Spirits of Versailles

in myanmar •  8 years ago  (edited)

Time Slipping ဖြစ်ရပ်များ
••••••••••••••••••••••

Spirits of Versailles
••••••••••••••••••

     Spirits of Versailles ဆိုတဲ့ဖြစ်ရပ်ဟာ Time Slipping ဖြစ်ရပ်အဖြစ် ပထမဆုံးမှတ်တမ်းတင်ခံရတဲ့ အဖြစ်တွေထဲက တစ်ခုပါ။ 1901 သြဂုတ်လ 1

ရက်နေ့ မှာ ဇာတ်လမ်းလေးက စခဲ့တာပါ။
Oxford;St Hugh's collage က
ကျောင်းအုပ်ကြီး ဖြစ်သူ အင်္ဂလိပ်အမျိုးသမီး ချားလော့ အန်နီ မော့ဘ်လီ (Charlotte Anne Moberly )နဲ့
ဒု-ကျောင်းအုပ် ဖြစ်သူ
အယ်လီနာ ဂျော်ဒိန်း(Eleanor Jordain)
တို့ဟာ ပြင်သစ်နိုင်ငံ ဗာဆိုင်းနန်းတော်ကြီး
ဆီကို လေ့လာရေးခရီးသွားခဲ့ကြတယ်။
ပြီးတော့ ဗာဆိုင်းကတစ်ဆင့်
ပက်တစ်ထရစ်ရွန် (Petit Trianon)
ရဲတိုက်ဆီ ဝင်လေ့လာခဲ့ကြတယ်။
ဧည့်လမ်းညွှန်မပါဘဲ လမ်းညွှန်စာအုပ်ကိုပဲသုံးပြီး နှစ်ယောက်သား သွားကြတာပါ။

      ဝင်သွားပြီးမကြာခင်မှာပဲ လမ်းပျောက်ကြတော့တယ်။  သူတို့အဆို အရ

ရဲတိုက်ထဲဝင်ပြီး လမ်းအချိုးလေးတစ်ခုကိုတွေ့လို့ ဆက်လိုက်သွားကြရာက စိတ်ထဲမှာ တမျိုးတမည် ဖြစ်သွားကြတယ်လို့ဆိုတယ်။ ဆက်ဝင်သွားကြရာ ကနေ မြင်ကွင်းတွေက ပြောင်းလဲသွားသတဲ့။
သစ်ပင်တွေအုံ့ဆိုင်းပြီး နေရောင် မပြောက်တပြောက် ကျပြီး အုံ့မှိုင်းနေတဲ့နေရာတစ်ခုကိုရောက်နေတာကိုတွေ့လိုက်ရတော့တယ်။

  သူတို့ ဆက်လျှောက်သွားကြရင်း ရှေးခေတ် အဝတ်အစား တွေကို ဝတ်ထားတဲ့ 

လူတွေကိုတွေ့လာရတယ်။အစိမ်းရောင် ခပ်မွဲမွဲ ဝတ်စုံကြီးတွေ ဝတ်ထားတဲ့ ရဲတိုက်ထဲက ဥယျာဉ်မှူး တွေဖြစ်မှန်းသိလာရတယ်။ ဆက်သွား ဆက်သွားရင်း
တောအုပ်ငယ်လေးတစ်ခုထဲရောက်သွားကြပြန်တယ်။တောထဲမှာလည်း ရှေးခေတ် အဝတ်အစား တွေနဲ့ လူတွေကို ထပ်တွေ့ရပြန်သတဲ့။ တောအုပ်လေးရဲ့အဆုံးကိုရောက်တော့ သုံးထောင့်ချွန် ဦးထုပ် ကို ဆောင်းထားပြီး ဝတ်ရုံရှည်ကြီး ဝတ်ဆင်ထားတဲ့ ခပ်ကြမ်းကြမ်းလူကြီးတစ်ယောက်ဟာ ထိုင်နေလျက် သူတို့ကိုခပ်စိမ်းစိမ်း အကြည့်နဲ့ ကြည့်နေတာကိုတွေ့ရတယ်။

  တောအုပ်ထဲက ထွက်ပြီး တံတားလေးတစ်ခုကို ဖြတ်ပြီး တဲ့အခါ လှပလွန်းတဲ့ ဆံပင်ခွေလေးတွေနဲ့ မိန်းကလေးတစ်ယောက်က သူတို့ကို မြက်ခင်းပေါ်က ကြည့်နေတာလည်း တွေ့ရပြန်တယ်လို့ဆိုတယ်။ ဒီလိုနဲ့ သူတို့ ဆက်ပြီး သွားကြရာ နောက်ဆုံး တခြား ခရီးသွားတွေနဲ့ပြန်တွေ့မှ ပစ္စုပ္ပန် ကို ပြန်ရောက်နေကြောင်းတွေ့ရတော့တယ်။

 သူတို့နှစ်ယောက်ရဲ့ပြောပြချက်အရ တောအုပ်ထဲမှာထိုင်နေတဲ့လူဟာဗာဆိုင်းနန်းတော်ထဲမှာချိတ်ထားတဲ့ 

ပန်းချီကားထဲမှာပါဝင်တဲ့လူဝီ (၁၆)ဘုရင်ရဲ့ တရားရေးကျွမ်းကျင်သူ
Joseph Hyacinthe Francois de Paule de Rigaud ဆိုတဲ့လူဖြစ်ပြီး မြက်ခင်းပေါ်ကမိန်းကလေး ဟာလည်းနန်းတော်ထဲမှာချိတ်ဆွဲထားတဲ့ ပန်းချီကားထဲက
ပြင်သစ်ရာဇဝင်မှာထင်ရှားခဲ့တဲ့ Marie Anto-inette ဆိုတဲ့ အမျိုးသမီးဖြစ်တယ်လို့ဆိုပါတယ်။

သူတို့တွေ ပြင်သစ်တော်လှန်ရေး

(French Revolution) ကာလကို ရောက်သွားတယ်လို့ အခိုင်အမာ ဆိုကြသူတွေရှိသလို မယုံကြသူတွေလည်း ရှိပါတယ်။ သူတို့နှစ်ယောက်ဟာပညာတတ် ဂုဏ်သရေ ရှိ အမျိုးသမီး တွေ ဖြစ်တဲ့အတွက်လိမ်ညာတာမဖြစ်နိုင်ဘူး လို့ ဆိုသူတွေလည်းရှိကြပါတယ်။
စာဖတ်သူရော ဘယ်လိုထင်သလဲ......?

October ; 1979ဖြစ်ရပ်
•••••••••••••••••••••

Simpsons ဆိုတဲ့ ဇနီးမောင်နှံ နှစ်ယောက်နဲ့ Gisbys ဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက် တို့ဟာ ပြင်သစ်နိုင်ငံ en route

ကနေ စပိန် နိုင်ငံ ဆီကို အတူတကွ အားလပ်ရက် ခရီးထွက်ခဲ့ကြတယ်။ စပိန်မရောက်ခင် လမ်းခုလတ်မှာ နားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ဒီလိုနဲ့ တည်းခိုဖို့နေရာ တစ်ခုခု ရှာကြတယ်။ ရှာရင်းဖွေရင်း ခေတ်ဟောင်း
ပုံစံ ဟိုတယ်ကြီး တစ်ခုတွေ့ပါရော။
ဒါနဲ့ပဲ ဝင်ပြီး တည်းခိုလိုက်တယ်။ နောက်နေ့ကျ ခရီးဆက်တယ်ပေါ့။

ခရီးကအပြန် မှာလည်း အဲ့ ဟိုတယ်ကြီးမှာပဲ တည်းခိုဖို့ ဆုံးဖြတ်ကြပေမယ့်.............ဘယ်လိုရှာရှာ ၎င်းဟိုတယ်ကြီးကိုရှာမတွေ့ တော့ပါဘူး။.....သူတို့ တည်းခို စဉ်က ဟိုတယ်ကြီးကို ရိုက်ထားခဲ့တဲ့ ဓာတ်ပုံတွေဟာလည်း လုံးဝ
ပျောက်နေတာကိုတွေ့လိုက်ရတယ်။
သူတို့တွေ အတိတ်ကာလက ရှိဖူးတဲ့ ဟော်တယ်ဆီကို ရောက်ခဲ့ကြတာလား ဆိုတာ ယနေ့ထိ ပဟေဠိဖြစ်နေဆဲပါ........
Time Slipping ဖြစ်ရပ်တွေထဲက နာမည်ကြီးတဲ့ အကြောင်းတစ်ခုပါ။

