ရင်ထဲက

in myanmar •  7 years ago 

ကိုယ့်ထမင်းကိုယ်စားပြီး ဝေဖန်တတ်တဲ့ တာဝန်ကို ပတ်ဝန်းကျင်က ယူထား ပါ တယ်......
အကောင်း အဆိုး အကုန်မကျန် ပြောကြတာ လဲ သူ တို့ ပဲ...
အဲဒါ သူတို့ ရဲ့ သမိုင်းပေး တာဝန် အလား.,
မျိုးရိုး ဗီဇ ရွှေခုနှစ်ဆက် မျိုး ခုနှစ်ဆက် ထိမ်းသိမ်း စောင့်ရှောက် သွား ဖို့ အတွက်လား.
ဝေခွဲမရဘူး ရယ်...အဓိက က အဲဒီ ကြွက်ချေး ထဲ အရော မခံရဖို့ နဲ့...
ကိုယ်သာ အဲဒီထည်း မပါအောင်ကြိုးစား ရမယ်.....
အဓိက သာမည ခွဲတတ်ဖို့ အမှားအမှန် ဆင်ခြင် တုံတရား အသိရှိနေဖို့..
အသိခေါက်ခက် အဝင်မနက် စေဖို့..
ပတ်ဝန်းကျင်ဆိုတာ ချီးမွန်းခုနှစ်ရက် ကဲ့ရဲ့ခုနှစ်ရက်ပဲ ကိုယ်ကောင်းနေရင် အနေသာကြီး လိုက်ရှင်းပြမနေနဲ့..မော မယ်
ပြောချင်တာပြော ပါစေ မောရင်ရပ်သွား လိမ့်မယ်..

လူဆိုတာ အမှားမကင်းဘူး နည်းတာ များတာဘဲ...
ကွာပါ တယ် အပြစ်ကင်းတဲ့လူမရှိဘူး..
မှန်တယ် ထင်ရင်ဆက်လုပ် မှားနေတဲ့အရာတွေကို ပြုပြင်လိုက်..မနှစ်သက်ရင်ရပ်လိုက်
ဘဝ က လှပသွားမယ်..
ဘဝ ဆိုတာ ကိုယ်ဘဲပိုင်တာ ပါ...သူ မပိုင်ပါဘူး ...
သူများစိတ်တိုင်းကျ လိုက်နေပေးစရာ
လိမ္မာ ပြနေစရာ အကြောင်းမရှိဘူး ..
ရင်ထဲ က မပါ ရင် အရာအားလုးံ အလကား ပါပဲ..
ကြောက်မှန်းသိရင် ဖြဲခြောက်မှာပဲ..
ပါစပ်ပိတ်ပြီးငြိမ်နေရင် ပိုစွတ်စွဲမှာပဲ..
လိုက်လျောရင် အနိုင်ယူမှာပဲ..
ချ ခင်း ထားရင် ဖြတ် နင်းသွား မှာဘဲ..
ကိုယ်သာကောင်းအောင်နေလိုက် ဘာမှတွေဝေမနေ ပါနဲ့...

နေတတ်ရင် ကျေနပ်စရာပါဆိုတဲ့ စကားက အရမ်းပေါ နေ ပါပြီ အပေါစား လဲ ဆန် သွား ပြီ ရိုးအီ နေပါ ပြီ ....
မကျေနပ်လည်း ကျေနပ်သလို နေနေရတာပဲ
မကျေနပ်တဲ့ကြားက နောင်တ နဲ့ ဘဝ သင်ခန်းစာတွေ..ပေး နေမှာဘဲ..
ယူပြီးကျေနပ်ခဲ့ ရတာပါပဲ လောကကြီးမှာ
အသက်ရှင်နေသမျှတော့ လူတွေနဲ့ပတ်သက်နေရအုံးမှာပါပဲ..
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!