ဒီနေ့ ရုံးကစလုံးတရုတ်မတွေနဲ့ စကားစမြည်ပြောဖြစ်တော့....စင်င်္ကာပူမှာ Beggarတစ်နည်းအားဖြင့်(တောင်းစားတဲ့ သူ)မရှိတဲ့ အကြောင်းလေးပါ့။နိုင်ငံတော်က တောင်းစားတဲ့ သူတွေကိုillegal(တရားဝင်ခွင့်မပြု) ထိရောက်စွာအရေးယူသည်။လမ်းပေါ်တွင်ဖြစ်စေ၊ဘူတာရုံ၌ဖြစ်စေ၊ကားဂိတ်တွင်ဖြစ်စေဂတောင်းရမ်းသူများတွေ့ ရှိပါက ရဲများအချိန်တိုအတွင်းလာရောက်လျှက်ဖမ်းစီးခေါ်ဆောင်သွားကြောင်း၊စခန်းရောက်လျှင် သေချာစုံစမ်းမေးမြန်းပီးတစ်ကယ့်အခက်အခဲရှိနေသောသူများကို အလုပ်အကိုင်ရရှိရန်တာဝန်ယူပီး၊အကြောင်းအရင်းမခိုင်လုံသောသူများကို ထိထိရောက်ရောက်အရေးယူလျှက်သည် စသည်ဖြင့်ပြောပြသည်။ဥပဒေတင်းကျပ်စိုးမိုးသောနိုင်ငံဖြစ်သည်။တစ်ချို့ မသန်စွမ်းတွေတော့တောင်းရမ်းတာမျိုးရှိ၏။သူတို့ ကလည်းလက်ဗလာဖြင့်တောင်းရမ်းခြင်းမျိုးမဟုတ်၊တီချူးလိုအရာများကိုရောင်းပီးအလှူခံသည်။ဒါတောင်သတ်မှတ်ထားသည့်ငွေကြေးပမာဏထက်လက်မခံပေ။ဥပမာ တီချူး၃ထုတ် ၁ကျပ်ဆိုပါစို့ ။၁ကျပ်ဘဲယူသည် ၂ကျပ်ပေးပါက၁ကျပ်ပြန်အမ်းသည်။သူတို့ နိုင်ငံရဲ့ ဥပဒေကိုသူတို့ ကြောက်သည်။ရထားပေါ်ဆိုလျှင်သည်မိန်းကလေးများကိုအသားယူထိပါးစော်ကားခြင်းများရှိလျှင်ချက်ချင်းတိုင်ကြားနိုင်သည်။ထိရောက်စွာအရေးယူပေးသည်။
@credit Google image
ကဲထားပါလေ မြန်မာနိုင်ငံတွင် အသက်အရွယ်မပြည့်ဘဲတောင်းရမ်းစားသောက်သောကလေးငယ်များရဲ့အနာဂါတ်ကိုစိတ်ပူမိသည်။စာသင်ရမယ့်အရွယ် ကျောင်းတတ်ရမည့်အရွယ်မှာ တောင်းရမ်းစားသောက်နေကြသည်မှာကားရင်လေးဖွယ်ရာဖြစ်ပေသည်။စားသောက်ဆိုင်များတွင်လည်း ဘုန်းကြီး၊မယ်သီလ ၊လူကြီးလူငယ် များဝင်ရောက်တောင်းရမ်းနေသည်များကိုလည်းတွေ့ရသည်။တစ်ချို့ ဆိုင်များ၍ "အလှူခံခြင်းသည်းခံ"ပါဟုရေးသားထားသည်ကိုတွေ့ ရသည်။
@Credit Google Image
မြန်မာနိုင်ငံတွင်စင်ကာပူကဲ့ သို့ ဥပဒေမျိုးရှိလျှင်တောင်းရမ်းစားသောက်သူများလျှော့သွားလေမည်လားစသည်ဖြင့်တွေးမိသည်။တောင်းရမ်းစားသောက်သူများပပျောက်အောင် Project Plan များရေးပီး ပရဟိတသမားများနှင့်ရဲတပ်ဖွဲ့ ဝင်များက ပူးပေါင်းပါဝင်ပီးဆောင်ရွက်လျှင်ကားပပျောက်သွားမည်လားစသည်ဖြင့်လည်းတွေးမိပြန်သည်။ယခုလက်ရှိမြန်မာနိုင်ငံတွင် World Bank မှဆင်းရဲမှုပပျောက်ရေးplanများလုပ်ဆောင်နေသည်ကိုတွေ့ ရ၏။မြန်မာနိုင်ငံလူဦးရေသန်း၆၀နီးပါးရှိသောကြောင့်ဆင်းရဲပပျောက်ရန်Planက အချိန်တိုတွင်းမဖြစ်နိုင်ပေ။ဖြည်းဖြည်းမှန်မှန်သွားရန်လိုအပ်ပေသည်။တစ်နေ့ နေ့တစ်ချိန်ချိန်တွင်မြန်မာနိုင်ငံသည်လည်းဆင်းရဲမှုပပျောက်ပီး၊တောင်းရမ်းစားသောက်သူများပပျောက်အောင်လုပ်ဆောင်နိုင်မည်ဟုယုံကြည်လျှက်ရေးသားလိုက်တင်ပြလိုက်ပါသည်။
@Photo Credit By Google Image
Author:@thanthansoe(Steemit)
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
အရေးအသားပိုင်းရော.... အတွေးအခေါ် ပိုင်းရော အများကြီး တိုးတက်လာပြီ။ သူများနိုင်ငံ မှာ သူတောင်းစားပ ပျောက်ရေး ကို ဘယ်လို လုပ်ကြတယ် ဆိုတာ research လုပ်ပြီး ပြန်ဖေါ်ပြပေးနိုင်ရင် အများအတွက်လည်း ဗဟုသုတရမှာ ဖြစ်ပါတယ်။
အရေးအသားနဲ့ စာလုံးအရေအတွက်ကတော့ မကြာခင် MSC တန်းဝင်တယောက်ဖြစ်လာဖို့ သေချာနေပါပြီ။ စာများများဖတ်ပါ။ များများရေးပါ။ အကြောင်းအရာတခု ကို ရေးချင်ရင် သူများတွေ တခုခု ရသွားပါစေတော့ လို့ စေတနာထည့်ပေးပါ။ ဥပမာ, သုတ ( ဝါ ) ရသ တမျိုးမျိုး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကြိုးစားပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good အိုင်ဒီယာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Long time journey but hope may be one day.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Of course bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit