အချစ်နှင့် ပိုက်ဆံ - ၂

in myanmar •  7 years ago 


 မောင်နှင့်ကျွန်မသည် သနားတတ်သည်၊ငဲ့ညှာတတ်သည်၊ကျွန်မတို့နှစ်ယောက်လုံး မောင်နှမမရှိတဲ့ တစ်ကောင်ကြွက်တွေဖြစ်သောကြောင့် အဖော်မက်သည်။အပေးအကမ်းရက်ရောသည်။ထို့ကြောင့် တငွေ့ငွေ့ဖြင့် မီးစလောင်ရန်အတွက် အစပြုခဲ့ရသည်။  မောင်သည် ဆိုင်မှဝန်ထမ်းများအား ဆူခြင်းငေါက်ခြင်း လုံးဝမရှိခဲ့ပေ လိုအပ်သောအကူအညီများပေးခဲ့သည်။ဆိုင်၏အပေါ်ထပ်တွင် မောင်နှင့်ဝန်ထမ်းကောင်လေးများနေကြသည်။အခါကြီးရက်ကြီးများတွင် မောင်သည် ဆိုင်က ကလေးတွေမိသားစုလိုက်ကို ဘုရားဘူးလိုက်ပို့လေ့ရှိသည်။ဘုရားဘူးက အပြန် ဝန်ထမ်းကောင်လေးတစ်ယောက်၏ မိန်းမနှင့်ခယ်မက အိမ်မပြန်တော့ဘဲ ကျွန်မတို့ဆိုင်တွင် တစ်လနေခွင့်တောင်းလို့ နေခွင့်ပေးခဲ့တယ်။

မောင့်၏အဝတ်အစားများလျှော်ဖွတ်ပေး၊ထမင်းဟင်းချက်ပေး ဆိုင်မှာလုပ်ကူလုပ်ပေးတော့ အဆင်ပြေတာပေါ့။  ကျွန်မက အလုပ်တဖက်နဲ့ မောင့်ရဲ့ဆိုင်ကိုရုံးပိတ်ရက်မှရောက်ဖြစ်တော့ ဘာမှမလုပ်ပေးဖြစ်ဘူး မိန်းကလေးတွေရှိတော့ ဆိုင်ကလဲသန့်ရှင်း မောင့်အတွက်လဲ ထမင်းဟင်းကအစ မပူရတော့ ကျွန်မပျော်တာပေါ့။မောင်ကတော့ပိုက်ဆံလေးတွေစုဖို့အမြဲအပ်ပါတယ်။ညနေဆိုင်ပိတ်ရင် စာရင်းချုပ်ပီး စုသင့်တာစုပေါ့၊ပါလာတဲ့ ခယ်မလေးကတော့ ဆယ်တန်းဖြေထားပြီး အောင်စာရင်းထွက်ဖို့စောင့်နေတဲ့ ခပ်ချောချော ကောင်မလေးတစ်ယောက်ပေါ့။ သူတို့အတွက်လိုအပ်တာလေးတွေ ကျွန်မကိုယ်တိုင်ဝယ်ပေးဂရုစိုက်ပေးပေါ့၊ဒီလိုနဲ့ ပိုက်ဆံလေးတွေကုန်လာခဲ့တယ်။မောင်ကကျွန်မကို ပိုက်ဆံမအပ်နိုင်ခဲ့ပါ။တစ်လ ကျော်ကျော်ကြာခဲ့လေပြီလေ။

  မောင်ရေ သူတို့ကမပြန်သေးဘူးလား”တစ်လပဲနေမယ်ဆိုပြီး ပြန်သင့်နေပီ ပြန်ခိုင်းလိုက်တော့လေလို့ ကျွန်မဘက်ကပြောလာခဲ့တယ်။အားနာတက်သောမောင် အလုပ်တွင် အားကိုးရသောတပည့်များအားချစ်သောမောင် ပြောမထွက်ခဲ့ပါ။  ဒီလိုနဲ့ နှစ်လကျော်ကြာခဲ့လေပြီ။ မောင့်တပည့်၏မိန်းမနှင့်ခယ်မလေးမှာ ဆိုင်သို့လာသော customers များ၊မောင့်၏အလုပ်ကိစ္စများ၊ကျွန်မပြောဆိုရမည့် စကားများ၊ဆိုင်မှ အခြားဝန်ထမ်းများအား မပြောသင့်သောစကားများ အာဏာများ ရိုင်းပြသော အပြုအမူ အပြောအဆိုများပြုလုပ်လာခဲ့သည်။  ကျွန်မတို့၏ဆိုင်လေးအား ပိုင်ဆိုင်ချင်လာသည်။ မောင်နှင့်ကျွန်မအားဆိုင်ခွဲဖွင့်ရန် တွန်းအားပေးလာခဲ့သည်။ယခုလက်ရှိဆိုင်အား သူတို့လင်မယား ကြီးကြပ်ပေးပြီးလူရုံအဖြစ်နေပေးမည်ပြောလာခဲ့သည်။ကျွန်မ သဘောထားမကြီးနိုင်ပါ။

 မောင်ကတော့ ဆိုင်ခွဲဖွင့်ရန်ကြိုးစားခဲ့သည်။  ပထမဆုံးအကြိမ် မောင့်ရဲ့အောင်မြင်မှု့ကြိုးစားမှု့ အားအသိအမှတ်မပြုဘဲ ငြင်းပယ်ခဲ့သည်။ ကျွန်မ မောင့်ရဲ့အလုပ်ကိစ္စထဲဝင်ပါခဲ့သည်။ မိန်းကလေးချင်း အပြုအမူ အပြောအဆိုများ ဘယ်ချေလှမ်းလှမ်းနေလဲ ဆိုတာ မောင်မသိပေမယ့် ကျွန်မသိခဲ့ပါတယ်။  မောင်နဲ့ကျွန်မ အကြီးအကျယ် စကားများခဲ့ရတယ်။မောင့်ရဲ့စိတ်ကူးများ ကျွန်မလက်မခံနိုင်ပါ။ ကျွန်မအေးဆေးတည်ငြိမ်စွာနဲ့ပဲ ကျွန်မတို့ဆိုင်က ပြောင်းသွားရန် ကျွန်မပြောခဲ့တယ်။ လက်မခံပါ။မောင်နဲ့ကျွန်မကြား အမျိုးမျိုးပြောဆိုခဲ့ပါတယ် ရန်ဖြစ်စေမည့်စကားများ အထင်လွှဲစေသော အပြုအမူများ ပြုလုပ်ခဲ့ပါသည်။။မောင်ကတော့ ကျွန်မကိုပဲ အထင်လွဲခဲ့တာပေါ့ သဘောထားသေးသိမ်တဲ့မိန်းမ တယောက်အဖြစ် သက်မှတ်ထားတယ်ဆိုပါတော့။ 

 ကျွန်မဂရု မစိုက်ပါ၊အဓိကက ကျွန်မတို့ အိမ်မက်လေး မပြောက်ပျက်သွားဖို့ပါပဲ။ နောက်ဆုံး ကျွန်မကြမ်းတမ်းစွာ ပြောဆိုဆက်ဆံ  နှင်ထုတ်ခဲ့ရတဲ့ အဖြစ်ကိုရောက်လာခဲ့တယ်။ မောင်ကတော့ ချစ်ရတဲ့ကျွန်မကို ယဉ်ကျေးသိမ်မွေ့သူတစ်ယောက်အဖြစ်ပဲ နေစေချင်တာပေါ့၊ မောင့်ရဲ့အားနာတတ်တဲ့အကျင့်တွေ ကိုယ်ချင်းစာတရားတွေက ကျွန်မတို့အိမ်မက်လေးကိုပျက်စီးစေတာလား ကျွန်မမသိပါ။ ၅၀၀၀၀၀ သိန်းပေးရန် အိမ်ငှားပေးရန်ပြောသောကြောင့် မောင်ကတော့ သူတို့မိသားစုကိုအိမ်ငှားပေးခဲ့ပါတယ်။  ချစ်လှစွာသော တပည့်ကိုလဲ တစ်လ ၂၀၀၀၀၀သိန်းပေးပြီး အလုပ်ပြန်ခန့်ပေးခဲ့ပါတယ်။ ကျွန်မစိတ်ထဲဘဝင်မကျပေမယ့် မောင်က “သူတို့ပြောင်းသွားပြီ ကျေနပ်ပြီမလား နောက် ငါ့အလုပ်ကိစ္စထဲ ဝင်မပါနဲ့ အကြံပေးလို့ရတယ် ခုလိုဝင်ရောက်ပြောဆိုခွင့်မရှိဘူး မိန်းမဖြတ်ရင် ပြည်ပျက်တတ်တယ် ဆိုတဲ့ အပြောကြောင့်” ကျွန်မ ဝင်မပြောခဲ့ပေ။

 မကြာပါဘူး ချစ်လှစွာသောတပည့်က ကျွန်မတို့ဆိုင်နာမည်နဲ့ အကြွေးတွေယူခဲ့လို့ ခန့်မှန်းချေ သိန်း 30 နီးပါးအကြွေးတွေဆပ်ခဲ့ရပါတယ်။  ဆိုင်က customer များအပ်ထားသော I-Phone များလဲခိုးယူထွက်ပြေးသွားသောကြောင့် မောင်နဲ့ကျွန်မ စုဆောင်းထားတာလေးတွေနဲ့ လျော်ခဲ့ရပါတယ်။ ကဲ ခုတော့ ဘာတတ်နိုင်သေးလဲ လို့ မောင့်ကိုပြောချင်တယ်။ကျွန်မ မောင့်အား ဘယ်လိုပြောရမှန်းတောင် မသိလောက်အောင် ဖြစ်ခဲ့ရပါတယ်။ မောင်က အကွက်မြင်တယ်၊တော်တယ်၊သွက်လက်တယ်၊ဖော်ရွေတယ်၊လူချစ်လူခင်ပေါတယ်၊ကူညီတတ်တယ်၊သနားတတ်တယ်၊မိန်းမတစ်ယောက်အားကိုးနိုင်လောက်တဲ့ အရည်အချင်းတွေပိုင်ဆိုင်တယ်၊ဦးဆောင်နိုင်စွမ်းရှိတယ်။ အဲ့ဒါတွေကြောင့်ပဲ လူတွေက အခွင့်အရေးယူကြတာလား ကျွန်မ မသိပါ။ 

 မောင့်ရဲ့အားနည်းချက်များကို ကျွန်မထောက်ပြခဲ့ပါတယ်။မောင့်ရဲ့ပတ်ဝန်းကျင်ကတော့ မောင့်ကို မယက ပေါ့ ယူတောင်မယူရသေးဘူး ကြောက်နေရပီပေါ့၊တကယ်ဆိုအဲ့စကားတွေက ယောကျာ်းတစ်ယောက် ပျက်စီးဖို့တွန်းအားပေးနေတဲ့ စကားတွေ လို့ပဲ ကျွန်မထင်မိတယ်။အကွပ်မရှိတဲ့တောင်း တော့ မောင့်ကိုအဖြစ်မခံနိုင်ပါဘူး။ကျွန်မက တော့ မောင့်ဘဝသာယာဖို့ ပါရမီဖြည့်ပေးတဲ့သူပါ။  မောင် ကတော့ ကျွန်မတို့နှစ်ယောက်ဘဝသာယာဖို့ ဦးဆောင်နေသူတစ်ယောက်ပါ။ အခုချိန်မှာတော့ နေ့မအိပ်ညမအိပ်ကြိုးစားနေလို့ ဆေးရုံရောက်ရတဲ့ အဖြစ်တွေလည်းကြုံတွေ့ခဲ့ရတယ်။အခက်အခဲတွေ မပြေလည်မှု့တွေ အများကြီးကျော်ဖြတ်ခဲ့ရတယ်။မောင့်ရဲ့စိတ်ဖိစီးမှု့ တွေက ကျွန်မဆီ ကူးဆက်လာခဲ့ရတဲ့အထိဖြစ်ခဲ့တယ်။  မောင့်ရဲ့သူငယ်ချင်းတွေ ကူညီဖို့နေနေသာသာ စိတ်ညစ်စေမဲ့စကားများ ပြော၍စွန့်ခွာကြတယ်။

 ကျွန်မကတော့ “ဆရာ မပြေးနိုင်ရင် လမ်းလျှောက်ပါ” “ဆရာ လမ်းမလျှောက်နိုင်လျှင် တရွတ် တိုက်သွားပါ။  ဆရာဘာပဲလုပ်လုပ် ရှေ့ကိုဆက်သွားနေဖို့ပဲလိုတယ်။ ဘယ်သူမှ အနားနားမရှိတဲ့အခါ  ကိုယ့်ဟာကိုယ် ရပ်တည်နိုင်အောင်   ကြိုးစားပါ၊ ဝမ်းနည်းရင်မငိုနဲ့ လဲကျရင်ပြန်ထ ဒါ လူ့ဘဝပဲ လို့ ရေးပြီး မောင့်ရဲ့ အလုပ်ခန်းမှာ ကပ်ပေးထားလိုက်ပါတယ်။မောင်ကပြောပါတယ် အားငယ်တိုင်း ဒီစာလေးဖတ်ပြီးအားတင်းထားခဲ့တာ ဒီနေ့ဒီအချိန်ထိပဲတဲ့။ကျွန်မ ကျေနပ်ပါတယ် ။မောင့်ကို တစ်ထောင့်တစ်နေရာကနေ ကူညီခွင့်ရလို့ ပျော်မိပါတယ်။

ခုချိန်မှာ မောင်နဲ့ကျွန်မကတော့ ဘာဒုက္ခ ဘာပြသနာ ဖြစ်ဖြစ် ဖြစ်လာသမျှ ပြသနာကို အလည်ခေါင်မှာချပြီး မောင့်အမြင်ကဘယ်လိုလဲ ကျွန်မအမြင်ကဘယ်လိုလဲ အကောင်းဆုံးကဘယ်လိုဖြစ်နိုင်လဲ အဆိုးဆုံးဘာတွေဖြစ်နိုင်လဲ စဉ်းစားပြီး ဖြေရှင်းလိုက်ကြပါတယ်။  ဒီလိုနဲ့ ဘဝသံသရာ ရထားကြီးကိုဆက်လက်ခုတ်မောင်းရင်း ဝမ်းနည်းခြင်းဘူတာ ကြေကွဲခြင်းဘူတာများကို ကျော်လွန်၍ ပျော်ရွှင်ခြင်းဘူတာသို့ အရောက်သွားနိုင်အောင် မောင်နဲ့ကျွန်မ နှစ်ယောက်အတူကြိုးစားသွားပါအုံးမည်။ 


Author @thinzarnyinyi

photo from google search

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

This post has received a 0.15 % upvote from @drotto thanks to: @thinzarnyinyi.

thank you

fighting sis

လူယုံသတ်​လို့​သေဆိုတဲ့စကားပုံအတိုင်းဖြစ်​ခဲ့ရတာ​ပေါ့​ဗျာ

အင်း ကြားဖူးတယ်

ဘာကိုရွေးမလဲ ပြော

သိဘူး ဟီး သူဘာရွေးမလည်းတော့