ကျွန်တော်တို့ရဲ့ ကျေးဇူးကြီးလှ မိနဲ့ဖ တွေရဲ့ မိဘကျင့်ဝတ်ကို ဖော်ကျူးရေးဖွဲ့ချင်ပါတယ်။ကျွန်တော်တို့တွေလည်း တစ်နေ့နေ့တစ်ချိန်ချိန် မိဘနေရာကိုရောက်လာကြမယ်။ဒါကြောင့် မိဘနေရာရောက်ရင် မိဘကျင့်ဝတ်ဆိုတာ သိထားသင့်တယ်။သားသမီးတို့ကိုအုပ်ထိန်းသူတွေဖြစ်လာပြီး မိဘကျင့်ဝတ်နဲ့အညီ ပြုမှုဆောင်ရွက်ရတော့မယ်။ခုထဲက မိဘကျင့်ဝတ်ကို မသိရင် သားသမီးတွေအပေါ် သွန်သင်ဆုံးမနိင်မှာ မဟုတ်ဘူး။သားသမီးတွေက မေးလာရင်လည်း မဖြေနိင်ရင် မဖြစ်ပြန်ဘူး။ကလေးတွေကတော့ အနည်းအများတော့ မေးကြပါလိမ့်မယ်။မိဘတွေအနေနဲ့လည်း လေ့လာသင့်ပါတယ်။တစ်ချိန်မိဘနေရာရောက်လာမဲ့သူတွေ ခုလက်ရှိမသိသေးတဲ့မိဘတွေနဲ့ မိဘကျင့်ဝတ်သိထားတဲ့သူတွေရော လေ့လာပါ။
၁။မကောင်းမြစ်တာ
မိဘတွေက သားသမီးအပေါ် မကောင်းတဲ့စိတ် မကောင်းတဲ့အလုပ်တွေကို တားမြစ်ကြရမယ်။သားသမီးတွေက မိဘတားမြစ်တဲ့ မကောင်းတဲ့အရာတွေကို လေးလေးစားစားနဲ့ လိုက်နာပါ။နောက်တစ်ချိန် မိမိတို့လည်း မိဘနေရာရောက်ရင် မိမိတို့သား သမီးတွေကို ဆုံးမတာမြစ်ကြရမယ်။ခုချိန်မှာ မိဘတွေ တားမြစ်ဆုံးမတာကို စိတ်ထဲအလိုမကျမဖြစ်ပါနဲ့။ဒါတွေဟာ မိမိတို့ကို မိဘတွေက ကောင်းစေချင်လို့ မကောင်းမှုကို တားမြစ်နေရခြင်းဖြစ်ပါသည်။နောက်အချိန်တွင် မိဘနေရာရောက်တဲ့အခါ မိမိတို့ သားသမီးတွေလည်း မိမိပြောစကား နားထောင်ပြီး မိဘအပေါ် အကောင်းမြင်တတ်မှာပါ။ဘာကြောင့်လည်းဆို မိမိငယ်ငယ်က မိဘရဲ့ ဆုံးမသွန်သင်မှုကို နားထောင်းခဲ့တဲ့အတွက် မိမိတို့မိဘဖြစ်ချိန်မှာလည်း သားသမီးတွေက မိမိရဲ့စကားကို နားထောင်တတ်တဲ့ကလေးတွေဖြစ်မှာပါ။ဒါ
မိဘတွေ သားသမီးအပေါ်ထားရှိတဲ့ မေတ္တာစေတနာတွေပါ။
၂။ကောင်းရာညွှန်လတ်
မိဘတွေဟာ ကောင်းတဲ့အလုပ် ကောင်းတဲ့အကြံဥာဏ်တွေပေးပြီး သားသမီးတို့ရဲ့ အနာဂတ်ကောင်းစားဖို့အတွက် လမ်းညွှန်ပေးကြပါသည်။မိဘမေတ္တာဟာ တွေးကြည့်တာနဲ့တင် အရမ်းပီတိ ဖြစ်စေပြီး ရင်းတွင်းအေးမြလှပါသည်။အနာဂတ်မှာသားသမီးတွေ နေနိင် စားနိင်အောင် မကောင်းမှုအလုပ်တွေကိုတားမြစ်ကြပြီးကောင်းသောအလုပ်တွေကို ညွှန်ပြပေးတတ်တဲ့ မိဘကျင့်ဝတ်တွေဖြစ်ပါတယ်။သားသမီးတွေ မိဘနေရာရောက်ရင်လည်း မိမိတို့ရဲ့ သားသမီးတွေကို ဆုံးမတတ်အောင် လမ်ညွှန်ပေးပါတယ်။မိဘတွေကို ကောင်းရာညွှန်လတ်ဆိုတဲ့ကျင့်ဝတ်နဲ့အညီ ဆုံးမသွန်သင်ပေးကြပါသည်။
၃။အတတ်သင်စေ
သားသမီးတွေအရွယ်ရောက်လာတဲ့အချိန်တွေမှာ ပညာတတ်ကြီးဖြစ်အောင် မိဘတွေက ကြိုးစားရပြန်တယ်။လောကမှာ ပညာတတ်မှ လူရာဝင်တတ်တယ်လို့ ဆိုကာ ပညာတတ်တဲ့သားသမီးတွေဖြစ်အောင် ကျောင်းတော်ကြီးတွေကို အသီးသီးပို့ကြသည်။ထိုပညာရေးစရိတ်တွေကို ရှာနိင်အောင် အလုပ်တွေကို ပင်ပင်ပန်းပန်းနဲ့လုပ်ရပြီး သားသမီးတွေပညာတတ်ဖြစ်စေချင်တဲ့မိဘမေတ္တာ အရမ်းကြီးမားလောက်ပါတယ်။သားသမီးများကလည်း မိဘတွေဖြစ်စေချင်တဲ့ပညာတတ်ကြီးတွေဖြစ်အောင် ကြိုးစားကြပြီး မိဘတွေအပေါ် တစ်လှည့်ပြန်ပြီး အလုပ်ကျွေးပြုကြပါ။မိဘတွေ မိမိတို့အပေါ် ကောင်းခဲ့တဲ့အရာတွေကို မမေ့ပါနဲ့။ပြန်ပြီးကျေးဇူးဆပ်ကြပါ။
၎။ ပေးဝေနှီးရင်း
သားသမီးတွေအရွယ်ရောက်လာတော့ ကိုယ်ပိုင်အလုပ်တွေထောင်တော့ မိမိတို့ဆီမှာရှိတဲ့ ငွေလေးတွေပေးရပြန်တယ်။သားသမီးတွေအဆင်ပြေဖို့ မိဘများဟာ သူတို့ဆီမှာတောင် ငွေပိုငွေလျှံမထားဘဲ ပေးတတ်ကြတဲ့ မိဘမေတ္တာဟာ ကျေးဇူးကြီးလှပါတယ်။အရွယ်ရောက်တော့ အိမ်ထောင်ပြုတော့လည်ူ မိမိတို့ပိုင် ပစ္စည်းများကို သားသမီးတို့ကို ညီညီမျှမျှ ခွဲဝေပေးကြပြန်တယ်။မိဘတွေဟာ ပေးဝေနှီးရင်းဆိုတဲ့ကျင့်ဝတ်နဲ့အညီ ပေးကမ်းကြပါတယ်။
၅။ ထိမ်းမြားခြင်းလျှင်
သားသမီးတွေ အရွယ်ရောက်လို့ အိမ်ထောင်ပြုတဲ့အချိန်ရောက်တော့ မိဘများဟာ ထိမ်းမြားပေးဖို့ သားသမီးတွေအတွက် ချွေးမရှာရပြန်တယ်။ဒါမှမဟုတ် သားသမီးတွေကို အိမ်ထောင်ပြုဖို့ တိုက်တွန်းရပြန်တယ်။ထိမ်းမြားခြင်းဆိုတဲ့ ကျင့်ဝတ်တွေကို လုပ်ပေးကြပြီး သားသမီးတွေကို အိမ်ထောင်ပြုစေပါသည်။ဒါဟာ မိဘကျင့်ဝတ်ရဲ့ နောက်ဆုံးကျင့်ဝတ် ထိမ်းမြားခြင်းလျှင် ဆိုတဲ့ကျင့်ဝတ်ဖြစ်ပါတယ်။
Steemit myanmar အဖွဲ့သားများအားလုံး မိခင်ကောင်း ဖခင်ကောင်းများဖြစ်ကြပါစေ။
အစဉ်ကြိုးစားလျက်
လိုအပ်ချင်များရှိလျင်
နားလည်ပေးကြပါ
Author tunnaingwin
26.12.2017/20:50pm
HFS.3
Msc.100
good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖြန့်ကျက်တွေးခေါ်ခြင်းဆိုတာဒါပဲလေ၊ လက်တွေ့နဲ့ သဘောတရားကိုပေါင်းစပ်လိုက်တော့ post ကောင်းတစ်စောင်ထွက်တာပေါ့။ သည်ထက်ချဲ့ရင်တောင်မင်းအနေနဲ့ရသေးတယ်။ အရေးအသားတော့ဂရုစိုက်ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျင့်ဝတ်လေးတွေရေးသားတဲ့အတွက် အားပေးပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျင့်ဝတ်အကြောင်းသိရတဲ့အတွက် ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good post@tunnaing
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုလိုတင်ပြတဲ့အတွက် ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိဘကျင့်ဝတ်လေးကို အကျယ်လေးရှင်းပြသွားတာ အင်မတန်ကောင်းပါတယ် အားပေးလျှက်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းမွန်တဲ့ တင်ပြမှုပါ bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကဗျာကိုရှင်းပြသွားတာကောင်းပါတယ်...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့sis
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သားသမီးကျင့်ဝတ်တို့  ဘာတို့ စောင့်မျှော်နေပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post bro မိဘကျေးဇူး အထူး သိတတ်ကြပါစေ😃😃
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Great post bro...
အကျယ်တ၀င့် ရှင်းပြသွားတာကောင်းပါတယ်..bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရှင်းလင်းအောင်ရေးဖွဲ့နိုင်တဲ့အတွက်လေးစားပါတယ်ဗျာ(သူရ)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Excellent writting
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit