အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
လူသားအားလုံးဟာ မိမိတို့ဘဝ ပိုမိုတိုးတက်ကောင်းမွန်ရန်အတွက် ငယ်ရွယ်စဉ်အချိန်မှစ၍ တဖြည်းဖြည်း ကြိုးစားလေ့လာ လုပ်ဆောင်ရင်း ဘဝကို ဖန်တီးပုံဖော်နေကြရပါသည်။ဒီလို ပိုမိုတိုးတက်အောင် ကြိုးစားပုံဖော်တဲ့အခါ မိမိတို့၏စိတ်ဓါတ် အရည်အသွေးအပေါ် များစွာမူတည်နေပါသည်။
မိမိတို့၏ခိုင်မာတဲ့ယုံကြည်ချက်စွမ်းအား..ပြင်းပြတဲ့စိတ်စွမ်းအား..သတ္တိရှိမှုစွမ်းအား စသောစိတ်စွမ်းအားအရည်အသွေးများ ကောင်းမွန်ဖို့ မဖြစ်မနေ လိုအပ်မှာဖြစ်ပါတယ်။ဒီလို စိတ်စွမ်းအားများ ပိုမိုကောင်းမွန်အောင် ကြိုးစားမွေးမြူ ကြရမှာဖြစ်ပါတယ်။
Crd-org-source
ဒါကြောင့် စိတ်စွမ်းအားအရည်အသွေး ပိုမိုကောင်းမွန်ရန်အတွက် လိုအပ်သော အချက်တစ်ခုဖြစ်တဲ့ "မိမိကိုယ်ကို ထိုက်တန်စွာ အသိအမှတ်ပြုပါ" ဆိုတဲ့ အချက်လေးကို ရေးသားပေးခဲ့ပါရစေ။
ဥပမာ-(၁) မိမိတို့ အပန်းဖြေခရီးထွက်တုန်းက (သို့) ဘုရားဖူးသွားတုန်းက မိမိရိုက်ထားလိုက်သော ဓါတ်ပုံတွေဟာ အရမ်းကောင်းမွန်သော ပုံလေးတွေဖြစ်ခဲ့တယ်ဆိုပါစို့...။
ဒီလို ပုံကောင်းလေးတွေ ဖြစ်ဖို့အတွက် ပထမတစ်ချက်အနေဖြင့် အဲဒီအချိန်တုန်းက မိမိဟာ ပုံရဲ့ နောက်ခံရှု့ခင်းလှလှလေးတွေကိုကြည့်ပြီး ဒီနေရာလေးနဲ့ရိုက်ရင် ပိုကောင်းမယ်လို့စဉ်းစားပြီး ရိုက်ခဲ့တာမျိုး ဖြစ်မည်။
ဒုတိယတစ်ချက်မှာ ထိုရိုက်စဉ်အချိန်က အလင်းအမှောင် နဲ့ လူနေဟန်များကိုလည်း လိုက်ဖက်ညီအောင် ချိန်ဆပြီး ရိုက်တတ်ခဲ့လို့သာ ပုံကောင်းလေးတွေ ဖြစ်လာတာဆိုပြီး မိမိလုပ်နိုင်ခဲ့သော အရာလေးကို သတိထား အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ဒီလိုမှသာ နောက်တစ်ခါ ဓါတ်ပုံတွေရိုက်တဲ့အခါ ငါပုံကောင်းတွေ ရိုက်နိုင်ခဲ့ပါလား... ဒါငါလုပ်နိုင်တာပဲဆိုတဲ့ ယုံကြည်မှုစွမ်းအားများရရှိနေသဖြင့် ဓါတ်ပုံကောင်းထပ်မံရရှိဖို့ စိတ်ဓါတ်ခွန်အားအပြည့်ဖြစ်နေမှာ သေချာပါသည်။
Crd-org-source
ဥပမာ-(၂) မိမိ၏မွေးနေ့ပွဲကို မိမိကိုယ်တိုင် စီစဉ်ဆောင်ရွက်ပြီး ကျွေးမွေးဧည့်ခံတယ်ဆိုပါစို့...။
မွေးနေ့ပွဲလေးဟာ စည်စည်ကားကားနဲ့ အကျွေးအမွေးကလည်း ကောင်း ဧည့်ခံမှုကလည်း ကောင်းပြီး ပျော်ရွှင်စွာပြီးမြောက်သွားခဲ့ပါတယ်။ဒီရလဒ်ကိုကြည့်ပါ။ဒါဟာ မိမိကိုယ်တိုင်စီစဉ်ပြီး မိမိလုပ်ဆောင်နိုင်ခဲ့တာပါ။ဒီအချက်ကို စဉ်းစားပြီး မိမိကိုယ်ကို ထိုက်တန်တဲ့ အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်။မွေးနေ့ပွဲကို သူငယ်ချင်းတွေက မွေးနေ့လက်ဆောင်များပေးပြီး မိမိကို ဂုဏ်ပြုကြတယ်။ကိုယ်ကလည်း မိမိမွေးနေ့ပွဲလေးအောင်အောင်မြင်မြင် နဲ့ ပြီးသွားတဲ့အခါ မိမိစီစဉ်ပြီး လုပ်နိုင်ခဲ့တာလေးကို အသိအမှတ်ပြုတဲ့အနေနဲ့ မိမိလိုချင်သောပစ္စည်းလေးကို ဝယ်ယူပြီး မိမိကိုယ်ကိုဂုဏ်ပြုလိုက်ပါ။ဒီလိုလုပ်ခြင်းဖြင့် မိမိ၏စိတ်ဓါတ်ရေးရာ ယုံကြည်မှုကို မြှင့်တင်ပေးခြင်းပဲဖြစ်ပါတယ်။
Crd-org-source
ဥပမာ-(၃) မိမိအိမ်မှာ နောက်ဖေးမီးဖိုချောင်မှ ပျဉ်ပြားတစ်ချက် ကျိုးနေတယ်ဆိုပါစို့...။
ဒါကို မိမိမှ ပျဉ်ပြားအသစ်ဝယ်ယူပြီး မိမိကိုယ်တိုင် ဖြုတ်ထုတ်လဲလှယ်ဆောင်ရွက်လိုက်ပါသည်။အဆင်ပြေပြီးစီးသွားတဲ့အခါ ဒါ ငါလုပ်လိုက်လို့ကောင်းသွားပြီ...နောက်တစ်ခါ ဒီထပ်ပိုများများဖြစ်လာတဲ့အခါ ငါ လုပ်ထားဖူးတဲ့အတွက် ငါလုပ်နိုင်တယ်လို့ ယုံကြည်မှုရှိလာတယ်။ဒါကြောင့် ပထမတစ်ခေါက်လုပ်ထားတုန်းက အဆင်ပြေမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ လွှကောင်းကောင်းတစ်လက် ဝယ်ယူပြီး မိမိကိုယ်ကို ဂုဏ်ပြုလိုက်ခြင်းဖြင့် စိတ်ဓါတ်ကို မြှင့်တင်ပေးကြရမှာဖြစ်ပါတယ်။နောက်တစ်ခါလုပ်တဲ့အခါ ပိုမိုကောင်းမွန်ရန်အတွက် သိပ်မထက်သော လွှအဟောင်းနေရာမှာ လွှအသစ်လေးနဲ့ အစားထိုးပြီး မြှင့်တင်လိုက်တဲ့သဘောပါ။
ဒီလိုလေးတွေ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ပါများလာသောအခါ မိမိရဲ့တန်ဖိုးထားမှုလေးတွေဟာ မိမိ၏ယုံကြည်မှုစွမ်းအား အကောင်းမြင်မှုစွမ်းအား တွေပိုမိုများပြား လာမှာဖြစ်ပါတယ်။
Crd-org-source
ဒီခေါင်းစဉ်လေးရေးနေရင်း တစ်နေ့က သားလေးပြောတာ သွားသတိရမိတယ်ဗျာ။
သားလေးကို သူ့အဒေါ်က မူကြိုကျောင်းသွားကြိုပြီး ပြန်လာတော့ မူကြိုဆရာမက သားလေး"ဝ"ဝလုံးလေးတွေရေးတာ လှလာပြီး တော်တယ်လို့ ချီးမွမ်းလိုက်တယ်တဲ့။အဲဒါနဲ့ သူ့အဒေါ်က "သားတော်တာမဟုတ်ပါဘူး...သားကိုအိမ်မှာ သီးသန့်သင်ပေးတဲ့ ဆရာမတော်လို့"ဆိုပြီးပြောလိုက်တဲ့အခါ... ချက်ခြင်းပဲ "မဟုတ်ဘူး သားတော်တာ"လို့ သူ့အဒေါ်ကို ပြန်ပြောလေ၏။သားကို မူကြိုကျောင်းမှာအပြင် အိမ်မှာလည်း သူ့အစ်မဝမ်းကွဲ ဆရာမတစ်ယောက်ကို အဆင်သင့်သလို စာသင်ခိုင်းထားတာပါ။
ဒါကြောင့် သားလေးပြောသွားတာလေး ကောင်းပါတယ်။သူကိုယ်တိုင် စနစ်တကျ မရေးဘူးဆိုရင် ဒီလိုချီးမွမ်းခံရမှာမဟုတ်ဘူးလေ။ဒါကြောင့် မိမိကိုယ်တိုင် တော်လို့ပါဆိုတာလေး မမေ့ကြပါနဲ့။ သူငယ်ချင်းအားလုံး မိမိတို့လုပ်ဆောင်ခဲ့သောကိစ္စများအတွက် မိမိကိုယ်ကို ကောင်းမွန်စွာ အသိအမှတ်ပြုပေးပါလို့ ပြောကြားရင်း အဆုံးသတ်လိုက်ရပါတော့သည်။
Crd-org-source
မြန်မာစတီးမစ် မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝ ရရှိကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
မိမိကိုယ်ကိုအသိအမှတ်ပြုရင်းကိုယ့်ကိုကိုယ်ယုံကြည်မှုလည်းရလာမှာပါ...အရမ်းကိုကောင်းပါတယ်....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်အစ်မ ယုံကြည်မှုအားကောင်းလာဖို့အတွက် စဉ်းစားရေးဖြစ်တာပါ။ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုသန့် ရဲ့ စေတနာထားမှုလေးတွေ ခွန်အားပေးမြှင့်တင်တာလေးတွေ
post မှာတွေ့ ရပါတယ် ကိုယ်ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဒီလိုမျိုး
စိတ်နေစိတ်ထားလေးတွေနဲ့ ရှေ့ ဆက်နိုင်ရင် အောင်မြင်မှုအသီးအပွင့်တွေ အများကြီးရရှိလာမှာအမှန်ပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်အစ်ကို စိတ်ထားတတ်လာရင် ပိုမိုတိုးတက်ဖို့ အခြေအနေလေးတွေ ရရှိဖို့ ဖြစ်လာတော့မှာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ့်ကိုယ်ကို အရင်အသိအမှတ်ပြုမှသာ သူများက ပိုအသိအမှတ်ပြုမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်မှန်တာပေါ့ခင်ဗျာ။မိမိကိုယ်ကို အသိအမှတ်ပြုလိုက်တာနဲ့ ရရှိလာမယ့် အကျိုးဆက်လေးတွေပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုသန့်ေ ပြာချင်တာက ကိုယ့်ရဲ့ယုံကြည်မှု အလုပ် လုပ်ခြင်းအာြး ဖင့် ဖန်တီးလို့ ရတာကိုေ ပြာတာပေါ့နော် ၊သိပ်ကြိုက်တယ်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်တာပေါ့အစ်ကို မိမိကို်ယ်ကိုအသိအမှတ်ပြုပေးခြင်းဖြင့် ယုံကြည်မှုပိုမိုရှိအောင် ဖန်တီးပုံဖော်သွားတဲ့သဘောပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငါလုပ်တာတော်တယ်လို့ အသိအမှတ်ပြုပေးခြင်းဟာ နောက်တစ်ဆင့်တက်ဖို့ အားဖြည့်နေတာနဲ့တူတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သေချာပါတယ် စိတ်ဓါတ်ပိုင်းဆိုင်ရာ မြှင့်တင်လိုက်တာပေါ့ခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ယုံကြည်မူတွေနဲ့ ရှေ့ဆက်ရမယ်လေ ☺ ☺
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်အစ်ကို မိမိကိုယ်ကို ယုံကြည်မှု ရှိနေရပါမယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူတယောက်ရဲ့အဆင့်အတန်းက အဲ့ဒီလူရဲ့ စိတ်ဓပ် ပေါ်မှာအခြေခံပါတယ်ဗျ ကောင်းသောပိုစ်ကလေးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သေချာတာပေါ့အစ်ကို အများကြီးမူတည်ပါတယ်ခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းမှန်ပါတယ်။ကောင်းတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ် အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit