(၁၅)ကြိမ်မြောက် တရားပွဲ...!(အပိုင်း-၂)

in myanmar •  6 years ago 

အပိုင်း-၁ အားဖတ်ရှုရန်
https://steemit.com/myanmar/@uthantzin/15-yakimeyamak-tyaapye-apundefinedng-1-7a4cf718099f9
မိမိတို့ပင့်ဖိတ်ထားသော တရားဟောဆရာတော်အရှင်ခေမိန္ဒ တရားစတင်ဟောမည့်အချိန်မှာ ည (10:30)ဖြစ်နေပြီဖြစ်ပါသည်။ဆရာတော်လည်း မြန်မြန်ဘုရားကန်တော့ တရားတောင်းခိုင်းပြီး တရားခေါင်းစဉ် "လာမည့်ဘေး အဝေးကရှောင်" တရားတော်ကို စတင်ဟောကြားတော်မူပါသည်။
image
ပထမဦးဆုံး လာမည့်ဘေးဆိုတဲ့အတွက် အိုဘေး နာဘေး သေဘေး အပ္ပါယ်ဘေးဆိုပြီး ဒီဘေး(၄)ပါးကနေ ရှောင်နိုင်ဖို့ဖြစ်တယ်လို့ ရှင်လင်းပြောပြပါသည်။
ဒီဘေးတွေကိုရှောင်ရှားနိုင်ဖို့အတွက် တစ်ခုတည်းသောနည်းမှာ စိတ်ကိုနိုင်အောင်ထိန်းချုပ်ရမှာဖြစ်တယ်လို့ ဟောပြောသွားပါသည်။စိတ်ကိုနိုင်အောင် ထိန်းချုပ်နိုင်ပါက ဒီဘေးတွေကနေ လွတ်မြောက်ပြီး ဘဝပြတ်မှာဖြစ်တဲ့အကြောင်း ခေါင်းစဉ်၏အဓိကအချက်ကိုပြောပြပြီး တရားတော်ကို စတင်ဟောပြောခဲ့ပါသည်။
ဗာရာဏသီပြည် ကုလားပု မင်းကြီးအုပ်ချုပ်တဲ့အချိန် ဘုရားအလောင်းဟာ ကုဋေ(၈၀)ကြွယ်ဝချမ်းသာတဲ့ ပုဏ္ဏားကြီး၏ သားတော်တစ်ပါးဖြစ်ခဲ့ပါသည်။အရွယ်ရောက်တဲ့အခါ ပညာတွေသင်ယူ၍ ပညာတွေတတ်မြောက်တဲ့အခါ မိမိ၏နေရပ်ထံပြန်လာပြီး မိဘတွေကို စောင့်ရှောက် အလုပ်အကျွေးပြုတဲ့ သားတော်တစ်ပါးဖြစ်ပါသည်။ဒီလိုနဲ့ မိဘတွေကွယ်လွန်သွားတဲ့အခါ ဘုရားအလောင်းတော်ဟာ ရှိသမျှစည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ပြီး ဟိမဝန္ဓာတောထဲတွင် ရသေ့အဖြစ်နေထိုင်ခဲ့ပါသည်။ရသေ့၏ဘွဲ့အမည်မှာ ခန္ဒီဝါဒီရသေ့ဖြစ်ပါသည်။
တစ်နေ့မှာ ရသေ့ကြီးဟာ ဗာရာဏသီမြို့သို့ ဆားအလှူခံဖို့ သွားလေသည်။ဗာရာဏသီရောက်တဲ့အခါ ဗာရာဏသီမင်းကြီး၏ဥယျာဉ်ထဲမှာ သီတင်းသုံးတော်မူပါသည်။နောက်တစ်နေ့ ဆွမ်းခံထွက်တော့ ဒီအချင်းအရာကိုမြင်တဲ့ စစ်ဗိုလ်ချုပ်ကြီးက ဆွမ်းကပ်လှူပြီး နေ့စဉ်ဆွမ်းကပ်နိုင်ရန် လျှောက်ထားပြီး ဥယျာဉ်ထဲမှာ သီတင်းသုံးတော်မူပါဟု လျှောက်ထားပါသည်။
image
ဒီလိုနဲ့ တစ်နေ့သောအခါ ကုလားပုမင်းကြီးဟာ အခြွေအရံပရိသတ်ပေါင်းများစွာဖြင့် ဗာရာဏသီဥယျာဉ်တော်ထဲသို့ တောကစားထွက်လေသည်။ဥယျာဉ်တော်ထဲရောက်တော့ စားကြသောက်ကြ ပျော်ကြပါးကြ ကာမဂုဏ်ခံစားကြနဲ့ မင်းကြီးဟာ အရမ်းပင်ပန်းလွန်းပြီး အိပ်ပျော်သွားပါသည်။ခြွေရံပရိသတ်များဟာ ဆက်လက်ပျော်ကြပါးကြ သွားကြလာကြရင်း ဘုရားအလောင်း ခန္ဒီဝါဒီရသေ့ကို မြင်သောအခါ ကြည်ညိုလှ၍ ပူဇော်နေကြလေ၏။ကုလားပုမင်းကြီးနိုးလာသောအခါ ခြွေရံပရိသတ်များမရှိသဖြင့် မေးမြန်းရာ ဘုရားအလောင်း ခန္ဒီဝါဒီရသေ့ထံရောက်နေကြောင်း သိရသဖြင့် အမျက်ဒေါသထွက်ပြီး လိုက်သွားလေ၏။ဘုရားအလောင်းထံ ရောက်သောအခါ ကုလားပုကြီးက ရသေ့ကြီးအား အသင့်နာမည်ဘယ်လိုခေါ်ပါသလဲ။
ဒီတော့ ဘုရားအလောင်းက ခန္ဒီဝါဒီရသေ့လို့ခေါ်ပါတယ်။
ဒါနဲ့ ကုလားပုမင်းကြီးက ဘာကြောင့်ခန္ဒီဝါဒီရသေ့လို့ ခေါ်တာလဲ ဆိုတော့ သူများတွေ ဘယ်လိုပဲ ညှင်းဆဲညှင်းဆဲ နှိပ်စက်နှိပ်စက် သတ်ဖြတ်ပေမဲ့ အမြဲတမ်းသီးခံတဲ့အတွက်ကြောင့်လို့ ဘုရားအလောင်းကပြန်ပြောလေ၏။
ဒါနဲ့ ကုလားပုမင်းကြီးက အာဏာသားတွေလာခဲ့ ရသေ့၏လက်တွေဖြတ်ကွာဆိုပြီး လက်ဖြတ်ခိုင်းပါသည်။လက်တွေဖြတ်ပြီးတော့ ကုလားပုမင်းကြီးက  ဘယ်လိုလဲ ခန္ဒီဝါဒီရသေ့ဆိုတော့ အရှင်မင်းကြီး သီးခံခြင်းဆိုတာ လက်မှာမရှိပါဘူးလို့ ပြန်ပြောလေ၏။ကယ်ဒါဆိုရင် ခြေထောက်ဖြတ်ကွာဆိုပြီး ဒုတိယအကြိမ် ခြေထောက်ဖြတ်ပါတော့သည်။ပထမအတိုင်းမေးမြန်းသောအခါ အရှင်မင်းကြီး သီးခံခြင်းဆိုတာ လက်ရော ခြေထောက်မှာရော မရှိပါလို့ ထပ်မံပြန်ဖြေရှာပါသည်။
တတိယမြောက်အဖြစ် နားရွက်ဖြတ်ပြန်ပါသည်။ဒီအကြိမ်တွင်လည်း ရှေးကကဲ့သို့ပင် လက် ခြေထောက် နားရွက်မှာ မရှိကြောင်း ပြောပြန်ပါသည်။
ထပ်မံ၍ စတုတ္ထအကြိမ်အဖြစ် နှာခေါင်းဖြတ်ခိုင်းပါသည်။နှာခေါင်းဖြတ်ပြီးပြန်တော့လည်း အရှင်မင်းကြီး သီးခံခြင်းတရားဆိုတာ လက် ခြေထောက် နားရွက် နှာခေါင်းတို့မှာ မရှိပဲ ဟောဒီရင်ဘတ်ထဲ နှလုံးသားထဲမှာရှိတာပါလို့ ပြောလိုက်သောအခါ ကုလားပုမင်းကြီးက သူ၏ဒူးခေါင်းနဲ့ ဘုရားအလောင်း၏ရင်ဘတ်တည့်တည့်ကို တအားစောင့်တိုက်လိုက်ပါတော့သည်။ထိုအခါ ရသေ့ကြီး ခန္ဒီဝါဒီမှာ မြေသို့လဲကျသွားပြီး ပါးစပ်ထဲမှသွေးတွေပါထွက်နေပါတော့သည်။ဒါတင်မကပဲ ကုလားပုမင်းကြီးက သီးခံနိုင်သေးလား သီးခံနိုင်သေးလားမေးမေးပြီး ဖနောင့်နဲ့ပါထပ်ခါထပ်ခါ ပေါက်နေပါတော့၏။ထို့နောက် စစ်ဗိုလ်ချုပ်ကြီးဟာ လက်အပြတ် ခြေအပြတ် နားရွက်အပြတ် နှာခေါင်းအပြတ်လေးတွေကောက်ပြီး ရသေ့ကြီးအားပွေ့ချီလျှက် သင့်အား ကုလားပုမင်းကြီးက လက် ခြေထောက် နားရွက် နှာခေါင်းစသည်ဖြင့် ရက်ရက်စက်စက် ဖြတ်ခဲ့လေပြီ။ဒါကြောင့် ကုလားပုမင်းကြီးအား သီးခံမနေဘဲ အမျက်ဒေါသထွက်ပါတော့လားဟု ပြောဆိုလေ၏။
ထိုအခါ ခန္ဒီဝါဒီရသေ့ကြီးမှ ငါ့အား လက် ခြေထောက် နားရွက် နှာခေါင်းစသည်ဖြင့် ရက်ရက်စက်စက် နှိပ်စက်ဖြတ်တောက်ခြင်းဟာ သူ၏စိတ်ကိုမနိုင်သောကြောင့်ဖြစ်တာပါ။ကိလေသာကို မထိန်းချုပ်နိုင်တဲ့အတွက်ကြောင့်ဖြစ်တာပါ။ဒီခန္ဓာကိုယ်မှာရှိတဲ့ လောဘ ဒေါသ မောဟ မာန်မာန ဆိုတဲ့ ကိလေသာတွေကို မထိန်းနိုင်တဲ့အတွက် ကိလေသာစိတ် ဒေါသစိတ် မောဟစိတ်တွေဖြစ်လာပြီး ဒီစိတ်တွေကိုမထိန်းချုပ်နိုင်တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်ဘုရားဆိုပြီး စစ်ဗိုလ်ချုပ်ကြီးအား မိန့်တော်မူခဲ့ပါလေတော့သတည်း။
