အားလုံးပဲမင်္ဂပါရှင့် မနေ့က တော့ ဝတ္တု နဲ့ဆက်စပ်ပြီး စံထိုက်ထားတဲ့ ပဲ့ကိုရှင် ဆိုတာလေးကို အပြင်လောကနဲ့ဆက်စပ်ပြီး ရေးသားခဲ့ပါတယ်။ အခုလည်း ရှောင်ကျဉ်လိုက်နာ ဆန်းစစ်ပါ.... ဆိုတဲ့ခေါင်းစဉ်လေးနဲ့တင်ပြချင်ပါတယ်ရှင့်။
မိဘနှစ်ပါးမရှိရှာတော့တဲ့ ကောင်လေးတယောက် ရဲ့ ဘဝ တကောင်ကြွက် ဆိုတဲ့ ဆုတံဆိပ် ရယုံကလွဲလို့ အားလုံးရဲ့ ချောင်ထိုးခြင်းခံရသည်။ ဘဝလမ်းပေါ်က ချောထွက် မသွားအောင် ဘေးမှာဖေးမမည့်သူ မရှိ၊ သွန်သင်ပြမည့်သူ မရှိ နဲ့ လောကဓံရဲ့ဘဝအလှည့်အပြောင်းကို အပြင်းအထန်ခံနေရသည်။ ဤသည်ကို အံတုနိုင်သူသည် ဘဝမှာ အောင်မြင်မည့်သူ၊ နောင်တချိန် အထက်တန်းလွှာက နေနိုင်မည့်သူ ၊အားလုံးရဲ့ အားကျအတုယူခြင်းခံရမည်မှာ အသေအချာပေ။ သို့သော် တချို့သောလူ များ သည် ဤသို့သော အောင်မြင်မှု ရကြသည် နဲ့တပြိုင်နက် အာဏာ ဆိုသော ဂုဏ်ပုဒ်ကို နေရတာကာ သုံးတတ်ကြသည်။အကြောင်းမှာ မိမိဘဝ က အောက်ခြေကနေကြိုးစားခဲရသည်၊ လူတိုင်းရဲ့ကဲ့ရဲ့ အပြစ်တင် ၊ချိုးနှိမ်ခြင်းကို ခံခဲ့၇သည်၊ ဤသို့သော အရာများသည်မကျေနပ်မှုအဖြစ် ကိန်းအောင်းနေခဲ့သည်။ ဤမခံချင် စိတ်ကြောင့်ပဲ အောင်မြင်မှု ရလာသည်ဟုပြောလျှင်လည်း မမှားနိုင်ပါ။
အောင်မြင်မှုကို ဗန်းပြပြီး အာဏာ ကိုလွှတ်သုံးနေတတ်သည်။လက်အောက်ငယ်သား များအပေါ် ခွင့်လွှတ်မှု နည်းလာတယ်၊ အပြစ်တခုဆို ငေါက်ငေါက်ငန်းငန်းပြောချင်တယ်၊ နားလည်မှုကင်းမဲ့ လာတယ်။ အားလုံး ကကြောက်၍သာနေရတယ် စိတ်ထဲမှာတော့ မကျေနပ်မှုတွေဖြစ်နေတယ်။ကိုယ့်လက်အောက်မှာကြာကြာမနေချင်တော့ဘူး။ ကိုယ့်ကွယ်ရာမှာ ကိုယ့်မကျေနပ်ကြောင်း၊တခုခုဆို မာန်တက်ပြီး အာဏာလေးထုတ်သုံးတတ်အကြာင်း စသဖြင့် အဆိုးမြင် negative view ကနေပဲ ကိုယ့်ကိုကြည့်လာမယ်။ အခုလည်း ကောင်လေးမြို့ရောက်ပြီး ကြိုးစားအားထုတ်မှုကြောင့် ရာထူးတွေရလာတယ်။ လက်အောက်ငယ်သားတွေအပေါ် အလွယ်တကူအပြစ်ပြောတယ်။ ပြောရရင် အာဏာကို မလိုအပ်ပဲ ထုတ်သုံးနေတယ်ပေါ့။
အဲ့တော့ အောင်မြင်မှု ရပေမယ့် ရိုသေ လေးစားမှု အပြည့်အဝမရကြဘူး။ ဒါဘာကြောင့်လဲ??ဘာဖြစ်ဘို့လဲ??စဉ်းစားကြည့်ပါ။
ငါဟာ သူများတွေအပေါ်မှာ မလိုအပ်တဲ့ အာဏာတွေသုံးမိနေသလား....
ငါဟာ သူများတွေကို အပြစ်လွယ်လွယ်ပြောတတ်သူလား....
ငါ သူများတွေရဲ့ လေးစားရိုသေမှုရထားပြီလား.....
ငါ့ ကို သူများတွေက negative view (အဆိုးမြင်စိတ်)ရှိသူလို့ မြင်နေကြပြီလား.....
ငါ အောင်မြင်မှု က သူများတွေအတွက် ဘာတွေများ အကျိုးပြုနေပြီလဲ.....
ငါလက်အောက်ငယ်သားတွေ ငါနဲ့ အတူတူအလုပ်တွေ လုပ်ရတာ ပျော်တယ်လား၊ မပျော်ကြဘူးလား...
မိမိကိုယ်ကိုမေးခွန်းတွေပြန်မေးကြည့်ဖူးလားမိတ်ဆွေတို့ရေ့....အနည်းဆုံးတော့ အာဏာကို ထုတ်မပြတာအကောင်းဆုံးပါ ။သူတပါးရဲ့အပြစ်ကို ထောက်ပြပါ ။ဆူပူတာမျိုးမလုပ်ပါနဲ့။ နှစ်ဦးနှစ်ဖက်လုံးမကောင်းဘူးလေ။ လမ်းညွှန်ပါ ငေါက်ငမ်းပြောဆိုခြင်းကို ရှောင်ကျဉ်ကြပါလို့ တိုက်တွန်းပါရစေ.....
Steemit မိသားစုဝင်တွေအားလုံးလဲ positive view (အကောင်းမြင်စိတ်)ထားနိုင်ကြပါစေ။
ကျေးဇူးတင်ပါတယ်ရှင် ...
@thithisann
Fb acc:thithisan
Msc လျှောက်ထားဆဲ
ကိုယ့်ရဲ့လုပ်ဆောင်ချက်ကကိုလက်အောက်ငယ်သားတွေကကြည့်နေတတ်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမှန်ပဲ ကိုယ်ရဲ့လုပ်ရပ်က စံဖြစ်နေအောင်ကြိုးစားရမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
positive view နဲ့ပဲလူတိုင်းကြည့်ကျရင်အကောင်းဆုံးပေါ့ညီမရယ်။အရေးသားကောင်းတယ်ဗျာ။အားပေးနေမယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါပဲ အကိုရေ့..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good tal
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit