နှစ်ဦးကုသိုလ်...!!!

in myanmar •  7 years ago 

ဒီနေ့ နှစ်တစ်နှစ်ရဲ့ အစဦးဆုံးနေ့ မြန်မာပြည်၏နှစ်ဆန်း (၁)ရက်နေ့ လေးမှာ အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း နှစ်ဦးဆုမွန်ကောင်းတောင်းလျက်...
ကျွန်တော်တို့မြန်မာပြည်သူ ပြည်သားတွေဟာ များသောအားဖြင့် သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း မိမိတို့၏အခြေအနေပုံစံအမျိုးမျိုးပေါ်မူတည်ပြီး တစ်ချို့လည်း ဘုရားဖူးသွားခြင်း...နှစ်ဦးအလှူမင်္ဂလာပွဲပြုလုပ်ခြင်း...ငါးလွှတ်ကုသိုလ်ယူခြင်း...စသောကုသိုလ်များကိုပြုလုပ်လေ့ရှိကြပါတယ်။မည်သို့ပင်ဆိုစေ ကုသိုလ်ကောင်းမှုကိစ္စများ ဆောင်ရွက်ခြင်းဖြစ်၍ နှစ်သက်စရာကောင်းသော အလေ့အထလေးများပင်ဖြစ်ပါသည်။
image#photo credited facebook
ကျွန်တော်ကိုယ်တိုင်လည်း နှစ်ဆန်းတစ်ရက်နေ့အတွက် အာရုံတန်းဆွမ်းလောင်းရန် ကြိုတင်စီစဉ်ထားသဖြင့် မနက်အစောကတည်းကပင် အာရုံတန်းဆွမ်းအတွက် ကြာဇံကြော်လောင်းလှူခြင်း...ပြီးသောအခါ ရပ်ကွက်အိမ်နီးနားချင်းများအား ကြာဇံကြော်ဝေငှခြင်းဖြင့် မနက်ပိုင်းကုသိုလ်ပြုလုပ်ခဲ့ပါသည်။
image#photo credited by my phone camera
နေခင်းပိုင်းရောက်သောအခါ ကျွန်တော်၏အဖိုး အဖွား မိဘများမှ လက်ဆင့်ကမ်းအမွေဖြစ်သော မိမိအိမ်တွင်ပူဇော်ထားရှိသည့် ဗုဒ္ဓရုပ်ပွားတော် နှင့် ဘုရားကျောင်းဆောင်များ အားသန့်ရှင်းခြင်း... ရေသပ္ပါယ်ပူဇော်ခြင်းကုသိုလ်များအားဆက်လက်ပြုလုပ်ခဲ့ပါသည်။နှစ်စဉ်နှစ်တိုင်းလုပ်လေ့ရှိသော ကုသိုလ်တစ်မျိုးလည်းဖြစ်ပါသည်။
ညနေပိုင်းရောက်သောအခါ မိမိတို့ ရပ်ကွက်မှ အန္တရာယ်ကင်းပရိတ်တရားနာယူမည်ဖြစ်၍တရားနာရန်နေရာသန့်ရှင်းခြင်း... လိုအပ်သည်များခင်းကျင်းပြင်ဆင်ခြင်းတို့ဆောင်ရွက်ခြင်းဖြင့် ကုသိုလ်ယူဆောင်ရွက်ခဲ့ပါသည်။
image#photo credited by my phone camera
အခုညပိုင်းအတွက်ကတော့ ပုံမှန်လုပ်နေကြဖြစ်သော ဘုရားသောက်တော်ရေကပ်ခြင်း... ဆီမီးပူဇော်ခြင်း... ငါးပါးသီလခံယူဘုရားရှိခိုးကန်တော့ခြင်း စသော ယနေ့တစ်နေ့တာ ကုသိုလ်များဖြင့် စိတ်အေးချမ်းစွာနေထိုင်လျက်ရှိပါကြောင်း...ကျွန်တော်ပြုလုပ်တဲ့ ကောင်းမှုကုသိုလ်များအား သူငယ်ချင်းများကိုလည်း ပေးဝေပါကြောင်း...
သူငယ်ချင်းအားလုံးလည်း ကျန်းမာ ချမ်းသာ အေးချမ်းပျော်ရွှင်ကြပါစေကြောင်း နစ်ဦးဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
image#photo credited facebook
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ၍ နှစ်သစ်မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်းထပ်လောင်း၍
ဆုမွန်ကောင်းတောင်းလျက်...
@uthantzin
MSC-211

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

မင်္ဂလာနှစ်သစ်ပါရှင့်😊

ဟုတ်မမ မင်္ဂလာနှစ်သစ်ပါ။

မင်္ဂလာနှစ်သစ်မှာပျော်ရွင်ပါစေချမ်းသာပါစေအကိုသန့်ဇင်

ဟုတ်ကဲ့ အစ်ကိုလည်း အေးချမ်းပျော်ရွှင်တဲ့နှစ်သစ်လေးပိုင်ဆိုင်ပါစေ။

မြန်​မာပြည်​ဗုဒ္ဓဘာသာ​နေထိုင်​ရာအရပ်​တိုင်းမှာပြုလုပ်​​သော
ကောင်း​သောလုပ်​ရပ်​တခုပါ

နှစ်သစ်မှာ အောင်မြင်မှုများ ရပါစေ။