နှလုံးသွင်းမှန်ကန်ပါစေ...

in myanmar •  7 years ago 

ဘဝဆိုတာ လွယ်ကူ အဆင်ပြေတဲ့အခါလည်းရှိသလို အခက်အခဲတွေ နဲ့ စိတ်သောကရောက်စရာတွေလဲ ရှိနေကြမှာပါ။
image
ဒါကြောင့် မိမိ ဘဝ အဆင်ပြေ ချောမွေ့ တဲ့ အခါ စိတ်ချမ်းသာကြပြီးတော့ အခက်အခဲ ပြဿနာတွေနဲ့ ကြုံတဲ့ အခါ စိတ်ဆင်းရဲပြီး ဝမ်းနည်းနေကြပါလိမ့်မယ်။ဒါပေမယ့် မိမိတို့ အမှန်တစ်ကယ် လိုအပ်တာက မည်သို့သော အခြေအနေနှင့် ကြုံတွေ့နေပါစေ မိမိခံယူသော မိမိ၏စိတ်အပေါ်တွင်သာအဓိကကြပါသည်။
image
မိမိစိတ်ချမ်းသာတဲ့အခါ ပျော်ရွှင်ပြီး မိမိရည်မှန်းချက်ပန်းတိုင်သို့ရောက်အောင် အမြဲမပြတ် ကြိုးစားဆောင်ရွက်ဖို့သာ စိတ်နှလုံးသွင်းရမှာဖြစ်ပါတယ်။အကယ်၍မိမိ အခက်အခဲတွေနဲ့ စိတ်သောကရောက်တဲ့အခါမှာလည်း ဒီအခက်အခဲ တွေကြောင့်ဝမ်းနည်းပူဆွေးမနေပဲ အခက်အခဲဆိုတာ ငါ့ရဲ့အောင်မြင်မှုလမ်းကြောင်းအတွက် အတွေ့အကြုံကောင်းတွေပဲလို့ မှတ်ယူပြီးကြိုးစားရင်ဆိုင် ကျော်ဖြတ်ရမှာဖြစ်ပါတယ်။
image
ဒီလိုသာစိတ်နှလုံးသွင်းလိုက်ပါက မိမိရဲ့ စိတ်ဟာလည်း ပေါ့ပါးလန်းဆန်းပြီး အောင်မြင်မှုအတွက် အရာရာကို ကျော်ဖြတ်၍မိမိ၏ ရည်မှန်းချက်ပန်းတိုင်းသို့ ရောက်ရှိမှာဖြစ်ပါကြောင်း ...စိတ်နှလုံးသွင်းမှန်ကန်အောင်ထားတတ်ဖို့ အရေးကြီးပါကြောင်း စေတနာထား တိုက်တွန်းရေးသားလိုက်ရပါတော့သည်။
image
စတီးမစ်မိသားစုများအားလုံး ကျန်းမာချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
photos from facebook

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ခုလို စာပေတွေဖတ်ရတာ အရမ်းကြိုက်တယ်။များများရေးနိင်ရင် ပိုကောင်း။

ဟုတ်ကဲ့ပါအစ်ကို။ကြိုးစားပြီးရေးမှာပါ။များများရေးချင်တာအချိန်အခက်အခဲလေးရှိနေလို့ပါ။အချိန်များများရအောင်လည်းကြိုးစားအုံးမှာပါခင်ဗျ

အားပေးပိုစ့် လေး ရေးတာ ကောင်းလိုကိတာကွယ် မမတို့ g3 အသဲကွဲ ပိုစ့် ရေကြမလို့ လာရေးပါလို့😋

ဟုတ်ကဲ့ လာမယ်လေမမ။

အကွဲ. ပိုစ့် ရေးပေး 😂😂😂

ချစ်ဆုံးက ပိုရေးတတ်မှာပေါ့။သူများက ပျော်ပျော်ရွှင်ရွှင်နဲ့ ဆုံဆည်းတာပဲကြိုက်တာကို အကွဲပိုစ်ရေးဆိုတော့ကာ

စာနဲ့ ပုံမှာ ပုံကို သိပ်ဦးစားမပေးပါနဲ့။

ဟုတ်ကဲ့ပါဆရာ။မှတ်သားထားပါ့မယ်။