CRD:FACEBOOK
အားလုံးပဲ မင်္ဂလာပါ ရှင့်
ဒီSteemit မှာ လျှောက်လှမ်းနေကြတဲ့ ဆရာတွေ၊ဆရာမတွေ ရော အကိုတွေ၊အမတွေရော အားလုံးသော အားလုံးသော သူများသည် ပညာ(အတန်းပညာ)နဲ ရင်းနှီးပြီးသားတွေဆိုတာပြောစရာမလိုလောက်တော့ပါဘူး။အနည်းဆုံး ဘွဲ့ ရမဟုတ်ခဲ့ရင်တောင် အထက်တန်း တက်ဖူးကြတဲ့ သူတွေ ဖြစ်ကြမှာပါ။အဲ့လိုလည်း ယုံကြည်ပါတယ်။ဘာလို့လဲ ဆိုတော့ ဒီ steemit က တော်ရုံလူ မသုံးတတ်ပါဘူး။ နေ့တိုင်း postရေးဖို့ဆိုတာလဲ ခေတ်အမြင်၊ဗဟုသုတ ၊ အတွေ့အကြုံ စတဲ့ အရာတွေနဲ့ ရင်းနှီးနေမှ အဆင်ပြေမှာမဟုတ်လား။
အခုပြောချင်တာကတော့ ကျမတို့တွေ maths တွေ၊ physicsတွေ ၊ chemistry တွေ သင်ကြားဖူးကြမှာပါ။ အဲ့ဒီ ဘာသာတွေမှာဆိုရင် formula ဆိုသော ပုံသေနည်းတွေနဲ့ အလုပ်လုပ်ကြတယ်။ သူ့ရဲ့ အမည်ကကို ပုံသေနည်းတဲ့ ပုံသေပဲ မပြောင်းလဲဘူး။ အမြဲတမ်းလည်းမှန်တယ်။ပြောရရင် သူ့ formula အတိုင်း သူ ညွန်ပြထားတဲ့ အတိုင်း ဘယ်လိုပဲတွက်တွက်၊ဘယ်အရာပဲ ထည့်တွက်တွက် formula အတိုင်းမှန်နေကြတာပဲဖြစ်ပါတယ်။
ပြောရမယ်ဆိုရင် ဘယ်လိုတွက်တွက် သူ့ruleတိုင်းတွက်ရင် အားလုံးတွက် အဘက်ဘက်ကမှန်ကန်တယ်ဆိုရင် formula ပုံသေနည်းလို့ သတ်မှတ်နိုင်တယ်။ဒီformula တွေဆို သိပ္ပံ ပညာရှင်တွေရော၊ကမ္ဘာ့ပညာရှင်တွေရောက လက်ခံပြီးသားတွေပါ။ဒါကြောင့်လည်း အခုချိန်ထိ သုံးနေကြတာပဲလေ(ကမ္ဘာနဲ့ ချီ ပြီး)။နောင်တခေတ်တွက် ပညာရှင်တွေဖြစ်လာကြမယ့်၊ ကြယ်ပွင့်တွေဖြစ်လာကြမယ့် ပညာသင်လေးတွေကို ဤကဲ့သို့ မှန်ကန်တဲ့ ၊formula ကျတဲ့ ပုံသေနည်းတွေ ကို နှစ်ပေါင်းရာချီပြီးသုံး နေကြတာ အခုချိန် ထိပါပဲ။နောင်လည်းသုံးနေကြမှာအသေအချာပါပဲ။ဘာလို့ဆို သူတို့က formula ကျတာကိုး။
ဒီ steemit က မိတ်ဆွေတို့ရော ကိုယ့်ဘဝတွက်၊ကိုယ့်ရဲ့ သမိုင်းတွက်၊ကိုယ့်ရဲ့ အမွေဆက်ခံမယ့် သူတွေအတွက် သုံးလို့ရမယ့်၊အမြဲတမ်းမှန်တဲ့ ဘဝ formula ထုတ်ပြီးကြပြီလား?? အခုလက်ရှိအချိန်ထိ ရော ဘယ် ဘဝformula နဲ့ လျှောက်လှမ်းနေကြလဲ?? အခုပြောနေတာက ဘဝformula ပါ အထက်မှာပြောပြခဲ့တာက formula ရဲ့ natureကို ပြန်လည်အသက်သွင်းပြတာပါ။ ကိုယ့်အသက်ရှင်သန်နေတုန်းမှာပဲဖြစ်ဖြစ်၊ကိုယ်မရှိတော့တဲ့ အချိန်ပဲဖြစ်ဖြစ် ဘဝformula တခုတော့ ထုတ်ထားသင့်တယ်လို့ မထင်မိကြဘူးလား...ဒါဆို ဘယ်လို formula ထုတ်ကြမလဲ??
အခုကနေထုတ်လိုက်တဲ့ formulaက နောင်၅နှစ်တွင်းမှာမှ formula အဖြစ်သတ်မှတ်ကြမှာပါ။ခန့်မှန်းချေပါ(on the margin) အားလုံးကလက်ခံကြမှာပါ။အားလုံးကလိုက်သုံးကြမှာပါ။မှန်ကန်တယ် အသုံးတည့်တယ်ဆိုရင်ပေါ့။
ဘာလို့လဲဆိုတော့ ကိုယ် ထုတ်လိုက်တဲ့ formula တခုကို အရင်ဆုံးသုံးကြည့်ရမှာက ကိုယ်ကိုယ်တိုင်ပင်မဟုတ်ဘူးလား....အရင်ဆုံး ထုတ်လိုက်တဲ့ formula မှန်ကန်ကြောင်းတော့ သက်သေပြဖို့တော့လိုတာပေါ့။သက်သေပြနိုင်မှ လူအများက လက်ခံကြမှာလေ။
အခုဆိုရင် အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ၊CEOတွေ ရဲ့ ဘဝ formula ထုတ်ထားပုံတွေ၊ဒီ formula ဖြစ်လာဖို့ ဇွဲ၊လုံ့လ၊ဝီရိယတွေကို ပညာနဲ့ ပေါင်းပြီး ကြိုးစားခဲ့ပုံတွေကို onlineမှာကြည့်နိုင်ပါတယ်။အများကြီးပါ။ သူတို့လိုအောင်မြင်တဲ့သူတယောက်ဖြစ်ဖို့ လမ်းပြနေတဲ့သူတွေ၊တိုက်တွန်းနိုးဆော်နေကြတဲ့သူတွေအများကြီးပါ။ ဒါတွေဟာ သူတို့ရဲ့ ဘဝformulaတွေကို ပြောပြပေးနေကြတာပဲဖြစ်ပါတယ်။ သူတို့လို အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ ဖြစ်ချင်ကြမှာ လူတိုင်းပါပဲ။မေးစရာတောင်မလိုပေ။ ဘဝformula တခုဖြစ်လာဖို့ ကိုယ်ကိုယ်တိုင်က formulaအတိုင်း ကျင့်ကြံပြီး အောင်မြင်မှု ပန်းတိုင်ကနေ အားလုံးကို ငုံ့ကြည့်နိုင်မှ ရပါ့မယ့်။ ပြောရရင် နောင်တချိန်မှာ သိန်းရာကျော်တန်တဲ့ ထိုင်ခုံပေါ်မှာထိုင်ပြီး အားလုံးကို ကိုယ့် ဘဝformula အကြောင်း အရာသာရှိရှိ၊ဇိမ်ကျကျနဲ့ ပြောနိုင်နေရမယ်(ဥပမာပာ)။ ဒါမှလည်း အားလုံးအားကျပြီး ကိုယ့်formula ကိုလက်ခံပြီးလိုက်သုံးကြမှာလေ။ခဏလေးတွက်မဟုတ်ပါဘူး ကိုယ်သေသွားရင်တောင် formula လေး ကမ္ဘာ ကြီးတွက် ကျန်ပါစေ...
ဒါမှ ကိုယ့်ရဲ့သမိုင်းမှာ ကျန်နေခဲ့မယ့် ကိုယ့် နာမည်လေးရယ်၊ကိုယ့်မျိုးဆက်တွေပါ ကိုယ့်formulaကို ဆက်သုံးကြပြီး ကိုယ်လို့အောင်မြင်မှုတွေ ဆွတ်ခူးခွင့်ပေးနိုင်မှာပါ။ လူသာသေ နာမည်မသေ ဆိုတဲ့ စကားက ဤနေရာနဲ့ ကိုက်ညီဆုံးပါပဲ။ ဘဝ formula ကောင်းတွေထားခဲ့ကြတဲ့ ဘယ်သူ မဆို ဤစကားနဲ့ထိုက်တန်သူ၊ ဤစကားနဲ့ အံ့ဝင်ခွင်ကြဖြစ်တဲ့သူတွေပါ။
့်
နိဂုံးချုပ် ပြောရမယ်ဆိုရင်တော့...ဘဝ formula ကောင်းဆိုတာ အောင်မြငှ်ုဆိုတဲ့ပန်းတိုင်ကိုရောက်ဖို့ လမ်းတလျှောက်မှာ ကိုယ် အမြဲတမ်းကျင့်သုံး ခဲ့တဲ့နည်းလမ်းကောင်းလေးတွေ၊ ကိုယ်ဖြေရှင်းခဲ့ ပြသာနာတွေနဲ့ပတ်သက်ပြီး ကျင့်သုံးဖြေရှင်းခဲ့တဲ့ ၊လိုက်နာ လုပ်ဆောင်ခဲ့တဲ့ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေ၊နည်းလမ်းတွေကို အောင်မြင်တဲ့ အချိန်မှာ ကိုယ့်လိုကြိုးစားကြသူတွေကို ပြန်ပြီး ညွှန်ပြတဲ့သဘောပါ။နောက်လူတွေတွက် ထားခဲ့သင့်တဲ့ နည်းလမ်းတွေပါ..
အားလုံးပဲကျေးဇူးတင်ပါတယ်.....ကိုယ့်ဘဝတွက် ကိုယ်တိုင်formulaထုတ်နိုင်တဲ့ သူတွေဖြစ်ကြပါစေ.....နောင်တချိန် ဒီsteemitကလူတွေရဲ့ ဘဝformulaကောင်းတွေ ကိုနောင်တက်လာကြမယ့် ကြယ်ပွင့်တွေအတွက် ထားနိုင်ခဲ့ကြပါစေ..တယောက်နဲ့ တယောက်ရဲ့ အတွေး၊အမြင်တွေမတူကြဘူး အဲ့ဒီတော့ ဘဝformula တွေလည်း အများကြီးထွက်လာကြမှာပါ။ဒီလိုဆို၇င်တော့ ကျုပ်တို့ပတ်ဝန်းကျင်ကြီး၊ ကျုပ်တို့အမိမြေကြီး၊ကျုပ်တို့နိုင်ငံကြီး နောင်တချိန် ဒါထက် အဆတစ်ရာ သာတဲ့ အခြေအနေမှာ ရောက်နေမှာ တွေးစရာမလိုတော့ပေ။ ဖွင့်ဖြိုးဆဲကနေ ဖွင့်ဖြိုးပြီး(မိုက်တယ်နော).
တခုတော့ရှိတာပေါ့ လိုက်နာကျင့် သုံးမှု...
@thithisann
Fb acc:thithisan
Msc လျှောက်ထားဆဲ
ထုတ်လို့မပြီးသေးဘူး😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ထုတ်ထား ဆရာကြီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ထုတ်ဆဲပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ထုတ်ပြီးလဲပြောအုံး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit