အားလုံးပဲမင်္ဂလာပါရှင့်။ကျန်းမာချမ်းသာကြပါစေ။
ဒီနေ့တော့ အတွေ့အကြုံလေးနဲ့ပတ်သက်ပြီးတင်ပြချင်ပါတယ်။ကျွန်မတို့အားလုံးမှာ ကိုယ်ဆီအားနည်းချက်တွေရှိနေကြမှာပါ။ တချို့အားနည်းချက်တွေက ဘဝတစ်ခုလုံးကိုပါထိခိုက်စေနိုင်တယ်။အဲ့လိုအားနည်းချက်တွေ ကို ပြင်ဖို့ဆိုတာလည်း အတော်လေးအချိန်ယူပြီး ပြင်မှရပါ့မယ်။ ဗီဇဆိုတဲ့အရာလည်းကြားဖူးကြမှာပါ။မွေးရာပါဗီဇတစ်ခုဆိုတာ သေဆုံးတဲ့အထိ ဖျောက်လို့မရတဲ့အကျင့်တစ်ခုဆိုလည်းမမှားပါဘူး။ တချို့သူတွေမှာ အကျင့်ဆိုးတွေရှိကြတယ်။မွေးရာပါ အကျင့်ဆိုးတွေပေါ့။အဲ့လိုအကျင့်ဆိုးတွေကြောင့်ပေါင်းသင်းဆက်ဆံရာမှာ ပြသာနာတက်လာဖွယ်ရှိတယ်။ဘာလို့ဆို မိမိရဲ့အကျင့်ဆိုးတွေကို လက်ခံပေးနိုင်တဲ့ သူဆိုတာ မရှိသလောက်ရှားတယ်လေ။ကိုယ့်ရဲ့မိဘဆွေးမျိုးတွေတောင် ဒီအကျင့်ဆိုးကို လက်ခံပေးနိုင်တယ်ဆိုပေမယ့် မကြာမကြာ စကားများရန်ဖြစ်တာတွေတော့ကြုံဖူးကြမှာပါ။
ကျွန်မငယ်ငယ် ၈တန်းကတည်းက အဆောင်နေဖူးတယ်။လူပေါင်းစုံပေါင်းဖူးတယ်။အခု Uniတက်တယ် အဆောင်မှာပဲနေပြီးတက်ရတော့ ပိုပြီးတောင်လူစုံပေါင်းဖူးသွားတယ်။ လူတစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးသွားတယ်ဆိုတာ အချိန်လိုတယ်။ပြောချင်တာက တစ်ယောက်အကြောင်းတစ်ယောက်ကောင်းကောင်းသိဖို့လိုတယ်။အခုမှမြင်ဖူးတဲ့သူတစ်ယောက်နဲ့ ၁လကြာပြီးတော့ ခင်သွားတယ်။ရင်းနှီးသွားတယ်။ပြောရရင်သူငယ်ချင်းတွေဖြစ်သွားတယ်။အဲ့အချိန်မှာတော့ ကိုယ့်အပေါ်ကောင်းတာသူပဲရှိတယ်။သူကကိုယ့်အပေါ်ဆိုသည်းခံတယ်လို့ထင်ကောင်းထင်ကြလိမ့်မယ်။နောက် ၄၊၅လကြာပြီးနောက် သူလည်းအခြားသူနဲ့ သွားသွားလာလာလုပ်တယ်။ကိုယ်လည်း အခြားသူတွေနဲ့ပေါင်းဖြစ်သွားတယ်။
ကိုယ်အရင်ကထင်ခဲ့တဲ့သူငယ်ချင်းကောင်းဆိုတဲ့သူနဲ့ အခုကျ ခေါ်ခေါ်ပြောပြောနည်းသွားတယ်။ဒါဘာလို့လဲ??ဘာကြောင့်လဲ??
ရှင်းပါတယ်။တစ်ယောက်အကြောင်းတစ်ယောက်ကောင်းကောင်းသိသွားလို့ပါပဲ။တစ်ယောက်အကြောင်းတစ်ယောက်သိသွားပြီဆိုရင် သူ့ရဲ့အားနည်းချက်တွေ၊ဗီဇတွေလည်း ကိုယ်သိလာတယ်။အဲ့မှာ ပြသာနာကစတာပဲ။သူ့ရဲ့ဗီဇနဲ့ကိုယ့်ရဲ့ဗီဇက လုံးဝမတူတော့ဘူးဆိုတာနဲ့ ပေါင်းသင်းလို့မဖြစ်တော့ဘူး။အမြဲတမ်း ပြသာနာခဏခဏတက်မယ်၊စိတ်ဒုက္ခခဏခဏဖြစ်မယ်။အဲ့ဒါအသေအချာပဲ။လူတစ်ယောက်ကိုယ့်အပေါ်တစ်ကယ်ကောင်တယ်မကောင်းဘူးဆိုတာ သိနိုင်ဖို့ အရင်ဆုံး ကိုယ့်ဒုက္ခရောက်ဖူးမှသိနိုင်တယ်။ တချို့တွေက ကိုယ့်အပေါ်တကယ်မကောင်းကြဘူး။အပေါ်ယံပဲကောင်းကြတယ်။ကိုယ့်တစ်ခုခုဒုက္ခရောက်နေပြီဆို ရှောင်ထွက်သွားတယ်။ဒါကိုယ့်ပြသာနာကို အတူရင်မဆိုင်နိုင်ဘူး။ကိုယ့်နဲ့အတူမမျှဝေနိုင်ဘူး။ကိုယ့်ဒုက္ခထက် သူပါဒုက္ခရောက်သွားမည်ကို ပဲတွေးပူနေတဲ့သူမျိုးးလေ။
အဲ့လိုတွေကြုံလာရပြီဆိုရင်တော့ ကိုယ့်အပေါ်တကယ်ခင်လားမခင်လားသိနိုင်ပါပြီ။နောက်တစ်ခု အဆောင်နေသူအချင်းချင်း ခင်မင်မှုကအတော်လေး အရေးပါတယ်။ပြောချင်တာက အနည်းဆုံး အတူသွားအတူလာ တဲ့သူတစ်ယောက်တော့ ရှိချင်ကြတယ်။ တစ်ယောက်တည်းမနေနိုင်ကြတာများတယ်။ အဖော်မက်တယ် ဆိုတဲ့သဘောပေါ့။ဒါကြောင့်ကူညီပေးတယ်၊သည်းခံပေးတယ်။ ကိုယ့်ကကောင်းပေမယ့် သူများက မကောင်းတဲ့အခါ စိတ်တွေညစ်ပြီး ငိုကြ၊ရန်ဖြစ်ကြနဲ့ ပတ်လည်လိုက်နေတတ်တာ အဆောင်သဘာဝပါ။
အခုလည်း သူငယ်ချင်းတစ်ယောက်အခန်းအဖော်နဲ့ မတည့်ဘူးဆိုပြီးရင်ဖွင့်လာတယ်။ အကြီးကျယ်ကြီးမဖြစ်ကြသေးပေမယ့် တစ်ယောက်နဲ့တစ်ယောက်ကတော့ အခေါ်အပြောအရမ်းနည်းသွားပြီတဲ့။အရင်က ဆို ပျော်ပျော်ပါးပါး စ ကြ ၊နောက် ကြနဲ့ညီမတွေလို ခင်ကြတယ်။တစ်ယောက်ခြေထောက် မထောက်နိုင်လို့ ကျောက်ပတ်တီးစည်းပြီးကျောင်းတက်ရတုန်းကဆို ဆိုင်ကယ် နဲ့အကြိုအပို့လုပ်တာတွေ့ရတယ်။အခုကြတော့ အဲ့ကူညီမှုတွေအရောင်ပြောင်းသွားတယ်။ လိုသုံး ဆိုပြီး ခေါင်းစဉ်နဲ့ အတင်းတွေပြောလာတာကြားရတယ်။ဒီနေရာမှာ ဘယ်သူမှားတယ်မှန်တယ်ဆိုတာထက် ဗီဇကြောင့်လိုပဲ သုံးသပ်မိတယ်။ကူညီတဲ့သူကလည်း ကူညီတုန်းကအကောင်း ၊အကူညီခံရတဲ့သူကလည်း သူက ကောင်းတယ်ဆိုပြီးထင်ခဲ့တာပဲ။ တစ်ယောက်ကလည်း သူပုံစံက ခပ်ဆပ်ဆပ်ပုံစံ၊ပစ္စည်းအကိုင်အတွယ်သိမ်မွေ့ပြီး ဂရုစိုက်လွန်းတယ်။အခြားသူတွေကို အရမ်းကြီး အလေးအနက်မထားတတ်ဘူး။ နောက်တစ်ယောက်ကလည်း အလေးအနက်မထားတာကို မကြိုက်ဘူး။ပစ္စည်းတစ်ခုဆို ဒီအတိုင်း အတူတူသုံးပြီး သူ့ပစ္စည်း ကိုယ့်ပစ္စည်း မခွဲခြားချင်ဘူး။ဒါကသူ့ဗီဇ။
အဲ့ဒီမှာတင် ဗီဇကကွဲနေပြီ။အစကတော့ ဒီအတိုင်း ပေါင်းသင်းနေလာပေမယ့် ကြာလာတော့ ပြသာနာကတက်မှန်းမသိတက်နေပြီ။ဖွင့်တာမပြောတာ စိတ်ထဲမှာတော့ ရှိနေပြီလေ။အဲ့လိုနဲ့တဖြည်းဖြည်းခွာလာပြီး
အရင်ကကူညီခဲ့တာတွေလည်း အရောင်ပြောင်းပစ်လိုက်တယ်။သူကြငါကဘယ်လိုကူညီတာ ငါ့ကြတော့ အဲ့လိုဆိုပြီး လိုသလိုတွေးပြီး ဆက်ဆံရေးတွေတစ်ခန်းရပ်ပစ်ကြတယ်။အမှန်ပင် လူနှစ်ယောက် ခင်မင်ဖို့ဆိုတာ သူ့အကျင့်ဆိုးဗီဇကိုလည်း ကိုယ်ကသိပြီး သည်းခံနိုင်မှအဆင်ပြေတာပါ။အားနည်းချက်ကိုယ်ဆီရှိနေတာကို နားလည်ပြီး ခွင့်လွှတ်ပေးနိုင်မှ ရေရှည်တည်မြဲတာပါ။ကိုယ့်ဒုက္ခဆိုတာထက် သူ့ကိုပိုပြီး ကူညီတတ်မှ ဆက်ဆံရေးခိုင်မြဲတာပါ။အဲ့လိုလူမျိုးတွေကိုပဲ မိတ်ဆွေကောင်း၊မိတ်ဆွေစစ်၊သူငယ်ချင်းကောင်း ၊သူငယ်ချင်းစစ် ၊Best Friendဆိုပြီး ခေါ်ကြတာပေါ့။
အကျင့်ဆိုးတွေကိုလက်ခံနိုင်တဲ့ သူငယ်ချင်းတစ်ယောက်ရထားပြီဆိုရင် ဂုဏ်ယူလိုက်ပါ။မိမိကလည်း သူ့အပေါ် ညီမအရင်း၊ဆွေမျိုးအရင်းချာလို့ ပွင့်လင်းပြီး ခင်မင်ဖို့လိုပါတယ်။အားလုံးပဲ သူငယ်ချင်းကောင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေ။
@thithisann
Author Thi Thi San
Msc 262
သူငယ်ချင်းကောင်းတွေ ရှိတယ် သူများအပေါ်ကျ တော်တော်ဆိုးတာ
ကိုယ့်အပေါ်က သိပ်မဆိုးဘူး အဲ့လို နားလည်ရခက်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပိုင်တာပေါ့ အဲ့လိုသူငယ်ချင်းရထားတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူငယ်ချင်းကောင်းသည်တန်ဖိုးရှိသောအရာဖြစ်ပါသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူငယ်ချင်းကောင်းတစ်ယောက်ပိုင်ဆိုင်ဖို့မလွယ်ဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိတ်ဆွေကောင်းဆိုတာ အဖိုးထိုက်တန်တဲ့ ရတနာတစ်မျိုးပါပဲ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရတနာတစ်မျိုးပဲနော...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပိုက်ဆံ မရှိတာထက် အကျင့်ဆိုးမရှိဖို့ကအရေကြီး ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် အကျင့်ဆိုးတွေမရှိဖိုအရေးကြီးတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိတ်ဆွေကောင်းရရင် ကံကောင်းပါတယ် ။မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်က မိတ်ဆွေကောင်း ဖြစ်အောင် ဦးစွာကြိုးစားလိုက်ပါ။ဒါဆို မိတ်ဆွေကောင်း မရှားတော့ပါဘူး။နောက်ပြီး တူရာတူရာ စု တာပါ ။စကားပုံရိုင်းရိုင်းေ ပြာရရင် ချိုထောင်ရှိရာ ချိုကောက်မလာဘူးတဲ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် တူရာပဲစုသွားတာပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူငယ်ချင်းကောင်းတစ်ယောက်ရသွားရင်တကယ်အဖိုးတန်မှာပါ...မိဘနဲ့ဝေးပြီးအဆောင်နေသူဆိုပိုပြီးတန်ဖိုးသိရမှာပါ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဖိုးမဖြတ်နိုင်အောင်ကံကောင်းခြင်းလက်ဆောင်ပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိတ်ဆွေကောင်း သူငယ်ချင်းကောင်းတွေဟာ အချင်းချင်းနားလည်မှုရှိပြီး သူ့ဘက်ကိုယ့်ဘက် မျှတစွာ ကူညီဆောင်ရွက်ပေးပြီး ကောင်းမွန်ပျော်ရွှင်စွာ နေထိုင်းပေါင်းသင်းတတ်ကြပါတယ်။ဖြစ်နိုင်ရင် ကိုယ့်ဘက်က ပိုပြီးအကူအညီပေးတတ်ကြပြီး သူတစ်ပါး၏အားနည်းချက်တွေကိုပါ ဖေးမပေးတတ်ကြတယ်။မိတ်ဆွေကောင်းရပြီဆိုရင်တော့ အဖိုးတန်တဲ့ရတနာတစ်ပါးပဲပေါ့။ကောင်းမွန်သော post လေးပါခင်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါအကို့ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာရေးကောင်းသူတစ်ယောက်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @thithisann! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိတ်ဆွေကောင်းဆိုတာ အဖိုးတန်ဆုံး လက်ဆောင်တစ်ခုပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘုရားကပေးတဲ့ဆုလာဒ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူနိုင်ဘူးလေ ဒီလိုဘဲ တန်နိုင်သလောက် ညှိယူရတာပေါ့ လုံးဝမတူတော့လဲ ဟဲဟဲ ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit