Today is" International Women’s Day"
အမျိုးသမီးတစ်ယောက်အနေဖြင့်ခံစားပီးအားလုံးအတွက်မျှဝေချင်ပါတယ်။ငယ်ငယ်တုန်းကယောင်္ကျားလေးအရမ်းဖြစ်ချင်ခဲ့ တယ်။ဘာလို့ လဲဆိုတော့ ညီအကိုမောင်နှမတွေကြား မိန်းကလေးဆိုလို့ မိမိတစ်ယောက်သာပါသောကြောင့်ပင်။အစ်ကိုတွေ ဘောလုံးသွားကန်လည်းမလိုက်ရ၊လက်ဖက်ရည်ဆိုင်ထိုင်လည်းမလိုက်ရ၊ဂိမ်းဆိုင်သွားရင်လည်းမလိုက်ရစသည်ဖြင့် မိန်းကလေးဟူသောခေါင်းစဉ်အောက်မှာနေခဲ့ ရ၏။ယောင်္ကျားလေးတစ်ယောက်လိုလွတ်လွတ်လပ်လပ်သွားလာနေချင်သော်လည်းလူကြီးမိဘများ၏အဆုံးအမအောက်တွင်နေရ၏။ကိုယ်လုပ်ချင်တာလုပ်ခွင့်မရခဲ့ ပေ အဘယ်ကြောင့်ဆိုသော်မိန်းကလေးဖြစ်နေသောကြောင့်ပင်။
ဒါပေမယ့်အခုလို သူများနိုင်ငံရောက်တော့ ယောင်္ကျားလေးနဲ့ မိန်းကလေးတန်းတူအခွင့်အရေးရရှိသည်ကိုမျက်ဝါးထင်ထင်တွေ့ မြင်လာရသည်။ညဘက်တွေ ယောက်င်္ကျားလေးတွေလည်းကော်ဖီဆိုင်ထိုင် ၊မိန်းကလေးတွေလည်းကော်ဖီဆိုင်အပြိုင်အဆိုင်ပင်ထိုင်ကြသည်။Taxi or Bus Driver ဆိုရင်လည်းယောင်္ကျားလေးရော၊မိန်းကလေးပါတန်းတူအလုပ်ကိုလုပ်ကိုင်လျှက်ရှိသည်။ပညာရေးတွင်လည်းယောင်္ကျားလေးသင်ယူတတ်မြောက်သလိုမိန်းကလေးသည်ထိုနည်းတူစွာသင်ယူတတ်မြောက်နိုင်သည်။စစ်တပ်ထဲမိန်းကလေးတွေတာဝန်ထမ်းဆောင်နေကြပီ။NASA မှအာကာသယာဉ်မောင်းနှင်သူမှာမိန်းမတွေဖြစ်နေပီစသည်ဖြင့် ယောင်္ကျားမိန်းမတန်းတူအခွင့်အရေးရနေသည်မှာအထင်အရှားတွေ့ မြင်ရသည်။ယခုအချိန်ခတ်မီဖွံဖြိုးတိုးတတ်သောနိုင်ငံများတွင် ယောင်္ကျားမိန်းမတန်းတူအခွင့်အရေးပေး၏ ။သို့ သော်မြန်မာနိုင်ငံတွင် အလုပ်ခေါ်စာတော်တော်များများမှာ Male only ဘဲတော်တော်များများခေါ်တာတွေ့ ရတတ်ပါသည်။အင်ဂျီနီလောကတွင်လည်းယောင်္ကျားလေးတွေသာလစာကောင်းနေရာကောင်းရာထူးကောင်းရတာမြန်ပေသည်။မိန်းကလေးအများစုက ရုံးပိုင်းဆိုင်ရာစသည်ဖြင့်သာ ခန့် ထားတတ်၏စသည်ဖြင့်တန်းတူအခွင့်အရေးမရရှိပေ။
မိမိအနေဖြင့် မြန်မာနိုင်ငံတွင် လည်း ပညာရေး၊စီးပွားရေး၊လူမှုရေးနယ်ပယ်အသီးသီးတွင် ယောင်္ကျား၊မိန်းမတန်းတူအခွင့်အရေးပေးပီး အမျိုးသမီးဂုဏ်ကိုမြင့်တင်သင့်ကြောင်း ကိုရေးသားတင်ပြလိုက်ခြင်းသာဖြစ်သည်။
Photo Credit By Google Images
Author:@tthanthansoe(Steemit)