ငယ်စဉ်ကထဲက မျက်လုံးသူငယ်အိမ်နဲနဲစောင်းနေတယ်လို့  အိမ်ကမိဘများ ပြောသောစကားများအရ သိခဲ့ရပါတယ်။ပဉ္စမ ( ၅ ) တန်းရောက်တော့ တခြားသူငယ်ချင်းတွေလို မဟုတ်တဲ့ကျမက အရပ်ကနဲနဲရှည်တော့ အတန်းထဲမှာ ရှေ့ဆုံးခုံကနေရာမထိုင်ရပါဘူး ။ ဆရာဆရာမတွေသင်ပြရေးပြတဲ့ ကျောက်သင်ပုန်းက စာတွေဟာ သိပ်ကြည်လင်စွာမမြင်ရဘဲ ခပ်ဝါးဝါးဖြစ်နေ မြင်နေရပါတယ် ။
အိမ်ကိုရော ဆရာဆရာမများကိုပါ မပြောရဲတဲ့ကျမက စာနောက်ကျရင်အဆူခံရမှာလဲကြောက်တော့ မျက်စိ၂လုံးကို အားယူပြီး မျက်မှောင်ကျုံ့ပြီး စာတွေကိုကြည့်နေရတာပေါ့ ။ ကျောင်းမှာ သင်္ချာဘာသာသင်ပြတဲ့ ဆရာဆရာမတွေက တပုဒ်ရှင်းပြရင်း နောက်ကလိုက်ပြီး ကူးရေးခိုင်းပါတယ် ။ တခြားကျောင်းသားတွေက ကူးလို့ ပြီးကြတော့ ဆရာဆရာမတွေက ကူးပြီးကြပြီလား နောက်တပုဒ်သင်ဘို့ ဖျက်မယ် မေးလိုက်တိုင်းမှာ ပြိုင်တူနီးပါး ပြီးပါပြီလို့ ဖြေတတ်ကြတာပါ ။
photo # facebook search
အဲ့ဒီလိုဖြေတဲ့အထဲမှာ မပါတာက ကျမတစ်ယောက်ထဲပါ ။ ကျမမဖြေတာကို သတိထားမိဟန်ရှိလာကြတဲ့ ဆရာဆရာမများက သက်လျာရွှေထား ကူးလို့ ပြီးပြီလား ? ဆရာဆရာမမေးရင် ဘယ်တော့မှမဖြေဘူးဟု ပြောခံရခဲ့ပါတယ် ။ ကျမက ဟုတ်ကဲ့ပြောပြီး ခေါင်းငုံ့နေပါတော့တယ် ။ ကျမမျက်လုံးရဲ့ အားနည်းချက်နဲ့ ကျန်းမာရေးကြောင့် အမှန်တကယ်က ကျောက်သင်ပုန်းစာတွေကို မနဲမြင်အောင်ကြည့်ကူးနေခဲ့တာ ဘယ်သူကလာသိမှာလဲရှင် ။
လေးတန်းကျောင်းတက်ချိန်နှစ်ဝက်လောက်မှာ ကျမခနခန ဆရာဆရာမတွေက စာမပြီးလို့ ဆူခံရတာမျိုးတွေ ကြုံလာခဲ့ရပါတယ် ။ ကျမလေ့ကျင့်ခန်းစာအုပ်နှင့် အိမ်စာစာအုပ်များလွဲ၍ မှတ်စုစာအုပ်များထဲမှာတော့ ကွက်လပ်လေးတွေအများကြီး ပါနေခဲ့တတ်ပါတယ် ။ ကူးလို့ က မပြီးသေးခင်မှာ ဆရာဆရာမများက ကူးလို့ ပြီးပြီလားမေးတိုင်းလည်း တခြားကျောင်းသားကျောင်းသူများ ပြိုင်တူအော်ကြသလို ကျမလဲ အဆူခံရမှာစိုးသောကြောင့် ပြီးပါပြီဟု ညာအော်တတ်လာပါပြီ ။ ဆရာဆရာမများ သင်ပြီးချိန်များမှ တခြားသူငယ်ချင်းများဆီက စာအုပ်ကိုငှားပြီးကူးယူရန်အလို့ ငှာ ကျမကူးထားသောမမှီသည့်အပိုင်း ( ဆရာဖျက်သွားသည့် မမှီသောနေရာမှစကာ ) အား ကွက်လပ်တွေ ချန်ခဲ့ရတာကြောင့်ပါ ။
photo# facebook search
အိမ်ကတော့ ကျမစာကြည့်ချိန်များ တစ်ခုခုကို အာရုံပြုစူးစိုက်နေချိန်များမှာ မျက်မှောင်ကျုံ့ ပြီးကြည့်တတ်တဲ့ကျမကို သတိထားမိလာဟန်ရှိလာသောကြောင့် သမီးလေး စာကြည့်တာ ဘာလို့လဲ မျက်မှောင်ကျုံ့  ကြည့်နေတယ်နော် မမြင်ရဘူးလားလို့ မေးလာခဲ့ကြပါသည် ။ မမြင်ရဘူးလားမေးကြတော့ ကျမကိုကန်းနေတယ်ထင်နေမလားမသိဟု စိတ်ထဲကရေရွတ်မိပြီး အဝေးကနေ black board ပေါ်ကဆရာဆရာမတွေရေးပြတဲ့ ကျောင်းစာတွေကို မှုံဝါးဝါးမြင်နေရတာကိုပါ မပြောပြမိတော့ဘဲ မြင်ရပါတယ်ဟု မိဘများကိုပြန်ဖြေခဲ့ပါတယ် ။
စာမေးပွဲဒုတိယပတ်ဖြေဆိုပြီးချိန်မှာတော့ ကျမကျောင်းစာကူးရေးရတာ သိပ်အဆင်မပြေတော့သလို မျက်စိအားစိုက်ကြည့်ရတာလည်း ခေါင်းမူးလာသည်အထိခံစားရပါတယ် ။ အိမ်ကို မျက်စိကြောင့် ထည့်မပြောမိဘဲ ခေါင်းမူတယ်ပြောမိသောကြောင့် ဆေးတိုက်လဲ မသက်သာခဲ့ပါ ။ အိမ်မှာနားနေစဉ် ဆေးသောက်တုန်းခဏသာ ခေါင်းမူးသက်သာခဲ့ပြီး ကျောင်းကိုရောက်လို့  စာပြန်ကူးတိုင်း ခေါင်းပြန်မူးနေတတ်ပါတော့တယ် ။ အိမ်က မကြာခနဖြစ်နေတဲ့ကျမကို ဆရာဝန်ဆီသွားပြဘို့  ခေါ်သွားပြီး ကျမဖြစ်တာတွေကို အကုန်ပြောပြကြပါတယ် ။ ဆရာဝန်က ကျမကိုစမ်းသပ်ရင်း ကျမမျက်မှောင်ကျုံ့  ကြည့်တာမြင်သွားပြီး မျက်စိအားနည်းတာဖြစ်နိုင်မယ် သူပေးတဲ့ဆေးကိုလည်းသောက်ပါ သူဆေးစာရေးပေးလိုက်မယ် မျက်စိဆရာဝန်ဆီသွာစစ်ပါလို့ ပြောပါတယ် ။
photo # facebook search
ကျမပျော်နေမိတာ ။ အိမ်ကိုအပြောခက်နေတဲ့ ကျမရဲ့မျက်လုံးပြဿနာလေးကို ဆရာဝန်ကရိပ်မိပြီး ပြောပြလိုက်တာ မနက်ဖြန်ဆို မျက်စိဆရာဝန်ဆီ သွားစစ်ရတော့မယ်လေ ။ အတန်းထဲက ဆရာဆရာမတွေရေးတဲ့ black board ပေါ်ကစာတွေလည်း ရှင်းလင်းစွာမြင်ရတော့မှာကို တွေးမိပြီး ပျော်နေပါတော့တယ် ။
မမ်မ်က္လုံးအားနဲတ့ဲသူရဲ့ဒုကၡ ကလဲ မေသးဘူးပဲေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်ဆာ ငယ်ထဲကပါရှင့်
Submit
ဂရုစိုက်ပါညီမလေး
Submit
ဟုတ်ကဲ့မမ ကျေးဇူးပါ
Submit
nice story
Submit
thank you

