ကျွန်တော်နှင့် မြန်မာဖောင့် ကံကြမ္မာ

in myanmar •  7 years ago  (edited)

အားလုံးဘဲမင်္ဂလာပါခင်ဗျာ။ ဒီတခါကျွန်တော်တင်ပြချင်တာလေးတစ်ခုရှိပါတယ် ကျွန်တော်တို့ တတွေ Steemit မှာစာတိုပေစလေးတွေရေးကြတယ် တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ကွန်းမန့်လေးတွေမှတ်ချက်လေးတွေပေးကြတယ် အချင်းချင်း ကွန်းမန့်လေးတွေကို reply ပြန်ကြတယ် Vote ပေးကြတယ်ပေါ့ဗျာ ဒါဟာအားလုံးသိပြီးသားဘဲလေ။ တစ်ခြားသူတွေတော့ ဘယ်လိုဖုန်းမျိုးကိုင်ပြီး ဘယ်လိုတွေသုံးသလဲတော့မသိဘူးဗျ ကျွန်တေည့အဖြစ်လေူကိုပြောပြချင်လွန်းလို့ပါဗျာ။ ကျွန်တော်သုံးနေတဲ့ဖုန်းကတော့ လွန်ခဲ့တဲ့ ၃ နှစ်က ဝယ်ခဲ့တဲ့ Samsung Glaxy Grand Prime လေးဘဲဖြစ်ပါတယ် တစ်ချို့လည်း အဲ့ဒီဖုန်းအမျိုးအစားကိုသိမယ်ထင်ပါတယ်ဗျ။ ကျွန်တော်ရဲ့ လက်စွဲတော်လေးပေါ့။ ဖန်းဝဲတစ်ခါတင်ဘူးပြီး Data reset ဘယ်နှကြိမ်မြောက်ချဘူးမှန်းကိုယ်တိုင်တောင် မမှတ်မိဘူးပေါ့ဗျာ။ ကလေးလဲရှိတော့ သူတစ်လှည့် ကိုယ်တစ်လှည့်ပေါ့။

Screenshot_2018-02-10-20-26-41.png

ဖုန်းအသစ်ကလဲသိတဲ့အတိုင်းဘဲလေ ဈေးကမနည်းဘူးလေ တစ်လစာလောက်ရှိတော့ ဖင်လှည့်ခေါင်းလှည့်နဲ့ ဒီဖုန်းလေးသုံးရပါသေးတယ်ဆိုပြီး ပေပြီးသုံးနေခဲ့တာပေါ့။ ဟော ခု Steemit မှာ ပြသနာတက်ပါလေရော Browser ကဘဲသုံးသုံး Apk ကဘဲသုံးသုံး မြန်မာဖောင့်မမှန်တဲ့ပြသနာပေါ့ဗျာ။ ဖန်းဝဲမတင်ခင်တုန်းကတော့ ဖုန်းရဲ့ setting ထဲက Language ထဲမှာ Zawgyi နဲ့ Unicode နဲ့ဆိုပြီး နှစ်မျိုးပါတယ်ဗျ ဝယ်ဝယ်ချင်းတုန်းကပေါ့ဗျာ အဲ ဖုန်းကကြောင်လို့ ဆိုင်ကဖန်းဝဲပြန်တင်မှရတော့မှာဆိုပြီး တင်လိုက်တဲ့အချိန်ကစပြီး Zawgyi တစ်မျိုးထဲသာပါလာခဲ့တယ် ဆိုင်ကိုပြတော့ အစ်ကို့ ဖုန်း မူလဖန်းဝဲကမရှိဘူးဗျ ဒီကောင်တွေဘဲရှိတာ သူက grand prime ဆိုရင်ဒီဟာဘဲတင်ပေးလိုက်တာတဲ့လေ။ ကျွန်တော်လဲ ရပါတယ် ကိုယ့်အထွေအထူးမှမသုံးဘဲ ဆိုပြီး ဒီတိုင်းထားလိုက်တာပေါ့ဗျာ။ ဟော ခုတော့ မြန်မာစာဖောင့်ကမမှန်တော့ဘူးလေ။

ရပါတယ် ဖုန်းမှာမမှန်တော့ ရုံးကကွန်ပျူတာလေးမှာတော့ ဖေ့ဘုတ်သုံးတာတော့ရတယ် ဒီ Steemit လေးလဲရလောက်တယ်ဆိုပြီး သုံးကြည့်တော့ မထူးပါဘူးဗျာ ဇော်ဂျီနဲ့ရေးထားတာမှန်သမျှ ယူနီကုတ်နဲ့ပြပါလေရောပေါ့ဗျာ ။ ဒါနဲ့ဖုန်းမှာလည်းမမှန် ကွန်ပျူတာမှာလည်းဖတ်မရဆိုတော့ ပိုစ့်တွေကိုဖတ်လို့ရအောင် ပိုစ့်အကုန်လုံးကို ကော်ပီကူး ဖုန်းမှာဆို Note ဒါမှမဟုတ် Office apk ထဲမှာ paste လုပ်ပြီး ဖတ် အဲ ကွန်ပျူတာနဲ့ကတော့ရှင်းပါတယ်ဗျာ Word ထဲမှာဆေ့ထားလိုက်တယ် အားတဲ့အချိန်လဲပြန်ဖတ်လို့ရတယ်ဆိုပြီးပေါ့။ အဲလိုတွေဖတ်ပြီးမှ တစ်ခါလာပြန်ပြီး ကွန်းမန့်ပေးရတယ်ဗျ။ ဘာကဘယ်လိုပါဆိုပြီး ကွန်းမန့်ကိုအကုန်ဖတ်ပြီးမှတစ်ခေါက်ပြန်ဝင်ပေးမှရတယ်ပေါ့ဗျာ ။

received_1563982267042005.png

ပိုစ့်စာဖတ်မရတာတွေ ကွန်းမန့်ပေးရတာတွေအသာထား ကိုယ့်ပိုစ့်ရေးပြီးတင်မယ်ဆိုရင်လဲ ဖုန်းမှာဆို office apk လေးနဲ့စာရေးပေါ့ဗျာ။ အဲရုံးကကွန်ပျူတာနဲ့ဆိုရင်တော့ Word ထဲမှာရိုက်ပေါ့ဗျာ အဲအကုန်လုံးပြီးဘီဆိုမှ ကော်ပီကူးပြီး Steemit မှာလာ paste ပေါ့ဗျာ။ အဲဖုန်းမှာသာ ပိုစ့်ကစာသားတွေရော ကွန်းမန့်တွေ Reply ကစာတွေအကုန်လုံးဖတ်မရတာ ကွန်ပျူတာမှာတော့ ပိုစ့်ကလွဲရင် ကျန်တဲ့ ကွန်းမန့်နဲ့ Reply ကစာသားတွေအကုန်မြန်မာလိုအမှန်ပေါ်ပြန်ရောဗျ။

ကျွန်တော့အဖြစ်ကတော့ ငိုရမလိုရီရမလိုပေါ့ဗျာ။ ဖုန်းသာမြန်မာဖောင့်မမှန်တာ ကွန်ပျူတာမှာမှန်အောင်လုပ်ရတာလွယ်ပါတယ်ကွာ သေချာလုပ်ကြည့်ပါအုန်းလို့ ပြောစရာရှိပါတယ် မှန်ပါတယ် ကွန်ပျူတာမှာကမြန်မာဖောင့်အဲ ပြောရမယ်ဆို ဇော်ဂျီဖောင့်အမှန်ပေါ်အောင်လုပ်ရတာလွယ်ပါတယ် အဲဖြစ်ချင်တော့ ကျွန်တော်သုံးတဲ့ ကွန်ပျူတာက china window ဗျ ရုံးလုပ်ငန်းတစ်ခုသုံးရမယ့်ဆော့ဝဲက တရုတ်ဝင်ဒိုးမှ သုံးရတာမို့ မဖြစ်မနေသုံးနေရတယ် ပြောရမယ်ဆိုရင်တော့ရှုပ်နေလို့မပြောတော့ပါဘူးဗျာ။

received_1563978650375700.jpeg

ဒါနဲ့ ဟိုနေ့က ရုံးက တရုတ်မလေးတစ်ယောက်က တရုတ်ကပြန်လာတာတဲ့ ဖုန်းလေးတစ်လုံးလက်ဆောင်ရပါတယ် ကြွားတာတော့ဟုတ်ပါဘူးနော် သူကပေးတော့ပျော်လိုက်တာ ကိုယ့်ဘာသာဆိုရင်ဖုန်းကမဝယ်နိုင်ဘူးလေ သူပေးပြီးချက်ချင်းဘဲ ဖေ့ဘုတ်ဆော့ဝဲ Translator ဆော့ဝဲ ဘာညာပေါ့ဗျာ လိုတာလေးတွေအရင်တင် ပြီးတော့ browser ကနေ ဖေ့ဘုတ် နဲ့ Steemit လေးဝင်ကြည့် တော့ ဘုရားဘုရား မြန်မာစာမှန်သမျှ လေးထောင့်တုန်းဘဲ ဒါနဲ့ Google ကနေမြန်မာသာဘယ်လိုတင်ရမလဲ လိုက်ရှာပေါ့ဗျာ ဘယ်လိုမှအဆင်မပြေဘူးဗျို့ ဖုန်းကလဲကြည့်အုန်းလေ Nokia ထုတ် Window ဖုန်း Zapya လိုဟာတောင်တင်မရတဲ့ဖုန်း တော်ပါဘီဗျာ ပြောရင်းပြောရင်စိတ်ညစ်လာလို့ပါ။

20180125_214636.jpg

ဘာဘဲဖြစ်နေဖြစ်နေ ကျွန်တော်ကတော့ ဇွဲမလျော့ဘူးဗျာ ဘယ်လောက်အလုပ်ရှုပ်နေပါစေ ပရိုပိုစ့်လေးတွေပုံမှန်တင်မယ်ဗျာ အများပရိုတင်တဲ့နေ့တွေမှာတော့ အများတင်တဲ့ပိုစ့်မှန်သမျှကို Vote နဲ့ ကွန်းမန့်လေးကို ပါဝါထိမ်းပြီးပေးနိုင်အောင်ကြိုးစားနေရတာပေါ့ဗျာ။ MSC အဖွဲ့ကြီး အောင်မြင်ပါစေလို့ ဆန္ဒပြုလိုက်ပါရစေခင်ဗျား။ Myanmar Steemit အဖွဲ့သားများ ကျန်းမာရွှင်လန်းကြပါစေ။
Post Writer : Thet Naing Min (@thetnaingmin)
From Myanmar
Photo by me
MSC-129

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good

thanks

အတူတူပဲ bro ရေ

တကယ်လားဗျ အဖော်ွှိဘီပေါ့

font ပြသနာ

ကဗျာဆန်အောင် ဖောင့်ကံကြမ္မာ လို့ပေးထားတာ ဟဲဟဲ

ဖတ်​​ကောင်းတယ်​😀

ကျေးဇူးပါညီမရေ

အတူတူပါပဲဗျို့

တကယ်ပေါ့နော် ဒါဆိုအဖော်တွေပေါတယ်ကိုးး

ခုထိ မပြေသေးဘူးလားအေ😁ကြည့်ဆီလာယူ😁😁

လာတော့ယူချင်သား ညီမ နဲ့က ဘယ်တော့မှတွေ့နိုင်ပါ့မလဲမသိဘူးလေ အဲ့ရောက်တိုင်ူသူက အိပ်ယာတောင်မထသေးဘူး

တွေ့မှာပါအေ😁😁အိမ်ခေါ်မေ

တဂယ်ပေါ့

ဒီလိုပါပဲဗျာ။samsung ဖုန်းတော်တော်များက မြန်မာစာ တိုင်ပတ်တာပဲ။အဆင်ပြေအောင်ကြည့်လုပ်နေရတာဗျ

ပမှန်ဘဲညီရေ

နော်လည်း မြန်မာဖောင့် အဆင်ပြေဘူး ဟီး

ထွက်လာဘီ ဘဝတူတွေ

Window os ဖုန်း သ​ဘောကျတာ်​ဗျ။

မြန်မာဖောင့်ကလွဲရင်သုံးရတာအဆင်ပြေတယ်ညီရ Camera ဆို 23 mg/Piz ရှိတယ်

ဒါကြောင့် ကွီး ခုတလော လ လာတာကိုး😂😂

  ·  7 years ago (edited)

ဟုတ်​တယ်​ တခါစာ​ရေးပြီးရင်​ editလုပ်​​နေရတာမမှန်​ လို့ 

ဟုတ်ပါ့ညီမရေ

ဟာသ ဆန်ဆန်လေး
ရေးထားတော့
ဖတ်ရတာကောင်းတယ်ဗျာ

Interesting post!
Upvoted!

thanks

‌ပြေလည်‌ လာမှာပါ။

ထင်ရတာဘဲဟီးး

postများအောင်ခုပုံဒွေဘဲတင်ပြိုက်တယ် :)

ဟီးးဟုတ်လား

ဖြစ်တက်ပါတယ်

ဟုတ်ပါ့

ကျွန်​​တော့ဖက် လွင့်​ပြစ်​လိုက်

ပစ်ဘူး ဟီးဟီး

ဟားးးးး ရေးလိုက်တာစုံနေတာဘဲ ခ်ခ်ခ် ကောင်းတယ်ကိုကို

မြှောက်နေပြန်ပါဘီ

အတူတူဘဲ

အန် တကယ်လား

Hote tel

somebodyb help me

ကျွန်တော်တို့တွေလည် ခုလိုအမြဲကြုံရပါတယ်@thet

ဘဝတူတွေဘဝတူတွေပေါ့

ကိုယ်ကလည်းမြန်မာလိုပဲရေးတတ်တော့ အဆင်ပြေအောင်လိုက်လုပ်ွှရတာပေါ့ဗျာ

ဟုတ်ပါ့ wIndow ဖုန်းကခုထိ မြန်မာဖောင့်မရဘူးဖြစ်နေတာ

good post

thanks ညီလေးရေ

အစ်ကိုရဲ့postလေးကို ဖတ်နေရင်း
ကိုယ်ချင်းစာခြင်းတွေနဲ့
စာနာစိတ်များဖြစ်ပေါ်လာခဲ့ရပါတယ်ဗျာ………သူရ

သနားမသွားဘူးလားညီရယ်

အခက်အခဲကိုဒီလိုတင်ပြလာမှသိရတာလေအစ်ကိုရဲ့

Vot powerနည်းသွားတာနဲ့0.01ပဲတက်​တယ်

အဆင်ပြေပါတယ်ညီရ

v100%$0.07

thanks poe family

အင်း တိုင်ပတ်တယ်ဆိုတာ အဲလိုမျိုး

ရွာလည်တယ်ပေါ့နော် ဟီးး