ညဏ်ကောင်းရုံနှင့်မလုံလောက်ပါ...!

in myanmar •  6 years ago  (edited)

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေခင်ဗျာ...
ကမ္ဘာပေါ်ရှိ လူသားအားလုံးဟာ မိမိတို့ဘဝတိုးတက်အောင်မြင်အောင် ကြိုးစားတဲ့နေရာမှာ ညဏ်ကောင်းရုံတစ်ခုတည်းနဲ့ မလုံလောက်ပါ။Intelligence Quotient (IQ)ဟာ အောင်မြင်မှုအတွက် 20% လောက်သာရှိသည်ဟု မှတ်သားခဲ့ဖူးပါတယ်။အခြား 80% ထဲတွင် အရေးကြီးသောအချက်မှာ စိတ်ဓါတ်ကြံ့ခိုင်မှု စိတ်ဓါတ်တည်ကြည်မှုဆိုတဲ့ စိတ်ဓါတ်အရည်အသွေးမြင့်မားမှု ဆိုတာပါဝင်ပါတယ်။
1495177875.png
Crd-org-source
ဒီအချက်ဟာလည်း တိုးတက်အောင်မြင်အောင်ကြိုးစားတဲ့အခါ မရှိမဖြစ် အရေးကြီးပါတယ်။
ညဏ်ကောင်းတယ်ဆိုတာ Intelligence Quotient (IQ)မြင့်တယ်လို့ခေါ်ပါတယ်။IQ ဟာ မွေးရာပါမျိုးရိုးဗီဇနဲ့လည်းဆိုင်ပါတယ်။IQ မြင့်ရင် များသောအားဖြင့် တော်ကြတယ်လို့ ပြောဆိုကြပါတယ်။ဒီအထဲမှာ Emotional Intelligence (or) Emotional Quotient (EQ) ဖြစ်တဲ့ စိတ်အရည်အသွေးနဲ့ဆိုင်တဲ့ အကြောင်းလေးကိုပြောချင်တာပါ။EQ မြင့်မားတဲ့သူတွေဟာ စိတ်ဓါတ်အရည်အသွေးမြင့်မားပြီး ကိုယ်ချင်းစာစိတ်ရှိတဲ့သူတွေ ဖြစ်ကြပါတယ်။ထိုသူတွေဟာ မိမိရဲ့ခံစားမှု မိမိရဲ့စိတ်ကိုသိသလို.. မိမိနဲ့ဆက်ဆံနေတဲ့သူတွေ အကြောင်းကိုလည်း သိနိုင်အောင် အကောင်းဆုံးကြိုးစား လုပ်ဆောင်လေ့ရှိပါတယ်။
emotional-quotient.001.png
Crd-org-source
ဒီနေရာမှာ ဥပမာလေးတစ်ခု ပြောခဲ့ပါရစေ...
ဆရာကြီး Gandhi ဟာသူတပည့်တွေနဲ့အတူ ဘူတာရုံတစ်ခုက ထွက်တော့မယ့်ရထားကို အမီလိုက်ရင်း စီးလာတဲ့ဖိနပ်ကျွတ်ကျခဲ့တယ်။ဖိနပ်ကျွတ်ကျတာကို သိသိချင်း ကျန်တစ်ဖက်ကိုပါ ယူပြီးကျွတ်ကျသွားသောတစ်ဖက်နဲ့ အနီးဆုံးနေရာကို လှမ်းပစ်လိုက်တယ်။သူ့ရဲ့လုပ်ရပ်ကို တပည့်တွေက ဘာကြောင့်ဒီလိုလုပ်လိုက်တာလဲလို့ ပြောတာပေါ့။အခုတော့ ကောက်ရသွားတဲ့သူက ဖိနပ်တစ်ရန်အပြည့်ကောက်ရပြီလို့ ဆရာက  ပြန်ပြောပြခဲ့ပါတယ်။
IQ မြင့်မားတဲ့သူတိုင်း EQ မမြင့်နိုင်ပါ။EQ က ကိုယ်တိုင် ကြိုးစားမွေးမြူလို့ရတဲ့အရာပဲဖြစ်တယ်။
eq.png
Crd-org-source
နောက် ဥပမာလေးတစ်ခု ထပ်ပြီး ပြောချင်ပါသေးတယ်...
အထက်တန်းပညာသင်ကြားနေသော ကျောင်းသားတစ်ယောက်ဟာ IQ မြင်းမားပြီး ဘာသာတိုင်းလိုလို အမှတ်ကောင်းကောင်းရတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ကျောင်းပြီးသွားရင်လည်း ဆေးတက္ကသိုလ် တက်ရန် ရည်မှန်းချက်ထားသူ တစ်ယောက်ဖြစ်ပါတယ်။သူ့ဆရာတွေကိုယ်တိုင်လည်း ဒီကျောင်းသားစာတော်ကြောင်း ဆေးတက္ကသိုလ်တက်ခွင့် ရနိုင်ကြောင်း သိရှိပြီးသားပါ။သို့ပေမဲ့ တစ်နေ့မှာ ရူပဗေဒဘာသာရပ်အတွက် အတန်းတွင်းစာမေးပွဲ စစ်ဆေးမှုတစ်ခုမှာ ဆရာက သူ့အား ခါတိုင်းရနေကျအမှတ်ထက် လျှော့၍ပေးလိုက်ပါသည်။ဒီဟာလေးတစ်ခုနှင့်ပင် သူ့ရည်မှန်းချက်တွေ အားလုံးပျက်သွားသလို ခံစားကာ ဓါးမြှောင်တစ်လက် နှင့်ကျောင်းသို့သွားပါသည်။ကျောင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဆရာ့ပခုံးကို ဓါးထိသွားပါသည်။EQ နိမ့်နေတာကို သိသာစေတဲ့အချက်ပါ။စိတ်ဓါတ်အရည်အသွေးနိမ့်နေတာပေါ့ဗျာ။စိတ်ခံစားလွယ်ပြီး ဒေါသကိုမထိန်းနိုင်သေးပဲ အမှားလုပ်မိခြင်း...ဒါမှမဟုတ် မိမိစိတ်ကို ရှေ့တန်းတင်ပြီး မိမိလုပ်သောအရာသာလျှင် အမှန်ဟု အတ္တကြီးစွာ တစ်ဖက်စောင်းနင်းလုပ်ဆောင်ခြင်း...စသည်ဖြင့် အားလုံးဟာ EQ နိမ့်နေတာ သေချာပါတယ်။
EQ အရည်အသွေးနိမ့်ပါက ပြဿနာနဲ့ ကြုံတွေ့တဲ့အခါ စိတ်ဓါတ်တည်ငြိမ်မှုမရှိပဲ စိတ်ပျက်လွယ်..ခံစားလွယ်မှာပဲဖြစ်ပါတယ်။ဒီခံစားလွယ်ခြင်းကြောင့် ဒေါသစိတ်ကို မထိန်းနိုင်ပဲ မိမိစိတ်ကိုရှေ့တန်းတင်ပြီး လုပ်မိတဲ့အတွက် ပြဿနာပိုကြီးပြီး အပျက်ဘက်ကို ဦးတည်သွားမှာပဲဖြစ်ပါတယ်။ဒီလို အခြေအနေတွေဟာ မိမိတို့၏ အောင်မြင်မှုလမ်းကြောင်းအတွက် အဟန့်အတားတွေဖြစ်စေပြီး မရှိသင့်သော အရာတွေပဲဖြစ်ပါတော့တယ်။
depositphotos_169840670-stock-photo-combination-of-iq-and-eq.jpg
Crd-org-source
**ဒါကြောင့် IQ သာရှိပြီး EQ အရည်အသွေးနိမ့်နေပါက အောင်မြင်မှုရရှိရန် မလုံလောက်သေးပါကြောင်း...
**IQ နှင့် EQ နှစ်မျိုးစလုံး အရည်အသွေး ကောင်းမွန်မှသာ ပိုမိုတိုးတက်အောင်မြင်သောဘဝ ရရှိနိုင်မှာဖြစ်ပါကြောင်း...
**EQ ဆိုသော Emotional Intelligence သည် မိမိ၏အတွေ့အကြုံ..ဗဟုသုတများပေါ်မူတည်ပြီး EQ အရည်အသွေး တိုးတက်ကောင်းမွန်လာအောင်  ကြိုးစားမွေးမြူသင့်ပါကြောင်း...တိုက်တွန်းရေးသားလိုက်ရပါတော့သည်။
မြန်မာစတီးမစ် မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဒါ​ပေါ့ဗျာ နိမ့်​ကျတဲ့စိတ်​ဓာတ်​နဲ့ ညာဏ်​​ကောင်း​နေရင်​လဲ ဘယ်​​အောင်​မြင်​နိုင်​မလဲ​နော်​ ဥပမာ အကျင်ယုတ်​တဲ့​နေရာမှာညာဏ်​​ကောင်း​နေရင်​လဲ လူ့အသိုင်းအဝိုင်းအတွက်​ အလကားပါ့

ဟုတ်တယ်ဗျ အစ်ကိုပြောတာ ပိုတောင်ထိရောက်ပြီး သေချာတဲ့အချက်ပေါ့ခင်ဗျာ။

သိပ်‌‌ကောင်းတဲ့Postဗျာ။EQကို ကျွန်‌‌တော်‌တို့ ဖန်‌တီးယူလို့ရတာ‌ပေါ့‌နော်‌။Emotional ရဲ့ာ‌ကြောင်းဖတ်‌ရတာ အားရတယ်‌။meditation လုပ်‌ရင်‌ Emotional ရတယ်‌ဆိုတာ သက်‌‌သေ‌တွေရှိပါတယ်‌။‌ကျေးဇူးဘဲကိုသန့်‌‌ရေ။

ဟုတ်တယ်အစ်ကိုရေ တရားထိုင်ပြီး စိတ်ကို တည်ငြိမ်အောင် စိတ်ရဲ့ညဏ်စွမ်းတွေတိုးတက်လာအောင် စုစည်းမှုအကောင်းဆုံးလို့ ထင်မြင်မိပါတယ်ခင်ဗျာ။

IQနှင့်​EQကိုဥပမာနှင့်​နားလည်​လွယ်​​အောင်​​ပြောပြ​ပေးတာအရမ်း​ကောင်းပါတယ်​...​ကောင်း​သောပိုစ့်​ပါ...

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်အစ်မ။

IQ နဲ့  EQ အခုမှ တစ်ကယ် ရှင်းရှင်းလင်းလင်း နားလည်တော့တယ် အကိုရေ
EQမှာ က ethics လေးတွေပါတတ်တော့ IQထက် ပို Skill မြင့်လောက်တယ်

ဟုတ်ပါတယ်။စာဖတ်ရင်း တစ်ခုခု ပိုပြီးအတွေးဖြန့်ကျက် သိရှိသွားတယ်ဆိုရင်ပဲ ရေးရကျိုးနပ်ပါတယ်ခင်ဗျာ

ဗဟုသုတရစေလို့ကျေးဇူးပါဗျာ Eq ပဲကောင်းတယ် 😆😆

ဟုတ်ကဲ့ပါအစ်ကို EQ ကိုကောင်းကောင်းထိန်းနိုင်ပြီဆိုရင်ပဲ ပုံမှန်ရှိတဲ့ IQ နဲ့ ကောင်းမွန်စွာ ရှေ့ဆက်ပြီး ပိုမိုတိုးတက်အောင်မြင်နိုင်ပါတယ်လို့ ယူဆမိပါတယ်ခင်ဗျာ

IQ EQ နှစ်​ခုလုံးပြည့်​စုံ​အောင်​ကြိုးစားဖို့​တော့မလွယ်​​ပေမယ့်​ EQနိုင်​ရင်​ကို အဆင်​​ပြေ​နေပါပြီ

ဟုတ်ပါတယ်ခင်ဗျာ EQ ကောင်းရင်ပဲ တော်တော်လေးထိရောက်နေပါပြီလို့ ထင်မိပါတယ်

ကြိုးစားမွေးမြူပါမယ်
ကျေးဇူးပါ သားလေး

ဟုတ်ကဲ့ပါအန်တီရေ ကျေးဇူးလည်းတင်ပါတယ်။

EQက လူတစ်ယောက်ဘဝဖြတ်သန်းတဲ့အခါ အခက်အခဲတွေကိုေုဖရှင်းပေးပြီးIQက မိမိရဲ့လုပ်ငန်အခက်အခဲတွေကိုဖြေရှင်းပေးနိင်ပါတယ်

ဟုတ်ကဲ့ပါအစ်ကို အဲဒါကြောင့် IQ ရော EQရော နှစ်မျိုးလုံးလိုအပ်နေကြမှာပဲ ဖြစ်ပါတယ်။

ခုမှပဲ သဲသဲကွဲကွဲ နားလည်တော့တယ်

ဟုတ်ကဲ့ပါခင်ဗျာ ကျေးဇူးတင်ပါတယ်

IQ ကတော့ ဦးနှောက်နဲ့ တိုက်ရိုက်သက်ဆိုင်ပြီး EQ ကတော့ စိတ်နှလုံး ရဲ့ အလေ့အကျင့်ပေါ့နော်.. လူ့အသိုင်းအ၀ိုင်း လူ့လောကမှာလည်း IQ ကောင်းတဲ့သူတွေထက် EQ ကောင်းတဲ့သူတွေက ပိုပြီးနေရာရတာကို တွေ့ရတယ်။ ကိုသန့်စင်ရဲ့ ပို့စ်ထဲမှာ မသိသေးတဲ့ အချက်တွေလည်း အများကြီးပါတာမို့ သေသေချာချာ မှတ်သားသွားပါတယ်။

ဟုတ်ကဲ့ပါခင်ဗျာ EQ အရည်အသွေးကောင်းတွေကလည်း တိုးတက်ဖို့ ဖြစ်နိုင်တာပေါ့

ကိုသန့်ဇင် ပိုစ်တွေဖတ်လိုက်ရရင် တစ်ခုခုတော့ ရလိုက်တာပဲဗျာ။ တကယ်ကောင်းတဲ့ ပိုစ်တစ်ခုပါဗျာ။

100% အောင်မြင်ဖို့အတွက် Talented လိုအပ်ပါတယ်။