ပထမဦးဆုံး အမှတ်တရ...!(အပိုင်း-၃)

in myanmar •  6 years ago 

ပထမဦးဆုံး အမှတ်တရ...!(အပိုင်း-၁)
https://steemit.com/myanmar/@uthantzin/ptam-isaon-amwttya
ပထမဦးဆုံး အမှတ်တရ...!(အပိုင်း-၂)
https://steemit.com/myanmar/@uthantzin/ptam-isaon-amwttya-apundefinedng-2

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...။
Mandalay_Hill_3.jpg
Crd-org-source
ထို့နောက် အထက်မြန်မာပြည် ခရီးစဉ်အတွက် မန္တလေး ပုဂံ ကလော ပင်းတယ အင်းလေးဖောင်တော်ဦးဘုရား စသည်ဖြင့် ဆက်လက်ထွက်ခွာရပါသည်။
မန္တလေးမြို့ရောက်တယ်ဆိုရင်ပဲ မဟာမြတ်မုနိဘုရား မန္တလေးတောင်ပေါ်ဘုရား အခြားအထင်ကရနေရာများနှင့် Hotel တည်းရုံလောက်ကလွဲပြီး ဘယ်စားသောက်ဆိုင်တွေ ကျွေးရမည်..အမှတ်တရပစ္စည်း(souvenir )များကိုဘယ်ဆိုင်ညွှန်ပေးရမည်..စသည်ဖြင့် သေသေချာချာ အတွေ့အကြုံမရှိသေးတဲ့အတွက် Hotel မှ ဝန်ထမ်းများအား မေးမြန်းပြီး အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်ရပါသည်။မိမိတို့မှာ lonely planet guide book စာအုပ်ကိုင်ထားသည်ဆိုသော်လည်း တစ်ချို့သော hotel နှင့် စားသောက်ဆိုင်များမှာ သန့်ရှင်းသပ်ရပ်မှုနှင့် ဝန်ဆောင်မှုများသည် လက်တွေ့တွင် စာထဲကအတိုင်း မဟုတ်တော့ပဲ ကွာခြားနေခြင်းကြောင့်  မေးမြန်းရခြင်းဖြစ်ပါသည်။
ဒါ့အပြင် အထက်မြန်မာပြည် ရောက်ပြီဆိုကတည်းက ဧည့်သည်များအား Hotel ခန်းသို့ပို့ပြီး အနားယူသောအချိန် နှင့် ညဘက်အချိန် (9:00) လောက်တွင် ဆရာနှင့် ဖုန်းအဆက်အသွယ်လုပ်ပြီး နောက်နေ့အတွက် မိမိတို့ သွားရမည့်နေရာများ မေးမြန်းခြင်း မည်သို့သွားလျင် အကောင်းဆုံးဖြစ်မည်..မည်သည့်စားသောက်ဆိုင်များ ကောင်းမည်..မည်သို့သောအရာများ ဖတ်မှတ်လေ့လာရမည်..စသည်ဖြင့် မနက်ဖြန်လုပ်မည့် ကိစ္စရပ်များကို ပိုမိုစနစ်ကျစေရေးအတွက် ညအိပ်ချိန်များလျှော့ပြီး ဖတ်မှတ်လေ့လာကြိုးစားခဲ့ရပါသည်။
bagan-1080x675.webp
Crd-org-source
ဒီလိုနဲ့မန္တလေးမြို့မှ ပုဂံသို့ဆက်လက်ထွက်ခွာခဲ့ကြပါသည်။ပုဂံမြို့တွင်လေ့လာကြည့်ရှုစရာ စေတီပုထိုးများပေါများလှ၍ Guide များအနေဖြင့် အာပေါက်အောင် ရှင်းပြရမည့်နေရာဖြစ်ပါသည်။ကျွန်တော်ကိုယ်တိုင်မှာလည်း ဆရာ့အားမေးမြန်းပြီး စေတီများ၏ အဓိက note လေးတွေကိုမှတ်သားထားသော်လည်း များလွန်းသောကြောင့် အကုန်မမှတ်မိပဲ အခက်အခဲဖြစ်နေရပါသည်။မည်သို့ပင် ဖြစ်စေ ကျွန်တော်နိုင်သလို အကောင်းဆုံးလုပ်မည်ဟု ခံယူထားပြီး ပုဂံတွင် ဘုရားသမိုင်းများအားရှင်းပြသည့်အခါ မိမိမှတ်မိနိုင်သလောက် တစ်နေ့ ဘုရား လေး ငါးဆူပဲဖူးပြီး နှစ်ရက်ကြာကြာ သုံးရက်ကြာကြာ မိမိနိုင်တဲ့ပုံစံနဲ့သွားမည်ဟု ဆုံးဖြတ်ထားပြီးသားဖြစ်ပါတယ်။မိမိလုပ်နိုင်တဲ့အတိုင်းအတာကိုတော့ တွက်ချက်ချိန်ဆပြီးသားဖြစ်ပါသည်။အတွေ့အကြုံမရှိသောကြောင့် စိုးရိမ်စိတ်လေးဖြစ်နေတာလဲပါမှာပေါ့။ဒီလိုအခြေအနေတွေကို သိပြီးသားဖြစ်တဲ့ ကျွန်တော်၏ဆရာဟာ အဓိက အခက်အခဲ ဖြစ်နိုင်တဲ့ ပုဂံအတွက် သူ၏အဖွဲ့ နှင့် ပုဂံတွင်ဆုံရန် ကျွန်တော်၏trip ကို သူအစီအစဉ်ဆွဲပေးခဲ့ခြင်းဖြစ်ပါသည်။ကျွန်တော်တို့ ပုဂံရောက်ပြီး Hotel တည်းခိုရန် hotel သို့ရောက်သည်နှင့် ထို Hotel တွင် ကျွန်တော့ ဆရာတို့အဖွဲ့လည်း ရောက်နေကြပြီ ဖြစ်ပါသည်။ထိုအခါ ဆရာနှင့်ခေတ္တမျှစကားပြောပြီးနောက် ဆရာက  ငါ့တပည့် မနက်ဖြန် ပုဂံမြို့အတွက် Sight-seeing ကို ဆရာနဲ့အတူ သွားကြမယ်။ဧည့်သည်များကိုလည်း ဆရာနှင့် အပြန်အလှန် မိတ်ဆက်ပေးပြီး ထိုhotel တွင် တည်းခိုအနားယူခဲ့ကြပါသည်။
ထိုကဲ့သို့ အတွေ့အကြုံမရှိသေးသော ကျွန်တော်အတွက် ဆရာနှင့်တွေ့လိုက်ကတည်းက စိတ်ထဲမှာ အရမ်းပျော်နေရပါသည်။ဒီအခြေအနေကိုသိတဲ့ ဆရာက ကျွန်တော့ကို ဒီခရီးစဉ်အတိုင်းလာခဲ့ဟု မဖြစ်မနေမှာခြင်းဖြစ်ပါသည်။
အဲဒီလိုနဲ့ ပုဂံမြို့၏ sight-seeing ဟာ ကျွန်တော်က tourist ဖြစ်ပြီး ဆရာက guide ဖြစ်သွားတော့တာပေါ့။အဲ...ဟုတ်ဘူး ဆရာက သူရဲ့နိုင်ငံခြားသားရော ကျွန်တော့ နိုင်ငံခြားသားတွေကိုပါ စနစ်တကျ ရှင်းပြခဲ့ပါသည်။ဘုရားများအတော် စုံလင်စွာဖူးပြီးဖြစ်၍ နောက်တစ်နေ့တွင် ဆရာ့အဖွဲ့မှာ မန္တလေးသို့ ဆက်လက်ထွက်ခွာသွားပြီး ကျွန်တော်၏အဖွဲ့မှာ အမှတ်တရပစ္စည်းများဝယ်ယူရန်နှင့် ကျန်ဘုရားနှစ်ဆူ သုံးဆူလောက်သာ ပို့ရန်ရှိတော့၏။ဒီလိုနဲ့ ပုဂံမြို့လေးရဲ့ ကျွန်တော် guide လုပ်ခဲ့ပုံလေးကိုလည်း အမှတ်တရဖြစ်နေခဲ့ရပါသည်။
Horsecart-ride-through-Bagan.jpg
Crd-org-source
ထိုအချိန်တွင် ဧည့်သည်များနှင့် ကျွန်တော်သည် အရမ်းရင်းနှီးနေပြီး ဧည့်သည်များ မည်သည့်အရာကို စိတ်ဝင်စားသည်ကို ကျွန်တော်သိနေပါသည်။
ဧည့်သည်များသည် ဘုရားပုထိုးများ၏သမိုင်းကြောင်းကို ပုံမှန်လောက်သာ နားထောင်ကြပြီး ပတ်ဝန်းကျင်ကို စိတ်ဝင်စားမှု ပိုများနေပါသည်။လမ်းမှာ ဆိုက်ကားနင်းသမားလေးတွေတွေ့ရင် သူတို့တွေ တစ်နေ့ဝင်ငွေဘယ်လောက်ရလဲ။နောက် ကုန်စိမ်းထမ်းတဲ့သူ ရေထမ်းရောင်းတဲ့သူ စသော ဆင်းရဲနွမ်းပါသူတွေ တွေ့ရင် တစ်နေ့ဝင်ငွေဘယ်လောက်ရလဲဆိုတာကို စိတ်ဝင်တစား မေးလေ့ရှိနေပါသည်။သူတို့သည် လူတွေရဲ့ mind set လေးတွေနဲ့ ဆင်းရဲသောသူများ၏ နေထိုင်စားသောက်မှုတွေကိုသာ စိတ်ဝင်စားမှု ပိုများနေ၏။ဒီလိုအခြေအနေဟာလည်း ကျွန်တော့အတွက်တော့ guideလုပ်ပေးရန် ပိုပြီး လွယ်ကူစေသော အချက်ဖြစ်ခဲ့ရပါသည်။
hqdefault.jpg
Crd-org-source
ဒီလိုနဲ့ ကျန်ရှိသော ပင်းတယမြို့ အင်းလေးဖောင်တော်ဦးဘုရား ရေပေါ်ဈေး စသည်ဖြင့် တစ်မြို့ပြီးတစ်မြို့ ဧည်သည်များအား guide လုပ်ပေးပြီး ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ပါသည်။
တစ်ချို့သော အကြောင်းအရာများမှာ မိမိသိသလိုလေး ပြန်လည်ပြောဆို၍ သဘာဝကျပြီး ဧည့်သည်များကျေနပ်သည့် အဖြေဖြစ်အောင် လုပ်ဆောင်ခဲ့ရသည်များလည်းရှိပါသည်။
ဒါလေးကို လွယ်အောင် ဥပမာပေးရမည်ဆိုရင်တော့ နိုင်ငံခြားသားတစ်ယောက်က မေးဖူးပါတယ်။ကျိုက်ထီးရိုးဘုရားမှာ ရွှေသင်္ကန်းကပ်တဲ့နေရာကို ယောက်ျားလေးများသာ ဝင်ရောက်ခွင့်ရပြီး မိနိးကလေးများမဝင်ရတာကို မင်းတို့ဘာသာမှာ ယောက်ျားနဲ့မိန်းမကို ခွဲခြားထားတာလား။ဒီလိုသီးခြားဆက်ဆံထားတာ ဘာကြောင့်လဲဆိုတာမျိုး မေးလာပါတော့သည်။
ဒီလိုမေးခွန်းမျိုးအတွက် အဖြေက ရှင်းပါသည်။မိမိတို့ ဗုဒ္ဓဘာသာမှာ ယောက်ျား မိန်းမ ဆိုပြီး ခွဲခြားထားတာမရှိပါ။ရုပ် နာမ် ဖြစ်ပျက်ပဲရှိတာပါ။ဒီလိုအခြေအနေတွေဟာ  လူတွေရဲ့ အယူအဆတွေကနေတဆင့် တဖြည်းဖြည်း အချိန်တွေကြာလာတဲ့အခါ အယူအဆတွေကို ပညတ်ချက်တွေနဲ့လုပ်ဆောင်ရင်း ဒီလိုအခြေအနေတွေ ဖြစ်သွားတာပါလို့ ပြန်လည်းရှင်းပြရတာမျိုး ရှိခဲ့ပါသည်။
1400-x-670-Inle-Lake-Phaung-Daw-Oo.jpg
Crd-org-source
မည်သို့ပင်ဖြစ်စေ ကျွန်တော်၏ပထမဦးဆုံး မြန်မာပြည်၏guide ခရီးစဉ်အား အမှတ်တရများစွာဖြင့် ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ပါကြောင်း...
ယနေ့ထိတိုင် ထိုအခြေအနေများကို အမှတ်တရ ဖြစ်နေရပါကြောင်း... ပြန်လည်ရေးသားတင်ဆက်လိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အမှတ်​တရ​လေး​တွေ​ရေးရတာ အ​တော်​ ဖီးရှိတယ်​ဗျာ

Posted using Partiko Android

ဟုတ်တယ်အစ်ကို စိတ်ထဲမှာ အမှတ်တရဖြစ်ခဲ့ရတာတွေဆိုတော့ ရေးရတာ ပိုပြီး အသက်ဝင်တာတော့ အမှန်ပါပဲခင်ဗျာ။ကျေးဇူးတင်ပါတယ်။

ကိုသန့် ရဲ့ ကြိုးစားအားထုတ်မှုနဲ့ စေတနာကို တွေ့ ရတာ ဝမ်းသာဂုဏ်ယူမိပါတယ်ဗျာ

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အဘက်​ဘက်​ကပြည့်​စုံ​အောင်​စီမံရတာအ​တော်​ခက်​ခဲမယ်​ထင်​တယ်​...ခရီးစဉ်​တစ်​ခုလုံး​အဆင်​​ပြေသွားတာကြိုးစားမှု​ကြောင့်​ပါဘဲ...ဗဟုသုတရပါတယ်​.. .

Posted using Partiko Android

ဟုတ်ပါတယ်အစ်မ ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

‌လေးစားအားကျမိပါတယ်‌ကိုသန့်‌။ချီးကျူးပါတယ်‌ဗျာ။

ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ဘဝအတွေ့အကြုံ အပိုင်းအစလေးတွေဖတ်ရတာ စိတ်ဝင်စားစရာပါ။

Posted using Partiko Android

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကိုယ်​တိုင်​​ရောက်​သလိုခံစားရပါတယ်
ကျေးဇူးပါ

ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးတင်ပါတယ်။

ခရီးသွားမှတ်တမ်းလေးတစ်ပုဒ်ပေါ့နော်

Posted using Partiko Android

ဟုတ်ပါတယ်အစ်ကို အမှတ်တရ ခရီးစဉ်တစ်ခုပဲ ဖြစ်ပါတယ်။

ကောင်းသောအတွေ့အကြုံမျှဝေချက်လေးတွေပါပဲ ဆက်လက်မျှဝေနိုင်ပါစေဗျာ

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အမှက်တရလေးတွေနဲ့ လက်တွေ့ဖြတ်သန်းခဲ့ရတဲ့ဘဝအတွေ့အကြုံလေးပေါ့။ ဗဟုသုတရပါတယ်ဗျာ။

ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်အစ်ကို။