အခြေခံ...!

in myanmar •  6 years ago 

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ်တော့ ကျွန်တော်တို့၏ မိခင်မြန်မာဘာသာနဲ့ ပတ်သက်၍ သိသလောက်လေး မျှဝေပေးခဲ့ချင်ပါတယ်။
20180923_232301-1.jpg
#photo credited by @uthantzin
ဒီရက်ပိုင်း ကျွန်တော့ ဇနီးကလည်း သင်တန်းတက်နေတော့ သူသင်ခဲ့ရသမျှလေး ပြန်ပြောရင်း အသိချင်းဖလှယ်ခဲ့ကြပါတယ်။မြန်မာနိုင်ငံ မြန်မာလူမျိုးအများစုဟာ မိမိတို့၏မိခင်မြန်မာဘာသာဆိုတော့ အလေးမထားမိဘဲ ဖြစ်သလိုပေါ့ပေါ့တန်တန်နေရင်း အမှားကို အမှန်လို့ထင်နေကြတာပါ။ကျွန်တော်ကိုယ်တိုင်လည်း ဒီအမှားလေးတွေကို သတိမထားဘဲ ရေးနေတတ်ပါတယ်။ဒါကြောင့်
ဒီလိုဖြစ်တတ်တဲ့အရာလေးတွေကို အမေး အဖြေပုံစံလေးနဲ့ ပိုပြီးပေါ်လွင်အောင် ရေးသားပေးခဲ့ပါရစေ။
မေးခွန်း (၁)---
ကျွန်တော်တို့ ခုနှစ်တွေကိုရေးတဲ့အခါ ၁၉၈၉ ခုနှစ် l ၁၉၉၀ ခုနှစ် l ၁၉၉၁ ခုနှစ် စသည်ဖြင့် အလွယ်တကူ ရေးခဲ့ကြပါတယ်။ခုနှစ်တွေရေးတာပဲ ခုနှစ်မှန်ရင်ပြီးတာပဲလို့ ယူဆတတ်ကြပါတယ်။ဒီလိုခုနှစ်အားလုံးရေးတာ မှန်လား... မှားလား...?ဆိုတဲ့အချက်ပါ။
20180923_232405-1.jpg
#photo credited by @uthantzin
အဖြေ (၁)---
စာရေးတဲ့အခါ ခုနှစ်တွေအားလုံးအတွက် ထူးခြားတာရှိနေပါတယ်။ဒါကတော့ ၁၉၁၀ /၁၉၂၀ /၁၉၃၀ ဆိုတဲ့ ဆယ်ပြည့် ရာပြည့်နှစ်တွေဖြစ်သောခုနှစ်တွေ၏အနောက်မှာ ခုနှစ်ဆိုပြီးရေးရင်မှားပါတယ်ဟု သိခဲ့ရပါတယ်။မြန်မာစာ မြန်မာသဒ္ဒါ ပြဌာန်းထားသော ပါမောက္ခ ကထိကများ၏စာအုပ်များမှတစ်ဆင့် သင်တန်းဆရာများမှ ပြန်လည်သင်ကြားပေးခြင်းဖြစ်ပါသည်။
ဥပမာ---"၁၉၉၀ခုနှစ်" သည် အမှားဖြစ်၍ "၁၉၉၀ ပြည့်နှစ်"လို့ ရေးမှသာအမှန်ဖြစ်ပါသည်။
မေးခွန်း (၂)---
ကျွန်တော်တို့ကျောင်းတွေရဲ့အနီးနားမှာ ရေးထားလေ့ရှိတဲ့ "သတိ - ကျောင်းရှိသည်။ဖြေးဖြေးမောင်းပါ။"ဆိုတဲ့ စာသားလေးတွေ တွေ့ရလေ့ရှိပါတယ်။
ဒီစာသားလေးမှန်ရဲ့လားဗျာ...?
20180923_233029-1.jpg
#photo credited by @uthantzin
အဖြေ (၂)---
ဒီစာသားတွင်လည်း "ဖြေးဖြေးမောင်းပါ" ဆိုသောစာလုံးသည် မထင်မှတ်ဘဲ အမှားဖြစ်နေပြီး ထိုနေရာတွင်" ဖြည်းဖြည်းမောင်းပါ"ဟု ရေးမှသာ အမှန်ဖြစ်ပါသည်။
