သတိလေးတော့ ရှိစေချင်

in myanmar •  7 years ago  (edited)

အားလုံးဘဲ မင်္ဂလာပါ ကျွန်တော်ကတော့ တစ်ချို့လဲသိပြီးဖြစ်တဲ့အတိုင်းဘဲ မြန်မာနိုင်ငံရဲ့ အထင်ကရ လက်ပတောင်းကြေးနီသတ္တုတွင်းဆိုတဲ့ ကုမ္ပဏီတစ်ခုမှာလုပ်နေတဲ့ HR ဝန်ထမ်းလေးတစ်ယောက်ပါ။ ကုမ္ပဏီရုံးစိုက်ရာကတော့ ပုသိမ်မုံရွာကားလမ်းနှင့် ပုလဲဂန့်ဂေါလမ်းဆုံရာ လမ်းဆုံ၏ တောင်ဘက်ကပ်လျက်တွင် တည်ရှိပါသည်။ ကျွန်တော်နေထိုင်ရာကတော့ ၄င်းလမ်းဆုံ၏မြောက်စူးစူး ၃ မိုင်ခန့်အကွာရွာလေးတစ်ရွာတွင်ဖြစ်ပါတယ်။ ကျွန်တော်နေတဲ့အိမ်နဲ့ အလုပ်နဲ့ကို ဆိုင်ကယ်စီးပြီးသွားမယ်ဆိုရင် ၁၅ မိနစ်ခန့်ကြာပါတယ်။ ကျွန်တော့အလုပ်က နံနက်၈ နာရီမှ နေ့လည် ၁၂ နာရီ ၁၂ နာရီမှ ၂ နာရီထိနား အဲ ၂ နာရီမှ ညနေ ၆နာရီအထိပေါ့ဗျာ စုစုပေါင်း ၈ နာရီပေါ့။ တစ်ခါတရံ အိမ်ကမဟေသီက ထမင်းဂျိုင့်ထည့်ပေးလိုက်တဲ့အခါရှိသလို မထည့်ပေးတဲ့အခါလည်းရှိပေါ့ဗျာ။ မထည့်ပေးတဲ့အခါမျိုးဆို အိမ်ကိုပြန်ပြီး ထမင်းစားပြန်တယ်ပေါ့ အဲ ပြောချင်တာကလာပါဘီဗျာ မနက်တစ်ခေါက် ညနေတစ်ခေါက် အဲ ထမင်းစားပြန်ရင် အသွားအပြန် ၂ ခေါက်ပေါ့ဗျာ မုံရွာပုသိမ်ကားလမ်းမပေါ်ကနေဆိုင်ကယ်စီးသွားရတာပေါ့။
stop-signs-stop-think-observe-proceed-l7332-lg.jpg

ခုခေတ်ကြီးကလည်းသိတဲ့အတိုင်းဘဲလေ ကားတွေဆိုင်ကယ်တွေ အင်မတန်ပေါများတဲ့ ခေတ်လေ။ ကျွန်တော်ပြောပြချင်တာကတော့ ယာဉ်အန္တရာယ်ကင်းရှင်းပြီး ကိုယ့်လိုရာခရီးကို အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ရောက်စေချင်လို့ပါဘဲ။ ကျွန်တော်တစ်ရက် ၂ကြိမ် ၃ ကြိမ်ခန့်အမြဲဖြတ်သန်းသွားနေရတဲ့အခါ ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာသူတွေနဲ့ နေ့ဓဒူဝ ကြုံတွေ့ရစမြဲပါ။ ကိုယ့်ရှေ့မှာ တိုက်မိခိုက်မိပြီး အသက်အန္တရာယ်ကြုံတွေ့ခဲ့ကြသူတွေလည်းရှိခဲ့ပါတယ်။ ကျွန်တော့်တို့အလုပ်ထဲမှာဆိုရင် ရုံးထဲကလမ်းတွေမှာ 30 KM အောက် site ထဲကလမ်းတွေမှာ 40 KM အောက် ဘယ်နေရာဆိုဘယ်လောက်နှုန်းနဲ့မောင်းရမယ် ယာဉ်မောင်းသူတွေကိုလဲ စနစ်တကျရွေးချယ်ရတယ်။ ရွေးချယ်ပြီးလျှင်လည်း သက်ဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး သင်တန်းတွေပို့ချရတယ် ပို့ချပြီးလျှင်လည်း လက်တွေကပြန်လည်စစ်ဆေးတယ် ဘေးအန္တရာယ်ကင်းရှင်းရေးဌာနက စိတ်ကြိုက်ဖြစ်ပြီဆိုမှ သက်ဆိုင်ရာယာဉ်မောင်းနှင်ခွင့်ထုတ်ပေးပါတယ်။
ဟော မကြာသေးပါဘူး အပြင်လောကမှ ခါးပတ်မပါတ်လို့ ဒဏ်ဆောင်ရမယ် ယာဉ်စည်းကမ်းမလိုက်နာလို့ဘယ်လိုစတာတွေပေါ့ဗျာ ကြားနေရတာဘဲ အဲ ကျွန်တော်တို့ဆီမှာတော့ ဒါတွေယာဉ်မောင်းသူတိုင်း မဖြစ်မနေလိုက်နာကြရပါတယ် ကားကိုမောင်းလို့အပြင်ထွက်မယ်ဆိုပြီး ဂိတ်ရောက်တာနဲ့ လုံခြုံရေးဝန်ထမ်းများက ကားထဲမှာ မည်မျှပင်ရာထူးကြီးသူဖြစ်နေပါစေ ခါးပါတ်ပါတ်ရန် ယဉ်ကျေးစွာပြောဆိုတတ်ပြီး မပါတ်ပါက ဂိတ်တံခါးအားလုံးဝဖွင့်မပေးချေ ။ ဤသည်မှာ ကောင်းမွန်သော အကျင့်တစ်ခုဖြစ်သည်ဟုထင်ပါသည်။ ယာဉ်မောင်းအပြင် ဘေးမှ ခရီးသည်ဝန်ထမ်းလည်း ခါးပတ်ပါတ်ရပါသည်။ အကယ်၍ ကားမတော်တဆဖြစ်ပြီး လေအိတ်ရှိမရှိတာ အသာထား ခါးပတ်ပါတ်သူနှင့်မပါတ်သူ ထိခိုက်တာခြင်းတော့မတူဘူးလို့ ကျွန်တော်ထင်ပါတယ်။

3D-Terex-Truck.jpg
တစ်ခါတရံ ယာဉ်ကြီးများသွားလာလုပ်ကိုင်လျက်ရှိသော လုပ်ငန်းခွင်ထဲသို့ ကျွန်တော်မကြာခန ရောက်လေ့ရှိပါတယ်။ ဆိုဒ်အတွင်းမှ မြေသယ်ယာဉ်များထဲတွင် အချို့ယာဉ်များသည် အင်မတန်ကြီးမားလှသည်။ တန် ၂၆၀ ဟုဆိုသော မြေသည်ယာဉ်ဆိုလျှင် အင်မတန်ကြီးမားသည်။ ကျွန်တော်တို့စီးနေကျ ကားလေးများ သည် ၄င်းကားဘီး၏ ထက်ဝက်ခန့်သာရှိလေ၏။ တချိန်က အခြားကုမ္ပဏီတစ်ခုတွင် ထိုကားနှင့် ကားလေးတစ်စီးအားကြိတ်မိရာ ဝန်ထမ်းတစ်ဦးသေဆုံးခဲ့ဘူးသည်။ ကျွန်တော်တင်ပြလိုသည်က ထိုယာဉ်များမောင်းသူရော ထိုယာဉ်ဘေးမှဖြတ်သန်းသွားရသည်မှာလဲ ရင်တထိတ်ထိတ်နှင့်ပင်ဖြစ်ပါသည်။ ထို့ကြောင့်ဆိုဒ်ထဲမှလမ်းများတွင် (ယာဉ်ကြီးများနောက် ၅၀ km အကွာမှလိုက်ပါ) (Stop) ဟုဆိုင်းပုဒ်များ အကွေ့များတွင် မှန်ဝိုင်းကြီးများတပ်ဆင် ထားပြီး ထိုစည်းကမ်းများကိုမဖြစ်မနေလိုက်နာရမည်ဖြစ်သည် ထိုသို့လိုက်နာပါက ယာဉ်အန္တရာ
်ဖြစ်နိုင်ဖို့ ရာခိုင်နှုန်းအင်မတန်နည်းပါသည်ကိုတွေ့ရှိရသည်။ ထိုစည်းကမ်းများသည် ဆိုဒ်ထဲလုပ်ငန်းခွင်ထဲတွင်မဖြစ်မနေလိုက်နာရမယ် must ဖြစ်သည်။ ဘယ်သူမှမရှိပါဘူး ဒါလေးလုပ်လိုက်လို့ ဒီလိုမောင်းလိုက်လို့ဘါမှမဖြစ်ပါဘူး ဟူ၍ မည်သူမျှ မလုပ်ကြပေ။ အဘယ်ကြောင့်ဆိုသော ဘေးအန္တရာယ်ကင်းရှင်းရေးဌာနမှဝန်ထမ်းများက အချိန်မရွေးနေရာမရွေးလှည်လည်စစ်ဆေးနေသောကြောင့်ဖြစ်သည်။ အကယ်၍တွေ့ရှိသွားပါက မိမိအလုပ်ကိုထိခိုက်မည်ဖြစ်သောကြောင့်ဖြစ်သည်။ ထိုကြောင့် အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ ယာဉ်မောင်းသူများသည် ထိုစည်းကမ်းများကိုလိုက်နာရင်းအကျင့်ပါသွားကြခြင်းဖြစ်မည်ဟုထင်ပါသည်။
images (1).jpg
ထိုကဲ့သို့ အလေ့အကျင့်ကောင်းများရှိနေသော ယာဉ်မောင်းများသည် အပြင်လောကတွင်မောင်းနှင်ကြသည့်အခါ သတိပေးဆိုင်းပုဒ်များ ရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများကို လိုက်နာကျင့်သုံးကြသဖြင့် မတော်တဆထိခိုက်မှုဖြစ်ခြင်းများ မရှိသလောက်နည်းပါသည်ကိုလည်း တွေ့ရှိရသည်။ ထို့ကြောင့် ကျွန်တော်၏ ဆန္ဒမှာ မိမိတို့သည် မည်သို့သောယာဉ်ကိုဘဲမောင်းသည်ဖြစ်စေ ဘေးအန္တရာယ်ကင်းရှင်းရေးစွာမောင်းနှင်ကြပြီး မိမိအမှားကြောင့် သူတစ်ပါးဒုက္ခမရောက်ကြစေဖို့တိုက်တွန်းရေးသားလိုက်ရပါတော့သည်။ Myanmar Steemit အဖွဲ့သားများ ကျန်းမာရွှင်လန်းကြပါစေ။

Post Writer : Thet Naing Min (@thetnaingmin)
From Myanmar
Photo Credit google Image
MSC-129

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

V 100% $0.110V n C done.@thihakoko

thanks Sayar

ဟုတ်ကဲ့။ခုလိုဗဟုသုတပေးတဲ့အတွက်ကျေးဇူးပါ@thetnaing

ဟုတ်ကဲ့ပါ နောင်လဲ ကြိုးစားလျက်ပါ

ကားဘီနဲ့လအဲ့ကားကိုအကြိုက်ဆုံးဘဲခေးရယ်

လာယူလှည့်လေ

ဖတ်လို့ အရမ်းကောင်းပါတယ်

ကျေးဇူးပါညီရေ ကြိုးစားလျက်ပါ

သတိထားပါ အကို။

ဟုတ်ပါ့ကိုယ်ကမမှားအောင်းဘဲသတိထားနေရတယ်

အားပေးလျက်

ကျေးဇူးပ့

သတိဟူသည်ပိုသည်မရှိ :)

အမန်ပါဘဲညီရေ

သတိဆိုတာပိုတယ်မရှိ

ဟုတ်ပါ့ဗျာ

မိုက်တယ်

ကျေးဇူးပါ

သတိသည် ပိုသည်မရှိပါ

ဟုတ်ပါ့ဗျာ

Muteပဲ 😋😋

ငှမ့်

သတိထားရမှာပါ့ဗျာ

ဟုတ်ပါ့ဗျာ

မဖြစ်ခင်ကတည်းကကြိုတင်ကာကွယ်တာကောင်းတယ်အကိုရေ

အမှန်ပါဘဲဗျာ

V 100% $0.090 V n C done.@sandipoe

thanks poe family

အား​ပေးခဲ့တယ်​....good post

thanks ညီမရေ

အာ​ပေးလျက်

ကျေးဇူးပါ

Get knowledges bro !!!

thanks

ယဉ်စည်းကမ်းနဲ့ ပတ်သတ်တဲ့အကြောင်းအရာလေးပဲဗျ
တွေးခေါ်ရေးသားမှုတွေက တကယ်ပဲ တန်ဖိုးရှိခဲ့ပါတယ်ဗျာ………သူရ

ကျေးဇူးပါညီသူရရေ

Safety first

Yes Bro

စည်းကမ်းလိုက်နာ ဘေးကင်းကွာ

Right

Good

Thanks

သတိတရားလက်ကိုင်ထား

ဟုတ်ပါ့ဗျာ