အသံတိတ် လူသတ်သမား

in myanmar •  7 years ago  (edited)

ဒီအကြောင်းလေးနဲ့ပတ်သက်လို့ facebook ပေါ်မှာဖတ်ဖူးတာတော့ကြာပါပြီ။အခုမှ ဖုန်းထဲက save ထားတဲ့ ပုံလေးတွေကိုတွေ့ ပြီးသတိရတာနဲ့သိထားသလောက်လေးပြန်လည်မျှဝေရေးသားလိုက်ပါတယ်။
image
အခြေအနေလေးကိုတော့ ဥပမာဇတ်လမ်းလေးတစ်ခုပုံစံနဲ့ပြန်ရေးပေးလိုက်ပါတယ်။မောင်ဖြူဟာသူ၏အလုပ်မှအိမ်သို့ စက်ဘီးစီး၍ ပြန်လာနေ၏။အိမ်ရောက်ပြီးခဏမျှ နားပြီးတာနဲ့ ရေချိုးလေ့ရှိသည်။ပြီးတာနဲ့ ထမင်းစောစောစားလေ့ရှိသောမောင်ဖြူအဖို့အမေရေ သားထမင်းစားတော့မယ်ပေါ့။အေး သားရေ ဒီနေ့ ဆိုင်းမဆင့်ဗုံမဆင့် ဧည့်သည်တွေရောက်လာလို့ ဟင်းနဲသွားတယ်သားရယ်...။အမေ... ဘာလုပ်ပေးရမလဲဆိုတော့  ရတယ်အမေ သားကြိုက်တဲ့ ခရမ်းချဉ်သီးနဲ့ ကြက်ဥမွှေကြော်လေး သားကိုယ်တိုင်ကြော်စားလိုက်ပါ့မယ်အမေ။ အေးအေး...သား... ရေခဲသေတ္တာထဲမှာခရမ်းချဉ်သီးလဲအဆင်သင့်ရှိတယ်သား ဟုတ်ကဲ့အမေ ဆိုပြီးပြောရင်း  ခရမ်းချဉ်သီးလေးထုတ် ရေဆေး တယ်။
image
ရေဆေးနေရင်းမထင်မှတ်ပဲ အပေါက်အမဲနေရာလေးအားသေချာပွတ်နေ၏။သေချာကြည့်ပြီးအော် ပိုးပေါက်နဲ့တူပါတယ်။ဒါနဲ့သူလဲနောက်တစ်လုံးထပ်ထုတ်ပြီးရေဆေးပြန်၏။ဒီတစ်လုံးမှာလဲ အရင်အလုံးအတိုင်းအပေါက်အမဲလေးပါနေပြန်၏။ဒီအခါမှာတော့ မောင်ဖြူတစ်ယောက် သံသယ ဝင်လာပါတော့သည်။အပေါက်အမဲလေးတွေရဲ့အဝိုင်းဟာတူညီနေပြီး နေရာလည်းအနီးစပ်ဆုံးတူနေပြန်၏။အပေါက်နေရာအားလှီးကြည့်သောအခါ ပိုးပေါက်ပိုးကောင်နေရာမျိုးမဖြစ်နေသည်ကိုတွေ့ရပြန်၏။ဒါဆိုရင်တော့  အဒေါ်ကြီးပြောတဲ့ ဈေးထဲက ငါးတွေဝယ်လာပြီးချက်ဖို့လုပ်တော့ငါတွေရဲ့ ပါးဟက်အောက်တည့်တည့်မှာ အပေါက်လေးတွေတွေ့တယ်။အဲဒါနဲ့ မသင်္ကာလို့ ငါးတွေကို ပုရွက်ဆိတ်တွေနားချထားလိုက်တယ်။ပုရွက်ဆိတ်တစ်ကောင်မှမစားတာကိုတွေ့ရပါတယ်။ဒါကြောင့် သူလဲမစားရဲတော့ပဲ ငါးတွေကိုဒီအတိုင်းထားလိုက်တာ နောက်တစ်ရက်ရောက်တာတောင် ငါးတွေ ဟာ ပုပ်မသွားဘူးတဲ့...။
