မာရီယားနား တွင်းနက်ကြိါ်ထဲတွင်အနုမြူဗုံးခွုခဲ့လျှင်

in myanmar •  7 years ago 

မာရီယားနား တွင်းနက်ကြီးထဲမှာ အနုမြူဗုံးခွဲခဲ့ရင် ဘာဖြစ်မယ်လို့ သင်ထင်သလဲ။ သေချာတာကတော့ ကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်လာမှာပဲ။

မာရီယားနားအကြောင်းပြောရအောင်။
မာရီယားနား က ၇မိုင်နက်ပီး ၃မိုင်ကျယ်တဲ့ ရေတွေပြည့်နေတဲ့ ကမ္ဘာပေါ်က အနက်ဆုံး အက်ကွဲနေတဲ့ တွင်းကြီးပါ။ ရရှားက အနုမြူဗုံးနဲ့ အဖျက်အားတူတဲ့ သူ့ရဲ့ လူမသိသေးတဲ့ ဇာ(အာ်) ဗုံးကို မာရီယားနားမှာစမ်းသပ်ပီး အနောက်ကမ္ဘာကို ထုတ်ပြချင်နေပါတယ်။

ဇာ(အာ်)ရဲ့ အဖျက်အားက ၅၈.၆ မက်ဂါတန်(စ) ပါဝါရှိပီး သူ့ရဲ့ရေဒီယိုလှိုင်းပျံ့နှံ့မှုက ကမ္ဘာကို သုံးကြိမ်ပတ်နိုင်တယ်ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ် တကယ်သာ စမ်းသပ်ခဲ့ရင် ရလဒ်က ကြောက်ခမန်းလိလိပါ။

မဖောက်ခွဲမှီ စမ်းသပ်မှုတွေပြုလုပ်ရဖို့ရှိနေပါသေးတယ်။ သယ်ဆောင်ဖို့လမ်းကြောင်း၊ ဖောက်ခွဲမယ့်နေရာရဲ့ အနက်နဲ့ ရေအောက်ကဖိအား၊အဖျက်စွမ်းအားသက်ရောက်မှု၊ နောက်ဆုံးအနေနဲ့ သေချာတာကတော့ စနက်တံဖြုတ်ပီးမပေါက်ကွဲ ရင်တောင် ရေဒီယိုသတ္တိကြွမှုက နှစ်ပေါင်းများစွာတည်ရှိနေတော့မယ် ဆိုတာပါပဲ။

သယ်ယူမှုအပိုင်းကိုတော့ ရေငုတ်သင်္ဘောနဲ့ လုပ်ဆောင်နိုင်မှာဖြစ်ပီး တကယ်သာပေါက်ကွဲခဲ့ရင် ပေ ၄၀၀ လောက်အမြင့်ရှိတဲ့ ဆူနာမီလှိုင်းတွေက ဂျပန်၊အရှေ့တောင်အာရှ၊ ဩစတီးယား နဲ့ တရုတ်နိုင်ငံတဝက်လောက်ကို လွှမ်းသွားမှာဖြစ်ပီး အက်တလန်တစ် သမုဒ္ဒရာအတုကြီးဖန်တီးလိုက်သလိုဖြစ်သွားမှာပါ။ ဒါ့အပြင် ဆန်ဖရန်စစ်စကို နဲ့ လော့်စ်အိန်ဂျယ် တို့ကို ပေ ၂၅၀အမြင့်ရှိတဲ့ လှိုင်းလုံးကြီးတွေ ဝန်းရံသွားနိုင်ပါတယ်။

သင်က အဲ့ဧရိယာအတွင်းမှာ မရှိနေဘူးလား။ မပူပါနဲ့။ ရေဒီယိုလှိုင်းရဲ့ ရိုက်ခတ်မှုဒဏ်ကို ကောင်း၂ခံရမှာပါ။ မစိုးရိမ်ပါနဲ့။ ဒီအတွက်ရရှားက မာရီယားနား ရဲ့ အနက်ရှိုင်းဆုံးနေရာကို ရွေးထားပီးသားပါ။

ဖောက်ခွဲဖို့ရွေးချယ်တဲ့နေရာက တော့ အလုံးစုံပျက်ဆီးမှုကြုံရမှာပါ။ ဒါပေမဲ့ မာရီယားနား က ပစိဖိတ်နဲ့ ဖိလစ်ပီနို ရဲ့ စပ်ကြောင်းဖြစ်လို့ ကမ္ဘာကြီး သိမ်သွားမလား ငေါထွက်လာမလား ဆိုတာကတော့ တကယ်ဖောက်ခွဲကြည့်မှ သိနိုင်တော့မှာပါ။
စပ်ကြောင်းနေရာမှာဖြစ်လို့ ရေဒီယိုလှိုင်းက ကမ္ဘာကို အသံရဲ့မြန်နှုန်းနဲ့ ပျံ့နှံ့မှာပါ။ အကျိုးရလဒ်တွေကတော့မခန့်မှန်းနိုင်အောင်ပါပဲ။

လေကြောင်းအကူနဲ့လွတ်နိုင်မယ်လို့ ထင်ပါသလား။ တုန်ခါမှုက မီးတောင်တွေအားလုံးကို အသက်ဝင်စေမှာပါ။ ဒီအတွက် ရှရှားတို့ရွှေညံတော် စူးရောက်ပီး ဇာ(အာ်)ကို မာရီယားနားကို ယူ မသွားပါစေနဲ့လို့ပဲ ဆုတောင်းနေရတော့မှာပါ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!