သည်းခံခြင်းဟူသည်​...

in myanmar •  7 years ago 

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာ ချမ်းသာ ကြပါ​စေ။

ဒီ​နေ့​တော့ သည်းခံစိတ်​ထားတဲ့သူ​တွေနဲ့ယ​နေ့​ခေတ်​လူ​တွေရဲ့ကြား ဖြစ်​ပျက်​ပုံနဲ့ပတ်​သက်​ပြီးတင်​ပြချင်​ပါတယ်​။ခန္တီ ဆို​သော သည်းခံတတ်​တဲ့ စိတ်​သည်​ လူတိုင်းတွင်​မရှိနိုင်​​ပေ။အ​တော်​ပင်​ အဆင့်​မြှင့်​​သော စကားလုံးဖြစ်​သည်​ဟုဆိုရ​ပေမည်​။ကျွန်​မအသက်​ နဲ့အမျှ​တွေ့ခဲ့ဖူး​သော သူတိုင်းသည်းခံစိတ်​နည်းကြသည်​။အပြည့်​အဝသည်းခံရမည်​ဟု​ပြောလျှင်​ ဘုရားမှတစ်​ပါး မည်​သူမှမလုပ်​နိုင်​​ပေ။လူတစ်​ဦးနဲ့တစ်​ဦးကြား​ပေါင်းသင်းဆက်​ဆံ​ရေးခိုင်​ခံဖို့အတွက်​ သည်းခံစိတ်​သည်​အ​ရေးကြီးသည်​။သည်းခံစိတ်​မထားလျှင်​​ရေရှည်​လက်​တွဲရန်​မဖြစ်​နိုင်​​ပေ။

IMG_20180802_170726.JPG
Image source

အခု​ခေတ်​လူငယ်​အချို့သည်​ သည်းခံစိတ်​ကို သိပ်​နားမလည်​ပုံရသည်​။သူ့တို့ကိုယ်​၌ သည်းခံတတ်​သူကြီးဟု ယူဆ​သော်​လည်း ဆတ်​ဆတ်​ထိမခံတတ်​သူများဖြစ်​​နေကြသည်​။ သည်းခံစိတ်​တိုသည်​မှာ မိမိအ​ပေါ်၌မိမိအလိုမကြသည်​များ လုပ်​လာသူကိုခွင့်​လွှတ်​​ပေးနိုင်​ခြင်း၊ မိမိ​စေတနာအား ​ဝေဒနာလို့မြင်​သူကို ခွင့်​လွှတ်​​ပေးနိုင်​ခြင်း စသည့်​ ခွင့်​လွှတ်​မှုနဲ့ဆိုင်​သည်​။ တစ်​ဖက်​သားကိုနားလည်​​သော မျက်​လုံးနဲ့ကြည့်​တတ်​ဖို့ဆိုလိုခြင်းဖြစ်​သည်​။ ​အချို့ကိစ္စအ​သေး​လေးများ အားမိမိကခွင့်​လွှတ်​​ပေးလိုက်​သည်​ကို သည်းခံခြင်းဟုမဆိုသာ​ပေ။ ဤအရာကိုလူတိုင်းခွင့်​လွှတ်​​ပေးနိုင်​သည်​။မိမိအ​ပေါ် ထိခိုက်​မှုတစ်​စုံတစ်​ရာရှိ​မေပယ့်​ အပစ်​မမြင်​ ခွင့်​လွှတ်​​ပေးတာမျိုးကိုမှ သည်းခံသည်​ဟု​ပြောလို့ရသည်​မဟုတ်​ပါ​လော။

IMG_20180802_170815.JPG
Image source

သည်းခံစိတ်​ထားသူ၏စိတ်​နှလုံးသည်​ ​အေးချမ်းသည်​။အမြဲတမ်း​ပျော်​​နေရတတ်​သည်​။သည်းခံစိတ်​မရှိသူ၏စိတ်​ထဲတွင်​ မိမိအား ဤကဲ့သို့လုပ်​သွားသည်​၊​ကျောသွားသည်​ဟု ​တွေးကာ စိတ်​မချမ်းမသာ ဖြစ်​ကြရသည်​။မိမိ၏​ပျော်​ရွှင်​စရာအချိန်​များကို စိတ်​ဆင်းရဲမှုနဲ့ လဲပစ်​​နေကြသည်​။ လူတစ်​​ယောက်​အ​ပေါ်တွင်​ ကိုယ်​ချင်းစာစိတ်​ထားလျှင်​ နားလည်​မှုပိုရှိသွားသည်​။နားလည်​မှုရှိလျှင်​ အပစ်​မမြင်​တတ်​​တော့​ပေ။ ဤတွင်​ကား သည်းခံခြင်းအစ ဖြစ်​သည်​။ တစ်​ခုခုဆို ကိုယ့်​ထက်​သာသွားသည်​၊ကိုယ်​ကအ​ကောင်း​ပြောတာ သူကတစ်​မျိုးထင်​တယ်​၊ငါမကြိုက်​ပါဘူးဆိုတာကို ငါ့အ​ပေါ်လုပ်​သွားတာ စ​သော ​ဒေါသတရားများနဲ့ ချည်​​နှောင်​ပစ်​ကြသည်​။ဤသည်​ကား သည်းခံခြင်းနဲ့​ဝေးကွာသွား​တော့သည်​။

IMG_20180802_170739.JPG
Image source

ယ​နေ့​ခေတ်​လူငယ်​အချို့သည်​ သည်းခံခြင်းကို မထားတာ​ကောင်းသည်​ဟု ယူဆကြသည်​။အ​ကြောင်းမှာ သည်းခံလျှင်​​ခေါင်း​ပေါ်တက်​ကြသည်​ ဟု ​ပြောကြသည်​။အမှန်​ပင်​ သည်းခံစိတ်​ထားသူများအ​ပေါ်၌လွယ်​လွယ်​ကူကူ အနိုင်​ယူကြသည်​။အားမနာ လျှာမကျိုး လုပ်​ရက်​ကြသည်​။ကိုယ်​အဆင်​​ပြေလျှင်​ပြီး​ရော့ ညှာတာမှုကင်းပြုကျင့်​လာကြသည်​။ ပြသာနာတက်​တာခြင်းတူ​သော်​ညားလည်း သည်းခံတတ်​သူအား ပို၍ ဖိအား​ပေး​ပြောဆိုကြသည်​။ဤအချက်​များသည်​ သည်းခံတတ်​သူအ​ပေါ်အနိုင်​ကျင့်​ ​ခေါင်း​ပေါ်တက်​​နေကြခြင်းပင်​ဖြစ်​သည်​။ သူကဘာမှမ​ပြောဘူး သူ့ဆို ငါဘာမဆိုလုပ်​ရဲတယ်​၊ခိုင်းရဲတယ်​။သူကသည်းမခံဘူးဟ သူကို​တော့ ငါမ​ပြောရဲဘူး၊ငါ​ကြောက်​တယ်​ စ​သော စကားလုံးအသုံးနှုန်းကိုကြည့်​ယုံဖြင့်​ သည်းခံတတ်​သူအ​ပေါ်အနိုင်​ယူဖို့ဝန်​မ​လေး​ခြေ။ဤအတွက်​​ကြောင့်​လည်း သည်းခံလျှင်​​ခေါင်း​ပေါ်တက်​သည်​ဟု ယူဆသွားကြဖြသ်​​ပေမယ်​။

IMG_20180802_170828.JPG
Image source

သို့​သော်​ မိမိ၏သည်းခံစိတ်​ ကို​တော့ မ​ဖျောက်​ပစ်​ကြပါနဲ့လို့​တောင်းတိုပါရ​စေ။အခုလို ရမ်​မက်​​လောဘကြီး​သော ယ​နေ့​ခေတ်​ကြီးမှာ လူဖြစ်​လာကြ​သော သူ​တွေကြားမှာ မိမိသည်​ သည်းခံစိတ်​ထားတတ်​ပြီးစိတ်​​ကောင်းနှလုံး​ကောင်းကိုပိုင်​ဆိုင်​သူဖြစ်​​နေသည်​မှာ ဂုဏ်​ပုဒ်​တစ်​ခုပင်​ဖြစ်​သည်​။ဤစိတ်​ဓာတ်​မျိုး ပိုင်​ဆိုင်​ထား​သော မိမိသည်​ ချမ်းသာခြင်းအစစ် ​နေ့တိုင်းခံစား၊စံစားရသည်​မဟုတ်​ပါ​လော။ လူတိုင်းအ​ပေါ်တွင်​ အပစ်​မမြင်​ နားလည်​​ပေးတတ်​ခြင်းသည်​ လည်း မင်္ဂလာ ထဲကမင်္ဂလာတစ်​ခုဖြစ်​သည်​ မဟုတ်​ပါ​လော။

နောက်​ဆုံးအကြံ​ပေးချင်​တာက​တော့ မိမိသည်​ သည်းခံ တတ်​သူဖြစ်​​ပေမယ့်​အဆိပ်​ရှိသည်​ကို​တော့ လူ​တွေသိ​အောင်​ပြသရမည်​။ဤ​နေရာတွင်​ ပုံပြင်​တစ်​ပုဒ်​သတိရသွားမိသည်​။ရ​သေ့ကြီးက အရမ်းဆိုးသွမ်းပြီိး ​သောင်းကျန်း​နေတဲ့​မြွေဆိုးကို အခြားသူများ​အ​ပေါ် သည်းခံပြီး ​မေတ္တာ ထားခြင်းဟာ အင်​မတန်​မွန်​မြတ်​လှ​ကြောင်း ဆုံးမစကားဆိုပြီးကတည်းက ​ပြောင်ူလဲသွား​သော ​မြွေဆိုးခင်​ဗျ အားလုံးရဲ့ ကစားစရာအရုပ်​တစ်​ရုပ်​သဖွယ်​အဖြင့်​ အနိုင်​ကျင့်​ခံရသည်​။ သူသည်းခံ​သော်​လည်း လူတို့သည်​ အခွင့်​​ကောင်းယူပြီး အနိုင်​ကျင့်​သည်​ကို ရ​သေ့အားပြန်​​ပြောပြရာ ရ​သေ့မှ ထပ်​၍ဆုံးမစကားဆိုသည်​မှာ သည်းခံလိုက်​ပါလို့ပဲ ဆုံးမတာ ပြန်​မတုံ့ပြန်​ရဘူးလို့ မဆိုလိုဘူးတဲ့​လေ။ဤစကားအဓိပ္ပါယ်​မှာ မိမိ​မြွေ အဆိပ်​ရှိတယ်​ဆိုတာ​တော့ သိ​အောင်​ အ​မောက်​​ထောင်​ပြသင့်​တာ​ပေါ့။

IMG_20180802_170802.JPG
Image source

အမှန်​ပင်​ ဤကဲ့သို့မတုံ့ပြန်​လျှင်​ အနိုင်​ကျင့်​ခံရမည်​။အနှိမ်​ခံရမည်​။မိမိတန်​ဖိုး အလကားအဖြစ်​သတ်​မှတ်​ခံရမည်​။အခု​ခေတ်​သည်​ ပို၍ပင်​ဆိုး​သေးသည်​။သည်းခံမှုအ​ပေါ် အခွင့်​​ရေးယူပြီး အသုံးချသူများ ​ပေါများလှသည်​။သည်းခံလျှင်​​ခေါင်း​ပေါ်တက်​ထိုင်​ဖို့ ဝန်​မ​လေး​ချေ။ဒါ​ကြောင့်​ သည်းခံပါ။တန်​ဖိုး​သော သူတစ်​ပါးသိပါ​စေ။ ကူညီပါ ။အနှိမ်​​တော့ မခံပါနဲ့။နားလည်​မှုထားပါ။အသုံးချမခံပါနဲ့။သူတစ်​ပါး​ကြောင့်​ မိမိ​ကောင်း​သော စိတ်​အားမ​ပြောင်းလဲမိပါ​စေနဲ့။မိမိသည်​ ခွင့်​လွှတ်​နားလည်​​ပေးတတ်​သူဖြစ်​သလို မိမိတွင်​ အဆိပ်​ရှိသည်​ကိုလည်း မခြားသူများသိပါ​စေ။အရာရာတွင်​ ကန့်​သတ်​ချက်​ရှိသည်​။ကန့်​သတ်​ချက်​ထက်​​ကျော်​​သော ကိစ္စများအား သည်းခံစိတ်​ ထားလျှင်​နုံအား​သော အတန်းစားထဲတွင်​ စာရင်းသွင်းခံရတတ်​သည်​။ဒါ​ကြောင့်​ သည်းခံမှုအား အ​ကြောင်းပြု၍ အနိုင်​ကျင့်​မခံပါနဲ့။နုံအတယ်​လို့ အထင်​မခံပါနဲ့။

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။
@thithisann
Author Thi Thi San
Msc 262

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကောင်းမွန်သောစကားပါ

ဟုတ်​ကဲ့အကို့ ​ကျေးဇူးပါ

တခါတလေတော့ လည်း နဂါးမှန်းသိအောင် အမောက်ထောင်ပြရမယ် 😁

မဟုတ်​ရင်​ တက်​နင်းခံရမှာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

တစ်ကယ် သတ္တိရှိမှ သည်းခံနိုင်တာပါ

သည်းခံနိုင်​ဖို့ သတ္တိ ​မွေး​တော့မယ်

သည်းခံစိတ်‌ဟာ အ‌လေ့အကျင့်‌နဲ့ဆိုင်‌တယ်‌ ။သည်းခံတာကို လူတိုင်း မလုပ်‌နိုင်‌ပါဘူး ။များများသည်းခံနိုင်‌‌လေ ‌ကောင်း‌လေပါ။နဂါးမှန်း သိ‌အောင်‌ အ‌မောက်‌‌ထောင်‌ ပြဘို့ လိုတယ်‌ဆို‌ပေမယ့်‌ ‌တော်‌‌တော်‌များများက သင်‌ နဂါးမှန်း သိကြတာက များပါတယ်‌။

နဂါးမှန်းသိရင်​​တော့ အ​မောက်​မလို​တော့ဘူး​နော်​...

မှန်​ကန်​​သောစကားများနှင့်​အရမ်း​ကောင်းပါတယ်​.....မှတ်​သားစရာ ပါ....

မှတ်​သားပါ

ဒီခေတ်အချိန်ကာလဆိုရင်တော့ သည်းခံစိတ်ဟာ အစ်မပြောသလို အနင်းခံရမှာသေချာပါတယ်။ကျွန်တော်တို့ ကိုယ်တိုင်လည်းကြုံတွေ့နေရတာပါ။သို့သော် ဘုရားဟောသဘောအရနဲ့ လောကဓမ္မတရားတွေအတွက်တော့ များများသီးခံ နိုင်လေ ပိုပြီးကောင်လေလို့ ထင်မြင်မိပါတယ်။ကောင်းသော post လေးပါခင်ဗျာ

တစ်​ချို့က သည်းခံ​နေတာကို အ​ကောင်းမှတ်​​နေကြတယ်​ ညီမ​ရေ ☺ ☺

သည်းခံခြင်းဆိုတာ လူတော်တွေမှလုပ်နိုင်တာတဲ့ညီမရေ
တချက်တချက် သတိထားနေရတယ်