ခဏအကြာတွင် ခန္ဒီဝါဒီရသေ့ကြီးသည် အမြင့်မြတ်ဆုံးပါရမီဖြစ်သော သီးခံခြင်း ခန္ဒီပါရမီအားဖြည့်ကျင့်ပြီး ဒီမကောင်းတဲ့ ကိလေသာစိတ်ကို ထိန်းချုပ်တားဆီးကြရမှာဖြစ်ကြောင်းနှင့် ကုလားပုမင်ကြီးသည်လည်း ထိုသို့ထိန်းချုပ်နိုင်ပြီး ကျန်းမာ အသက်ရှည်ပါစေကြောင်း
မေတ္တာပို့ရင်း ကွယ်လွန်အနိစ္စရောက်သွားလေတော့သည်။
ကုလားပုမင်းကြီးသည်လည်း ဘုရားအလောင်းအား ရက်ရက်စက်စက် နှိပ်စက်ခဲ့ပြီး ဘုရားအလောင်းမျက်ကွယ်ပြုပြီးသည်နှင့် မဟာပထဝီမြေကြီးမှာ ရုတ်တရက်အက်ကွဲပြီး မီးတောက်မီးလျှံများထွက်လာကာ ကုလားပုမင်းကြီးအား ဆွဲချသွားလေတော့သတည်း။
image
ဒီတရားလေး၏အနှစ်ချုပ်ကတော့ မိမိတို့၏ခန္ဓာကိုယ်တွင်းမှာ လောဘ ဒေါသ မောဟ ရာဂ ဆိုတဲ့ မကောင်းသောကိလေသာများရှိနေပါကြောင်း ဒီမကောင်းတဲ့ ကိလေသာတွေကို မိမိတို့ စိတ်ကမနိုင်တဲ့အတွက် မကောင်းမှုများ အကုသိုလ်များ ပြုလုပ်မိခြင်းသာဖြစ်ပါကြောင်း...
မိမိတို့၏စိတ်ကို သတိလေးနဲ့ထိန်းချုပ်ကြရမှာဖြစ်ပါကြောင်း...
စိတ်သည်သာ အရေးအကြီးဆုံးဖြစ်ပြီး စိတ်နိုင်သောသူဖြစ်ပါက ဘဝပြတ်ပြီး သံသရာကနေလွတ်မြောက်မည်ဖြစ်ပါကြောင်း...ပြန်လည်ထုတ်နုတ်ရေးသားလိုက်ရပါတော့သည်ခင်ဗျာ...။
image
မြန်မာစတီးမစ်မိစားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
#all photos credited by @uthantzin

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တရားစကားကြားရတော့ စိတ်ထားလေးဖြူသွားသပ

ဟုတ်ကဲ့ပါဦးထွေ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ရက်စက်လွန်းတာကိုး
သီလနဲ့နေသူကိုမှသွားလုပ်တော့
မြေမျိုခံရတာ နဲတောင်နေသေး။

ဟုတ်ပါ့ဗျာ။ဘုရားအလောင်းတော်ကိုမှ ကိုယ်ထိလက်ရောက် သတ်ဖြတ်တဲ့ကံ မကောင်းကျိုးကို တော်တော်ခံရမှာပါ။ဖတ်ပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်။

Hi, @uthantzin!

You just got a 0.01% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Thank you for your upvote.

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

I didn't know about the update version application.I see from your comment to apply esteem application for android.Now I reply to you from android esteem application.Thank you very much to upvote for me.I must publish my blog post from your best application.I try my best in future.I need your helps when I going to raise up and the way of success for future life.