ရေသည် သက်ရှိများအတွက် မရှိမဖြစ်အရေးပါလှသော အရာဖြစ်သည့်အလျောက် လူ့ခန္ဓာကိုယ်အတွက် အကျိုးရှိစေရန် ကျန်းမာရေးနှင့်ညီညွတ်စွာ သတ်မှတ်ထားသည့် အချိန်အလိုက် သင့်လျော်မှန်ကန်သော ပမာဏကို သောက်သုံးပေးရန်လည်း လိုအပ်ပါသည်။နေ့တစ်နေ့တာကို စတင်သည့် နံနက်စောစော အိပ်ယာမှ နိုးထသည့်အချိန်တွင် သောက်ရေသန့်နှစ်ခွက် သောက်သုံးပေးရပါမည်။အဘယ့်ကြောင့်ဆိုသော် တစ်ညတာလုံးငြိမ်သက်နေသည့် ကျနော်တို့၏ ခန္ဓာကိုယ်အတွင်းရှိ ကလီစာများအား ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးရန်သည် နံနက်စောစော ရေသောက်ပေးခြင်းဖြင့် လှုံ့ဆော်နိုင်ပါသည်။ကျနော်တို့ တစ်နေ့တာလုံး လုပ်ငန်းဆောင်တာများလုပ်ကိုင်နိုင်ရန်အတွက် အားအင်ရရှိစေရန် တစ်နေ့တာလုံးအတိုင်းအတာအလိုက် ယေဘုယျအားဖြင့် နံနက်စာ နေ့လည်စာ ညစာဟူ၍ စားသုံးလေ့ရှိကြသည်။ထိုသို့စားသုံးရာတွင် စားသမျှအစားအစာများ ကြေညက်ပြီး အဟာရများအဖြစ် ခန္ဓာကိုယ်တွင်းရှိ အစိတ်အပိုင်းများသို့ သူ့နေရာနှင့်သူ ပို့ဆောင်နိုင်စေရန် ထမင်းမစားမီ နာရီဝက်ခန့်ကြိုတင်ကာ ရေတစ်ခွက်သောက်ထားသင့်ပါသည်။
သွေးတိုးရောဂါအခံရှိသူများ သွေးကျစေရန်နှင့် သွေးခုန်နှုန်းမှန်ကန်စေရန် ရေမချိုးမီ ရေတစ်ခွက်သောက်သင့်ပါသည်။ညအိပ်ယာမဝင်မီ အချိန်တွင်လည်း ရေတစ်ခွက်ကို သောက်ဖြစ်အောင် သောက်သုံးသင့်ပါသည်။သို့မှသာ နှလုံးရောဂါဖြစ်ပွါးခြင်းနှင့် လေဖြတ်ခြင်းကိုလည်း ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ပါသည်။ညအိပ်ယာဝင်ချိန်တွင်လည်း မိမိအိပ်ယာနံဘေးတွင် သောက်ရေသန့်တစ်ဘူးကို တစ်ရေးနိုးသည့်အခါ သောက်သုံးရန်အတွက် အမြဲဆောင်ထားသင့်ပါသည်။ခြေသလုံးကြွက်သားများ ကြွက်မတက်စေရန်သည် ညဘက်အိပ်ပျော်နေရင်း တစ်ရေးနိုးသည့်အခါ ရေသောက်ပေးခြင်းဖြင့် ကာကွယ်နိုင်မည်ဖြစ်ပါသည်။ ကျန်းမာရေးနှင့်ညီညွန်စေရန်အတွက် ရေကို သတ်မှတ်ထားသည့် အချိန်အလိုက်သာ သောက်သုံးသင့်ပြီး ထမင်းစားသည့်အချိန်များတွင်တော့ မသောက်သုံးသင့်ပါ။
ထမင်းစားချိန်တွင် စားလိုက်သည့် အစားအစာများ မနင်စေရန်အတွက် ဟင်းချိုပူပူဖြစ်စေ ရေနွေးပူပူဖြစ်စေသာ သောက်သုံးသင့်ပြီး ထမင်းစားပြီး နာရီဝက်အကြာမှသာ သောက်သုံးသင့်ပါသည်။အထူးသဖြင့် ထမင်းစားနေစဉ် ရေခဲရေအား လုံးဝမသောက်သုံးမိကြစေရန်လည်း အကြံပြုခြင်ပါသည်။အဘယ်ကြောင့်ဆိုသော် သောက်သုံးလိုက်သော ရေအေးနှင့် ဟင်းလျာပူပူတို့ တစ်ပြိုင်နက်တည်း ဆုံလိုက်သောအခါ အစာအိမ်ကို ဒုက္ခတွေ့စေပြီး ဗိုက်အောင့်ဗိုက်နာခြင်းများလည်း ခံစားရတတ်ပါသည်။ထို့ပြင် ကျနော်တို့ စားသုံးလိုက်သော ဟင်းလျာထဲတွင် ပါဝင်သည့် အဆီအနှစ်များသည် ထမင်းစားနေစဉ် ရေခဲရေသောက်သုံးလိုက်ခြင်းဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းများကို ရွှံ့စေးအနှစ်များသဖွယ် ခဲပျစ်စေတတ်ပြီး အစာကောင်းစွာ မချက်လုပ်နိုင်သည့်အတွက် အူကင်စာရောဂါများလည်း ဖြစ်ပေါ်စေတတ်ပါသည်။
ရေများများသောက်သုံးပေးခြင်းဖြင့် အခြားသော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများလည်း များစွာ ရရှိနိုင်ပါသေးသည်။ကျနော်တို့ ခန္ဓာကိုယ်တွင်းရှိ လှည့်ပတ်စီးဆင်းနေသော သွေး၏ ရာခိုင်နှုန်း အတော်များများသည် ရေဓါတ်များဖြင့် ပါဝင်ဖွဲ့စည်းထားသည့်အတွက် ရေများများသောက်ပေးရန် လိုအပ်ပါသည်။ထို့ပြင် အရိုးနှင့်ကြွက်သားထဲတွင်လည်း ရေဓါတ်များအများအပြားဖြင့် ဖွဲ့စည်းထားသောကြောင့် ရေသောက်မပျင်းရန် လိုအပ်ပါသည်။နေ့စဉ် ကျနော်တို့စားသောက်လိုက်သော အစားအစာများအား ခန္ဓာကိုယ်အတွက် အာဟာရဖြစ်ထွန်းစေရန် ရေသောက်သုံးပေးခြင်းမှ အများအပြားကူညီပံ့ပိုးပေးပါသည်။ခန္ဓာကိုယ်တွင်းသို့ ရောက်ရှိလာသည့် အစားအစာများကို ခွန်အားအဖြစ်ပြောင်းလဲပေးသည့် အရာမှာလည်း ရေပင်ဖြစ်ပါသည်။
အလှအပခုံမင်သော မိန်းကလေးများအတွက်လည်း ရေများများသောက်သုံးပေးခြင်းဖြင့် အသားအရေလှပပြီး အရွယ်တင်နုပျိုစေနိုင်ပါသည်။ထို့ပြင် ကာယခွန်အားစိုက်ထုတ်ကာ ပင်ပန်းဆင်းရဲစွာ ရှာဖွေလုပ်ကိုင်နေရသော လုပ်သားများသည်လည်း ရေများများသောက်သုံးခြင်းဖြင့် ငွေကြေးကုန်ကျမှုမရှိဘဲ ပင်ပန်းနွမ်းနယ်မှုပြေပျောက်ကာ စိတ်ကြည်လင်လန်းဆန်းစေနိုင်ပါသည်။အားကစားမောင်မယ်များအနေနှင့်လည်း ရေများများသောက်ခြင်းဖြင့် သက်လုံကောင်းစေပြီး အသက်ရှူခြင်းကိုလည်း အထောက်အပံ့ဖြစ်စေနိုင်ပါသည်။
ထို့ပြင် ပညာသင်ကြားသည့် အရွယ်ဖြစ်သောညီငယ် ညီမငယ်များအနေနှင့်လည်း ရေပုံမှန်သောက်ခြင်းဖြင့် သင်ခန်းစာများလေ့လာရင်းမှ ဖြတ်တတ်သော ခေါင်းကိုက်ခြင်းနှင့် အမြင်အာရုံချို့တဲ့ခြင်းတို့မှ သက်သာစေနိုင်ပါသည်။ရေသောက်သုံးပေးခြင်းဖြင့် အခြားသောရရှိနိုင်သည့် ထူးခြားလှသော အစွမ်းများမှာ ဝက်ရူးပြန်ရောဂါ,တီဘီ,ပန်းနာရင်ကျပ်,ကျောက်ကပ်,လည်ချောင်းနာခြင်း,ဝမ်းချုပ်ခြင်းနှင့် လိပ်ခေါင်းရောဂါတို့ကိုလည်း သက်သာစေနိုင်ပါသည်။ထို့ကြောင့် ကျနော်တို့အားလုံး၏ ကျန်းမာရေးအတွက် အကျိုးရှိလှသော ရေအား ကျိုချက်သန့်စင်ပြီး အချိန်မှန်သောက်သုံးပေးသင့်ပါသည်။ကျနော်ရေးသားထားသော အထက်ပါ အကြောင်းအရာများသည် ကျန်းမာရေးနှင့်ပါတ်သက်ပြီး ကျနော်လေ့လာထားသမျှသော,အကြောင်းအရာလေးများကို စာဖတ်သူများအတွက် တစ်ထောင့်တစ်နေရာမှ အကျိုးရှိစေရန် မေတ္တာဖြင့် ရေးသားတင်ပြခြင်းဖြစ်ပါသည်။ကျန်းမာရေးဝန်ထမ်းတစ်ဦး မဟုတ်သည့်အတွက် အကြောင်းအရာများ ပြည့်စုံမှုမရှိပါက နားလည်ဖတ်ရှုပေးကြစေရန်လည်း ဆန္ဒပြုလိုက်ပါသည်။
Author : @thihakoko
MSC.034
8.11.2017
thanks for sharing
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဂုံးဆင် cmm ကြီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နုတ်ခမ်းပဲ့ချင်း တူတူ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အသွင်တူလို့ အိမ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တူမတူတော့ မသိဘူး ကလေးလည်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
쉬 다
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
쉬 다 = နားသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မန့်ချိန်ရသေးဘူး

ဗဟုသုတအတွက် Thank you
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank you
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks,sharing your post for good health
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank sis
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank for sharing
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you for health
Good post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မန့်ရေမို့ ရှေ့ကလူကြီးရုပ်မြင်ပြီး ဘာရေးရမှန်မသိဖြစ်ဖြစ်သွားတယ်ဂျာ😜😜😜
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အာဂျာ ဦးဦးတာ ကလည်း နောက်ကျန်ပီ ဂျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ထမင်းစားပြီးပြီးချင်းရေသောက်ရင်ဘာဖြစ်တတ်လဲရှင်။အမြဲအဲ့လိုသောက်ဖြစ်တယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank for share
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks ko min
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
great post..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank you
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေမသောက်လို့မရဘူးလေဗျာ။သောက်စရာဆိုလို့ရေပဲရှိတာကိုး😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီး ဟုတယ်နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit