Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဟုတ်​ကဲ့​ကျေးဇူးပါဦး​ရေ

ထပ်တူပါသားရေ။

ဆရာ is the best😃😃

ဆောင်းမကုန်မချင်းဆောင်းအလှကိုခံစားနေရမှာပါဗျာ။

ဆောင်းရာသီကို ပန်းလေးတွေနဲ့တန်ဆာဆင်ပြီးရေးထားတာအရမ်းကြိုက်တယ်ဆရာ

ဆောင်းချမ်းချမ်း အလွမ်းတွေကို ကဗျာပန်းလေးတွေအဖြစ်ပြောင်းလဲလိုက်တာပါဗျာ။

ဟုတ်ကဲ့ပါဆရာ။အတုယူလျှက်ပါဆရာ

ရေးနိုင်ပါစေကွယ်။

စုံလင်လှတဲ့အရာတွေနဲ့ ဖွဲ့ဆိုထားတာ အရမ်းကောင်းပါတယ်ဆရာ

ကဗျာဆိုတာလည်းစာပန်းချီပါပဲဗျာ။

ပန်ချီအကြောင်လည်းပါပြီးရေးဖွဲ့ထားတာကိုအရမ်းကြိုက်ပါတယ်

စုတ်တန်အစားကလောင်နဲ့ရေးသောပန်းချီကားတစ်ချပ်ပါ။

ကဗျာထဲမှာ နစ်သွားတယ်

ကဗျာချစ်သူမို့ပါ။

ဆောင်းရာသီကို ဖွဲ့နွဲ့ရေးထားတာအရမ်းကောင်းတယ်ဆရာ

ဆောင်းကိုရှောင်လွဲလို့မရတော့ ဆောင်းရဲ့ချစ်စရာလေးတွေရှာကြည့်နေမိတယ်။

ဆရာဖေဖေ postဖတ်ရတာ တစ်ကယ်အားဖြစ်စေတယ်

အားဖြစ်လို့ အားတက်လာ
အားသစ်ကာ၊ ရေးချက်မှန်လို့
အတွေးသစ်၊ အပြန်ပြန်ဖြစ်တော့
တိုးတက်မည်ပေါ့။ ။

ကြွေပီ​လေကွယ်

ကြွေသာကြွေ၊ မလေပါနဲ့
မေကညာနွဲ့၊ ပြုံးတဲ့ဖြစ်အင်
မြင်ချင်ရဲ့လေး။

ကဗျာလေးးဖတ်လိုက်တော့ ဆောင်းရာသီရဲ့ ချမ်းအေးပုံကို ပိုပီး ပေါ်လွင်ထင်ဟပ်စေတာဗျာ
စာလုံးလေးတွေသေးနေတော့ သိပ်မြင်အားမကောင်းဘူးဆရာ
စာလုံးလေးတွေနဲနဲလောက်ကြီးပေးရင် ဖတ်လို့ ပိုဆင်ပြေမှာပါ ဆရာ

Point 18 နဲ့ရေးထားတာပါ၊ ပုံမှန်စာမျက်နျှာ ၉ လက်မက ၁၀ ပြောင်းလိုက်လို့သေးသွားတာ။

ဆရာရေးထားတာကောင်းတယ်ဗျ ကျွန်တော်တော့ကဗျာဆို မရေးတတ်ဘူး

ကဗျာက ဆောင်းပါးလိုဟုတ်ဘူး၊ ခံစားနေချိန်မှာပဲရေးလို့ရတာ။ အတင်းမုသွင်းယူလို့ရဘူး။

အရမ်းအဓိပ္ပါယ်​ပြည့်​ဝပါတယ်​ဆရာ

စကားလုံးကလည်းအတော်ရွေးချယ်ပြီးမှရေးရတာမို့ပါ။

ညှင်းသွဲ့ဖြေးဖြေး လေအအေးမှာ
အေးစက်တုန်ခိုက် မေးကရိုက်လို့
ကောက်ထုပ်ပမာပုံ လွှာတုပ်ခြုံချင်လည်း
လုပ်သားဘာဝ ထုံးစံအရမို့
ဆန္ဒစေရာ မနေသာဘဲ
ရုန်းကန်ကျုံးထ အတင်းကြွပြီ
ဆောင်းရယ်မပီ မေ့ရာသီ။

ဆရာ့ကဗျာဖတ်ပြီး စပ်ချင်သွားလို့ပါ ဆရာ

တစ်ကြောင်းခြင်းကာရံကိုက်ပါတယ်၊ အပိုဒ်ကူးကာရံတွေလွတ်သွားတယ်၊ စကားလုံးမရွေးတတ်သေးလို့ပါ၊ ဒါကတော့စကားလုံးကြွယ်ဝမှုနဲ့ဆိုင်ပါတယ်ဗျာ။
ပိုက်ထုတ်မွေးလာ၊ ကလေးပမာ
လွှာထုတ်ခြုံလည်း၊ လုပ်ငန်းထဲ၌
စိတ်စွဲဆန္ဒ၊ မလုပ်ရဘူး
ထကြွရုန်းကန်၊ ထုံးစံပဲမို့
မလွဲချမ်းအေး၊ မေးချင်းခိုက်မျှ
ရှောင်မရသည်၊ ဆောင်းးလရာသီ
မေ့နိုင်ပြီ။ ။

ဟုတ်ကဲ့ ဆရာ ကျေးဇူးပါ

ဆရာရေးတဲ့ကဗျာကတော့ Goodတယ်။
ကဗျာဆိုတာက စာတွေအကုန်လုံးကို ချုံ့ပြီး
အဓိပ္ပါယ်ရှိရှိရေးနိုင်မှ ကဗျာဖြစ်တာပေါ့နော် ဆရာ

ကဗျာမှာ အထိရောက်ဆုံးစကားလုံးများကိုအရင်ရွေးချယ်ရပါတယ်၊ ပြီး မလိုတဲ့စာသားတွေကိုဖြတ်၊ အဓိပ္ပါယ်ခြင်း၊ ပြန်ဟပ်၊ ကာရံကိုထပ်ဆိုတဲ့စည်းကမ်း(၃)ချက်ကိုလိုက်နာရပါတယ်ဗျာ။