တန်ခူးလမှာ ……

in myanmar •  7 years ago 

မြန်မာတို့ရဲ့ နှစ်ကူးချိန်ခါ တန်ခူးလမှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ဆုမွန်ခြွေလိုက်ပါတယ်ရှင် ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာခြင်းများ ပြည့်ဝကြပါစေ ။

received_688395631359554.jpeg

သူငယ်ချင်းတို့ရေ အတာတန်ခူးမှာ ဘယ်လိုတွေ စီစဉ်ထားကြပါသလဲ ?

အကြိုမနက်ကထဲက စလည်မှာပါလား ? မနက်ကို ပြင်ဦးလွင်တက်ပြီး ညနေဖွင့်ပွဲအမှီပြန်ဆင်းပြီး ကျုံးပတ်မယ်လေ !

အကျီ င်္ကတွေ့လို့ ဝယ်ထားလိုက်တာ သူနဲ့လိုက်ဖက်မယ့် ဟာတွေ မဝယ်ရသေးဘူး !

ငါ့အမျိုးတွေဆီသွားကန်တော့ပြီး ကြံဖန်ထုလိုက်အုံးမယ် မုန့် ဘိုးရလာမှ ဝယ်စရာတွေထပ်ဝယ်ရမယ် !

စသည့် အသံမျိုးစူံဖြင့် ဖုန်းဆက်အလုပ်ရှုပ်နေသော မော်လမြိုင်မှ ညီမဝမ်းကွဲတော်စပ်သူ၏ တဖက်ကိုအားရပါးရ ပြောနေသံကိုကြားအပြီး ကျမထံသို့  အကြံအဖန်လှည့်လာမယ်ဆိုးသဖြင့် ခြေလှမ်းတို့ နောက်ဆုတ်ရင်း မီးဖိုချောင်ထဲ ဝင်နေလိုက်တယ် ။ မီးဖိုခန်းထဲ ကျမရှိနေလို့ ကတော့ မလာတာ အသေအချာပါ ။ ညီမဝမ်းကွဲဆိုသူမှာ အိမ်အလုပ်ကူလုပ်ရမှာ အင်မတန်ကြောက်သော ယောင်္ကျားစိတ်ပေါက်နေသူတဦး ဖြစ်သောကြောင့်ပါ ခ်ခ် ။

ကိုယ့်စိတ်ကူးက သင်္ကြန်တွင်းမှာ မနက်အစော အမေနဲ့အတူ ဥပုဒ်ကျောင်းလိုက်ပို့ ရင်း ဥပုဒ်တထိုင်ယူမယ် ။ ပြန်လာရင် မီးဖိုချောင်ဝင်ပြီး ချက်မယ် ပြုတ်မယ် ။ အလည်ထွက်ကြတဲ့ ညီမနဲ့မောင်လေးပြန်အလာစောင့်ပြီး သူတို့ မြင်လာသမျှ သူတို့ အပျော်တွေ ပြန်ပြောပြတာနားထောင်မယ် ။ ဟော အကြိုက်ဆုံးတခု ပြောဘို့ ကျန်ခဲ့တယ် တော်ပါသေးရဲ့ ။ သူတို့ တွေ အလည်ထွက်နေတော့ ကိုယ်ကြိုက်သော ကိုရီးယားကားတွေကိုလည်း နေကြာစေ့လေးစားလိုက် အအေးလေးသောက်လိုက် လဖက်သုပ်လေးစားလိုက်နဲ့ ဆက်တိုက် အပိုင်းတခွေပြီးတခွေ ကြည့်နေရုံပဲလေ ။

သင်္ကြန်ရက်အတွက် ကျမ ဟင်းအော်ဒါလက်ခံထားသေးတာလည်း ချက်ရအုံးမယ်ဆိုတော့ ကြိုတင်ဝယ်ထားစရာရှိတာလဲ ဝယ်ပြီးတော့ အတာသင်္ကြန်တွင်း ရောက်လာရန် မျှော်နေမိတော့တာ ။ ဟင်းအော်ဒါဆိုလို့  အထင်မကြီးနဲ့အုံးနော် ။ အဖေကချက်ဖို့ မှာတာက ဆိတ်သားမွှကြော်တဲ့ ။ အမေက မွန်သင်္ကြန်ဟင်းတဲ့ ။ မောင်နဲ့ညီမက ဝက်အူချောင်းကြော်နဲ့ ပဲကြာဇံဟင်းရည်တဲ့ ။ နှစ်တိုင်းဒီဟင်းဘဲ ချက်ခိုင်းနေတာ အစဉ်အလာတခုလိုဖြစ်နေလားမသိ ။

