မိသားစု ဝါဆိုသင်္ကန်းကပ်အလှူပွဲ...!

in myanmar •  6 years ago  (edited)

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ်တော့ ဝါဆိုလပြည့်နေ့ တုန်းက ဝါဆိုသင်္ကန်းကပ်အလှူ အတွက် ကုသိုလ်ပီတိဖြစ်ခဲ့ ပုံလေးတွေကို ပြန်လည်ဝေမျှပေးခဲ့ပါရစေ။
20180727_125841.jpg
#photo by @uthantzin
နှစ်တိုင်းလိုလို ဝါဆိုလအတွက် ဝါဆိုသင်္ကန်းကပ်လှူချင်တာရယ်...
တန်ဆောင်မုန်းလရောက်တဲ့အခါ ကထိန်သင်္ကန်းကို မိမိတို့ကိုယ်တိုင်ဦးဆောင်ပြီး ပျော်ပျော်ပါးပါး ပဒေသာပင်များလှည့်၍ စုပေါင်းဘုံကထိန်ကုသိုလ် လုပ်တာ တို့ကို မပျက်အောင်စီစဉ်လေ့ရှိပါတယ်။ကထိန်အတွက်ကတော့ လစဉ်အလှူငွေကောက်ခံပြီး ဝန်ထမ်းမိသားစုဘုံကထိန်ဆိုပြီး စက်ရုံနှင့်မဆိုင်ပဲ မိမိတို့ကိုယ်တိုင် ဦးစီးပြီးသီးသန့်အလှူပြုလုပ်ပါတယ်။
20180727_110016.jpg
#photo by @uthantzin
ဒီနှစ်ဝါဆိုသင်္ကန်းကပ်အလှူအတွက်တော့ မိမိတို့မိသားစုတစ်စုတည်း သီးသန့်ပြုလုပ်ခြင်းမျိုးမလုပ်ပဲ ဇနီး၏မိဘတွေအိမ်မှာ ညီအစ်ကိုမောင်နှမတွေအားလုံး အလှူပါစေရန် တတ်နိုင်သလောက် အလှူငွေထည့်ဝင်စေပြီး စုပေါင်းကုသိုလ်ရရှိစေရန် စီစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ဒီလိုနဲ့ အားလုံး တိုင်ပင်ကြပြီး မိမိတို့မှ ဝါဆိုသင်္ကန်းအပြင် ပဋ္ဌာနပါဠိကျမ်း (ဓမ္မစေတီ) စာအုပ်(၅)အုပ်တွဲကိုပါ ပူးတွဲလှူဒါန်းကုသိုလ်ပြုမည်ဟု စီစဉ်ခဲ့ကြပါသည်။
ဒါကြောင့် မိမိတို့ ကပ်လှူမည့်အစီအစဉ်အား ဆရာတော်ထံလျောက်ထားပြီး ပဋ္ဌာနပါဠိ ကျမ်းစာအုပ်များမှာလည်း ကျောင်းအတွက် လိုအပ်ပါကြောင်း ဆရာတော်မှ မိန့်ကြားသဖြင့် ပထမဦးဆုံးဝမ်းသာပီတိဖြစ်ရပါတယ်။ဆရာတော်အား မိမိတို့မှ ဝါဆိုလပြည့်နေ့ ဝါဆိုသင်္ကန်းကပ်အလှူ ပင့်ဖိတ်ရာတွင် လပြည့်နေ့ဖြစ်သောကြောင့် ဝါဆိုသင်္ကန်းကပ်အလှူရှင်များ အရမ်းများနေသဖြင့် ဆရာတော်မှ တပည့်ဒကာ အရင်းများဖြစ်နေ၍ တစ်အိမ်ပြီးတစ်အိမ်ကြွပေးမည်ဟု မိန့်ကြားလိုက်ပါသည်။ သို့သော် နေ့ဆွမ်းသာကပ်ပါဟု ဆွမ်း ဆွမ်းဟင်းကိုလည်း အဆင်ပြေသလိုဘုဉ်းပေးမည်ဟု ထပ်မံမိန့်ကြားလိုက်ပါသည်။
20180727_112951.jpg
#photo by @uthantzin
ဒါကြောင့် လဆန်း(၁၄)ရက်နေ့တွင် ဝါဆိုသင်္ကန်းများနှင့် ပဌာနပါဠိ ကျမ်းတွဲများအဆင်သင့်ဖြစ်စေရေး ဧည့်ပရိသတ်များအတွက် ထမင်း ဟင်းများနဲ့ ကျွေးမွေးဧည့်ခံမည်ဖြစ်၍ လိုအပ်သည်များဆောင်ရွက်ခြင်းဖြင့် ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ကြပါသည်။
လပြည့်နေ့ရောက်သောအခါ မနက်အစောပိုင်း အားလုံး အဆင်သင့်ဖြစ်စေရန် လုပ်ကိုင်ဆောင်ရွက်ကြပြီး ဆရာတော်ကြွလာသောအခါ မတိုင်ခင် အိမ်(၅)အိမ်ကြွပြီးဖြစ်ကြောင်း မိမိတို့အလှူအိမ်မှာဖြင့် ဆွမ်းအရင် ဘုဉ်းပေးမည်ဖြစ်ပြီး တရားမပေးသေးပဲ နောက်တစ်အိမ် ဆက်ကြွမည်ဖြစ်ကြောင်း
ပြီးမှသာ မိမိတို့အိမ်သို့ပြန်ကြွပြီး တရားပေးမည် စသည်ဖြင့် တပည့်ဒကာအရင်းများနဲ့ အေးအေးဆေးဆေး စကားပြောချင်ပါသေးကြောင်း ပြောဆိုပြီး ဆွမ်းဘုဉ်းပေးလေသည်။
ဆွမ်းဘုဉ်းပေးပြီးသောအခါ ကောင်းမွန်ပြည့်စုံပါကြောင်း မိန့်တော်မူသဖြင့် ဝမ်းသာပီတိဖြစ်ရပြန်ပါသည်။
ထူးခြားတာလေးကတော့ ဆရာတော်မှ ဆွမ်းစားတခေါက်ကြွ၍ တရားပေးတစ်ခေါက်ထပ်ကြွပြီး လှူဒါန်းကုသိုလ်ပြုလုပ်ရသော ဝါဆိုသင်္ကန်းကပ်အလှူဖြစ်ပါသည်။
20180727_123254.jpg
#photo by @uthantzin
တရားနာပြီးသောအခါ ဆရာတော်မှ မိမိတို့အားလုံးနှင့် စကားပြောဆိုကြပြီး ကျောင်းသို့ ပြန်ကြွသွားပါသည်။
ရပ်ကွက်ထဲမှ ဧည့်ပရိသတ်များကိုလည်း ကောင်းမွန်စွာ ကျွေးမွေးဧည့်ခံပြီး ပျော်ရွှင်စွာ ဖြတ်သန်းကုသိုလ်ယူခဲ့ကြပါသည်။ညနေပိုင်းမှာတော့ မိမိတို့၏ပြုလုပ်ချင်သော.. မိသားစု ညီအစ်ကိုမောင်နှမအားလုံး အလှူဒါန ပါသော ဝါဆိုသင်္ကန်းကပ်အလှူပွဲလေး အောင်မြင်ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပါသည်။
မိမိတို့မိသားစု ညီအစ်ကိုမောင်နှမများအားလုံး တိုင်ပင်ပြီး စိတ်တူကိုယ်တူ စုပေါင်းပြုလုပ်သောကုသိုလ်အလှူဖြစ်ပါ၍ မိမိသီးသန့်ပြုလုပ်သောအလှူထက် ပီတိတစ်မျိုး ပိုမိုရရှိပျော်ရွှင်နေမိပါသည်။
မိသားစုအားလုံး စုပေါင်းပြီးအလှူတစ်ခုပြုလုပ်တာဖြစ်တဲ့အတွက် ညီညွတ်သောစိတ်ဓါတ် စုပေါင်းပြီးကုသုလ်ပြုတတ်တဲ့စိတ်ဓါတ်တွေဟာ မိသားစုအတွင်းမှာ စည်းလုံးမှုပိုမိုရရှိစေပြီး အရမ်းတန်ဖိုးရှိတဲ့ အလေ့အထလေးဖြစ်တဲ့အတွက် စိတ်ထဲမှာ ပိုမိုဝမ်းသာပျော်ရွှင်ရပါသည်။ဒီလိုအလှူမျိုး နှစ်တိုင်းလုပ်မည်ဟုလည်း စိတ်ထဲတွင် အားလုံးဖြစ်ပေါ်နေကြပါသည်။
ဇနီးသည်၏မိဘများသည်လည်း သားသမီးများစည်းစည်းလုံးလုံးနဲ့တက်ညီလက်ညီ ပြုလုပ်ကြတဲ့အတွက် စိတ်ချမ်းမြေ့စရာကောင်းသော ဒီအလှူမြင်းကွင်းနဲ့ အလှူကုသိုလ်ဒါန များအားကြည့်ရှု့ခံစားပြီး ပျော်ရွှင်အေးချမ်းပီတိဖြစ်နေသော မိဘများ၏မျက်နှာများအား မြင်တွေ့နေရပါသည်။
20180727_114023.jpg
#photo by @uthantzin
ဒါကြောင့် မိမိတို့စုပေါင်းပြုလုပ်လှူဒါန်းခဲ့သောအလှူဒါနများအား စိတ်ထဲမှာ အားရကျေနပ်ပြီး ပျော်ရွှင်ချမ်းမြေ့ပီတိများဖြင့် သူငယ်ချင်းများအာလုံးလည်း ပျော်ရွှင်ပီတိများကူးဆက် စေချင်ပါ၍ပြန်လည်ရေးသား မျှဝေ လိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သာဓုသာဓုသာဓု😊😊😊

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ် chitsone လည်းကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။

အေးချမ်းလိုက်တာဗျာ
မိသားစု အလှူပွဲလေး ကို ပီတိဖြစ်ရပါတယ်
အဲ့လို သဒ္ဒါတရားထက်သန်မှုတွေကြောင့်လည်း
နောင် ဒီ့ထက်မက လှူဒါန်းနိုင်ပါစေအကိုသန့် 

ကျေးဇူးတင်ပါတယ် ပေးတဲ့ဆုနဲ့ပြည်ပါစေခင်ဗျာ။

သာဓု သာဓု သာဓု ပါ။ကိုသန့်‌ရင်‌ထဲက ပီတိ‌တွေကို မြင်‌‌နေရပါတယ်‌ ။နှစ်‌စဉ်‌နှစ်‌တိုင်း လှူ ဖြစ်‌ပါ‌စေ‌ဗျာ။

ကျေးဇူးတင်ပါတယ်အစ်ကို ပေတဲ့ဆုနဲ့ပြည့်ပါစေခင်ဗျာ

ကောင်းပါတယ်​ဗျာ ဝါဆိုသင်္ကန်းကပ်​လှူတာ
သာဓု​ခေါ်ပါတယ်​ဗျာ

ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးတင်ပါတယ်

ဒီလိုအလှူမျိုးနှစ်​စဉ်​နှစ်​တိုင်းဖြစ်​​မြောက်​ပါ​စေ....​ကောင်း​သောပိုစ့်​ပါ....

ပေးတဲ့ဆုနဲ့ပြည့်ပါစေခင်ဗျာ အစ်မလည်း ကျန်းမာ ချမ်းသာပါစေလို့ ဆုတောင်းပေးပါတယ်။

သာဓု ​ခေါ်ပါတယ်​ဗျာ ☺ ☺

ဟုတ်ကဲ့ပါ ခင်ဗျာ။ကောင်းသောနေ့ရက်တွေပိုင်ဆိုင်ကြပါစေ။

နောင်​နှစ်​များလည်းဒီထက်​မက လှူနိုင်​ပါ​စေရှင်

ကျေးဇူးတင်ပါတယ်ခင်ဗျာ။ပေးတဲ့ဆုနဲ့ပြည့်ပါစေ။

ဆွမ်းဘုဉ်း က ဒလိုပေါင်းတာမလား 😊ဝမ်းသာပါတယ် မိသားစု အလှူပွဲ ဒီထက် လှူနိုင်ပါစေ😊

ဟုတ်ပါ့ဗျာ မှားနေတာပဲ ပြန်ပြင်လိုက်ပါ့မယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။ပေးတဲ့ဆုနဲ့ပြည့်ပါစေ။

ပီတိကြည်နူးမိပါတယ်

ကျေးဇူးပါအစ်ကို

သာဓု၊ သာဓု၊ သာဓု ပါနော်
ထပ်တူပီတိဖြစ်မိပါတယ်

ကျေးဇူးတင်ပါတယ်ခင်ဗျာ

မိသားစု အလှု ကုသိုလ်လေးကို သာဓုခေါ်ပါတယ်ဗျာ။

ဟုတ်ကဲ့ပါဦးညီ ကျေးဇူးတင်ပါတယ်