ကမ်းလက်များနဲ့ကြိုမှာလား

in myanmar •  7 years ago 

1515032269-picsay.jpg
Steemit platform ပေါ်သို့ရောက်ရှိကြပြီးဖြစ်သော စီနီယာ အကို အမများ မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော်ကတော့ အခုမှ စလုံးရေစမဲ့ user အသစ်လေးမို့ အားလုံးဝိုင်းဝန်း လက်တွဲကြမယ်လို့မျှော်လင့်မိပါတယ်ခင်ဗျ။
Dollarphotoclub_68724254.jpg
ကျွန်တော့် နံမည်ကတော့ သွင်ထက်အောင် ဖြစ်ပါတယ်။ ကျွန်တော်ဟာ ကချင်ပြည်နယ် ဟိုပင်မြို့မှာ နေထိုင်ပါတယ်။
FB_IMG_1515036547475.jpgကျွန်တော်တို့ ကချင်ပြည်နယ် ဟိုပင်မြို့လေးကို အလည်လာဖို့လဲ ဖိတ်ခေါ်ပါရစေ။ ကျွန်တော်တို့ ဟိုပင်မြို့ဟာ အရမ်းကြီး ကြီးကျယ် စည်ကားလှတဲ့ မြို့မဟုတ်ပေမဲ့ စီးပွားအချက်ချာ ကျတဲ့ နေရာမှာတော့ ရှိပါတယ်ခင်ဗျ။

ဘယ်လို အချက်အချာကျလဲဆိုရင် မြန်မာနိုင်ငံရဲ့ဘဏ္ဏာ ကချင်ပြည်နယ်ရဲ့ အသည်နှစ်လုံး ဖြစ်တဲ့ ကျောက်စိမ်းမြို့တော် ဖားကန့်ကို သွားတဲ့ လမ်းကြောပေါ်မှာ ရှိသလို ရွှေအလွန် ထွက်ပါတယ်ဆိုတဲ့ ဆယ်ဇင်း ရွှေမှော် ဆိုတာကလည်း ဟိုပင်မြို့ကနေမှ တစ်ဆင့်သွားရတာ ဖြစ်တဲ့အတွက် လမ်းဆုံ လမ်းခွ နေရာမှာ တည်ထားတဲ့မြို့ဖြစ်တဲ့အတွက် စီးပွားရေးသမားကြီးတိုင်း ရတနာလုပ်ငန်းလုပ်ကိုင်သူတိုင်း မဖြစ်မနေ ဖြတ်သန်းသွားရတဲ့ မြို့လေးပေါ့ခင်ဗျာ။
$_35.jpeg
ဒါ့အပြင် အောက်ပြည်အောက်ရွာကနေ လာပြီး ဖူးရတဲ့ တန်ခိုးကြီး ရွှေမဇ္ဇူ ဘုရား တည်ရှိရာ အင်းတော်ကြီး ဒေသ ဆိုတာကလဲ ဟိုပင် ကနေမှ တစ်ဆင့်သွားလို့ရတာဖြစ်တဲ့ အတွက် ဟိုပင်ဆိုတာ မြို့သေးပင်သေးသော်လည်း သူ့အတိုင်းအတာနဲ့သူတော့ စည်ကားပါတယ်ခင်ဗျ။
FB_IMG_1515037224869.jpgကျွန်တော်တို့ ဟိုပင်မှာ တည်ထားကိုးကွယ်နေတဲ့ ရွှေတိကုန် ပုံစံတူ စေတီတစ်ဆူလည်း ရှိပါတယ်ခင်ဗျ။
IMG_20180104_104224.png
ရွှေတိကုန် ပုံစံတူ စေတီတော်ကို တည်တဲ့ဆရာတော်ဟာ ဆိုရင်လည်း တစ်မူထူးခြားတဲ့ ပုဂ္ဂိုလ် တစ်ပါးပဲ ဖြစ်ပါတယ်။ ဘယ်လိုထူးခြားလဲ ဆိုရင် ဆရာတော်ဟာ ဘယ်အချိန်က စကျင့်ကြံခဲ့တယ်ဆိုတာ မသိရပေမဲ့ မအိပ်မလျောင်းတဲ့ကိုယ်တော်လို့ နံမည်ကျော်ပါတယ်။

ဆရာတော် ရဲ့ကျောင်းမှာ ဆရာတော် ကျိန်းဖို့ ခေါင်းအုံးဆိုတာ မထားထားပါဘူး။အလည်တစ်ခေါက် ရောက်ခဲ့ရင်ဖြင့် ရွှေတိကုန် ပုံစံတူ စေတီတော်မြတ်နဲ့ ဆရာတော်ကို ဖူးဖြစ်အောင်လည်း ဝင်ဖူးကြပါဦးခင်ဗျ။

ဟိုပင်မြို့ရဲ့ အထင်ကရနေရာတစ်ခုကတော့ ဟိုပင်မြို့ရွာသစ်ကြီး ကျေးရွာကနေသွားရတဲ့ရေပူစမ်းပဲ။ ဟိုပင်က ရေပူစမ်းဟာ သဘာဝ အလျောက် ရေပူတွေထွက်တဲ့နေရာ တစ်ခုပါ။
FB_IMG_1515036719555.jpg

ခုလို ဆောင်းတွင်းမှာဆို ရပ်ဝေး ရပ်နီးကနေ ညအိပ်ညနေ ရေပူလာစိမ်တဲ့လူအများနဲ့ ရေပူစမ်းဟာ စည်ကားနေတတ်ပါတယ်။ အခကြေးငွေတော့ သတ်မှတ်ထားခြင်းမရှိပါဘူး။ ရေပူးစမ်းဘေးမှာ တောရဆောက်တည်နေတဲ့ဆရာတော့်ကျောင်းကိုပဲ မိမိတို့ သဒ္ဒါ တရားရှိသလောက် နည်းများမဆို လှူဒါန်းပြီးတော့ ရေပူစိမ်နိုင်ကြပါတယ်။
FB_IMG_1515036750949.jpgရေပူစိမ်ရာမှာလည်း အခုနောင်ပိုင်းမှာတော့ မိန်းကလေးများအတွက် ကန်နဲ့ယောက်ျားလေးများအတွက် ကန်ဆိုပြီး သတ်မှတ်ထားပါတယ်။

ရေပူစိမ်ရခြင်းရဲ့အကျိုးကျေးဇူးများကတော့ အညောင်းညာအကိုက်ခဲ ပျောက်ခြင်း လေဖြတ်ထားတဲ့သူများကစလို့ ပြန်ကောင်းလာစေနိုင်အထိ အစွမ်းထိရောက်မှုရှိတယ်လို့လည်း မှတ်သားရဖူးပါတယ်ခင်ဗျာ။

တစ်ခေါက်တစ်ခါ အရောက်လာခဲ့ရင်လည်း ရေပူစမ်းကို သွားဖြစ်အောင်သွားစေချင်ပါတယ်ခင်ဗျ။

လာခဲ့မယ်ဆို လိုက်ပို့ပေးဖို့လည်းအသင့်ပါပဲ ပြောကြားရင်း steemit member အသစ်ကလေးကျွန်တော့်ကိုလည်း steemit myanmar ရွာထဲက လူများက ကြိုဆိုပေးကြပါဦးလို့
1515039879-picsay.jpg

Photo Credit >> facebook & google

Author>>>https://steemit.com/@thwinhtataung

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!