South Forks ဖြစ်ရပ်
••••••••••••••••••

   1941 ; အမေရိကန် နိုင်ငံ South Forks တံတားဖွင့်ပွဲ က ပုံတစ်ပုံမှာအထူးအဆန်းကိုတွေ့လိုက်ရပါတယ်။

(ပုံကိုဖော်ပြထားပါတယ်။) ပုံမှာ လူတစ်ယောက် ဟာ နေကာမျက်မှန်ကို တပ်ထားပြီး ကင်မရာတစ်လုံးကိုင်ထားတာကို အနီရောင် စက်ဝိုင်းနဲ့ကွင်းပြထားပါတယ်။
1940-41 လောက်တုန်းက နေကာမျက်မှန်ဆိုတာ မရှိသေးသလို သူကိုင်ထားတဲ့ ကင်မရာဟာလည်း မပေါ်သေးပါဘူး။

 သူ့အနီးနားက လူဟာလည်း သူ့လို ကင်မရာ တစ်လုံးကိုင်ထားတာမြင်ရမှာပါ။

အဲဒီ့ ကင်မရာ ဟာလည်း နောင် အနှစ် ၅၀လောက် မှပေါ်ပေါက် လာတာပါ။ 1941 လောက်က မရှိသေးပါဘူး။

ဒါကြောင့် အဲဒီ့လူ ၂ယောက်ဟာ Time Slip ကြောင့် 1941 ကို အမှတ်မထင် ရောက်လာတဲ့ အနာဂတ် ကလူတွေလား။

Time Machine ကို သုံးပြီး လာလေ့လာတဲ့ နောင် အနာဂတ် Time Machine ပေါ်ပေါက်ပြီး အချိန် က လူတွေလားဆိုတာ ယနေ့ထိ မဖြေရှင်းနိုင်တဲ့
Time Slipping နဲ့ ပတ်သက်နဲ့ ပဟေဠိ တစ်ပုဒ်ပါပဲ..............

Time Slipping နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်
တွေဟာ တစ်ခု နှစ်ခု မကပါဘူး။
ရာနဲ့ချီပါတယ်။....အချို့ Time Slipping ဖြစ်ရပ် တွေဟာ အခြား မှော်ပညာ နဲ့ သဘာဝလွန်ဖြစ်ရပ် page တွေမှာ တင်ပြီးသားဖြစ်လို့ ကျွန်တော်ပြန် မတင်ပေးတော့ပါဘူး။

.......အခြားဖြစ်ရပ်တွေအများအပြားလည်းရှိပါသေးတယ်..............

အမေရိကန်၊ဖလော်ရီဒါ မှာ ၁၉၄၅ ခုနှစ်က လေတပ်စခန်းမှာ လေ့ကျင့်ရေးဆင်းနေတဲ့ လေယာဉ်အစီး ၂၀ ပျောက်သွားခဲ့တယ်။။ ရှာဖို့ လွှတ်လိုက်တဲ့ ၅စီးလည်း ထပ်ပျောက်သားတာ ဒီနေ့အထိ ပေါ်မလာကြသေးပါဘူး။ သူတို့ Time Slipping ဖြစ်ရပ်ကြောင့် အခြားအချိန် တစ်ခုကိုရောက်သွားကြတာလားဆိုတာ မေးခွန်းထုတ်စရာပါ။

ဒုတိယ ကမ္ဘာစစ်တုန်းကလည်း မြန်မာနိုင်ငံ ရိုးမတောကြီးထဲမှာ ဗြိတိသျှ တပ်ကြီး တစ်တပ်လုံးပျောက်သွားခဲ့ဖူးတယ်။ ချာချီကိုယ်တိုင် ကမ္ဘာ့စစ်သမိုင်းမှာမကြုံဖူးသေးတဲ့ အထူးအဆန်းဖြစ်ရပ်လို့  မှတ်ချက်ချခဲ့ဖူးပါတယ်။.......

Time Slip ဖြစ်ရပ်ဟာ ယနေ့ထိ အဖြေမထုတ်နိုင်သေးတဲ့ ဖြစ်ရပ်တွေဖြစ်ပေမယ့် တစ်နေ့ကျရင်တော့ အဖြေတွေဟာ လူသားတွေရှေ့မှာပေါ်ပေါက်လာမယ်လို့ မျှော်လင့်မိပါကြောင်း..........credit to
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

follow me back!

ဒုန်း ဆား ပ လိ ဖော လိုး မီ