ဒီလိုစာသားလေးများသည် နေရာအတော်များများတွင် တွေ့နေရတတ်ပါ၍ မိခင်မြန်မာဘာသာအား ပေါ့ဆမှုကို မျက်မြင်သိရှိနိုင်ပါသည်။
မေးခွန်း (၃)---
ဒီမေးခွန်းဟာလည်း ကျွန်တော်တို့ကိုယ်တိုင် မှားလေ့ရှိတဲ့ ပေါ့ဆမှုလေးပါ။ဌာနဆိုင်ရာ ရုံးလုပ်ငန်းတွေမှာ တင်ပြစရာတွေနဲ့ရုံးဝင်ရုံးထွက်စာများကို ရိုက်ပြီးရေးသားတင်ပြကြတဲ့အခါ နောက်ဆုံး အဆုံးသတ်စာသားလေးတွေမှာ ဖြစ်သွားတတ်တဲ့ ပေါ့ဆမှုလေးတွေပါ။နောက်ပြီး မြန်မာသဒ္ဒါ အခြေခံအားနည်းတာလည်း ဖြစ်နိုင်တာပေါ့့။
ဥပမာ---အထက်ပါအကြောင်းအရာများအား လိုအပ်သလို စီစဉ်ညွှန်ကြားပေးနိုင်ပါရန် လေးစားစွာဖြင့် တင်ပြအပ်သည်။...လို့ရေးရင် မှန်လား...မှားလား...?
20180923_233044-1.jpg
#photo credited by @uthantzin
အဖြေ (၃) ---
ဒီစာသားတွင်လည်း "လေးစားစွာဖြင့်" ဆိုပြီး ရေးလိုက်တာနဲ့ မှားသွားပါပြီ။
"စွာ"ဆိုသော စာကားလုံး၏အနောက်တွင် နှင့်/ဖြင့် ဆိုသော စကားလုံးကို လုံးဝထည့်သုံး၍မရပါ။
"လေးစားစွာ တင်ပြအပ်ပါသည်။" ဟု ရေးမှသာ အမှန်ဖြစ်ပါလိမ့်မည်။
မေးခွန် (၄)---
"တစ်ဖက်ပါအကြောင်းအရာနှင့်ပတ်သက်၍" / "တစ်ဘက်ပါအကြောင်းအရာနှင့်ပတ်သက်၍ " ဆိုသော ဒီနှစ်ခုမှာ ဘယ်ဟာအမှန်လဲ ဖြေကြည့်ကြပါအုံး...။ဒါမှမဟုတ် နှစ်ခုလုံး မှားနေတာလား...?
20180923_232105-1.jpg
#photo credited by @uthantzin
အဖြေ (၄)---
ဒီစာသားလေးကလည်း ရေးတဲ့အခါ မှားနေနိုင်ပါတယ်။
ကိန်းဂဏန်းလို့ အဓိပ္ပါယ်ရတဲ့အခါ "တ"၏အနောက်တွင် "စ်"ကိုထည့်ရေးရသော်လည်း
စကားအစပ်ဆက်.. စာအစပ်ဆက်ရေးပြီးရည်ညွှန်းဖော်ပြတဲ့နေရာမှာတော့ "တ"၏အနောက်တွင် "စ်"ထည့်မရေးရဟုပြောထားပါသည်။
ဒါကြောင့် အထက်ပါပေးထားသော စာသားနှစ်ခုလုံးမှားယွင်းနေပြီး ဒီမေးခွန်းအတွက်အဖြေသည် "တဘက်ပါအကြောင်းအရာနှင့်ပတ်သက်၍" ဟု ရေးမှသာအမှန်ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ မိမိတို့၏မူရင်းမြန်မာဘာသာ မြန်မာသဒ္ဒါကို ဂရုတစိုက်မရှိဘဲ ပေါ့ပေါ့ဆဆနေခဲ့မိပါ၍ မထင်မှတ်ဘဲ အမှားတွေဖြစ်နေရတာကြောင့် သတိထားနိုင်ကြစေရန် မိမိသိသလောက်လေး ပြန်လည်မျှဝေလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သတိမမူမိတဲ့ အမှားလေးတွေက နောက်ဆိုအမှန်ထင်လာတက်ကျတာ ဗဟုသုတရစေတဲ့ ပိုလ့်လေးပါဘဲ

Posted using Partiko Android

ဟုတ်တယ်အစ်မ စိတ်ထဲမှာ အမှားကို အမှန်လို့ပဲ ထင်နေတာ။

ပုံလေးတေ save ထားလိုက်မယ် ကျေးဇူးပါ😍

Posted using Partiko Android

မန့်​လို့​ကောင်း​နေပီ အခုမှစိတ်​ပါလက်​ပါ ခိ

Posted using Partiko Android

ဟုတ်ကဲ့ပါခင်ဗျာ။ကြိုးစားပြီး ဝေမျှပေးပါအုံးမည်။ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

အေးဗျာ သ​ဘောမထားမိတဲ့ အမှား​တွေဗျာ

Posted using Partiko Android

ဟုတ်တယ်ဗျာ သတိမထားမိဘဲ အမှားတွေကို အမှန်ထင်နေတာဗျ။

အမှန်​ပါပဲ ကိုသန့်​ဇင်​ ​ရေ သတိ​တောင်​မထားမိ​တော့ဘူး​လေ

Posted using Partiko Android

တန်​ဖိုးရှိတဲ့ပိုစ့်​ပါ...အမှတ်​တမဲ့နဲ့စာလုံး​ပေါင်းမှားတတ်​ကြလို့ခုလို​ဝေမျှ​ပေးတာ​ကျေးဇူးပါ...

Posted using Partiko Android

ဟုတ်တယ်အစ်မ ကိုယ်ရေးတာ အမှန်ပဲ ထင်နေတာ။တစ်ခုသိတော့ တစ်ခုမှန်သွားအောင် ကြိုးစားလုပ်ယူရတော့မှာပေါ့။

ဟုတ်​ကဲ့...

Posted using Partiko Android

အနက်အဓိပ္ပာယ်လေးတွေပါ သိရတော့ မှတ်ရတာလွယ်တယ်ဗျ။ thnx u

Posted using Partiko Android

ဟုတ်ပါတယ်ခင်ဗျာ ကျေးဇူးတင်ပါတယ်။

  ·  6 years ago (edited)

မြန်မာ့ အသံကလည်း အခုလို အကြောင်းလေးတွေ လွှင့်ပေးဖူးတယ်
မြန်မာစာ မြန်မာစကား ဆိုပြီး အပိုင်း လိုက်လွှင့်ပေးတာ အခုတော့ မကြည့်ဖြစ်တော့မသိတော့ဘူးအကိုရေ အခုလိုတင်ပြပေးတာ ဗဟုသုတရပါတယ်ဗျ

ဟုတ်တယ်ညီရေ ကျွန်တော်လည်း သင်တန်းတက်နေတဲ့ အိမ်သူရဲ့ကျေးဇူးကြောင့် သိသင့်သလောက် သိခဲ့ရတာပါ။

စာထဲမှာ မြန်​မာစာအခက်​ဆုံးတဲ့ သူများနိုင်​ငံ​တွေက​ပြော ကြတယ်​တဲ့

Posted using Partiko Android

ဟုတ်မှာဗျ။တော်တော်လေးခက်ခဲနက်နဲ တယ်နော်။ဂရုစိုက်နိုင်မှ တော်ရုံလောက်ရမှာ။

ကောင်းပါတယ် ကျွန်တော်လည်း မကြာခဏရေးတင်ဘူးပါတယ်ဗျာ ဒါပေမယ့် လာမဖတ်ကြတာကများတော့ ကိုယ်ရေးချင်တာ ရေးတင်နေတော့တာပဲ မြန်မာစာလုံးပေါင်းတွေ သတ်ပုံတွေဘက်မလှည့်ဖြစ်တော့ဘူးဗျ

ဟုတ်ပါတယ် ဒီလိုနဲ့ပဲ လည်ထွက်သွားပြီး သတိမထားမိတော့ဘူးဖြစ်နေတာပါ။အခုတောင်မှ ကျွန်တော်လည်း သင်တန်းတက်တဲ့သူရှိနေလို့ သတိထားပြီး ဖတ်ဖြစ်နေတာပါခင်ဗျာ။

မြန်​မာစာနဲ့ မြန်​မာစကားကအ​တော်​ခက်​ပါတယ်​ တလတမျိုး​လောက်​​ပြောင်း​နေသလိုပါ့ အဓိပ္ပာယ်​တခုထဲကိုအမျိုးမျိုး​ပြော​နေကြတာ

ဟုတ်တယ်အစ်ကိုရေ တော်တော်ခက်တဲ့ ဘာသာပါပဲဗျာ။

အရမ်းကို အကျိုးရှိစေတဲ့ ပို့စ်တစ်ခုပါ ကိုသန့်ဇင်ရေ ။မြန်မာစာ စာလုံးပေါင်းသတ်ပုံက ဆင်တူရိုးမှားတွေများလွန်းတော့ အမှားလည်းများကြတယ်။ ကိုယ်တိုင်လည်း အသတ်တွေတို့ ယပင်း ရရစ်တွေတို့ ဆို မကြာခဏ မှားတာ။ ဒါနဲ့ အောက်ဆုံးအကြောင်းက "တဘက်ပါအကြောင်းအရာ..."လို့ရေးတာက အမှန်ဆိုတော့ ကတ်သီးကတ်သတ်ပြောရင် တဘက်စောင်မှာရေးထားတဲ့အကြောင်းအရာလို့ အဓိပ္ပါယ်ထွက်နေသလားလို့။ အမှားနဲ့နေသားတအားကျနေလို့နေမယ် အဲ့တစ်လုံးတော့ ဘဝင်မကျချင်ဘူးဖြစ်နေတာ။

Posted using Partiko Android

ဟုတ်တယ်အစ်မရေ အဲဒီစာသားကြောင့်ပဲ ကျွန်တော်အစောကြီးထဲက ရေးပြီးသားကို post မတင်ဘဲ ဘဝင်မကျဖြစ်နေခဲ့တာပါ။အိမ်သူသက်ထားနဲ့လည်း စကားတွေ အရမ်းပြောပြီး ငြင်းနေခဲ့ရတာပါ။ဒါပေမဲ့ သူကတော့ တကယ့်ပါမောက္ခတွေ ကထိကတွေပြဌာန်းထားတဲ့ စာအုပ်အရ ထိုစကားလုံးသည် စကားအစပ်ဆက် စာအစပ်ဆက်ကို ရည်ညွှန်းဖော်ပြခြင်းဖြစ်တဲ့အတွက် "တဘက်ပါအကြောင်းအရာနှင့် ပတ်သက်၍ လို့ရေးရမည်တဲ့။ကျွန်တော်လည်း ငြင်းနေရတာပါ။နောင် အဲဒီမူရင်းပြဌာန်းစာအုပ်ရတဲ့အခါ ထပ်ပြောပေးပါအုံးမည်။စာအုပ်ကိုလည်း ဝယ်ခိုင်းထားပါတယ်ခင်ဗျာ။နောက်တစ်ခုရှိသေးတယ်အစ်မ "တခြား" "တစ်ခြား" "တခြာ"အဲဒီသုံးခုမှာ "တခြာ"က အမှန်တဲ့။ဟိုအရင်ခေတ်ထဲက မှားခဲ့တာတဲ့။တိကျတဲ့အခါ ဆက်ရေးပေးပါ့မယ်နော်။

ဟုတ် "တခြား"ကတော့ "တခြား" လို့ပဲ သိထားပါတယ် ကိုသန့်ဇင်ရေ။ခုတင်ပေးထားတဲ့ ပုံလေးတွေလည်း သိမ်းထားပါတယ်။ ဇဝေဇဝါဖြစ်လာရင် ပြန်ကိုးကားရအောင်လို့။ စာအုပ်လေးရလာရင်လည်း တင်ပေးပါဦးနော။ကျေးဇူးတင်ပါတယ်။

Posted using Partiko Android

ဟုတ်ကဲ့ပါခင်ဗျာ။

ဟုတ်ပါတယ် အသုံးအနှုန်းတွေက က်ုယ်မြန်မာစာမို့သတိမထားပဲရေးကြတော့ပိုမှားလာကြတာပါ

Posted using Partiko Android

မှားတတ်‌တာ‌လေး‌တွေကို ရှင်း ပြ‌ပေးလို့ ‌ကျေးဇူးပါကိုသန့်‌ ။မှတ်‌သားထားပါ့မယ်‌။