>>>"ညီမျှခြင်း...ထမင်းဆိုင်"သို့>>>

in myanmar •  7 years ago  (edited)

အားလုံးပဲ မင်္ဂလာအပေါင်းနဲု့ပြည့်စုံပါစေလို့ ဦးစွာ ပြောကြားရင်း ...facebook ပေါ်က ဖတ်လာတဲ့ အဖြစ်အပျက်လေးတစ်ခုကို ရေးခဲ့ပါရစေ။
image#photo credited facebook
ထားဝယ်မြို့က ထမင်းဆိုင်တစ်ဆိုင်လို့ပဲ ရေးခဲ့ပါရစေ။facebook မှာဖတ်တုန်းကတော့ ဆိုင်နာမည်... နေရပ်လိပ်စာ တိတိကျကျ ပါရှိပါတယ်။ကျွန်တော်ကတော့ ဒီအကြောင်းအရာလေးရဲ့ အဖြစ်အပျက်ကိုပဲ သင့်၏မသင့်၏ဝေဖန်အကြံပြုခြင်းသက်သက်သာဖြစ်ပါ၍ နေရာအတိအကျ မရေးတော့ပါ။ဖြစ်ပျက်ပုံလေးက...
ဆွမ်းစားချိန်ကျော်သွားမည်စိုးသဖြင့် သံဃာတော်များအားဆွမ်းကပ်ရန် ထမင်းဆိုင်ထဲသို့ဝင်၍ ဆိုင်မှရောင်းသော ဆွမ်းဟင်းများနဲ့ကပ်ပြီး ပိုမိုပြည့်စုံစေရန် မိမိတို့အိမ်မှ ချက်ပြုတ်ယူဆောင်လာသော ဆွမ်းဟင်းလေးများပါ ကပ်ရန် ပြင်ဆင်တဲ့အခါ... အပြင်မှယူဆောင်လာသောအစားအစာများ ဆိုင်တွင်းသုံးဆောင်ခွင့်မပြုပါဟု ဆိုင်ရှင် ကိုယ်တိုင်မှစ၍ မချေမငံ မောက်မာစွာပြောဆို အစော်ကားခံရပါသည်။
image#photo credited facebook
ထို့နောက် ဘုန်းကြီးများနှင့်အတူပါလာသော ဒကာ ဒကာမတွေ ကလည်း တချို့တဝက်က ဆိုင်ကဟင်းလျာများ မှာစားကြပေမယ့် တချို့တဝက်မှာ သူတို့စားဖို့ အဆင်မပြေတဲ့ ဟင်းလျာတွေဖြစ်တဲ့ အတွက် ကိုယ်တိုင်ချက်ပြုတ်ယူဆောင်လာတဲ့ အစားအသောက်များကို စားသောက်ခွင့်ပြုရန် မေတ္တာရပ်ခံခဲ့ပေမယ့် စားသောက်ခွင့်မပြုကြောင်း ထပ်မံ၍ မချေမငံပြောဆိုခံရပြန်လေသည်...ဟု ရေးသားနိုးဆော်ထားပါသည်။

ဒါလေးဖတ်ပြီးတော့ အော် ဒီကိစ္စမျိုး တစ်ကယ်ရှိပါလား...တစ်ကယ်ဆိုရင် ဒါမျိုးတွေဘာကြောင့်ဖြစ်တာလဲ။နောက်ပြီးဗုဒ္ဓဘာသာဆိုင်လို့တော့ ပြောထားသေးတယ်ဗျ။တချို့သောလူတွေဟာ အတ္တများလွန်းတဲ့ အတွက် မိမိလုပ်တာအားလုံးအမှန်ပဲလို့ ထင်ပြီး အမှားအမှန်... ကုသိုလ်...အကုသိုလ် မခွဲခြားနိုင်ပဲဖြစ်နေတာလို့ယူဆမိပါတယ်။လူအမျိုးမျိုးဆိုတော့လည်း ပုံစံအမျိုးမျိုးတော့ကြုံနေရမှာပေါ့။့ဒါပေမယ့် ဒီလိုအနေအထားကိုတော့ ဆိုင်ရှင်ဘက်မှ စီစဉ်ပေးနိုင်ရန်စဉ်းစားသင့်ကြောင်းနှင့်ဖြစ်ပုံပျက်ပုံအား ရေသားဖတ်ရှု့ခြင်းအပေါ်ဝေဖန်ရခြင်းဖြစ်သော်လည်း ဒီလိုအမှန်တကယ်ဖြစ်လာတဲ့အခါ အတ္တမကြီးပဲ ကုသိုလ်...အကုသိုလ် ခွဲခြားပြီး မှန်ကန်စွာဆောင်ရွက်တတ်ပါက နတ်... လူ...သာဓုခေါ်မည်ဖြစ်ပါ၍ ရွေးချယ်လျှောက်လှမ်းသင့်ပါကြောင်း... စိတ်အတွေးလေးတစ်ခုဖြစ်ခဲ့ရပါတော့၏။
image#photo credited facebook
မြန်မာစတီးမစ်မိသားစုအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝပိုင်ဆိုင်ကြပါစေလို့... ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မင်းရေးတာဖတ်ပြီး ဘယ်လိုပျော်ရွှင်ရပါ့မလဲကွာ။

ဟုတ်ပါ့ဆရာ။အဲဒီလို အတ္တမျိုးတွေ တဖြည်းဖြည်းလျော့နည်းသွားကြပါစေလို့ ဆုတောင်းရင်း::::::

ငင့်😔😔

ဘာဖြစ်လို့လဲ ချစ်ဆုံး။ဗိုက်ဆာလို့လား။