အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ်အတွက်တော့ စီးပွားဥစ္စာပျက်ကြောင်း အကြောင်းတရား(၆)ပါးကို မိမိသိသလိုလေး ပြန်လည်ရေးသား မျှဝေပေးခဲ့ပါရစေ။
ကျွန်တော်တို့ လူသားအားလုံးဟာ မိမိတိုဘဝ အေးချမ်းပြည့်စုံပြီး ပျော်ရွှင်စွာနေထိုင်နိုင်ရေးအတွက် (သို့) မိမိတို့၏စားဝတ်နေရေး ပိုမိုပြည့်စုံစေရန်အတွက် ပစ္စည်းဥစ္စာများကို ကြိုးစားရှာဖွေ စုဆောင်းနေကြရပါသည်။ထိုသို့ ကြိုးစားရှာဖွေစုဆောင်းကြတဲ့အခါ မိမိတို့၏ငွေကြေး ပစ္စည်းဥစ္စာများ လျော့ပါးဆုတ်ယုတ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက်ကြရအုံးမှာပါ။
မိမိတို့စီးပွားဥစ္စာများ ဆုတ်ယုတ်မသွားအောင် ထိန်းသိမ်းစောင့်ရှောက် နိုင်ရန် အတွက် ဥစ္စာပျက်ကြောင်း အကြောင်းတရား (၆)ပါးကို သိရှိပြီး ဂရုတစိုက် ကျင့်ကြံနေထိုင်ကြဖို့လိုအပ်နေပါလိမ့်မည်။
Crd-org-source
ယင်း ဥစ္စာပျက်ကြောင်း အကြောင်းတရား(၆)ပါးကတော့...
(၁) မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်အရက် သောက်စားခြင်း...
(၂) ညသန်းခေါင်ယံ (အချိန်အခါမဲ့)၌လှည့်ပတ်သွားလာခြင်းl လမ်းသလားခြင်း...
(၃) ပွဲလမ်းသဘင် ပျော်ရွှင်မှုများအား လိုက်စားခြင်း...
(၄) လောင်းကစားလေ့ရှိခြင်း...
(၅) မကောင်းသော အဆွေခင်ပွန်းတို့နှင့် ဆက်ဆံပေါင်းသင်းခြင်း...
(၆) ပျင်းရိမေ့လျော့ ပေါ့ပေါ့တန်တန် နေထိုင်ခြင်း...တို့ပဲဖြစ်ပါတယ်။
နံပါတ် (၁) ဖြစ်တဲ့ သေရည်အရက် သောက်စားခြင်းဖြင့် မူးလာသောအခါ မိမိစိတ်ကို ထိန်းချုပ်နိုင်စွမ်းနည်းသွားခြင်း ဒေါသထွက်လွယ်ခြင်း ယင်းဒေါသစိတ်ကြောင့် ခိုက်ရန်ဖြစ်ပွားနိုင်ခြင်း စိတ်မထိန်းနိုင်ပဲ အမှားများပြုလုပ်မိခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။သေရည်အရက်သောက်စားခြင်းဖြင့် ညဏ်ပညာအားနည်းလာပြီး လျို့ဝှက်အပ်သည့်ကိစ္စရပ်များကို သတိမမူပဲ ပေါ့ပေါ့တန်တန်ဆောင်ရွက်မိကာ လုပ်ငန်းဆောင်တာများတွင်လည်း အမှားအယွင်းများဖြစ်ပေါ်စေနိုင်ပါသည်။
မိမိအား လေးစားသောသူများ နည်းသထက်နည်းလာမည် ဖြစ်သည်။ထို့ကြောင့် ဒီအချက်ကိုလည်း သတိထား ရှောင်ရှားကြရမည်ဟု ထင်မြင်မိပါသည်။
Crd-org-source
နံပါတ်(၂) ဖြစ်သော ညသန်းခေါင်းယံ အချိန်အခါမဲ့ သွားလာခြင်းဖြင့် မိမိအတွက် ဘေးအန္တရာယ် လုံခြုံမှုမရှိခြင်း ဇနီးသားသမီးများရှိပါက ဇနီးသားသမီးများအတွက် လုံခြုံမှုမရှိနိုင်ခြင်း မိမိစည်းစိမ်ဥစ္စာများအတွက်လည်း လုံခြုံမှုမရှိခြင်းတို့အပြင် ညအချိန်အခါမဲ့ အပြင်ထွက်သွားလာခြင်းကြောင့် မယုံသင်္ကာဖြစ်ပြီး အစွပ်အစွဲခံရတတ်ခြင်း စသော အခြေအနေများသည်လည်း ဥစ္စာပျက်စီးစေသော အကြောင်းအချက်များဖြစ်တဲ့အတွက် သတိထားရှောင်ကြဉ်ရပါမည်။
Crd-org-source
နံပါတ် (၃) ဖြစ်သော ပွဲလမ်းသဘင် ပျော်ရွှင်မှုများလိုက်စားခြင်းဖြင့် မိမိ၏အလုပ်ပျက်ခြင်း ငွေကုန်ကြေးကျပိုများလာခြင်း မိမိ၏တန်ဖိုးရှိသော အချိန်များ ထိုအပျော်အပါးများ၌သာ ကုန်ဆုံးစေခြင်း စသောအချက်များ ဖြစ်ပေါ်လာနိုင်တဲ့အတွက် အပျော်အပါးများလိုက်စားခြင်းကိုလည်း သတိထားပြီး ထိန်းချုပ်နိုင်ရမှာဖြစ်ပါတယ်။