အော် အခုခေတ် ဈေးသည်တော်တော်များများဟာ ငါးတွေ ကြက်တွေ ပုဇွန်တွေကို
လူတွေသေရင် မပုပ်မသိုးအောင် ထိုးတဲ့ ဖော်မလင်ဆေးထိုးတာလေ ဆိုတဲ့စကားလေး သတိရသွားပြီး နောက်ကျန်နေသောခရမ်းချဉ်သီးအားလုံးကြည့်လိုက်သောအခါ အပေါက်လေးတွေရှိနေ၏။
image
သားငါးတွေကိုကြာကြာထားနိုင်ရန်အတွက် မပုပ်မသိုးအောင် ထိုးတဲ့ ဖော်မလင်ဆေးကို ဟင်းသီးဟင်းရွက်နှင့်အခြားအလာတူအစားအစာများတွင်သုံးစွဲနေကြပါကောလား။ဒီလိုဆေးထိုးထားတဲ့သားငါးတွေကိုကျွန်တော်တို့ စားမိရင် ဘာတွေဖြစ်မယ် ထင်ပါသလဲ မိတ်ဆွေတို့...
ဒီအစားအစာတွေကို အစာအိမ်က ချက်ပြီးစုပ်ယူလို့ရတဲ့ အစာအာဟာရအားလုံး ကောင်းတာရော... မကောင်းတာရော သွေးကြောထဲမှတဆင့် အသည်းကိုအရင်ရောက်တယ်။အသည်းရဲ့တာဝန်က သွေးထဲမှ အဆိပ်အတောက်မှန်သမျှ သန့်စင်ပေးရတယ်။ဒီလိုအစားအစာတွေ စားပါများလာတော့ ကျွန်တော်တို့တွေရဲ့ အသည်းကိုထိခိုက်လာပါတော့တယ်။ဒီလိုနဲ့အနှေးနဲ့အမြန် အသည်းရောဂါတွေ ဖြစ်လာမှာပေါ့။
အခုဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံမှာ အသည်းခြောက်...အသည်းကင်ဆာရောဂါ တွေနဲ့ သေတဲ့သူတော်တော်များနေပြီဗျ။အဲဒါကိုသူတို့ သတိမထားပဲ သူတို့ရဲ့ အသားငါးတွေကို အချိန်မှီ ရောင်းမကုန်ရင် ကြာကြာအထားခံအောင် သိသိကြီးနဲ့ လုပ်နေတယ်ဆိုတာထင်ရှားနေပါတယ်ဗျာ။ ဝိသမလောဘသမားတွေရဲ့ မိမိကောင်းရင်ပြီးရော ဘယ်သူသေသေ ငတေမာရင်ပြီးရော ကိုယ်ချင်းမစာ လုပ်စားနေကြပါလား...မိမိတို့အားလုံး ဒီလိုဆေးသုံးထားတာတွေ ဘယ်လောက်စားမိနေပြီလဲ...။
image
ဒါကြောင့် ဒီလောက်ဆိုးတဲ့ အခြေအနေပါလားလို့ တွေးပြီး  အားလုံးသတိထား ရှောင်ရှားနိုင်ကြစေရန်အလို့ငှာ အသံတိတ်လူသတ်သမားဆိုတဲ့ခေါင်းစဉ်လေးနဲ့ ရေးသားတင်ပြလိုက်ရပါတော့သည်။
image
အားလုံးကျန်းမာ ချမ်းသာ ပျော်ရွှင်တဲ့ ဘဝ လေးပိုင်ဆိုင်ကြပါစေလို့.....
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
photos from facebook

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကိုယ်တိုင်စိုက်စားရမလိုဖြစ်နေပြီ နော် ..

ဟုတ်ပါ့အန်တီရေ။

Congratulations, you were selected for a random upvote! Follow @resteemy and upvote this post to increase your chance of being upvoted again!
Read more about @resteemy here.

I will transfer sbd.Where can i post mylink,sir?I am a new user.Please help.

လောဘသားကြောင့် ခက်တယ် ကလေးရေ..အညာမှာ ကွကိုယ် စိုက်စားကြတာ အေးရော😊😊

organic အစားအစာတွေက ကိုယ်တိုင်စိုက်စားမှပဲရတော့မှာပါ အစ်မ

‌ကြောက်‌စရာ ကြီးဗျာ။

ဟုတ်ပါ့ဗျာ။

လောဘ ​လောဘ

လောဘ တွေ အတောမသတ်နိုင်တော့ အဲဒီလိုတွေပါဖြစ်ကုန်တာပေါ့ဗျာ

အဟင့်

ကြောက်လို့လား။ဘာဖြစ်လို့လဲဗျ။

ဘဟုသုတရပါတယ်

Thank you.

ကြောက်စရာကြီးပါ

ဟုတ်တယ်ခင်ဗျာ။

ဟုတ်ပဗျာ ကိုယ့်ဘာသာအညာမှာ စိုက်ပျိုးစားတာပိုကောင်းတယ်

organic အစားအစာ က ကိုယ်တိုင်စိုက်မှရတော့မှာ

အင်း ခုခောတ်ကြီးကတော်တော်ကို ကြောက်စရာကောင်းနေဘီ လူ့လောဘသားတွေကြောင့်ပေါ့

ဟုတ်တာပေါ့ဗျ။

အခုမှ ပိုသတိထားမိတယ်ဗျာ

ဂရုစိုက်ပါတော့မယ်

good!

😨ကြောက်​စရာ​ကောင်းလိုက်​တာ...

ဟုတ်တယ်ဗျာ။

ခုခေတ်ပိုပိုဆိုးလာတယ်

ဟုတ်ပါ့သူငယ်ချင်းရာ

ဗဟုသုတ ရ​စေပါတယ်​​​ဗျ .​ကျေူးဇူးပါဗျ

me,too.

FDAကလားဟင်​ fri က

မဟုတ်ပါဘူးသူငယ်ချင်းရာ။ဒီလိုအခြေအနေလေးကိုစိတ်မကောင်းဖြစ်ရလို့ပါ။

အစ်ကိုရယ် ဗဟုသုတများစွာကိုပေးလိုက်တာဘဲဗျာ
နောက်ဆိုရင် ဈေးသွားရင် အပေါက်တွေတောင် လိုက်ရှာရတော့မယ် ကျေးဇူးပါဗျ

ဟုတ်ပါ့။

အစား​သောက်​စားရတာ​ကြောက်​လာပြီ

သတိထားရင်ရပါတယ်။

သတိထားရတော့မည်

good!

မလုပ်ကောင်း စရာတွေဗျာ

ဟုတ်တယ်ဗျာ။

ကြောက်​စရာဘဲ

ဟုတ်ပါတယ်။ကြောက်စရာကောင်းပါတယ်ခင်ဗျ။

အရင်​က အသီးအရွက်​စားရင်​ ကျန်းမာတယ်​ ဘာညာနဲ့ အခု​တော့ ပိုးသတ်​​ဆေး ရက်​မပြည့်​​တွေများ​တော့ ပိုး​ပေါက်​​လေးရှာဝယ်​ဂမလိုဖြစ်​​နေတယ်

ဟုတ်ပါ့အစ်ကိုရာ။အဲဒီလိုကိုဖြစ်နေပြီဗျ။

v100%$0.08 v n m .

Thank you!

ဘယ်လိုလုပ်ကျမလဲဗျာ

သတိထားပြီးနေထိုင်စားသောက်ရမှာပေါ့အစ်ကိုရာ။