သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၉)
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။
ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။
စောစောထပါ
မိမိတို့အနေနဲ့ အမြဲတမ်း စောစောထတတ်သော အကျင့်ကို ပြုလုပ်ကြပါ။စောစောထရမှာ မပျင်းပါနဲ့။အမြဲတမ်းပျင်းနေလျင် ကြာရှည် မိမိအတွက်လည်း မကောင်းပါဘူး။နောက် မိမိနောက်ကျမှ ထလျင် ကိုယ်စောင့်နတ်တွေက ကျိန်းဆဲခြင်း ခံရတတ်သည်ဟု ရှေ့လူကြီးများ၏အဆိုအရ သိရှိကြပါလိမ့်မည်။စောစောထပြီး မိမိအိမ်အတွက် ပြင်စရာ လုပ်စရညများကို အရင်လုပ်ပါ။နောက် မိမိအလုပ်အတွက် ပြင်စရာ တွေပြင်ဆင်ကြပါ။မနက်စောစောအိက်ယာထလျင် အရင်ဆုံး တစ်ကိုယ်ရေ သန့်ရှင်းမှုကို အရင်ပြုလုပ်ပြီး ဘုရား ပန်း သောက်တော် ရေချမ်း များလုပ်ကြပါ။ထိုသို့လုပ်ခြင်းဟာ မိမိအိမ်အတွက် မင်္ဂလာရှိသလို မိမိအတွက်လည်း မင်္ဂလာရှိသောနေ့လေးဖြစ်ပါတယ်။မိမိတို့ရဲ့တစ်နေ့တာ မင်္ဂလာရှိမှုဟာ မနက်စောစောထပြီး ပြုလုပ်သော အလုပ်ပေါ်မှုတည်ပြီး ဖြစ်ပေါ်လာတာပါ။ဒါကို လူတွေက မသိပါ။မိမိမနက်စောစောကောင်းမှုပြုလုပ်လျင် စိတ်အေးချမ်းမှုဖြစ်စေပြီး အလုပ်လုပ်ရာတွင်လည်း အဆင်ပြေပါသည်။ဒါကြောင့် စောစောထပြီး ကောင်းသောအမှုများကို ပြုလုပ်ပါလို့ပြောပါရစေ။
အကောင်းဆုံးလုပ်ပါ။
မိမိတို့ဟာ အလုပ်တစ်ခု လုပ်ရာတွင် အစွမ်းကုန်နဲ့အကောင်းဆုံးလုပ်ခြင်းတွေအရမ်းအားနာ်းနေပါသည်။လုပ်ငန်းခွင်တွေမှာ တစ်ချို့က ဝတ်ကျေတန်းကျေလုပ်ကိုင်ကြပြီး တစ်ချို့ကလည်း ကြိုးစားပြီး အကောင်းဆုံးလုပ်ကြပါသည်။သို့သော် အကောင်းဆုံးပြုလုပ်သူက အရမ်းနည်းသည်။နောက်တစ်ခုပြောချင်တာက အလုပ်ကြိုးစားပြီး အကောင်းဆုံး လုပ်သောသူသည် အလုပ်ကို စောစောလာတတ်ပြီး အလုပ်ဆင်းချိန်မှာလည်း နောက်ကျမှ ဆင်းတတ်သည်။သို့သော် တစ်ချို့သူတွေ အလုပ်ကို မကြိုးစားသူတွေကတော့ အလုပ်လာရင်လည်း နောက်ကျတတ်ပြီး အကြောင်းအမျိုးမျိုးပြတတ်ကာ ဆင်ခြေဆင်လက် ပေးတတ်သည်။နောက်အလုပ်ဆင်းသောအခါတွင်လည်း သူများထက် အရင်ပြန်ချင်သည်။ဒါကြောင့် မိမိတို့အနေနဲ့ကလည်း အလုပ်ကြိုးစားသူဖြစ်အောင် လုပ်ကြပြီး မိမိအလုပ်အပေါ် စေတနာထားပြီး အကောင်းဆုံးပြုလုပ်ကြပါလို့ ပြောပါရစေ။
တစ်နေ့ထက်တစ်နေ့ ကောင်းအောင်လုပ်ပါ။
ကျွန်တော်တို့ ဘာအလုပ်ဘဲလုပ်လုပ် တစ်နေ့ထက်တစ်နေ့ ပိုကောင်းသထက်ကောင်းအောင် ပြုလုပ်ဖို့တော့ လိုမယ်။လူဘဝတွေ့ဆုံကြတဲ့ အချိန်ခဏလေးမှ မိမိရဲ့လုပ်ရပ် တစ်နေ့ထက် တစ်နေ့သာအောင် မိမိတို့အတွက် ပြောင်းလဲအောင် ပြုလုပ်ကြပါလိမ်မည်။မနေ့ကဘဝထက် ဒီနေ့ဘဝဟာ မိမိအတွက် ပိုကျေနပ်အားရမှုရှိရမည်။ဒါကြောင့် ဒီနေ့မိမိဘဝနဲ့ နောက်နေ့မိမိဘဝက ပြောင်းလဲမှုရှိအောင် အမြဲကြိုးစားမှုပြုလုပ်ရပါမည်။သို့ဖြစ်ပါသော်ကြောင့် မိမိဘဝကိုတစ်နေ့ထက်တစ်နေ့ကောင်းအောင်ပြုလုပ်ပါလို့ပြောပါရစေ။
မလိုအပ်ဘဲ အပိုစကားမပြောရ
ဒီစာသားလေးလည်း အရမ်းအရေးကြီပါတယ်။တစ်ခါတစ်ရံ စကားကို ပြောသင့်တဲ့အချိန်ဆိုတာ ရှိပါတယ်။မပြောသင့်တဲ့အချိန်မှာ မိမိက အပိုစကားတွေဝင်ပြောလိုက်လျင် အခြားသူအတွက် အနှောက်အယှက်ဖြစ်စေပါသည်။အလားတူ မသွားသင့်တဲ့နေရာမသွားပါနဲ့။မစားသင့်တဲ့အစားစားကို မစားဘဲ မလုပ်သင့်တဲ့အပြုအမှုတွေလည်း ဆင်ခြင်ရပါမည်။ဥပမာပြောရရင် လက်ဖက်ရည်ဆိုင်မှာ မိမိအသိတစ်ယောက်က ဧသည့်တွေနဲ့စကားပြောနေချိန် မိမိက အလိုက်မသိဘဲ စကားသွားပြောတာ အလိုက်မသိဘဲ အစားဝင်စားတာတို့ဟာ တစ်ဖက်သားကို အနှောက်အယှက်ပေးတာနဲ့တူပါသည်။ထိုအချိန်တွေမှာ မိမိက စဉ်းစားဥာဏ်ရှိဖို့လိုအပ်ပါသည်။တစ်ခါတစ်လေ မိမိက ခင်မင်မှုကြောင့် ပြုမှုပြောဆိုသော်လည်း တစ်ဖက်တွင်တော့ အနှောက်အယှက်ဖြစ်သွားတာ သတိပြုမိမည်မဟုတ်။ဒါတွေက ရည်ရွယ်ချက်နဲ့တကယ်လုပ်ကခြင်းမဟုတ်ဘဲ အလိုက်မသိခြင်းများသာဖြစ်ကြောင့်ပြောပါရစေ။ထိုသို့မဖြစ်လေရအောင် မိမိအနေနဲ့သတိထားပြီး ဆင်ခြင်နိင်ကြပါစေ။
(စကားလက်ဆောင်)
*စောစောထပါ။
*အကောင်းဆုံးလုပ်ပါ။
*တစ်နေ့ထက်တစ်နေ့ ကောင်းအောင်လုပ်ပါ။
*မလိုအပ်ဘဲ အပိုစကားမပြောရ။
အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100
ခုခေတ်ကတော့ဗျာ
စောစောထ ဖေ့ဖုတ်ဖွင့်ဖြစ်နေပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှတ်သားထားပါ့မယ်
အရမ်းကောင်းတဲ့စာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့။ဆက်လက်ကြိုးစားလျက်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ကယ့်မှတ်သားထိုက်တဲ့ စာအရေးအသားတွေပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့။ဆက်လက်ကြိုးစားလျက်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာစဉ်တွေစုပြီး note စာအုပ်လေး ထုတ်ရင် ကောင်းမယ်နော်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငယ်ငယ်ကသင်ရတယ်လေ စောစောထ သွားတိုက်... ဆိုပြီးတော့လေ တစ်ကယ်တမ်းတော့ အဲ့ဒါတွေဟာ နေ့တဓဝအသုံးပြုရမယ့် ကိစ္စတွေပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကိုပြောတဲ့အတိုင်းဖြစ်အောင် ကြိုးစားနေပါတယ်ဗျာ 😊😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ။ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သတိထားဆင်ခြင်ပါမည်
ကောင်းမွန်တဲ့ အပြုအမူတွေပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါအန်တီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဗဟုသုတရပြီးမှတ်သားစရာများနှင့်ကောင်းသောပိုစ့်ပါ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆက်လက်ကြိုးစားလျက်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိမှတ်ဖွယ်ရာ လူမှုဥပဒေသတွေကို ပြောပြလာတာ အပိုင်း ၉ ရောက်လာပြီနော်။တစ်ကယ့်လက်တွေ့ဘဝထဲက အခြေအနေလေးတွေနဲ့ ယှဉ်ပြီးရေးပြထားတော့ ပိုပြီးသိလွယ်စေပါတယ်။မှတ်သားစရားများပါခင်ဗျာ။ကောင်းမွန်လှပါတယ်အစ်ကို။လေးစားလျက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုလိုအားပေးတာ အားဖြစ်စေပါတယ်။ဆက်လက်ကြိုးစားလျက်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အလွန်ကောင်းတဲ့ အကြံပေးချက်တွေမို့ လိုက်နာနိုင်အောင်လုပ်ပါ့မယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit