အလေ့အကျင့်ကောင်းလေး ရှိစေချင်...!

in myanmar •  6 years ago 

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ကမ္ဘာပေါ်ရှိလူသားအားလုံးသည် မိမိတို့၏အသက်အရွယ်အလိုက် ဘဝရဲ့လိုအပ်သောတာဝန်များကို ကြိုးစားလုပ်ကိုင်ဆောင်ရွက်ရင်း ရှင်သန်နေထိုင်ကြရပါသည်။မိမိတို့ ငယ်ရွယ်စဉ်အခါ ပညာသင်ယူခြင်း.. အသက်ကြီးလာသောအခါ ဥစ္စာရှာဖွေနိုင်ရန် အလုပ်အကိုင်များ လုပ်ဆောင်ခြင်းတို့ဖြင့် ဘဝကို ပိုမိုကောင်းမွန်အောင် ဖန်တီးပုံဖော်နေကြရပါသည်။
how-to-create-good-habits-400.jpg
Crd-org-source
ဒီလိုဘဝအတွက် ဖန်တီးပုံဖော်လုပ်ဆောင်တဲ့အခါ မိမိဆောင်ရွက်သော ကိစ္စရပ်တွေကို ပြုလုပ်ပြီးစီးသွားတဲ့အခါ ပြီးပြီဆိုပြီး ပစ်ထားလိုက်တာမျိုးမဖြစ်စေပဲ နောက်တစ်ကြိမ်ပြန်စစ်တဲ့ အလေ့အကျင့်ရအောင် မွေးမြူစေချင်တာပါ။တစ်ကြမ်ပြန်စစ်ပြီး အားရကျေနပ်မှုမရှိသေးရင် နောက်ထပ်တစ်ကြိမ်ထပ်မံစစ်ဆေးတဲ့ အကျင့်ကိုရအောင်ယူစေချင်တာပါ။ကိစ္စရပ်တွေကို လုပ်ဆောင်ပြီးတဲ့အချိန်မှာ  Check>>>Recheck>>>Counter check  ဆိုတဲ့ သဘောမျိုးဖြစ်အောင် လုပ်ဆောင်စေချင်တာပါ။လုပ်ဆောင်နေစဉ်အတွင်းမှာလည်း လိုအပ်နေပေမယ့် လုပ်ဆောင်ပြီးစီး သွားသောအခါ မဖြစ်မနေပြန်စစ်ပေးရန် အရေးကြီးသောကြောင့် ပြီးစီးသွားသောအချိန်ကို အဓိကထား တင်ပြရခြင်းဖြစ်ပါတယ်။
108688-Og-Mandino-Quote-Good-habits-are-the-key-to-all-success-Bad-habits.jpg
Crd-org-source
စိတ်၏အရမ်းမြန်ဆန်လွန်းသော သဘာဝအတိုင်း နေ့စဉ်နဲ့အမျှ လှုပ်ရှားဆောင်ရွက်နေကြသော ကျွန်တော်တို့လူသားတွေအဖို့ ကိစ္စရပ်တွေကို မိမိအထင်အရ မှန်ကန်တိကျစွာ ဆောင်ရွက်ခဲ့ပြီလို့ စိတ်ထဲမှာသတ်မှတ်ခဲ့သော်လည်း တစ်ခါတစ်ရံမှာ လိုအပ်ချက်များရှိနေနိုင်ပါသည်။ဒါကြောင့် ဒီအခြေအနေအတွက် ဖြေရှင်းပေးနိုင်သောနည်းလမ်းမှာ ပြန်စစ်တတ်သောအကျင့် ရှိမှသာ အကောင်းဆုံးဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။ကျွန်တော်တို့ လူသားအားလုံးဟာ ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့အခါ အမြဲတမ်းမမှန်နိုင်ပဲ မထင်မှတ်ပဲ မှားယွင်းမှုလေးတွေ ရှိနေနိုင်ပါတယ်။
ဒါလေးအတွက် ဥပမာလေးတစ်ခု တင်ပြခဲ့ပါရစေ...
135623600_14718575823651n.jpg
Crd-org-source
ကျွန်တော်တို့အားလုံး ငယ်စဉ်အခါ ပညာသင်ကြားစဉ်းတုန်းက စားမေးပွဲများဖြေဆိုကြရပါတယ်။ဒီလိုဖြေဆိုကြတဲ့အခါ မေးခွန်းနဲ့အဖြေ နံပါတ်စဉ်များ သေချာတပ်၍ စနစ်တကျ မိမိစားမေးပွဲ အောင်မှတ်ရရှိရေး.. ဂုဏ်ထူးမှတ်ရရေး စသည်ဖြင့် ကြိုးစားဖြေဆိုကြပါတယ်။ဒီနေရာမှာ တစ်ချို့သော ကျောင်းသား ကျောင်းသူများဟာ မိမိဖြေဆိုပြီး၍ ပြန်စစ်တဲ့အကျင့်မျိုးမလုပ်ပဲ ပေါ့ပေါ့တန်တန် အဖြေလွှာအပ်ပြီး စောစောပြန်သွားတဲ့ သူတောင်ရှိပါသေးတယ်။တစ်ချို့ကျောင်းသား ကျောင်းသူတွေကြတော့ အားလုံးဖြေဆိုပြီးတာနဲ့ မိမိဖြေဆိုထားသော နံပါတ်စဉ် များနှင့်အကြောင်းအရာ မှန်မမှန်.. စာလုံးပေါင်း မှန်မမှန်.. စားသားများ ကျန်မကျန် စသည်ဖြင့် ပြန်စစ်တဲ့အကျင့်လေးလုပ်ပါတယ်။တစ်ကြိမ်နဲ့အားမရသေးရင် နောက်တစ်ကြိမ်ထပ်စစ်တဲ့အကျင့်လေးပါ ထပ်လုပ်နေတာကိုလည်းတွေ့ရအုံးမှာပါ။ဒီလိုအကျင့်လေးတွေ ကွာခြားသွားတာကိုပြောပြချင်တာပါ။ဒီအကျင့်လေးကို မိမိတို့ငယ်ရွယ်စဉ်အခါကတည်းက စနစ်တကျ ကြိုးစားမွေးမြူကြရမှာပါ။ဒီလိုအကျင့်လေးလုပ်ခြင်းအားဖြင့် မိမိစာမေးပွဲဖြေစဉ်မှာပင် လိုအပ်သောအချက်အလက်များ မှားနေသောစာလုံးပေါင်းများ ပြန်လည်တွေ့ရှိနိုင်ပြီး ပြန်လည်ပြင်ဆင်နိုင်တဲ့အတွက် ပြန်မစစ်ခဲ့သောသူများ နဲ့ နှိုင်းယှဉ်ပါက မိမိက ပိုသာနေမှာပဲ ဖြစ်ပါတယ်။
ဒီအကျင့်ကို မိမိကိုယ်တိုင် လိုက်နာကျင့်သုံးနေပြီဆိုရင်တော့ ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့အခါ ပေါ့ပေါ့တန်တန် လုပ်ဆောင်တတ်သောအကျင့်ဆိုးကို ဖျောက်ဖျက်ပြီးသားဖြစ်သွားပါပြီ။ကိစ္စရပ်တွေကို လုပ်ဆောင်တဲ့အခါ အရေးအကြီးဆုံး ရှောင်ကြဉ်ရမည့်အကျင့်ဆိုးကို ဖယ်ရှားပြီးသား ဖြစ်သွားတာပေါ့။
bigstock-build-good-habits-motivational-152878787-1140x760.jpg
Crd-org-source
အခုလက်ရှိ ကျွန်တော်တို့ steemit လမ်းကြောင်းပေါ်မှာလည်း ဒီလိုအချက်လေးကိုပါ သတိထား ကြိုးစားကျင့်ကြံနိုင်ဖို့ လိုအပ်ပါတယ်။မိမိတို့သည် များပြားလှသောစည်းကမ်းများနှင့် စနစ်တကျ စာများရေးသား၍ post တင်ခြင်း..comment များရေးခြင်း..vote ပေးခြင်း..power up ခြင်း စသောလိုအပ်သည်များ ပြုလုပ်ဆောင်ရွက်ကြရပါသည်။
ထိုသို့ဆောင်ရွက်ရင်း မိမိ post တင်တဲ့အခါ post ကိုမနှိပ်သေးခင် ပြန်စစ်တဲ့အကျင့်လေးလုပ်သင့်ပါတယ်။post များကို comment ပေးသောအခါတွင်လည်း comment လေးပဲဆိုပြီး ပြန်မကြည့်တဲ့အကျင့်ဟာ ကိစ္စအသေးလေးပဲမို့ ပြန်မကြည့်ပေမဲ့ ဒီအလေ့အကျင့် မရမှာကို သတိထားဂရုစိုက်ကြရမှာပဲ ဖြစ်ပါတယ်။ကိစ္စအသေးအဖွဲမှစ၍ သတိထားပြီး ကြိုးစားလိုက်နာကျင့်ကြံမှသာ အလေ့အကျင့်တစ်ခုလို ဖြစ်သွားမှာပါ။ဒီလိုအလေ့အကျင့် ရပြီဆိုရင်တော့ ဘယ်ကိစ္စမျိုးမဆို လုပ်ဆောင်တဲ့အခါ ပေါ့ပေါ့တန်တန်မလုပ်တော့ပဲ စေ့စပ်သေချာပြီး စနစ်တကျရှိလာမှာပါ။စေ့စပ်သေချာပြီး စနစ်တကျရှိလာပြီဆိုရင်တော့ ပိုမိုပြည့်စုံပြီး အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်လာတော့မှာပါ။
ဒါကြောင့် မိမိတို့ လက်ရှိ လုပ်ဆောင်နေသော steemit လမ်းကြောင်းပေါ်မှာလည်း ဒီအလေ့အကျင့်လေးနဲ့ တွဲပြီး လုပ်ဆောင်သင့်တယ်လို့ ထင်မြင်မိပါတယ်။
o-SECRETS-OF-SUCCESS-facebook.jpg
Crd-org-source
အချုပ်အားဖြင့်ဆိုသော် မိမိတို့အားလုံးသည်   ကိစ္စရပ်တွေကိုလုပ်ဆောင်တဲ့အခါ ပြန်စစ်တတ်တဲ့အကျင့်ရှိမှသာ ပေါ့ပေါ့တန်တန် နမော်နမဲ့ ပြုလုပ်တတ်သောအကျင့်ကို ထိန်းချုပ်နိုင်မည်ဖြစ်ပါကြောင်း...
ဒီလိုကောင်းသော အလေ့အကျင့်ရှိပါက မိမိလုပ်ဆောင်သော ကိစ္စရပ်များအတွက် စေ့စပ်သေချာပြီး စနစ်တကျရှိမည်ဖြစ်ပါ၍ တိုးတက်အောင်မြင်မှုအတွက် အရေးကြီးသော အချက်ပင်ဖြစ်ပါကြောင်း...
သတိထားကြိုးစားမွေးမြူ သင့်ပါကြောင်း...တိုက်တွန်းရေးသားလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Self Examination ဆိုတာကတော့ နေရာတိုင်းမှာလိုအပ်ပါတယ်။

ဟုတ်ကဲ့ပါဆရာ။ကျေးဇူးတင်ပါတယ်ဆရာ။

ဘယ်​အရာဘဲဖြစ်​ဖြစ်​​စေ့စပ်​​သေချာစနစ်​ကျတာ​ကောင်းတဲ့အ​လေ့အကျင့်​ပါ...မှတ်​သားစရာများနှင့်​​ကောင်း​သောပိုစ့်​ပါ....

ဟုတ်ပါတယ်အစ်မ ဒီလိုအကျင့်ကောင်းလေးတွေ မိမိနဲ့အတူအမြဲတမ်းအလေ့အကျင့်လေးဖြစ်နေရမှာပါ။

လုပ်‌တာခြင်း အတူတူ ‌ပေါ့ပျက်‌ပျက်‌ လုပ်‌လိုက်‌တာနဲ့ ‌စေ့စပ်‌‌သေချာစွာ လုပ်‌တာ ဟာ အရမ်းကွာဟပါတယ်‌။အလုပ်‌တစ်‌ခုကို ပြန်‌စစ်‌‌ဆေး ခြင်းဟာ မဖြစ်‌မ‌နေ လုပ်‌ရမယ့်‌အရာပါကိုသန့်‌‌ရေ။အသိ‌ပေးလို့ ‌ကျေးဇူးပါဗျ။

ဟုတ်ပါတယ်အစ်ကို။ဒါလေးကို ပြန်လည်ပုံဖော်ပြီး ရေးသားတိုက်တွန်းထားတာပါခင်ဗျာ။စေ့စပ်သေချာပြီး စနစ်တကျလေးလုပ်တတ်တဲ့အကျင့်လေးနဲ့လုပ်ကိုင်ရင်တော့ ပိုမိုအောင်မြင်နိုင်တော့မှာပေါ့။

အလေ့အကျင့်များများလုပ်လေ ကျွမ်းကျင်မှုပိုရှိလာလေ။

ဟုတ်ပါတယ်အစ်ကိုခင်ဗျာ။ဒါလည်းမှန်တာပေါ့

လုပ်ငန်းခွင်မှာတောင် စာရေးထားပါတယ်
အလုပ်ပြီးလို့ သိမ်းရင် ထသွားပြန်ကြည့် သတိရှိပါ တဲ့ 

ဘဝတွေမှာလည်း ကိုယ်လုပ်မိတာလေးတွေ ပြန်ပြီးဆင်ခြင်သုံးသပ်နေမယ်ဆို
အမှားကင်းပြီး အနာဂတ် လှပနေမှာအမှန်ပါပဲဗျာ

မှန်တာပေါ့ ဒီလိုအကျင့်လေးနဲ့ သတိထားပြီး စနစ်တကျလုပ်ဆောင်နိုင်ပြီဆိုရင်တော့ ပိုမိုလှပတဲ့အနာဂတ် ရရှိလာတော့မှာပေါ့။

ဟုတ်ပါတယ် အရေးပါလှတဲ့ အချက်တွေပါ
ကျေးဇူးပါ သားရေ

ဟုတ်ကဲ့ပါအန်တီရေ။သားတို့ကလည်း ဒီလိုအားပေးနေတဲ့ အန်တီ့ကို ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ

စည်းကမ်းသည်​လူ၏တန်​ဘိုးတဲ့
အရာရာမှာ စည်းကမ်း​လေးနဲ စည်းစနှစ်​က​လေးနဲ့လုပ်​မှ
အောင်​မြင်​မှူလမ်းစရမှာပါ

မှန်တာပေါ့အစ်ကို။အောင်မြင်မှာ အသေအချာပဲပေါ့

Well done @uthantzin! You successfully guessed the match result.

Finals - France vs Croatia
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Final results coming soon

အ​လေ့အကင်ျ့​က အ​လေ့အထ ဖြစ်​လာ​စေပါတယ်

မှန်တာပေါ့ဗျာ။လုပ်ယူကြရမှာပါ

စနစ်ကျတော့ အောင်မြင်နိင်ချေ ပိုများတယ် အကိုရေ 😊😊

ဟုတ်ပါတယ်။အောင်မြင်ဖို့အတွက် လိုအပ်သော အရည်အချင်းလေးတွေပါပဲခင်ဗျာ

အ​လေ့အကျင့်​​ကောင်း​လေး​တွေ ​မွေးမြူရမယ်

ဟုတ်ပါတယ်။ကြိုးစားမွေးမြူကြရမှာပါ။

Congratulations @uthantzin! You have received a personal award!

SteemitBoard World Cup Contest
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes

You can upvote this notification to help all Steemit users. Learn why here!

ပြန်စစ်ဆေးနိုင်လေ ကိုယ့်အတွက်ပိုကောင်းလေပဲ။
အလေ့အကျင့်ကောင်းလေးပါ

ဟုတ်ပါတယ်ခင်ဗျာ အလေ့အကျင့်ကောင်းလေးတစ်ခုပါ။

ကိုသန့်စင်က တကယ်ကို အပြောနဲ့ အလုပ်ညီပါတယ်ရှင် comment မို့လို့ ဘယ်တော့မှ ပေါ့ပေါ့ဆဆ မန့်လေ့မရှိဘူးဆိုတာ အမြဲသတိထားမိပါတယ်။ အတုယူပါတယ်နော်။

ကျေးဇူးတင်ပါတယ်အစ်မ။ကျွန်တော်တို့ အပြန်အလှန် အချင်းချင်း လေးစားမှုလေးနဲ့ ကြိုးစားကြတာပေါ့ခင်ဗျာ

လာအားပေးလို့ကျေးဇူးတင်ပါတယ်ဗျာ။

ဟုတ်ကဲ့ပါခင်ဗျာ။ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