မြန်မာ့ပန်းချီကားများနှင့် မြန်မာ့ရိုးရာအကများ

in myanmar •  7 years ago 

မြန်မာ့ရိုးရာ အနုပညာ ဆီမီးခွက်အက ကနေပုံ မြန်မာ့စောင်းတီးခတ်နေပုံ မြန်မာ့ရိုးရာရုပ်သေးကြိုးဆွဲကနေပုံ မြန်မာ့ ရိုးရာနှစ်ပါးသွားအက ကနေပုံများကို ပန်းချီဆွဲထားတဲ့ ပန်းချီပုံ ကားချပ်တွေကို we are myanmar page မှာတင်ထားတာကို တွေ့မိပြီး သိသလောက် မြင်သလောက် သက်လျာရေးပြချင်ပါတယ် ။

ပန်းချီကားတွေထဲက ဆီမီးခွက်အကဟာ တချိန်က ထင်ရှားကျော်ကြားခဲ့တယ်လို့ သိရပါတယ် ကျမတို့ ဖတ်ရတဲ့စာတွေမှာတော့ ဆီမီးခွက်မငွေမြိုင်ဆိုပြီး နာမည်အတော်ကြီးပါတယ် သူ့ သီချင်းမှာလဲ ဆီးမီးခွက်မငွေမြိုင်လို့  ဂုဏ်ယူစွာ ဖော်ကျူးရေးစပ် သီဆိုထားပါတယ် ။ ယခုခေတ်မှာတော့ မြန်မာရိုးရာ အကဖြစ်တဲ့ ဆီးမီးခွက်အကကို ဇာတ်ပွဲ အငြိမ့်ပွဲတွေမှာ ကပြတာသိပ်မတွေ့ရတော့ပါဘူး ။
မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနသာ အခမ်းအနားတွေမှာ ကပြလေ့ရှိကြပါတယ် ။

image

photo credit # we are myanmar

မြန်မာ့စောင်းတီးပညာဟာလည်း မြန်မာတို့ ရဲ့ ဂုဏ်ယူဖွယ်ရာ တခုပါ
စောင်းကို သစ်သားဖြင့်ပြုလုပ်ပြီး ကြိုးများတပ်ကာ သာယာဖွယ်အသံဖြစ်အောင် တီးခတ်ပြကြတဲ့ စောင်းတီးပညာရှင်တွေကိုလည်း လေးစားမိပါတယ် ဟိုးရှေးကထဲကနေ ယနေ့ အချိန်ထိ စောင်းကိုတီးခတ်နေကြတုန်းပါ မြန်မာ့ရိုးရာအမွေ ဆက်လက်ထိန်းသိမ်းနေဆဲပါ ဟိုတယ်ကြီးများ အရပ်ဘုရားပွဲများ အခမ်းအနားတချို့များတွင် စောင်းတီးခတ်သီဆိုဖျော်ဖြေနေတာကို မြင်နိုင်သိနိုင်ပါတယ် ။

image

photo credit # we are myanmar

မြန်မာ့ရိုးရာရုပ်သေးကြိုးဆွဲအကဟာလည်း ထင်းရှားကျော်ကြားပါတယ် ကြိုးဆွဲကပြတာကို သိပ်မတွေ့ရတော့မယ် ကြိုးဆွဲအရုပ်များဖြစ်တဲ့ မင်းသားရုပ် မင်းသမီးရုပ် ဘီလူးရုပ် စတဲ့ ကြိုးဆွဲအရုပ်များကတော့ ဘုရားအနီးအနားမှာရောင်းနေတာ အများဆုံးတွေ့မြင်နိုင်ပါတယ် နိုင်ငံခြားသား ခရီးသွားမျာက အများဆုံး ဝယ်ယူလေ့ရှိကြပါတယ် မြန်မာရိုးရာအမွေအနှစ်တခုဖြစ်တာကြောင့် မြန်မာတို့ ကလည်း အိမ်မှာအလှချိတ်ထားဘို့ အတွက် ဝယ်ယူကြပါတယ် အရုပ်တွင် ကြိုးများတပ်ကာ လက်ဖြင့် ပညာသားပါပါ ကနေဟန်ကို လှုပ်ရှားပြဘို့ က တော်ရုံအနုပညာနဲ့မလုပ်နိုင်ပါဘူး ဒါကြောင့်လည်း မြန်မာ့ရိုးရာရုပ်သေးအကကို ဆက်လက်ထိန်းသိမ်းသင့်ပါတယ် ယနေ့ ထိထိန်းသိမ်းကပြနေသော ရုပ်သေးပညာရှင်များကိုလည်း ဂုဏ်ယူလေးစားမိပါတယ် ။

image

photo credit # we are myanmar

ပန်းချီကားမှာ နောက်တခုရေးဆွဲထားတာကတော့ နှစ်ပါးသွားအကပါ
အငြိမ့်ပွဲ ဇာတ်ပွဲတွေမှာ ဟိုးရှေးကထဲကနေ ယနေ့ အချိန်ထိ မပါမဖြစ် အဓိကထားကာ ကပြနေကြတုန်းပါ မြန်မာ့ရိုးရာ နှစ်ပါးသွားအကဟာ ထင်ရှားဆဲပါ ရိုးရာအမွေဆက်လက်ထိန်းသိမ်းနေတာ သိမြင်ရလို့ ထိုအနုပညာရှင်များအတွက်လည်း ဂုဏ်ယူလေးစားမိပါတယ် ခေတ်ရေစီးကြောင်းအလိုက် များစွာပြောင်းလဲနေတဲ့ အကအမျိုးမျိုးတွေကြားထဲမှာ ရိုးရာအကဖြစ်တဲ့ နှစ်ပါးသွားအက မပျောက်ပျက်ဘဲ ထိန်းသိမ်းနိုင်ဘို့ က သိပ်လွယ်ကူတဲ့ကိစ္စ မဟုတ်ပါဘူး
မြန်မာ့ဆိုင်းကိုတီး မြန်မာသချင်းကိုဆိုပြီး မြန်မာ့နှစ်ပါးသွားအက ကပြနေတဲ့ မြန်မာအနုပညာရှင်တွေ မြောက်များစွာရှိနေတာကိုလည်း တွေ့မြင်ရလို့  ဝမ်းသာမိပါတယ် အနယ်နယ်အရပ်ရပ်က ဘုရားပွဲတွေမှာ လှည့်လည်ကပြနေတာတွေ မြန်မာ့ရိုးရာအကကို အားပေးကြည့်ရှု့နေသူတွေကိုလည်း မြင်နေကြားနေရတာကြောင့် ပီတိဖြစ်ရပါတယ် ။

image

photo credit # we are myanmar

မည်သိုပင်ဆိုစေကာမူ ပန်းချီကားလေးတွေမြင်ပြီး သတိတရရေးပြရတဲ့အတွက် ကျေနပ်မိပါတယ် ။ ပန်းချီကားရေးဆွဲသော ပညာရှင်များကိုလည်း လေးစားအားကျမိပါတယ်ရှင် ။ steemit သူငယ်ချင်းများအားလုံးကို မင်္ဂလာပါလို့ နှုတ်ဆက်ရင်း vote နဲ့ comment လေးတွေလဲပေးပါအုံးလို့  ပြောပါရစေရှင် ။

@thetlyar

MSC - 027

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations @thetlyar! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Nice
I like it

thanks

ပန်းချီတွေ နှစ်သက်တတ်ပါတယ်

ဟုတ်

Vote​ရော မန့်​​ရော​ပေးခဲ့ပါတယ်​ လိုစ့်

ကျေးဇူးတင်ပါတယ်ရှင်

နှမျောတာ ချဲ့ရေးရင် post v တွေ အများကြီးရမှာ အေ ရုပ်သေးအကြောင်းတစ်ပုဒ် စောင်းအကြောင်တစ်ပုဒ်

ဟုတ်

အနုပညာခံစားတက်သူကို ပန်ချီသည် စကားတွေပြောလိမ့်မည်

ဟုတ်

Good

thank you

Thetlyar ကပြပါ😜😜😜

သက်လျာမကတတ်ဘူး အကို
အကိုတို့ညီမလေး မွှေစိန်မ ကတတ်တယ်
ကခိုင်းကြည့်ပါလားအကို ခိခိ

Good writing sister

now is rare to find

တော်တော်များများကစိတ်မကောင်းစရာတိမ်မြုပ်ကုန်တော့မယ်

မစုံးသေးဘူး နောက်အပိုင်းတွေဆက်လို့ရသေးတယ်

ပန်းချီပညာသည် အနောက်တိုင်း ဆေးစပ်နည်း၊ ကောက်ကြောင်းယူနည်းတွေကိုသာ အတုယူလို့ရမယ်။ မြန်မာ့ဓလေ့ကိုရေးဆွဲရင်တော့ copy ဆိုတာမရှိဘူး၊ မြန်မာနိုင်ငံမှာ ပန်းချီတစ်ခုတည်းနဲ့ ရပ်တည်မရတော့ ပန်းချီဆွဲမည့်သူမရှိသလောက်ဖြစ်လာတယ်။