လူငယ်နှင့် ပရဟိတ

in myanmar •  7 years ago  (edited)

ကျွန်တော်သည် ယခင်အပါတ်မှ အဆက်ဖြစ်သော တွေ့ရကြုံရ HR ဘ၀ ဇာတ်သိမ်းအား မပြီးပြတ်သေးဘဲ ရေးနေဆဲဖြစ်သောကြောင့် ခွင့်လွှတ်နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ထို့ကြောင့်ယခင်ကတည်းကရေးထားပြီးဖြစ်သော လူငယ်နှင့်ပရဟိတဆိုသည့် Essay လေးအား အားပေးကြပါရန် လေးစားစွာပန်ကြားပါရစေခင်ဗျား။

လူငယ်နှင့် ပရဟိတ
ယခုခေတ်တွင် ကျေးရွာတော်တော်များများနှင့် မြို့နယ်များ ရပ်ကွက်များတွင် လူငယ်အများစုမှ ဖွဲ့စည်းထားသော လူမှုရေးအသင်းအဖွဲ့များ သွေးလှူရှင်အသင်းများ၊ နာရေးကူညီမှုအသင်းများ အစရှိသည်တို့ ပေါများလာသည်ကို လူတိုင်းသတိထားမိကြမည် ဖြစ်သည်။ ထိုအသင်းအဖွဲ့များကို စတင်တည်ထောင်သူများသည် စေတနာ ၀ါသနာ အနစ်နာများဖြင့် စိတ်ရောကိုယ်ပါနှစ်၍ လုပ်ကိုင်ကြသည်ကိုလည်း တွေ့မြင်ကြရမည်ဖြစ်သည်။
ကျွန်တော်တို့ရွာတွင် လူမှုရေးအသင်းနှင့် နာရေးကူညီမှုအသင်း သွေးလှူရှင်အသင်းဟူ၍ ဖွဲ့စည်းထားသည်။ အသင်းမှာ သုံးသင်းဖြစ်နေသော်လည်း အသင်းသားများသည် ထိုသူများပင်ဖြစ်သည်။ လူမှုရေးတွင်လည်း ကျွန်တော်တို့လူငယ်အဖွဲ့များ ပင်ဖြစ်သည်။ ကျေးရွာတွင်း အလှူ၊ မင်္ဂလာ ပွဲအစရှိသည်တို့တွင် ၀ိုင်းဝန်းကူညီကြသည်။ အလှူရှိပါက ထိုအိမ်သို့ ခြံဝန်းသန့်ရှင်းရေးမှ အစ မဏ္ဍပ်ထိုး ထမင်းကျွေး နောက်ဆုံး အိုးခွက်ပန်းကန်များသိမ်းဆည်းပြီး ရွာဘုံအိမ်သို့ ပြန်ပို့ရသည်အထိ တာဝန်ယူဆောင်ရွက် ကြသည်။ မင်္ဂလာဆောင်များတွင်လည်း ညနေမှ စတင်၍ မနက် ၃ နာရီ ၄ နာရီအချိန်ထိ ပူစီဖောင်းမှုတ် ချိတ် အစရှိသဖြင့် လုပ်ကိုင်ဆောင်ရွက်ကြသည်။

FB_IMG_1516258685577.jpg
နာရေးတွင်လည်း မည်သူ ဆုံးလို့ဟု သတင်းကြားကြားချင်း သက်ဆိုင်ရာလူငယ်အချင်းချင်း ဖုန်းဖြင့် ဆက်သွယ်၍ မဏ္ဍပ်ထိုး စာပွဲကုလားထိုင် စသည်တို့သွားသယ် ကူညီညာလုပ်ကိုင် အစရှိသဖြင့် စောင့်ရင်း လူငယ်များအပျော် ဖဲကစားကြအစရှိသဖြင့် လုပ်ကိုင်ကြပြီး နောက်နေ့ ကိစ္စကုန်သည့်အခါတွင်လည်း မြေကြီးကျသည်အထိ တာဝန်ယူဆောင်ရွက်ကြသည်။ကျွန်တော်တို့သည် ရုံးခန်းတစ်ခန်းဖွင့်လှစ်၍ အရေးပေါ်လူနာများ ကြုံတွေ့လာပါက အဆင်သင့်ဖြစ်စေရန် အလှည့်ကျစနစ်ဖြင့် အမြဲစောင့်နေစေပါသည်။ကျွန်တော်တို့သည် ပရဟိတအလုပ်များလုပ်သည့်အပြင် လကုန်ရက်ရောက်တိုင်း လတစ်လ၏အလှူကောက်ခံရရှိငွေသည် မည်မျှရှိသည်။ နာရေးထောက်ပံ့ငွေသည် မည်မျှရှိသည်။ စုစုပေါင်းလက်ကျန်ငွေမည်မျှကျန်၍ မည်မျှသုံးထားကြောင်းကိုလည်း စာရင်းဇယားနှင့် တကွ စာရင်းရှင်းတမ်းစာရွက်များကိုလည်း အများမြင်သာသော လမ်းဆုံလမ်းခွ များ လက်ဖက်ရည်ဆိုင်များတွင် လိုက်လံကပ်၍ထားကြပါသည်။

FB_IMG_1516259100399.jpg
သွေးလှူရှင်အသင်းတွင်လည်း သုံးလေးလတစ်ကြိမ် မုံရွာဆေးရုံကြီး သွေးလှူဘဏ်၌ ပုံမှန် သွားရောက်လှူကြသည်။ တစ်ချို့ရှားပါးသော သွေးအမျိုးအစားများကို မလှူခိုင်းသေးဘဲ အရေးကြုံလာမှလှူရန် အမြဲသွေးစစ်ပေးခြင်း ရောဂါကာကွယ်ဆေးများ ထိုးပေးခြင်း အစရှိတာတွေ လုပ်ပေးကြပါသည်။ ပုံမှန်လှူနေကျ အပြင် အရေးပေါ်လိုအပ်ပါကလည်း အခါအားလျော်စွာ ကျွန်တော်တို့မှ ကမကထပြုလုပ်ပြီး ပို့ဆောင်ကူညီ လှူဒါန်းစေပါသည်။ ထို့အပြင် ပုံမှန်သွေးလှူရှင်များအား ကျန်းမာရေးစောင့်ရှေက်ြမှုများလည်း တတ်နိုင်သမျှ ဆောင်ရွက်ပေးကြပါသည်။

FB_IMG_1516259096557.jpg
ထိုသို့ လူမှုရေးအလုပ်များလုပ်ရင်းနှင့် အလှူရှင်များပေါ်ပေါက်လာပါက စာပေဟောပြောပွဲများ ကျင်းပခြင်း၊ နာမည်ကြီး တရာဟောဆရာတော်များ ပင့်၍ တရာပွဲများကျင်းပခြင်း။ ရေရှာပါးသောဒေသများတွင် မီသတ်ကားများငှာရမ်း၍ ရေသွားရောက်လှူဒါန်းခြင်း။ ထို့အတူ မီးဘေးရေဘေးသင့်သူများပေါ်ပေါက်လာပါကလည်း အခါအားလျော်စွာ ပိုက်ဆံများ အလှူခံ၍သော်လည်းကောင်း သူငယ်ချင်းများအချင်းချင်း ပိုက်ဆံစု၍သော်လည်းကောင်း၊ သွားရောက်လှူဒါန်းကြသည်။
ယခုခေတ်တွင် လူငယ်တော်တော်များများသည် လက်ဖက်ရည်ဆိုင်နှင့် ဖေ့ဘုတ်ဟုခေါ်သော ဆိုရှယ်မှဒီယာများပေါ်တွင် အချိန်ဖြုန်းနေကြသည်ကို တွေ့ရသဖြင့် များစွာစိတ်မကောင်းဖြစ်ရပါသည်။ ထိုလူငယ်များအဖို့ ထိုအရာများကို မသုံးစွဲစေလို၍ မဟုတ်ပါ အလွန်အကျွံသုံးစွဲခြင်း မပြုရန်တိုက်တွန်းလိုပါသည်။ ကျွန်တော်တို့လူငယ်များသည် မိမိတို့အလုပ်တစ်ဖက်နှင့် မိမိတို့အားသည့်အချိန်များတွင် လူမှုရေး ဘာသာရေး သာရေးနာရေး အစရှိသည်များကိုပြုလုပ်ကြသည်မှာ အင်မတန်မွန်မြတ်လှပြီး ကျွန်တော်တို့လူငယ်အားလုံးသည်လည်း ထိုသို့သောအသင်းအဖွဲ့များတွင် မိမိတို့အားသည့်အချိန်များ၌ မိမိတို့တတ်စွမ်းသမျှ စိတ်အားထက်သန်စွာဖြင့် ပြုလုပ်ကြရန် တိုက်တွန်း နှိုးဆော်လိုက်ရပါသည်။

ကိုယ်တိုင်ရေးသားကြောင်း အာမခံပါသည်။

Post Writer : Thet Naing Min(@thetnaingmin)
From Myanmar
Photo Credit google Image /facebook & by me.
MSC-129

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

V 100% $0.069> V n C Done, @poe/thi

thanks @poe/thi family

ဟုတ်။စေတနာ အနစ်နာ ဝါသနာဆိုတဲ့နာသုံးနာရှိဖို့လိုအပ်ပါသည်။

ဟုတိပါ့ဗျာ အိမ်ကမိန်းမကတောင်ကြာတော့ညိုညင်လာတယ် ဟီးးး

ပရဟိတကို မြင်တိုင်းသူမလုပ်နိုင်ဘူး တန်ဖို့ရှိတဲ့သူတွေသာ လုပ်နိုင်ကြတာပါ။

ဟုတ်ပါ့ဗျာ အလုပ်ကတစ်ဖက် မိသားစုကတစ်ဖက်နဲ့လွယ်တော့မလွယ်ဘူးဗျ

လုပ်နိုင်အောင် ကြိုးစားနေပါတယ် အစ်ကို

ဟုတ်ကဲ့ဝမ်းသာပါတယ်ဗျာ

ခုခေတ်လူငယ်တွေမှာတိုးတက်တာဆိုလို့ဒါလေးကလည်းအခန်းတစ်နေရာအဖြစ်မြင်တွေ့လာနေရတာဝမ်းသာစရာပါ ကိုကိုသက်ရေ

ဟုတ်ပါ့ဗျာ လူငယ်တွေတော်တော်စိပ်ပါဝင်စားလာကြတယ်လေ

အရင်ခေတ်က နေရေးထက် သေရေးခက်တယ်တဲ့ ခုခေတ်ကျ နေရေးခက်ပီး သေရေးက အဆင်ပြေနေရော ကွီးရေ..ပရဟိတက အပြောသာလွယ်ပီး လက်တွေ့ခကိတယ်နော့😁😁

ဟုတ်ပါ့ညီမရေ မလွယ်ဘူး

Good Post!

thanks

Right

yes bro

တိုက်တွန်းပေးတာကျေးဇူးတင်ပါတယ်ခင်ဗျ။

ကိုယ်ကိုတိုင်က အမြဲမလုပ်နိုင်ရင်တောင် စိတ်ပါဝင်စားသွားရင်ကျေနပ်ပါတယ်ဗျာ

ပရဟိတ လုပ်နေတဲ့သူချင်းမှို့ အကူညီလိုပြောပါနော် အကို

ဟုတ်တွေ့ရတာဝမ်းသာပါတယ်အစ်ကိုရေ ပြောပါ့မယ်ခင်ဗျာ

Good Story

thanks

Nice post.

thanks

Good

thanks

အဲစိတ်လေးကိုလေးစားအားကျမိတယ်အကိုရေ

ဟုတ်ကဲ့ပါခင်ဗျ

"လူငယ်​နှင့်​ပရဟိတ" အရမ်းလိုက်​ဖက်​တယ်

ဟုတ်ကဲ့ပါခင်ဗျ

yes

thanks

Good