ထပ်တူထပ်မျှပျော်ပါသည်
Submit
ကျေးဇူးပါ

မျက်လုံး တန်ဖိုးထားရတာပေါ့ကွယ်
Submit
ဟုတ်ပါတယ်ရှင်
Submit
Good Post! @thetlyar
Submit
thank you
Submit
good post

great post
Submit
ဒို့များမျက်လုံးကြတောညမအိပ်လို့စိုးရိမ်ရပေစွ
အမြဲပျော်ရွှင်နိုင်ပါစေ
Submit
thanks

ကျေးဇူးပါကွယ်…
Submit
ကျေးဇူးပါရှင်
Submit
ဒုက္ခကမသေး

ဟုတ်တယ်

take care

ကျနော်လည်း မျက်လုံးမကောင်းဘူး အဝေးမှုန်တာပါ။
ဒါပေမယ့် မျက်မှန်တစ်နှစ်လောက်တပ်ပြီး တစ်နှစ်လောက် ပြန်ချွတ်ထား
ခဲ့တယ် ။ အရက်သေစာသောက်စားတတ်တော့
အာရုံကြောပြန်ထိလာတာနဲ့တူ
တယ် ။ ခုဆို မျက်မှန်ချွတ်ရင်
အနီးနားကလွဲလို့  အဝေးဆို
ဘယ်လိုမှကြည့်ရတာအားမရတော့ .. အမြဲတမ်းတတ်ထား
နေရတယ် ။ တခါတလေကျတော့လည်း မျက်မှန်မပါလည်း အဆင်ပြေနေပြန်ရော အတော်ခက်တဲ့  .. ဒုက္ခ
..