ကျမရဲ့ အတာတန်ခူးရဲ့ နှစ်ဟောင်းကိုစွန့်  နှစ်သစ်ကိုကြိုဆိုမယ့် အစီအစဉ်လေးတွေပြောပြပြီးပြီဆိုတော့ စတီးမစ်သူငယ်ချင်းတို့ ရော ဘာတွေစီစဥင်္ထားကြလဲရှင် ။

FB_IMG_1522495323328.jpg

all photos credit # facebook

@thetlyar

MSC 027

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

လမ်းလျှောက်သင်္ကြန် သွားမယ်မလား မမကြည်တို့ မုံရွာလဲ ဒီနှစ် လမ်းလျှောက်သင်္ကြန် လုပ်နေတယ်ရော သဲရုပ်တုတွေရော ပါတယ်တဲ့😍

wow မိုက်တယ်မမရေ

သင်္ကြ၃်မှာပျော်ကြမယ့်ပုံရိပ်တွေရေးသားထားတာတွေကြည့်ပီး
ကြည်နူးမျက်ရည်ဝဲမိပါတယ်ဗျာနှစ်သစ်မှာအားလုံးအစစအရာရာအဆင်ပြေချော့မွှေ့ပီးကိုယ်စိတ်နှစ်ဖြာဘေးဘရာကင်းကွာကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးပါတယ်သက်လျာရေ

ဟုတ် ကိုသာအေးတို့ မိသားစုလဲ မာပါစေကြောင်းဆုတောင်းလျှက်ပါရှင်

သင်္ကြန်မွေးရပ်မြေပြန်မယ်ကွယ်

ပျော်စရာ နှစ်ကူး သင်္ကြန် ..

အေးအေးဆေးဆေး ဥပုသ်သီလယူတော့လည်းအေးချမ်းတာပေါ့လေ။သင်္ကြန်ဆိုတာနဲ့ ပျော်ရွှင်ကြည်နူးရတာပါ။စိတ်တွေလည်း ပေါ့ပါးသွားပါတယ်။ကောင်းသောနှစ်သစ် ဖြစ်ပါစေခင်ဗျာ။

ကျေးဇူးပါ

😍

အယ်လယ်

နှစ်သစ်ကူးသက်ြမှာမဖွယ်မရာတွေမမြင်ချင်ဘူးဗျာ

ကျနော်လည်းမမြင်ချင်လို့ တရားစခန်းသွားမှာ အဲ့အချိန်က ကုသိုလ်ထက် အကုသိုလ်ပိုများတယ်

အမှန်ဆုံးပါဘဲရှင်

ပျော်​စရာ​ကောင်းမှာဘဲ

ပျောလဲပျော်တယ် ရေစိုအဝတ်တွေလျှော်ရတာလဲ မနိုင်ဘူး ဟီးး

ကျိန်း​သေတာက သင်္ကြန်​ ကျ ရွာပြန်​ရ​မေထင်​​တယ်​။

ရွာဆိုပိုပျော်တယ် ကျမတော့

  ·  7 years ago (edited)

ကိုယ်က တော့သင်္ကြန်ပုဂံမှာရှိမယ် သက်ရေ

ကောင်းပါလေ့ရှင်

သင်္ကြန်​အတွက်​စီစဉ်​ထားတာ​ကောင်းပါတယ်​....

ဟုတ်ကဲ့

သင်္ကြန်​မှာအဲ့လို​နေ​တော့လဲ​ပျော်​စာ​ကောင်းတာ​ပေါ့ဗျာ

ဟုတ်ကဲ့ရှင်

ပျော်ရွင်စရာ နစ်သစ်ဖြစ်ပါစေ မမ😃😃

me too bro :)

ပြောရရင်တော့ အစ်မရယ် အသက်ကလည်းကြီးလာပြီဆိုတော့ သိပ်လည်းမလည်ချင်တော့ပါဘူး ထို့ကြောင့် အိမ်မှာဘဲရှိဖို့များပါတယ်ဗျ

good bro

ဒီနှစ်တော့ မန်းလေးသွားမယ်လေ

ညီမတို့ကတော့ သင်္ကြန်အညာပြန်မယ်

ကောင်းသောနှစ်သစ် ဖြစ်ပါစေ

မသက်​လျှာမ​တွေ့တာကြာ​ပေါ့
အလည်​​လေးဘာ​လေးလာခဲ့ပါအုံး
G3ကို လမ်း​တွေ့​တောင်​မမှတ်​မိ​လောက်​ဖူး

ဟုတ်ကဲ့ပါရှင့်

Happy thingyan