ရှိရေး- အဲ့အတွက် ရန်ကုန်မြို့ကတော့ညီအစ်ကို တို့ သိတဲ့အတိုင်း ကားအရမ်းကျပ်ပါတယ်။ကားသေးများတောင်သွားရလာရမလွယ်ကူတာ အုံးမွှေးလုံးလို ကားကြီးများအတွက်ဆိုပိုဆိုးပါတယ်။မြို့ထဲလမ်းတော်တော်များများကလည်း ကားကြီးများဆိုရင်အဝင်မခံပါဘူး။အချိန်ပိုင်းတွေဘဲဝင်လို့ရပါတယ်။အဲ့အတွက် ရူ့ထောင့်အမျိုးမျိုးကနေကြည့်ပြီး customer လိုအပ်တဲ့အချိန်ရောက်အောင် စီစဉ်ပေးရပါတယ်။အခက်အခဲတွေကိုတော့ ရေးမပြတော့ပါဘူး။သိကြမှာပါညီအစ်ကိုတို့ ကောင်းရောင်းကောင်းဝယ်လုပ်စားတဲ့အခါ တရားဝင်တောင် ဘယ်လောက်အခက်အခဲကြုံရတာလဲဆိုတာကို သိကြမှာပါ။ဘော်ဒါကြေး ကိစ္စတစ်ခုတင် တော်တော်ဆိုးပါတယ် ။ကဲ့ pumping ကိစ္စ ဆက်ပြောရအောင်, အထပ်မြင့်တွေကြတော့ station pump နဲ့ ရိုက်တင်ရပါတယ် concrete ကို hydraulic Pressure အသုံးပြုရတာပါ။
နောက်တပိုင်းမှာ pumping ကိစစ္စများဆက်ရေးပါ မယ်။အားပေးပေးကြပါအုံး။
Writer by @thethtooaung
MSC-157
ကျေးဇူးတင်ပါတယ်။
အားပေးပေးကြပါအုန်း

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စာသာပြီးအောင် ဖတ်ပြီးသွားတယ် ကိုယ်မှ ဆောက်စရာ ဘာမှ မရှိ။ ညီ တင်ပေးထားတာတွေကို တနေ နေ အသုံးဝင်လာမယ်ထင်ပါတယ်။

အသုံးဝင်မယ်ဆိုရင်ကျေနပ်ပပြီ bro

ဗဟုသုတရပါတယ်​။Good bro.

ကျေးဇူးတင်ပါတယ် မအိ

ဗဟုသုတရတယ်ညီလေး

Thanks for support

ဗဟုသုတရပါတယ်။

Thanks sis

လုပ်ငန်းခွင်လည်ပတ်ပုံတွေပဲ တနေ့ကိုယ်ပိုငါလုပ်တဲ့အခါ ဗဟုသုတရတာပေါ့နော ဟဲဟဲ

အုးရှိစေမယ့်မျှော်လင့်ပါတယ်

ဗဟုသုတ ရတယ်

ဟုတ် bro

ကောင်းတယ် အသုံးလိုတဲ့အခါဝင်ရှာကြည့်နိုင်တာပေါ့

ဖတ့်ဝေဖန်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

အားပေးသွားပါတယ်ဗျ

ဟုတ် bro

Thanks for your sharing knowledge

Thanks for support

ဗဟုသုတရတာ​ပေါ့

ဖတ့်ပေးတဲ့အတွက်ကျေးဇူးပါ။

ဗဟုသုတရပါတယ်ရှင်

ဖတ့်ပေးတဲ့အတွက်ကျေးဇူးပါ

မိုက် မိုက်...plz v and c me back @mgtoetat

Thanks bro

Amazingပါဗျာ.ဗဟုသုတရတယ်..

ဟုတ် bro sawmyat

good knowledge

Thanks bro thein zaw

စိတ်ဝင်စားစရာများပါ။ နောက်ဆက်လာမှာစောင့်နေမယ်။

ဖတ့်ဝေဖန်ပေးတာကျေးဇူးတင်ပါတယ် bro

ဗဟုသုတရပါတယ်

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် bro

ဗဟုသုတရပါတယ်​။
အား​ပေး​နေပါတယ်​bro။

ဟုတ် bro ကျေးဇူးတင်ပါတယ်

အားပေးပါတယ်ညီ

ဟုတ် ကျေးဇူး bro

This post has received a 14.08 % upvote from @boomerang thanks to: @thethtooaung

Thanks