Happy Birthday My lovely Baby...!!!

in myanmar •  7 years ago 

ဒီနေ့ ကျွန်တော်၏ချစ်လှစွာသောသားလေး မောင်ချမ်းမင်းဥက္ကာ ရဲ့ (၄)နှစ်ပြည့် မွေးနေ့လေးဖြစ်တဲ့အတွက် အနီးအနားပတ်ဝန်းကျင် မိတ်ဆွေများနှင့်ဆွေမျိုးတစ်သိုက်အား ကြာဇံကြော် ကျွေးပြီး မွေးနေ့ အလှူလေးလုပ်ပေးပါတယ်။
image#photo by my phone camera
ကျွန်တော်တို့ငယ်ငယ်တုန်းက မွေးနေ့ဆို တစ်ခုခုကျွေးမွေးပြီး မွေးနေ့အလှူကုသိုလ်လုပ်တာပဲသိပါတယ်။အခုခေတ်ကြတော့ ကလေးတွေက ငယ်ငယ်လေးကတည်းက Happy Birthday cake ခွဲ ချင်တယ်တဲ့။အော် ခေတ်ကအဲဒီလိုဖြစ်သွားပြီ။အဲဒါနဲ့ညနေပိုင်း cake ခွဲဖို့လုပ်ပေးရတာပေါ့။ညနေပိုင်း Birthday cake ခွဲရင်း ကလေးတွေကိုပါ ကျွေးမွေး ဧည့်ခံခဲ့ပါသည်။
image#photo by my phone camera
ဘာပဲဖြစ်ဖြစ် သားလေးရဲ့ မွေးနေ့ပွဲအလှူ ... မွေးနေ့မင်္ဂလာဖြစ်ပါသောကြောင့် ပျော်ရွှင်စွာဖြင့် စိတ်ကြည်နူးပီတိဖြစ်ရပါကြောင်း... သားသားလေး(၄)နှစ်ပြည့်မွေးနေ့မှစ၍  မိဘများနှင့်အတူ ကျန်းမာ ချမ်းသာ ပျော်ရွှင်၍ ပညာတတ်သားကောင်းရတနာဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း... steemit မိသားစုများအားလုံးလည်း မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
image#photo by my phone camera
@uthantzin
MSC-211

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Beautiful post

Thank you.

HappyBirthday ပါ😍

တော်သေးတာပေါ့။ချစ်ဆုံးကိုမျှော်နေမိတာ။