စိတ်ချမ်းသာစွာနေထိုင်ကြပါ

in myanmar •  7 years ago  (edited)

မိဘဟူသည် ဘာနဲ့မှနှိုင်းယှဉ်မရသော ကြီးမားသောကျေးဇူးရှိကြပြီး ထိုကျေးဇူးတို့ သည်လည်း ဘယ်တော့မှ ဆပ်၍မကုန်တဲ့ ကျေးဇူးများဖြစ်သည် ။

မိဘမျက်ရည်တစက် သားသမီးဆင်းရဲတသက် လို့ စကားပုံရှိသည့်အတိုင်း မိဘကိုစိတ်ဆင်းရဲပြီး မျက်ရည်ကျအောင်လုပ်တတ်သည့် သားသမီးတိုင်းသည် ဆင်းရဲခြင်းအမျိုးမျိုးမှ တသက်လုံးလွတ်မည်မဟုတ်ဆိုသောကြောင့် ကျမအတတ်နိုင်ဆုံး မိဘစိတ်ဆင်းရဲအောင် မလုပ်ခဲ့မိအောင် ဆင်ခြင်နေထိုင်ခဲ့ပါတယ် ။

တခါတလေ ကျမကြောင့် အမေမျက်ရည်ကျနေတာမျိုး မြင်မိတိုင်း ကျမအမေကို အနားကပ်ခါ တတွတ်တွတ်နှင့် ရှိခိုးဦးတင်ပြုပြီး ခွင့်လွှတ်ပါလို့ လဲအကြိမ်ကြိမ် လုပ်လေ့ရှိပါတယ် ။ အမေစိတ်ဆင်းရဲမျက်ရည်ကျအောင် ရည်ရွယ်ပြုလုပ်မျိုး မဟုတ်ခဲ့ပါဘဲနဲ့ကို မိဘရဲ့ ဝဋ်လည်မှာကို ကျမကြောက်တတ်တာပါ ။

ငွေမချမ်းသာခြင်းက အဓိက မဟုတ်ပါ ။
စိတ်ချမ်းသာခြင်းကသာ အဓိက ဖြစ်ပါတယ် ။
ငွေမချမ်းသာတာကိုလည်း ချမ်းသာလာအောင် ရှာဖွေကြိုးစားလို့ သလို စိတ်ချမ်းသာစွာနေနိုင်ရန် ကြိုးစားနေထိုင်လို့  ရပါတယ်ရှင် ။

အဲလိုတွေ ကောင်းအောင်နေထိုင်လို့  ကြိုးစာလို့ ရပါလျှက်နဲ့ လူတချို့က ဘာကြောင့်များ စိတ်ဆင်းရဲခြင်းကိုမှ သေချာရှာဖွေနေကြသလဲဆိုတာ ကျမ မတွေးတတ်အောင်ရှိရပါတယ် ။ စိတ်ဆင်းရဲခြင်းနှင့် ကြုံကြိုက်လို့ စိတ်ဆင်းရဲလာရရင်တောင် စိတ်ချမ်းသာမှုရအောင် ပြုပြင်နေထိုင်ရမယ့်အစား စိတ်ချမ်းသာစွာနေထိုင်ရခြင်းကို စိတ်ဆင်းရဲခြင်းသို့ ရောက်အောင် မဖန်တီးသင့်ကြပါဘူး ။

နေစရာအတွက်လည်း မပူပင်ရ ။ စားစရာအတွက်လည်းမပူပင်ရပါဘဲနဲ့ ယုတ်စွအဆုံး မိမိအဝတ်အထည်နှင့် စားပြီးသားပုဂံတောင် မဆေးရတဲ့လူတွေက ဒီထက်စိတ်ချမ်းသာစရာ ဘာရှိနိုင်မလဲ ။ ဒါကိုသူတို့ ကိုယ်တိုင်က မလိုလားကြဘဲ စိတ်ညစ်စရာတွေကို ဖန်တီးကြပြီး စိတ်ညစ်နေကြတယ်ဆိုတော့လည်း ကျမအတော်လေးကို အံ့အားသင့်ရပါတယ် ။

သူတို့ လုပ်နေပုံတွေဟာ သူတို့ ကို စိတ်ချမ်းသာစွာထားပေးနေတဲ့လူတွေအပေါ်ကို တမင်စိတ်ညစ်အောင်လုပ်နေသလိုဖြစ်နေပါတယ် ။ မိမိကို စိတ်ချမ်းသာအောင် ထားပေးသူတွေကို မိမိတို့က စိတ်ချမ်းသာအောင် ပြန်မတုန့် ပြန်နိုင်ရင်နေပါ ။ စိတ်ညစ်အောင်တော့ မလုပ်သင့်ပါဘူး ။

ဘယ်သားသမီးကမှလဲ မိဘစိတ်ညစ်အောင်မလုပ်ကြသလိုပါဘဲ ဘယ်မိဘမှကလည်း သားသမီးစိတ်ဆင်းရဲအောင် မလုပ်ကြပါဘူး ။ သို့ သော် စိတ်ဆင်းရဲအောင် ဖြစ်လာမည့် အကြောင်းတရားတို့ ကြောင့် ရံဖန်ရံခါ စိတ်ဆင်းရဲတတ်ကြပါတယ် ။

FB_IMG_1517923955730.jpg

photo credit # facebook

ထို့ သို့  စိတ်ဆင်းရဲခြင်းဖြစ်လာခဲ့ရင်သာ အသိကလေးရှိအောင် သတိထားနေထိုင်ကြပြီး ဆင်ခြင်စွာ ပြင်ဆင်နေထိုင်တတ်ကြပါစေလို့  ဆန္ဒပြုလိုက်ရပါတယ်ရှင် ……

@thetlyar

MSC 027

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

v100%$0.06 v n c done.

thanks

စိတ်ချမ်းသာဖို့က အဓိကပါ

right

ကုန်ကြမ်းမိုက်တယ်ဟ

ခ်ခ်

Nice post

thanks

ဟုတ် ဟုတ်

ဟုဟု

ဘယ်သူ့ကို စောင်း ရေးတေ ဟိ😊😊

ဟားး မမကြည်သိဒေလား

တိတေ😊😊😋😋

ကျေးဇူးကြီးလှ မိနဲ့ဖပေါ့ အစ်မရယ်

မိဘ မျက်ရည် တစက် အတွက် သားသမီးပြန်ပေးဆပ်ရတာ တသက်ပါ

ဟုတ်တာပေါ့မောင်လေး

ဟုတ်ကဲ့ပါ စိတ်ချမ်းသာစွာနေပါသည်

အကောင်းဆုံးပါ

ကောင်းတယ်ဗျ ရေးထားတာလေး

thank you

@nannhtike's friend

@nannhtike's friend

thanks

ဟုတ်ပီညီမရေ

ဟုတ်ကဲ့

ပန်း​လေးသ​ဘေကြတယ်ဟယ်​ အပြင်​မှာဆိုတအားလှမှာ

ဟုတ်ပ

အမအ​ရေးအသား​လေး​ကောင်းတယ်​​ဗျာ ကျ​နော်​ကမိဘနှစ်​ပါနဲ့ရန်​ဖြစ်​ပြီးအိမ်​​ပေါ်ကဆင်းလာတာပါ အမ​ဆောင်းပါး​လေးမြင်​ပြီး မျက်​ရည်​ကျမိပါတယ်
ကျ​နော်​ကဒီ​နေ့မှsteemitစသုံးတဲ့အသစ်​​ပါအမ
ကျ​နော့်​က်ုလမ်းပြ​ပေးပါဥိး​ဗျ

ဟုတ်ကဲ့ပါရှင့်

စိတ်ထားဖြူစင်အောင်နေပါမယိ

ကောင်းပါတယ်ရှင်

မိဘကျေးဇူး မြင့်မိုရ်ဦးပါ ဗျ

မှန်ပါတယ်

ကောင်းပါတယ်ခင်ဗျ။

ကျေးဇူးပါရှင့်

ကောင်းပါတယ်​ အစ်​မ။

ကျေးဇူးပါ

Upvoted and resteem. Follow @alphawhale to have your best post upvoted and resteem.

i followed

စိတ်ကောင်းနှလုံးကောင်းထားပါမယ်

အကောင်းဆုံးပေါ့

v100%$0.07 v n c done.

thanks

ကောင်းပါတယ်

ဟုတ်ကဲ့

ဟုတ်ကဲ့ပါအမမှတ်ထားပါ့မယ်

ဟုတ်

စိတ်ချမ်းသာအောင် နေတော့မယ် ဒီနေ့ post မတင်မိတာကစ

အင်းဆို

မိဘကိုသိတတ်ကိုကမင်္ဂလာပါပဲ မရှိတာထက် မသိတာခက်တယ်တဲ့ စိတ်ချမ်းချင်ရင်တော့ မလွယ်ဘူး

ဟုတ်ကဲ့အကို

Good post

စာလည်းလှ .. ပန်းလည်းလှ ...
Upvoted!