Gems ( မြောနီ ကျောက် အကြောင်း )
Hello,
မြောနီ ကျောက်သည် နဝရတ်(၉)ပါး ဝင် ကျောက် မဟုတ်သော်လည်း တန်ဖိုး အသင့်အတင့် ရှိပြီး လှပသည့်အတွက် လူအများ ဝတ်ဆင် လေ့ ရှိကြပါသည်။
Scapolite ( မြောနီ) ကျောက် ကို ကျောက်လောကသမားများ အခေါ် ကတော့ သူယောင်မယ် ကျောက်ဟူ၍ လည်း ခေါ်ဝေါ်ကြပါသည်
အနီရောင်ပန်းရောင်ကို အများစုက တန်ဖိုးထားခဲ့သောကြောင့် မြောနီဟု့အမည်ပေးခဲ့ခြင်း ဖြစ်ပါသည်
မြောနီကျောက်သည် နေရာအနှံအပြားမှလည်းထွက်ရှိပါသည်
မြောနီ ၏အရောင်မှာ တော်တော်များများရှိပါသည်
အနီရောင် ပန်းရောင် ရောင်မဲ့ မီးခိုးရောင် ခရမ်းရောင်တို့ကိုအများအားဖြင်တွေ့ရှိရပါသည်
မြန်မာနိုင်ငံတွင် မြောနီ အနီနှင့်ပန်းရောင်ကို ဓာတ်တော်တောင်တွင်တွေ့ရပြီး အဖြူ မီးခိုးနှင့် အဝါရောင်ကို အုန်းပင်ရေထွက်မှတွေ့ရှိရပါသည်
မြောနီ ခရမ်းရောင်ကို အနောက်ပိုင်း ဒန့်ဒကူးတောင်မှထွက်ရှိပါသည်
Scapolite များ သည် ဆေးဆိုး၍ရပါသည်
လှပသည့် အတွက် ဖန်စီ အနေနှင့်သာမက ရွေဖြင့် တွဲဖက် ၍ လက်ဝတ်ရတနာ အနေနဲ့ ပါ ဝတ်ဆင်ကြပါသည်
ဗဟုသုတရအောင်တင်ပြသောသီသီညိုကိုကျေးဇူးတင်ပါသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit