ကျွန်နော်၏ ပိုင်ဆိုင်ထားရှိသော တက်ပလပ်လေးဖြစ်ပေါ်လာပုံ အဆင့်ဆင့်( ၁ )

in myanmar •  7 years ago  (edited)

မြန်မာစတီးမစ်၌ စာရေးခြင်းဖြင့် အလုပ်လုပ်ကိုင် ဆောင်ရွက်နေကြသော ကျွန်နော်ရိုသေလေးစားထိုက်သူအပေါင်းနှင့်တကွ ကျွန်နော်သည် မြန်မာစတီးမစ်၌ အဖွဲ့ဝင်တစ်ယောက်အနေဖြင့် စာရေးပြီးပို့စ်တင်ခြင်းအလုပ်ကို စတင်လုပ်ကိုင်သည့်နေ့မှစ၍ ကျွန်နော်ရေးသားတင်ပြခဲ့သောပို့စ်များအား သနားခြင်းနှင့်အတူ လိုက်ပါကူညီအားပေးခဲ့ကြသော မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများနှင့် ကျွန်နော်သိသူ မသိသူ အားလုံးတို့အား ဤပို့စ်လေးမှတဆင့် အထပ်ထပ် အကြိမ်ကြိမ် ကျေးဇူးများစွာ တင်ရှိပါကြောင်းကို နှစ်ထောင် ဆယ်ရှစ် နှစ်သစ်မင်္ဂလာဦးဆုံး နေ့ကောင်းရက်မြတ်၌ ကျွန်နော်တို့အားလုံး မျှော်လင့်ရည်မှန်းချက်ကြီးစွာ အားကိုးအားထားပြုနေရသော မြန်မာစတီးမစ်သည် ကမ္ဘာပေါ်၌ နောက်နှစ်ပေါ်င်းများစွာ တည်တန့်ခိုင်မြဲပြီး ၎င်းစင်မြင့်ပေါ်တွင် ကျွန်နော်တို့အားလုံးအတူတူ ကူညီလက်တွဲကာ အခက်အခဲတွေကိုရင်ဆိုင်ကျော်ဖြတ်ပြီး ဖြတ်သန်းလျှောက်လှမ်းသွားနိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းရင်း နေ့ရက်တိုင်းဟာ (မင်္ဂလာ)ပါလို့ ကျွန်နော်အနေဖြင့် ဤရက်မြတ်နေ့လေးမှစတင်၍ နှုတ်ဆက်စကား ဆိုလိုက်ပါတယ်ခင်ဗျာ။
image
ကျွန်နော်၏ရင်ဘတ်ကြီးကို ဖွင့်ဟခြင်းနှင့်အတူ ကျွန်နော်ရေးသားတင်ပြချင်မိသော အကြောင်းအရာလေးကတော့ ဘယ်နေ့ဘယ်ရက်မည်သည့်လပိုင်းကဆိုတာကို ကျွန်နော်သည် အတိအကျမသိရှိ မမှတ်မိနိုင်တော့လည်း ထိုနေ့ကဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက် အကြောင်းအရာလေးကို စဉ်းစားတွေးတောကာ မှတ်မိနိုင်သလောက် ရေးဖွဲ့သီကုံး၍ ပြန်လည်ရင်ဖွင့်တင်ပြရမည်ဆိုလျှင်ဖြင့် ကနဦးအစပထမ၌ ကျွန်နော်သည် မြန်မာစတီးမစ်တွင် အဖွဲ့ဝင်တစ်ဦးအနေဖြင့် စာရေးသားပြီး ပို့စ်တင်ခြင်းဖြင့် ဝင်ရောက်ပါဝင်ခဲ့သည့် ဟိုအရင် တစ်ချိန်က ကျွန်နော်သည် အထက်၌ ရိုက်ကူးတင်ပြထားသော ဓါတ်ပုံလေးထဲက ဖုန်းလေးတစ်လုံးဖြင့် စာရေး စာရိုက်ခြင်းကို ထက်သန်သောစိတ်တို့နှင့်အတူ (myanmar steemit newbies )page၌ ရေးသားတင်ပြမည့်ပို့စ်ကို linkချ၍ ပရိုမိုးရှင်းအစီအစဉ်တွင် နေ့စဉ်နေ့တိုင်းလို ပါဝင်တင်ပြခဲ့ပြီး ဝင်ရောက်လုပ်ကိုင်ခဲ့သောကျွန်နော်(မောင်သူရ)လေးတစ်ယောက်ပင် ဖြစ်ပါသည်။
နေ့တစ်နေ့၏ ပူပြင်းလှသော နေရောင်ခြည်အောက်၌ ကျွန်နော်သည် သွားလာလှုပ်ရှား၍ အလုပ်လုပ်ကိုင်နေစဉ်တွင် ကျွန်နော်သွားလေရာ ယူဆောင်သွားလေ့ရှိသော ဘေးလွယ်အိတ်လေးထဲ၌ ဖုန်းမြည်အသံလေးအား ကျွန်နော်ကြားသိလိုက်ရသောအချိန်၌ ပခုံးတစ်ဖက်တွင် လွယ်၍ထားသော ဘေးလွယ်အိတ်ကို ရုတ်တရက် ဖွင့်ကာ ဖုန်းကိုကိုင်လိုက်ပါသည်။(hello)ကျွန်နော် (မောင်သူရ)လေးပါခင်ဗျာ…အမိန့်ရှိပါဟု အစချီပြီး အခြားတစ်ဘက်မှ ဖုန်းခေါ်ဆိုလာသူ၏ ပြောသမျှကို ဂရုတစိုက်နားထောင်ကာ အပြန်အလှန် ပြောဆိုပြီးချိန်နောက်၌ ဖုန်းကိုပိတ်၍ ကျွန်နော်၏ ဘေးလွယ်အိတ်ထဲသို့ အလျင်အမြန်ထည့်ရန်ခန္ဒာကိုယ်ကို ဟန်ချက်ပြင်လိုက်ပါသည်။ထိုအချိန်၌ ကျွန်နော်၏စိတ်သည် လုပ်လက်စ အလုပ်ပေါ်တွင် ပို၍စိတ်အာရုံ ရောက်ရှိလို့နေသလား မသိပေ……ဘေးလွယ်အိတ်ထဲသို့ထည့်ရန် ပြင်ဆင်လိုက်သော ခန္ဒာကိုယ်နှင့် လက်၏ဟန်ချက်မှာ ဖုန်းသည် အိတ်ထဲသို့မရောက်ရှိစဉ်မှာပင် လက်ထဲမှလွတ်ကျကာ ကျောက်ခဲများဖြင့်ခင်းထားသော ကားလမ်းမပေါ်ကို ကျရောက်သွားပါတော့သည်။ကျွန်နော်၏စိတ်သည် စိုးရိမ်တုန်လှုပ်ခြင်းနှင့်အတူ လက်ကိုင်ဖုန်းလေးအား ရုတ်တရက် ကောက်ကိုင်ကြည့်လိုက်သောအခါ ဖုန်း၏အပေါ်ညာဘက်ထောင့်တစ်နေရာတွင် အရှိန်ပြင်းသည့်ဒဏ်ကြောင့် ထိခိုက်ကျိုးပဲ့လို့သွားသည်ကို မြင်တွေ့လိုက်ပါသည်။စိုးရိမ်စိတ်ကြီးစွာဖြင့် ဖုန်းပါဝါကို ဖွင့်ကြည့်လိုက်သောအခါ ပါဝါပွင့်လာခြင်းမရှိပဲ အပေါ်၌ ရိုက်ကူးတင်ပြထားသောဓါတ်ပုံ ပုံစံလေးအတိုင်သာ ထပ်မံမြင်တွေ့လိုက်ရပြန်တော့လေသည်။
image
ထိုအချိန်တွင် ကျွန်နော်၏ နှုတ်ခမ်းမှ(တောက်)တစ်ချက်ခေါက်ယုံမှလွဲ၍ မိမိရဲ့ (သတိ)ဆိုတဲ့စိတ်လေး လွတ်ထွက်သွားခြင်းကြောင့်သာဟု စိတ်ကိုဖြေသိမ့်လိုက်ရသည်။ဖြေသိမ့်နိုင်သောစိတ်သည် လွယ်ကူစွာဖြစ်ပေါ်လာခဲ့ခြင်း မဟုတ်ပေ။ကျွန်နော်၏ ထိုလက်ကိုင်ဖုန်းလေးဟာ ပြန်၍ ကောင်းခြင်း ရှိမရှိကို မျှော်လင့်လို့ရနိုင်တဲ့ အခွင့်အရေးလေး တစ်ခု ကျွန်နော်ထံတွင် ရှိနေခဲ့ခြင်းကြောင့်ဖြစ်သည်။ထို့နောက် ကျွန်နော်သည် လုပ်ကိုင်စရာ လုပ်လက်စအလုပ်တို့ကို လုပ်ကိုင်ဆောင်ရွက်ပြီးနောက်၌ နေဝင်မိုးချုပ်ချိန်လောက်တွင် လေးလံသောစိတ်တို့နှင့်အတူ နေထိုင်ရာအိမ်သို့ ပြန်လာခဲ့ပါသည်။အိမ်သို့ ရောက်ရောက်ခြင်းအချိန်၌ အိမ်တခါးပေါက်ကို သော့ဖွင့်ကာ အိမ်အတွင်း စာရေးစားပွဲနှင့်အတူရှိနေသော ကျွန်နော်အမြဲထိုင်နေကြ ထိုင်ခုံရှည်လေးအား မီးပလပ်ခုံရှိရာဆီသို့ ယူဆောင်လာ၍ ခုံမြင့်ပေါ်သို့တက်ကာ တစ်အိမ်လုံးတွင် အဓိကဖြစ်သော မီးလင်းနိုင်ရန် မိန်းခလုတ်ကို ညင်သာစွာဖြင့် ဖြေးဖြေးခြင်း အပေါ်သို့ မ၍တင်လိုက်ပါသည်။(ဤနေရာတွင် ကျွန်နော်အနည်းငယ် ရေးဖွဲ့တင်ပြရမည်ဆိုလျှင် ကျွန်နော်သွားလာနေထိုင်လုပ်ကိုင်နေသော မူဆယ်မြို့တွင် လျှပ်စစ်မီးဝါယာကြိုးမှတဆင့် ရှော့ဖြစ်ကာ အိမ်များတွင် မီးကူးစက် လောင်ကျွှမ်းခြင်းများ ဖြစ်ပေါ်ခဲ့သော အကြောင်းအရာများ ရှိခဲ့ခြင်းကြောင့် နေအိမ်၌ လူမရှိသည့်အချိန်တွင် မီးပလပ်ပေါက်မှတက်ထားသော မီးဝါယာကြိုးများကိုဖြုတ်ပြီး မီးမိန်းခလုတ်ကိုအောက်သို့ဆွဲချ၍ မိမိတို့သွားလိုသော နေရာအသီးသီးသို့ စိတ်ချခြင်းများဖြင့် သွားရောက်လုပ်ကိုင်ကြသော ဓလေ့အကျင့်စရိုက်များ ထားရှိကြသည်ကို
သိရှိစေနိုင်ရန် ရေးဖွဲ့တင်ပြရခြင်း ဖြစ်ပါတယ်ခင်ဗျာ။)သတိဆိုတာပိုသည်မရှိဟု ဆိုစကားအတိုင်းပေါ့ဗျာ။
ထို့နောက်ကျွန်နော်သည် ဘေးလွယ်အိတ်လေးထဲမှ လက်ကိုင်ဖုန်းလေးကိုထုတ်ယူ၍ ဖုန်းကိုမီးအားသွင်းကြည့်လိုက်ပါသည်။ဖုန်းပါဝါတက်လာခြင်းမရှိသောကြောင့် ဆယ်မိနစ်တစ်ခါ ဆယ်ငါးမိနစ်တစ်ကြိမ် မိနစ်သုံးဆယ် တစ်နာရီလောက် ဖုန်းပါဝါကို ဖွင့်ကြည့်သော်လည်း မည်သည့်ထူးခြားချက်မှ မရှိခြင်းကြောင့်
ဒေါသထွက်ခြင်းနှင့်အတူ စိတ်ပျက်အားငယ်ကာ ဘာကိုအပြစ်တင်လိုက်ရမည်ကို စဉ်းစားမရဖြစ်၍ စိတ်ခံစားချက် ဒီဂရီသည် ထိုနေ့ညတွင် အမြင့်ဆုံးသို့ မြင့်တက်သွားခဲ့ရလေတော့သည်။
ဆက်၍တင်ပြခွင့်ပြုပါဦးခင်ဗျာ…………………
author:@thura
photos:my
msc:066

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စာရေးလို့ရတဲ့ အက်ဘီဒီ နဲ့ ပြန်ဝယ်ပေါ့
သိပ်မကုန်ပါဘူး တစ်လလောက်စာရေးရင်
ဖုန်းတစ်လုံးတော့ရနိုင်ပါတယ်

ဟုတ်ကဲ့ပါကိုဗိုလ်ဗိုလ်
ကျွန်နော်နောက်ထပ်တင်ပြမည့်
ကျန်ရှိသောအပိုင်းဆက်လေး၌လည်း
အချိန်ပေးပြီးယခုလိုလာရောက်ဖတ်ရှုပေးပါဦးခင်ဗျာ(မောင်သူရ)

အရေးအသားကောင်းတယ် သူရရေ အားပေးနေပါတယ်

ဟုတ်ကဲ့ပါမမ
စာတွေထက်ရေးနိုင်အောင် ခွန်အားတစ်ခုကို
ပေးစွမ်းခဲ့လို့ ဝမ်းသာမိပါတယ်မမ(သူရ)

Phလေးပျက်စီးသွားလို စိတ်မကောင်းပါဘူး
ကိုသူရရေ...
အရေးအဖွဲ့ကကောင်းတော့ Heart ထိသွားတယ်..
နောက်ပို့စ်တွေလည်း ဆက်လက်စောင့်မျှော်နေပါတယ်ဗျာ..

ဟုတ်ကဲ့အကိုရေ
မမျှော်လင့်ပဲဖြစ်ခဲ့ရတော့
ဖြစ်ဖြစ်ခြင်း၌ စိတ်ထိခိုက်ကာ
ဝမ်းနည်း ကြေကွဲဖြစ်ခဲ့ရတယ်လေ……
ကောင်းမွန်ကြောင်းကို သိရပြန်တော့
လာမည့်အပိုင်းဆက် ရေးချင်စိတ်မှာ
ထက်သန်ဖြစ်ပေါ် ခဲ့ရပါတယ်လေ………
ဆက်လက်စောင့်မျှော် သူပြောသည့်စကား
ယုံကြည်စွာနဲ့ စိတ်ချထားလိုက်တော့မယ်နော်…………
ဒီထက်ကောင်းမွန်အောင်ရေးသားသွားပါ့မယ်အကိုရေဟု
ပြောကြားရင်ဖွင့်ရင်း(သူရ)

စိတ်ချပါဗျာ..အမြဲတမ်း အားပေးနေပါမယ်..

ဟုတ်ကဲ့ပါခင်ဗျာ

အားကျလိုက်တာ ကိုသူရကို ဖြစ်ရိုးဖြစ်စဉ် ဖုန်းပျက်တာကို
စာဖွဲ့သွားပုံ ရေးသားသုံးနှုန်းသွားပုံက ဆွဲဆောင်မှုရှိတယ်ဗျာ

ယခုလိုဆရာတော်အရှင်ဘုရားအနေဖြင့်
တပည့်တော်၏ ကြုံတွေ့ဖြစ်ပျက်ခဲ့ခြင်း အကြောင်းအရာလေးကို
အချိန်ပေးပြီး လာရောက်ဖတ်ရှု၍ ကောင်းခြင်းများကို အားပေးစကား
မိန့်ကြားသွားသည့်အတွက်ကြောင့်
တပည့်တော်အနေဖြင့် ဝမ်းသာဂုဏ်ယူမိကြောင်း
လျှောက်တင်ပြောကြားရင်ဖွင့်ရင်း
လိုအပ်သည်များကိုလည်း ဒီထက်ကောင်းမွန်နိုင်အောင်
ကြိုးစားသွားပါ့မယ်အရှင်မြတ်ဘုရား။
တကာလေး(မောင်သူရ)

ကိုယ်​ချင်းစားပါတယ်​ဗျာ

ဟုတ်ကဲ့အစ်ကို
ဖြစ်ပြီးသွားခဲ့မှတော့ဘယ်တက်နိုင်ပါ့မလဲဗျာ
ထပ်ကြိုးစားရဦးမှာပေါ့အစ်ကိုရေ(သူရ)

ပျောက်နေပါတယ်လို့ စာမရေးတော့ဘူးလား ထင်နေတာ စာပြန်ရေးလို့ ဝမ်းသာပါတယ်

ဟုတ်တယ်ကိုထင်လင်းရေ
myanmar steemitမှာ
စာရေးpostတင်တဲ့အလုပ်ကို
လုပ်ကိုင်နေရတာ ပျော်ရွှင်ကျေနပ်နေမိတော့
စာမရေးပဲနဲ့ကို မနေနိုင်တော့ဘူးဗျ။
အားလုံးကလည်းဝိုင်းဝန်းကူညီအားပေးချီးမြောက်ပေးကြတယ်ဗျာ(သူရ)

အ​ရေးအသား​ကောင်းတယ်​ဗျာ ​လေးစားပါတယ်

ဟုတ်ကဲ့ဗျ
ကျွန်နော်ဒီထက်ကောင်းမွန်အောင် ရေးသားတင်ပြနိုင်ဖို့
ကြိုးစားသွားပါ့မယ်ဗျ(သူရ)

အား​ပေးခဲ့တယ်​​နော့

ဟုတ်ကဲ့ပါမမလေး(သူရ)

စာ​ကြောင်း​တွေက ရှည်​​တော့ ဖတ်​ရတာ အသက်​ရူကြပ်​လိုက်​တာ😁😁😁

  ·  7 years ago (edited)

ခံစားချက်တွေကရင်၌ဖြစ်ပေါ်လာခဲ့ရတော့လည်း
အသက်ရှုကြပ်သွားစေနိုင်တော့
ဖြစ်မိမှာပဲညီရေ(သူရ)

ဟုတ်​ကဲ့ပါအကို​ရေ

အေးပါကွာ

အရေးကြီးပါတယ်
ရန်သူငါးပါးမှာပါပါတယ်မီးဆိုတာ

ဟုတ်တယ်ဗျ
ဂရုစိုက်နေရတာနေ့စဉ်နေ့တိုင်းပါပဲဗျာ(သူရ)

Good post😁😁

thanks sister(thura)

အဲ့ခံစားချက်လေးတွေ ကြုံဖူးတာပေါ့…ဟုတ်ပကိုသူရရေ

ခံစားချက်တွေနဲ့တွေ့ကြုံမှုခြင်းဟာ
တိုက်ဆိုင်စွာတူညီသွားခဲ့ကြပြီအစ်ကိုရေ(သူရ)

ဖုန်းပျက်ရင်စိတိညစ်ရတယ်။အခုဖုန်းတောင်မပျက်ပါစေနဲ့လို့ဆုတောင်းနေရတယ်အကို။

ဟုတ်တယ်ညီမလေးရေ
အကိုလည်းအထူးဂရုစိုက်နေရတယ်(သူရ)

စာဖတ်ရတာရုပ်ရှကြည့်ရသလိုဘဲမျက်စိထဲပေါ်လာအောင်ရေးနိုင်တာမိုက်တယ်အကိုရေ😍😍😍

တကယ်ပဲ အဲ့ဒီလိုဖြစ်သွားသလား…ဟ
မင်းပြောတဲ့စကားလေးကို ငါကြားသိလိုက်ချိန်မှာ
နောက်အပိုင်းဆက်တွေကို ဆက်လက်ရေးသားဖို့
အားဖြစ်သွားပြီလေ(သူရ)

တကယ်ဘဲအဲလိုဖြစ်သွားတာပါအကိုရေသရုပ်ဖော်ရပေါ်လွင်လို့ပါ😍😍😍

ကျေးဇူးပါညီရေ

ခံစားဖူးတယ်ဗျာ
ကျွန်တော့်ဖုန်းလေးလည်း အဲ့လိုဖြစ်ဖူးတယ်ဗျ

ဟုတ်တယ်ညီရေ
အကိုဖုန်းလေးကိုအခုချိန်ထိ
ပြင်ဆိုင်လည်းမပို့ဖြစ်ပဲ
အိမ်မှာအမှတ်တရသိမ်းထားမိတာအခုချိန်ထိပဲ……ဟာ
ဖုန်းပါဝါပွင့်မလာတဲ့ ခံစားမှုကတော ထိုအချိန်က ဒီဂရီအမြင့်ဆုံးပါပဲကွာ(သူရ)

အားပေးသွားတယ်ဗျ

ဟုတ်ကဲ့
ဝမ်းသာပီတိဖြစ်ခဲ့ရပါတယ်ဗျ(သူရ)

This post has received a 0.47 % upvote from @buildawhale thanks to: @thura. Send at least 1 SBD to @buildawhale with a post link in the memo field for a portion of the next vote.

To support our daily curation initiative, please vote on my owner, @themarkymark, as a Steem Witness

thank you

thanks you

This post has received gratitude of 0.51 % from @appreciator thanks to: @thura.

thanks you

You got a 0.43% upvote from @upme requested by: @thura.
Send at least 1.5 SBD to @upme with a post link in the memo field to receive upvote next round.
To support our activity, please vote for my master @suggeelson, as a STEEM Witness

thanks you