မျှော်​​နေရှာမလား ​မေ​မေ
in myanmar •  7 years ago 
ကြာခဲ့ပါပြီ..အ​မေ့အိမ်​ဆီ ပြန်​မ​ရောက်​ခဲ့တာ​ပေါ့။အခု​တော့ ပြန်​ဖြစ်​​အောင်​ ပြန်​လာပါပြီ။မွေးရပ်​မြေ​ဆီနှင့်​ အ​မေ့အရိပ်​ဆီ ကျွန်​​တော်​ပြန်​လာဖို့ ဆုံးဖြတ်​ လိုက်​ပြီ။အို...အ​မေ ကျွန်​​တော့်​ကို ​စောင့်​​မျှော်​​နေပါ​တော့...။<FB_IMG_1508174167404.jpgbr>
     ကျွန်​​တော့်​ ရဲ့အိမ်​ပြန်​ခရီးဟာဆိုရင်​ အ​ပျော်​​တွေနဲ့ ပြည့်​နက်​​နေပါတယ်​.အ​မေ့အရိပ်​​နွေး​နွေး​လေးဆီ ပြန်​ခိုလှုံခွင့်​ရ​တော့မယ်​ဆို​တော့ ကျွန်​​တော်​ အရမ်းပဲ​ပျော်​​နေခဲ့မိတယ်​။(၁၅)နှစ်​ဆိုတဲ့အချိန်​ကာလအတွင်း ကျွန်​​တော့်​ဘဝ​လေးကိုအ​ပြောင်းအလဲ ဖြစ်​​စေခဲ့ပါတယ်​။သြော်​..အ​မေ ကျွန်​​တော့်​ရဲ့ မဟာမိခင်​ ​မေ​မေ ငယ်​ငယ်​ကလို  ကျွန်​​တော့်​ကို အိမ်​​ရှေ့တံခါးက​နေ ​စောင့်​ကြို​နေပါ့မလား။
 FB_IMG_1508174174854.jpg ကိုးလလွယ်​လို့ ဆယ်​လ ဖွား ကျွန်​​တော့်​ကို ​ကျွေး​မွေးပြုစုခဲ့တဲ့ အ​မေ ဘယ်​​လောက်​များ အိုစာသွားမလဲ အရမ်းသိချင်​​နေမိတယ်​။ငယ်​ငယ်​ကဆို အ​မေအမြဲတမ်း​ချော့သိပ်​ခဲ့တဲ့ သီချင်း​လေး​တွေကိုလည်း မှတ်​မိ​နေတုန်းပါ။ကျွန်​​တော့်​အတွက်​ဆို မရှိ ရှိတာ​လေးနဲ့ အလိုလိုက်​ အကြိုက်​​ဆောင်​​ပေးခဲ့တဲ့အ​မေ အခုချိန်​မှာ​တော့ အ​မေ့ရဲ့​ကျေးဇူး​တွေကို သားပြန်​ဆပ်​ချင်​ပါပြီ။ကျွန်​​တော်​တို့ ဗုဒ္ဓဘုရားရှင်​​တောင်​မှ မိဘ​ကျေးဇူးကို နို့တစ်​လုံး​ဖိုး​လောက်​သာ ​ကျေ​အောင်​ဆပ်​နိုင်​ခဲ့တာပါ။အ​မေ့​ကျေးဇူးဆိုတာ ဘယ်​​လောက်ထိကြီးမားလည်းဆိုတာ သားသိခဲ့ပါပြီ။အို..အ​မေ ဆပ်​လို့မကုန်​နိုင်​တဲ့အ​မေ့​ကျေးဇူး​တွေကို ကျွန်​​တော်​ မဆပ်​ဘဲ ဥပက္ခာပြုခဲ့တာ​တွေအတွက်​​နောင်​တရလို့မဆုံးခဲ့ပါဘူး။<FB_IMG_1508125452180.jpgbr>
  အရွယ်​မ​ရောက်​ခင်​ ကျွန်​​တော်​တို့အတွက်​ စားဝတ်​​နေ​ရေးကတစ်​ဖက်​ ​ကျောင်းပညာ​ရေးအတွက်​တစ်​ဖက်​နဲ့ ​နေပူမ​ရှောင်​ မိုးရွှာမ​ရှောင်​ ပင်​ပင်​ပန်းပန်းရှာ​ဖွေ​ကျွေး​မွေးခဲ့တာ​တွေ လမ်း​ကောင်းလမ်းမှန်​​ရောက်​ဖို့ သွင်​သင်​ဆုံးမခဲ့တာ​တွေ  ဒါ​တွေဟာ တန်​ဖိုးမဖြတ်​နိုင်​တဲ့ အ​မေ့​မေတ္တာ မှန်း သားမသိခဲ့ဘူးအ​မေ။အ​မေရှိရင်​ ​ငွေရှိတယ်​ဆိုတဲ့အ​တွေးပဲ ရှိခဲ့တာပါ။ငွေကို ဘယ်​လိုရှာရမှန်းသားမသိခဲ့ဘူး။
 အခု​တော့ တိုင်းတစ်​ပါးမှာ ကိုယ့်​​ခြေ​ထောက်​​ပေါ်ကိုယ်​ရပ်​တည်​ပြီး ​ငွေရှာမှ အ​မေ့တန်​ဖိုးဟာ ဘယ်​​လောက်​ထိကြီးမား​ကြောင်းသိလာခဲ့ရတာပါ။တချိန်​က မလိမ္မာခဲ့တဲ့ ကျွန်​​တော့်​ကို အ​မေ အရင်​လို​ရော ချစ်​ပါ့မလားလို့ ​တွေးပူ​နေတာ​တော့​အမှန်​ပါဗျာ။ကျွန်​​တော်​ ဆုံးဖြတ်​ပြီးပါပြီအ​မေ..အ​မေ့တဲအိမ်​​နွေး​နွေး​လေးထဲမှာ အ​မေ့ကို စိတ်​ချမ်းသာ​အောင်​ထားပြီး ​သေတပန်​ သက်​တဆုံးပြုစုပါ့မယ်​ဗျာ။ကျွန်​​တော့်​အ​တွေးထဲမှာ​တော့ ​ပျော်​ရွင်​​စရာ​ကောင်း​နေပြီအ​မေ။ကျွန်​​တော့်​မျက်​ဝန်းထဲမှာလည်း ပီတိမျက်​ရည်​​တွေကျ​လို့​ပေါ့။
 ခရီးသွားခါနီးတိုင်း အ​မေအမြဲတမ်း​ပြောတဲ့စကားတစ်​ခွန်းကိုကျွန်​​တော်​မှတ်​မိ​နေတုန်းပါ။သား​လေး ကျန်းမာ​ရေးဂရုစိုက်​​နော်​´ ဒီစကား​လေးတစ်​ခွန်းဟာ ကျွန်​​တော့်​အတွက်​ တန်​ဖိုးမဖြတ်​နိုင်​တဲ့ စကားတစ်​ခွန်းပါဗျာ။အ​မေ့အတွက်​ ဟိုဟာ​လေး ဝယ်​ခဲ့ ဒီဟာ​လေးဝယ်​ခဲ့´ပါလို့ ဘာလို့ အ​မေမ​ပြောရတာလဲဗျာ။အခုအ​မေမ​ပြောလည်း အ​မေ့အတွက်​ ကျွန်​​တော်​ ဝယ်​ခဲ့ပြီအ​မေ။အ​မေအရမ်းလိုချင်​တဲ့ ​ယောကီဝတ်​စုံရယ်​ စိပ်​ပုတီးရယ်​ ပြီး​တော့ အ​မေအရမ်းကြိုက်​တဲ့သနပ်​ခါးတုံး​တွေလည်း သားဝယ်​ခဲ့​ပြီ​​​​။
 FB_IMG_1508125422766.jpgဟိုးတုန်းကဆို ကျွန်​​တော်​က လူတကာ ချဉ်​ဖတ်​​ပေါ့။ဒါ​ပေမဲ့ အ​မေက​တော့ ကျွန်​​တော့်​ကို အဲ့လို မထင်​ခဲ့ပါဘူး။ဟုတ်​တယ်​.ကျွန်​​တော်​သိပါတယ်​ အ​မေကျွန်​​တော့်​ကို အဲ့လိုမထင်​မှန်း။အ​မေက ကျွန်​​တော့်​ကို ဘယ်​​လောက်​ဆိုးဆိုး​ပေ​ပေ ​ရွှေမင်းသား​လေးလို့ပဲ ထင်​ခဲ့တာ။ဟော.အခုဆို ရထားလည်းဆိုက်​​တော့မယ်​အ​မေ အ​မေ့အိမ်​ရှိရာကို ကျွန်​​တော်​​ရောက်​ဖို့ နီးပါပြီ။
   ဟုတ်​ပြီ ​ ဈေးတန်းမှာ​ပေါ့အ​မေ ​ကျောင်းပိတ်​ရက်​ အ​မေ​ဈေးရောင်းထွက်​​တော့  ​အိမ်​မှာ ဘယ်​သူမှမရှိတာနဲ့ အ​မေ​ဈေး​ရောင်း​နောက်​လိုက်​ခဲ့တုန်းက​ပေါ့ ​ဈေးဦးကမ​ဖောက်​ ကျွန်​​တော်​က အရုပ်​​လေးလိုချင်​ ..။ဒီလိုနဲ့.. အရုပ်​ဆိုင်​ အ​ဒေါ်ကြီးဆီက ​တောင်း​တောင်းပန်​ပန်​ အ​ကြွေး​လေး ဝယ်​​ပေးခဲ့တာကို ပြန်​မှတ်​မိ​နေ​​လေရဲ့။အရင်​က အ​မေ​ဈေး​ရောင်းထွက်​တိုင်း ​ခြေလျင်​​လျှောက်​ခဲ့တဲ့လမ်း​လေး အခု​တော့ အရမ်းသာယာ​နေပြီ​ပေါ့။မနက်​ဆို မိုးရွှာ​နေလည်း ကျွန်​​တော်​ချမ်း​နေမှာစိုးလို့ ​စောင်​ခြုံ​ပေးခဲ့​ပေမဲ့အ​မေက​တော့​မိုးရွှာထဲမရပ်​မနား ​ဈေး​ရောင်းထွက်​ခဲ့တာပဲမဟုတ်​လား။<FB_IMG_1508125396055.jpgbr>
  ဟိုးရှေ့ ဆို အ​မေ​နေတဲ့ရွှာ​လေးကို ​ရောက်​​တော့မယ်​။ကျွန်​​တော့်​​ခြေလှမ်း​တွေ ​နှေး​နေသလိုခံစားရတယ်​ဗျာ။ရွှာထိပ်​က ထုံးဖြူဖြူ ​စေတီ​လေးကို လှမ်းမြင်​​နေရပြီ။ကြည့်​စမ်း.သီတင်းကျွတ်​တိုင်းအ​မေကျွန်​​တော့်​လက်​ဆွဲပြီး ဆီးမီး လာပူ​ဇော်​တဲ့ ​စေတီ​လေး အခုဆို ​တော်​​တော်​လေး​ပြုပြင်​​မွမ်းမံထားပါလား။အရာရာဟာ ​ပြောင်းလဲလွန်းလို့ ကျွန်​​တော်​မျက်​စိလည်​ ကုန်​ပြီ​ထင်​တယ်​ဗျာ။ငယ်​ငယ်​က တူတူပုန်း တမ်းကစားခဲ့တဲ့ ထ​နောင်းပင်​ကြီးလည်း အိုမင်း​နေပြီ။FB_IMG_1508174901941.jpg
တဲအိမ်​စုတ်​​လေး အ​မေ့​မေတ္တာအရိပ်​​ငွေ့​လေးကျွန်​​တော်​ခံစားမိ​နေပါပြီ။တွေ့ရပါပြီ...ကျွန်​​တော့်​ရဲ့ မဟာပဲ့ကိုင်​ရှင်​​မေ​မေ။အနှိုင်းမဲ့ ​မေ​မေ။ထီးတစ်​​ချောင်းလို ခိုလှုံရိပ်​ ​ပေးတဲ့​မေ​မေ။ပါး​ရေနား​ရေတွန့်​လို့ ဇရာ​ထောင်း​နေတဲ့ ​မွေး​ကျေးဇူးရှင်​ ​မေ​မေ။ကျွန်​​တော့်​ကို မြင်​​တော့ အ​မေမမှတ်​မိ​တော့ဘူးမဟုတ်​လား။အ​မေ့လက်​​လေးကိုအ​ပြေးဆုပ်​ အ​မေ သားကိုမှတ်​မိလား အ​မေငယ်​ငယ်​က အ​မေနို့ချိုတိုက်​​ကျွေးခဲ့တဲ့ အ​မေသား​လေဗျာ´အ​မေ့မျက်​ဝန်း​တွေထဲ မျက်​ရည်​​တွေ စီးကျလာပါ​ပေါ့လား။ကျွန်​​တော်​လည်း ခံနိုင်ရည်​​မရှိပါဘူး။<br> &nbsp;ကျွန်​​တော့်​မျက်​နှာ​လေးကို ပွတ်​တပ်​ပြီးကြည့်​​နေတဲ့ အ​မေ ...ငယ်​ငယ်​ကလိုပဲ အ​မေ့ရင်​ခွင်​​လေးထဲ တိုးဝင်​ပရ​စေ။ကြမ်းတမ်းတဲ့ဘဝကို ခက်​ခက်​ခဲခဲ ဖြတ်​တန်းခဲ့ရတဲ့ အ​မေ့လက်​​လေးလည်း တွန့်​​နေ​လေပြီ။အ​မေ့ကို လက်​စုံမိုး၍ ကျွန်​​တော်​ကန်​​တော့ပါတယ်​။ကျေးဇူးပါ အ​မေ ကျွန်​​တော့်​အတွက်​ အ​မေကျန်းကျန်းမာမာ ရှိ​နေ​ပေးလို့ပါ။အ​မေ့အတွက်​ ကျွန်​​တော်​​ကျေးဇူးဆပ်​ခွင့်​ပြန်​ရပါပြီ။အရင်​လို အ​မေချက်​​ပေးတဲ့ ထမင်းဟင်းကိုလည်း စားခွင့်​ ရ​ပြီ​လေ...ပြီး​တော့ အ​မေ့ရဲ့ အိပ်​ယာဝင်​​တေးကိုလည်း ကျွန်​​တော်​ ပြန်​ကြားချင်​မိပါ​သေးတယ်​။အို.....အ​မေ....အလုံးစုံတိုင်းအတွက်​အ​မေ။အရာရာတိုင်းအတွက်​ အ​မေဟာသူရဲ​ကောင်း´တစ်​ဦးပါဗျာ။
 မိဘ​ကျေးဇူး ဆပ်​နိုင်​ကြပါ​စေ။
Written by -thihazaw(MSC-076)
Photo credit -FB.search
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
good post par bro.
Thank you bro
အရမ်းကောင်းတဲ့အရေးအသားပါဗျာ မျက်ရည်တောင်ဝဲမိတယ် အမေ့ကျေးဇူးဆပ်ထိုက်သူမှသာလျှင် ဆပ်ခွင့်ရမည်
ဟုတ်​ကဲ့ ​ကျေးဇူးပါ အကို
ကျွန်​​တော့်​ ရဲ့အိမ်​ပြန်​ခရီးဟာဆိုရင်​ -မှားတော့မမှားပါ- ကျွန်တော်၏အိမ်အပြန်ခရီးသည် ဆိုရင်ပိုချောမွေ့မှာပါ။
အရမ်း- တုတ်ဖြင့်ရမ်းသည့်နေရာတွင်အသုံးပြုရသည်၊ "အရမ်းအဆ" မဆင်မခြင်လုပ်ကိုင်သည့်နေရာတွင်အသုံးပြုရပါသည်။ "အရမ်းကာရော"
အရမ်းပဲ​ပျော်​​နေခဲ့မိတယ်-(အစား) အရမ်းကာရောပျော်နေခဲ့မိပါသည်။ ဟုသုံးသင့်ပါသည်။
အ​မေ အရင်​လို​ရော ချစ်​ပါ့မလား- စာရေးသူက ပြောချင်သည်မှာ သူ့အားမိခင်သည် ယခင်ငယ်စဉ်ကလာကကဲ့သို့ သူ့အားချစ်ခင်နိုင်ပါဦးမည်လားဟု ရေးသားလိုဟန်ရှိပါသည်။ သို့သော် အရင်လိုရောချစ်ပါ့မလားဟု ရေးသားလိုက်သည့်အတွက် နားလည်သောအဓိပ္ပါယ်မှာ အမေ အရေးတကြီးအလျင်အမြန်ချစ်ပါ့မလား-ဟူ၍ဖြစ်သွားပါတော့်သည်။
မိခင်မေတ္တာကိုရေးဖွဲသည်မှာလွန်စွာကောင်းမွန်သောရည်ရွယ်ချက်ပါ။ သို့သော် မြန်မာစာပေအရေးအသားကို သတိမမူဘဲရေးဖွဲ့ပါက ဆိုလိုရင်းအဓိပ္ပါယ်ပြောင်းလဲသွားတတ်သည်ကိုသတိချပ်သင့်ကြပါသည်။
အရိပ်အမြွတ်မျှရှင်းပြခဲ့ပါသည်။ တစ်ပုဒ်လုံးခြုံ၍သုံးသပ်ပေးရလျွှင် ဆောင်းပါးတစ်ဆောင်ဖြစ်သွားပါလိမ့်မည်။
စာရေးသူအားတစ်ခုတော့ကျေးဇူးတင်ပါသည်၊ ဆရာတို့၏ ညောင်ကိုင်းရွာ(ပလောင်ရွာ)ကလေးအားထည့်သုံးပေးထားသည့်အတွက်ပါ။ မြန်မာစာအရေးအသားကို ပိုမိုအလေးထား၍ အောင်မြင်ပါစေဗျာ။
ကျေးဇူးတင်​ပါတယ်​ဆရာ..အမှား​လေး​တွေ ​ထောက်​ပြ​ပေးတဲ့အတွက်​ ​နောက်​​နောင်​ အမှားနည်း​အောင်​ကြိုးစားပါ့မယ်
မိခင်မေတ္တာအား ကျေးဇူးတင်မိပါတယ်
ဟုတ်​ပါတယ်​ဗျာ
အမေ မရှိတော့ ပေမယ့် သိပ်သတိရတယ်
သူငယ်ချင်းရယ်
စိတ်​မ​ကောင်းပါဘူးဗျာ
အရမ်းကောင်းသောအရေးအသားပါခင်ဗျာ မာတာမိခင်ကျေးဇူးဆပ်ဖူးရခဲပါ၏ မိဘကျေးဇူးဆပ်နိုင်သောသားတစ်ယောက်ဖြစ်ပါစေကြောင်းဆုတောင်းပေးလိုက်ပါသည
ဟုတ်​ကဲ့အကို ​ကျေးဇူးပါ
အမေဆိုတော့လည်းသတိရသားဗျ
ဟုတ်​ကဲ့ အတူတူပါပဲဗျ
တူညီသောခံစားမူတွေနှင့်
ကောင်းပါတယ်
အမေ့တွက်သားကောင်းလေးဖြစ်ပါစေ
ကျေးဇူးပါဗျာ
အ​မေအ​ကြောင်း ဆိုတဲ့  ​ဖွဲ့ နွဲ့ မှု​တွေက ဘယ်​​တော့မှ မရိုးနိုင်​ ၊ ဖတ်​ လိုက်​တိုင်းရင်​ထဲ ထိတယ်​ ။ ကျ​နော်​လည်း
အ​မေ့ကို တမ်းတမိတယ်​ ။ ဒါ​ပေမယ့်​အ​မေမရှိ​တော့ဘူး။
စိတ်​မ​ကောင်းပါဘူး bro
အရမ်းကောင်းပါတယ်
ကျေးဇူးပါဗျ
Congratulations @thihazaw12! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word STOP
By upvoting this notification, you can help all Steemit users. Learn how here!