အမှတ်တရ တစ်ခါက (၃)

in myanmar •  7 years ago  (edited)

မင်္ဂလာပါ မိတ်ဆွေများ ခင်ဗျား . . . . . .
(ကျနော်ရဲ့ အမှတ်တရတစ်ခါက post များသည် အ ပိုင်းများခွဲပြီး ရေးသားထားပါသဖြင့် အဆက်အစပ် မရှိ ဇာတ်ရည်မလည်ပါက ကျနော်၏တင်ပြပုံ ညံ ဖျင်းခြင်းကြောင့် ဖြစ်ကြောင်း ဦးစွာဝန်ခံအပ်ပါသည်။)


တာဝန်ကျခဲ့တဲ့ တာပိန်ဓာတ်အားပေး စက်ရုံဆိုတာ မြန်မာ တရုတ် နယ်စပ်မျဉ်းနားမှာ တည်ရှိပြီး တရုတ် ကုမ္ပဏီ တစ်ခုနဲ့ မြန်မာ အစိုးရတို့ရဲ့ ဖက်စပ် လည်ပတ်နေတဲ့ စက်ရုံတစ်ရုံပါ
။ မြန်မာဝန်ထမ်းတွေနဲ့ တရုတ်ဝန်ထမ်း တွေ ပူးပေါင်း၍ မောင်းနှင်ကြရပြီး အရေအတွက်အားဖြင့်တော့ တရုတ်တွေက ပိုများပါတယ်။ ကချင်ပြည်နယ်ရဲ့ တစ်ကြော့ပြန်စစ်ပွဲ တွေဟာတာပိန်နယ်မြေကနေ အတိအလင်း စဖြစ်ခဲ့ပြီး စစ်ပွဲဆိုတာ မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရပါတယ် ။
စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ စစ်သား ဟာ အထိအခိုက်မရှိပဲ အိမ်ပြန်လာနိုင် တယ်ဆိုရင် ကံကောင်းတယ်လို့ ပြောလို့ ရသလိုပဲ ကျနော်တို့လို့ လက် နက်မဲ့ အရပ်သား ဝန်ထမ်းတွေ အနေနဲ့ Buffer Zone လိုနေရာမျိုးမှာ နှစ်ရှည် လများ တာဝန်ထမ်းဆောင်နိုင်ခဲ့ ခြင်း ဟာလည်း ကံကောင်းလွန်းခဲ့ပါတယ်။
ကိုယ်နဲ့ မနီးမဝေးမှာ သေနတ် သံတွေ ဗုံးသံတွေ လက်နက် ကြီးသံတွေ
တောအုပ်ထဲကနေ မီးခိုးလုံးတွေ မြင်ရ ကြားလိုက်ရတော့ သွေးပူနေတုန်း သိပ်မတုန်လှုပ်သေးဘူး ဆိုပေမယ့် လက် နက်ကြီး ၁ လုံးလောက်များ လမ်းကြောင်းပြောင်းပြီး ကိုယ့်နေရာ ရောက်လာခဲ့ရင် ဒါမှမဟုတ် ယောက်ဖ တွေကများ ကိုယ်တွေဆီ အဝေးကနေ စက်သေနတ်နဲ့ လှမ်းဆွဲလိုက်ရင်တော့ များ မတွေးဝံ့စရာပါ။ ဒါပေမဲ့ နေလာခဲ့တဲ့ ၃ နှစ်လောက်အတွင်း စက်ရုံနားက မြစ်ထဲ လက်နက်ကြီး တစ်လုံး ကျတာကလွဲလို့ စက်ရုံကို မထိ ခိုက်ခဲ့ပါ။ ဒါဟာလည်း တရုတ်စက်ရုံ ဖြစ်မည်ကြောင့်ထင်ပါသည်။ တိုက်ပွဲ ဖြစ်ပြီဆိုတာနဲ့ အလုပ်အတူဆင်းတဲ့ တရုတ်တွေလည်း မျက်နှာငယ်လေးတွေ နဲ့ ဖုန်းတွေ ဆက်ကုန်ကြပြီ ။ တာဝန်ရှိတဲ့ သူတွေကလည်း စက်ကို ဆက်လည်မှာလား ရပ်မှာလား ဆိုတာ တရုတ်ပြည်တွင်းနဲ့ အဆက်အသွယ် တွေလုပ်ပေါ့ဗျာ ။ သူတို့ကတော့ အဆင်ပြေတယ်ဗျ။ တရုတ်ဖုန်း နက်ဝပ်က ကချင်ပြည်နယ် တဝက် လောက်ကို မိတာဆိုတော့ မပြေတာက ကျနော်တို့ မြန်မာ ဝန်ထမ်းတွေ . . . အဲဒီတုန်း က အခုလိုမျိုး ooredoo တို့ telenor တို့ကလည်း မရှိ အိမ်ကို ဆက်ချင်ရင် တရုတ်ရုံးက ဖုန်းနဲ့ oversea call ခေါ်ရတာဗျာ ။ ကိုယ့်ပြည်တွင်းမှာ နေပြီး ကိုယ်က oversea ခေါ်ရတယ် နိုင်ငံခြားသား တွေက သူတို့ ပြည်တွင်းနက်ဝပ်နဲ့ ပေါ့ ဗျာ။ ဖြစ်ရပုံများ ပြောပါတယ်။ နောက် ပိုင်းကျမှ သူငယ်ချင်း တစ်ယောက်က သူ့၄၉ ဖုန်းလေးကို အထိုင်စက်ထိုင် အင်တင်နာ နဲ့ ချိတ်မှ ပြောလို့ရတာ။
ဒါတောင်ရာသီဥတု မကောင်းရင် ပြော လို့မရဘူး။ အဲဒါနဲ့ စစ်ပွဲဖြစ်နေတယ် ဆိုတာ ကျနော်တို့လည်း ရှိတဲ့ဖုန်းလေး တစ်လုံးနဲ့ တာဝန်ရှိသူတွေကို အဆင့်ဆင့် သတင်းပို့ပေါ့ဗျာ ။ ပထမဆုံး ကြုံရတဲ့ အခက်အခဲက စား ရေးသောက်ရေးဗျ စစ်ဖြစ်ပြီဆိုတော့ ဆိုင်တွေကလည်း ပိတ် လူတွေကလည်း ပြေးပေါ့ဗျာ ကိုယ်တွေဆီမှာက လည်း ရိက္ခာဝယ်ထားတာတွေကလည်း မရှိ ဆိုတော့ အဲဒီနေ့က တရုတ် စားဖိုဆောင်က လက်ကျန်ပေါက်စီလေး ၃ လုံးကို ဝယ်ထားခဲ့တာ ဗိုက်ဆာရင် စားမယ်ဆိုပြီး ဒါပေမဲ့ လူတွေကလည်း ထူပူနေကြတော့ ဗိုက်ဆာရကောင်းမှန်း တောင် မသိကြပါဘူး။ ညဘက်ရောက် တော့ စဉ်းစားရပါပြီ ကျနော်တို့ လူနေ ဝန်းထဲမှာလည်း နေရတာ စိတ်က သိပ် လုံခြုံမှု မရှိ ။ လူနေဝန်းရဲ့ နောက်ကျော မှာက တောင်ကုန်းတွေ တောအုပ်တွေ ချည်းပဲ တော်ကြာ ညနက်မှ ယောက်ဖ တွေလာပြီး တံခါးခေါက်ရင်ဆိုတဲ့ အတွေးက နေမထိထိုင်မသာ ဖြစ်စေပါတယ်။ မှတ်မှတ်ရရ တစ်နေကုန် တိုက်ပွဲသံတွေ ကြားရပေမယ့် အဲ့ဒီအချိန်ထိ တပ်မတော် နဲ့ ယောက်ဖတွေ ထုံးဘို ဂိတ်မှာ ဆော်နေကြတုန်းပါ။ ထုံးဘိုကို မရသေးပါဘူး။ ကျနော်တို့နားမှာလည်း ဒုရဲအုပ် ဦးစီးတဲ့ အင်းအား ၂၀ ခန့် ရဲကင်းလေးပဲ ရှိတာပါ။ သိရသလောက် သူတို့ဆီလည်း လူတစ်ယောက်မှ ကျည် ဆံအတောင့် ၈၀ လောက်ပဲရှိတာဆိုပဲ။ အတောင့် ၈၀ ဆိုတာ အတွဲလိုက် တစ်ခါပစ်ရင် တစ်မိနစ်တောင် မခံဘူး ဆိုတော့. . . . ။ ကျနော်တို့ မြန်မာ စက်ရုံမှူးနဲ့ ဒုရဲအုပ်နဲ့ တိုင်ပင်ကြပြီး ဒီညတော့ တရုတ်ရုံးမှာ အားလုံး စုပြီးနေကြမယ် ။ အရပ်သားဝန်ထမ်းတွေ အပါအဝင် အလှည့်ကျ ကင်းစောင့်ကြမယ်ဆိုပြီး တော့ပေါ့။ ပြီးတော့ တရုတ်တွေလည်း ရှိသေးတယ်ဆိုတော့ သူတို့ကိုဆိုရင်
ယောက်ဖတွေက ဘာမှမလုပ်လောက် ဘူးလို့တွေးပြီး အားလုံး တရုတ်ရုံးမှာ စုပြီးနေကြတာပေါ့ဗျာ ။ အဲဒီညမှာပဲ ယောက်ဖတွေက ဓာတ်အားလိုင်း တာဝါ တိုင်တစ်တိုင်ကို ချိုးပစ်လိုက်တော့ စက်လည်းရပ် မီးတွေလည်းမှောင်ပေါ့ ဗျာ။ညနက်ချိန်ရောက်တော့ ဈေးတန်း ဘက်ကနေ သေနတ်သံ ၃ ချက်လောက် ကြားလိုက်ရတဲ့အခိုက် KIA တွေများ ဝင်လာပြီလားဆိုပြီး အားလုံး လှုပ်လှုပ် ရွရွ ဖြစ်ကုန်ကြပါတယ်။ ခဏနေလောက်ကျတော့ တရုတ်ရုံး ဂိတ်တံခါးဘက်ကနေ စကားပြောသံ တွေ ပြေးလာတဲ့ အသံတွေ ကြားလိုက်ရပါတယ်။ ခုနက ကင်းစောင့် နေတဲ့ ရဲလည်း သေနတ်ကြီး ဒီအတိုင်းထားပြီး ဘယ်ပျောက်သွားမှန်း မသိဘူး။ စက်ရုံဝန်ထမ်းထဲက ဗိုလ်ကြီး အငြိမ်းစား တစ်ယောက်က အဲဒီသေနတ် ကြီးဆွဲပြီး ဝမ်းလျားမှောက် အသင့် အနေအထားနဲ့ပေါ့ဗျာ ။ ကျနော်လည်း ဘယ်ပုန်းရမှန်း မသိတာနဲ့ လူနဲနဲများ တဲ့ဆီ ပြေးပေါ့ဗျာ။ အဲဒါမှတစ်ခုခုဖြစ် လည်း ကိုယ်တစ်ယောက်တည်း ခံရတာ ထက် အဖော်တွေ အများကြီးနဲ့ဆိုတော့
. . . . . .။ ဂိတ်ပေါက်ဝကနေ တံခါးဖွင့် ခိုင်းတဲ့ အသံတွေကြားရပါတယ်။ နောက်တော့ တံခါးကို ကျော်လာကြပြီး
လူရိပ်တွေက ကျနော်တို့ရှိတဲ့ ရုံးဆီ လာနေကြပါပြီ။ အဲဒီအချိန် ခေါင်မိုးပေါ် ကင်းချထားတဲ့ရဲတွေကလည်း ပစ်တော့မယ်ဆိုပြီး ခုမှ မောင်းတင်တဲ့လူက တင်ပေါ့ဗျာ ။ လာနေတဲ့ လူတွေဆီကနေ အမျိုးသမီး အသံတစ်သံက " ဗိုလ်ကြီးတို့ ကျမတို့ ကဈေးတန်းက ဈေးသည်တွေပါ။ မပစ်ပါနဲ့" ဆိုပြီး ပြောလာပါတယ်။ သူ တို့လည်း ဈေးတန်းဘက်ကို ကျည်ကျ လို့ မနေရဲတာနဲ့ တရုတ်ရုံးဘက်ကို ပြေးလာတာပါတဲ့။ အဲဒါနဲ့ ရဲဗိုလ်လေး
က အဲဒီနားမှာ ရပ်အုံးဆိုပြီး ဖြေးဖြေးချင်း လာခိုင်းရပါတယ်။ လူတွေအားလုံးလည်း အခုမှ သက်ပြင်းတွေ ချနိုင်ပါတော့တယ်။
ညဘက်တော့ တရုတ်ရုံးမှာ ဝန်ထမ်းတွေတင်မဟုတ်တော့ပဲ အရပ် သားတွေပါ ရောက်လာပြီး လူအင်အား အနဲငယ် များလာခဲ့ပါတယ်။ မနက်ရောက်တဲ့ အထိ ထုံးဘိုဘက်က တိုက်ပွဲသံတွေ ကြားနေရတုန်းပါ။ ကျနော်တို့လည်း သူ့ရှိတာကိုယ်စား ကိုယ့်ရှိတာလည်း ကျွေးပေါ့ဗျာ ရှိတာလေးကို ဝေမျှစားသောက်ကြပေါ့။
တိုက်ပွဲက ဘယ်လောက်ကြာအုံးမယ်မ သိဘူး။ အတူလာနေတဲ့ ဈေးသည်တွေ ကိုမေးကြည့်တော့ သူတို့က အခွင့် အရေးရတာနဲ့ ပြေးမှာတဲ့ဆိုတော့ သူတို့မှာရှိတဲ့ စားစရာ သောက်စရာတွေ ရသလောက်ဝယ်ထား ကြတာပေါ့ဗျာ။ တစ်ပတ်စာလောက် ဖူလုံရုံတော့ရပါတယ်။ သူတို့ကတော့ ဗန်းမော်သွားတဲ့ လမ်းက စစ်ဖြစ်နေလို့ သွားလို့မရရင် ဒွန်ဘုံကနေ လှည့်ပြန်ကြ မယ့် လူတွေပါ။ ကျနော်တို့ကသာ ကိုယ့် စက်ရုံကြီးကို ပြစ်ပြီးသွားလို့မရပါ။
ညနေလောက်ကျတော့ တိုက်ပွဲသံတွေ ငြိမ်သွားခဲ့ပါတယ်။ ခဏနေလောက် ကြာတော့ တပ်မတော် စစ်ကြောင်း ဝင်လာပါတော့တယ်။ ထုံးဘိုဂိတ်ကို သိမ်းလိုက်ပြီး လာခဲ့ကြတာလားလို့ မေးကြည့်တော့ ။ မ ဟုတ်ဘူးဆိုပဲ အထက်က လူကြီးတွေ အချင်းချင်း ညှိုပြီးလို့ နှစ်ဖက် အပစ်ရပ်ပြီး သူတို့ ဂိတ်ကနေ ဝင်လာတာတဲ့ ။ ဒါဆို ထုံးဘို မှာ KIA တွေ ရှိသေးတာပေါ့ ဆိုတော့ ရှိသေးတယ်တဲ့ ။ ဘာပဲဖြစ်ဖြစ် တပ်ရင်းမှူးဦးစီးတဲ့ စစ်ကြောင်းတစ် ကြောင်းကတော့ ကိုယ်တွေနားမှာ ရှိသေးတယ်ဆိုပြီး စိတ်အနည်းငယ်အေး သွားပါတယ်။ ကျနော်တို့လည်း စစ်သားတွေဆီ အတွေ့အကြုံတွေ ဝိုင်း မေးကြတာပေါ့ဗျာ။ သူတို့လည်း ပြော ပြပါတယ်။ ဆန်ခါမှာ သုံ့ပန်းချင်းလည်း တဲ့အကြောင်းတွေ ထုံးဘိုကို ဘယ်လို တိုက်ခဲ့ကြောင်းတွေ . . . . .။တစ်ချို့စစ် သားတွေဆို တိုက်ပွဲ အတွေ့အကြုံ လုံးဝ မရှိတဲ့သူတွေပါ။ နဲနဲလောက်ကြာတော့ သူတို့လည်း သွား ကြတော့မယ်တဲ့ ။ ဟာ . . . ဘယ်သွားကြမှာလဲဆိုတော့ တောင်ကုန်း ပေါ်က စခန်းကိုတဲ့ ။ တောင်ကုန်းပေါ်က စခန်းဆိုတာက ကျနော်တို့နဲ့ ၃ မိုင်လောက် ဝေးပါတယ်။ သူတို့ကတော့ မပူပါနဲ့တော့ သူတို့ ဒီပတ်ဝန်းကျင်မှာပဲ ရှိမှာပါတဲ့ ။ အဓိက နယ်မြေစိုးမိုးကုန်း မှာပဲ သူတို့ နေရမှာတဲ့။ ဆိုတော့ စိတ်ပူ ရပြန်ပြီ ကိုယ်တွေနဲ့ ရှေ့ ၅ မိုင်လောက် မှာ KIA စခန်းကလည်း ရှိသေးတယ် ။ နောက် ၃ မိုင်လောက်မှာ တပ်မတော် စခန်း ။ တိုက်ပွဲ ကလည်း ပူပူနွေးနွေး ဖြစ်ထားကာစဆိုတော့ ။ ကျနော်တို့ လည်း ညက အိပ်ရေးကလည်းပျက် ပင်လည်း ပင်ပန်းဆိုတော့ ဖြစ်ချင်ရာဖြစ် ဒီညတော့ ကိုယ့်အိမ် ကိုယ့်အိပ်ယာမှာပဲ အိပ်မယ် အနားယူမယ်ဆိုပြီး စိတ်ဆုံးဖြတ်လိုက်ကြပြီး တရုတ်ရုံးက နေ ဆုတ်ခွာလာခဲ့ပါတော့တယ်။ ဈေးသည်တွေ ခမျာလည်း တိုက်ပွဲနား တုန်းလေးကို အလျှိုလျှို ပြန်ကုန်ကြပါ ပြီ ။ တရုတ်တွေကလည်း နောက်တစ်ရက် ဆိုပြန်ဖို့ ပြင်ဆင်နေကြပါပြီ ။

ဆက်ရန် . . . .
ရေးသားသူ @thettinaung
MSC No . (105)01200000026405134396264474204_s.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဆက်​ဖတ်​ပါ့မယ်​...ဖတ်​လို့​ကောင်းပါသည်

အရမ်းကောင်းတယ် ကိုယ်တွေ့မို့လားမသိဘူး နောက်စောင့်ဖတ်ရမည့် ထဲ ဆရာ့ post တွေလည်း ပါလာပြီ profile ပုံလေး ထ်ာထြားပါအုံး ဆရာ

အနော်ကဆြာ ဟုတ်ပါဘူးဗျ။ ခုမှကလေးရှိသေးတာ။ကျေးဇူးပါ ဦးဦး

ဖတ်လို့တော့ကောင်းပါတယ်။
ကချင်နဲ့တပ်မတော်အကြောင်းတွေဆိုတော့တစ်မျိုးကြီးပဲဗျ။ထိန်းထိန်းသိမ်းသ်မးလေးရေးစေချင်ပါတယ်။တစ်ဘက်ဘက်ကိုအစွန်းထွက်သွားရင်မကောင်းဘူး။