Crd-org-source
နံပါတ် (၄) လောင်းကစားဟူသည် မိမိနိုင်သည်ဖြစ်စေ မိမိရှုံးသည်ဖြစ်စေ ခိုက်ရန်ဖြစ်ပွားစေနိုင်သည်။လောင်းကစားခြင်းသည် မိမိအားပျက်စီးစေနိုင်ခြင်း ဖြတ်လမ်းနည်းဖြင့်ငွေရှာခြင်းဖြစ်၍ မှားသောနည်းလမ်းဖြစ်ခြင်း မကောင်းမှုလုပ်ရန်လွယ်ကူခြင်း စသည်ဖြင့် မိမိတို့၏စိတ်ကို မကောင်းမှုဘက်သို့သာ တွန်းပို့ပေးနေခြင်းဖြစ်သည်။ထိုသို့သော အခြေအနေများကြောင့် ဥစ္စာပျက်ကြောင်းတရားများထဲတွင် အချက်တစ်ချက်အဖြစ် ပါဝင်နေခြင်းဖြစ်ပါသည်။
နံပါတ် (၅) အချက်တွင် မိမိတို့သည် မုဆိုးနားနီးမုဆိုး တံငါနားနီးတံငါ စသော စကားပုံများအတိုင်း မိမိတို့သည် မကောင်းသောအဆွေခင်ပွန်းများနှင့် ပေါင်းသင်းဆက်ဆံမှုများလာသောအခါ မိမိကိုယ်တိုင်ပါ မကောင်းမှုတွေကို လုပ်ဆောင်မိတတ်ပါသည်။ထိုမှတဆင့် တဖြည်းဖြည်း ပျက်စီးလာပြီး လူဆိုးဖြစ်လာခါ အမှားအမှန်မခွဲခြားနိုင်ပဲ ဆုတ်ယုတ်ဖွယ်သာရှိပါသဖြင့် ဒီအချက်ကိုလည်း သတိထားနိုင်ရန် ထည့်သွင်းပေးထားခြင်းဖြစ်ပါသည်။
Crd-org-source
နောက်ဆုံးအချက်ဖြစ်တဲ့ ပျင်းရိမေ့လျော့ ပေါ့ပေါ့တန်တန် နေထိုင်ခြင်း မှာတော့ ပျင်းရိခြင်းအကြောင်း (၆) ပါးနှင့်အတူ မိမိတို့လုပ်ဆောင်ရမည့်ကိစ္စရပ်တွေကို ပျင်းရိပြီး အချိန်ဆွဲနေလျှင်သော်လည်းကောင်း ပေါ့ပေါ့ဆဆ ဂရုမစိုက်ပဲ လုပ်မိလျှင်သော်လည်းကောင်း မိမိအတွက် တိုးတက်မှုမရှိတော့ပဲ အမြဲနောက်ကျကျန်နေတော့မှာပါ။ဤကဲ့သို့မကောင်းသော အကျင့်တွေကို မဖျောက်ဖြတ် နိုင်ပါက မိမိစီးပွားဥစ္စာ ဆုတ်ယုတ်ဖို့အတွက်သာ ဦးတည်နေပါကြောင်း...
ဥစ္စာပျက်ကြောင်းအကြောင်းတရား (၆) ပါးအား သတိထားဆင်ခြင် နေထိုင်နိုင်ကြစေရန် ရေးသားတိုက်တွန်းလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
ဥစ္စာပျက်ကြောင်းအကြောင်းတရား၆ပါးတကယ့်ကိုဆင်ခြင်သင့်ပါတယ်....တန်ဖိုးရှိသောပိုစ့်ပါ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ ကျေးဇူးတင်ပါတယ်အစ်မ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါ့ တကယ် ဂရုစိုက်ရမဲ့ အချက်တွေပါပဲ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သတိထား ဂရုစိုက်နေထိုင်သင့်တဲ့အချက်တွေပါခင်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ကယ် ၆ ပါးစလုံးက တွေးကြည့်ရင် က်ုယ့်ဘဝအတွက် ကြောက်စရာကောင်းလှပါတယ်ဗျာ အတတ်နိုင်ဆုံး ၆ပါးစလုံးကို စိတ်မတိမ်းညွတ်အောင် နေထိုင်ပြုမူသင့်ပါတယ်
Good POST ပါအကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ အတတ်နိုင်ဆုံး သတိထားပြီး ကြိုးစားနေထိုင်ကြတာပေါ့ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလို ပြော ပြပေးတာ ကျေးဇူးပါ ကိုသန့်။တစ်ချို့အချက်တွေက ရပါတယ်ဆိုပြီး လုပ်ဖြစ်တာတွေ ရှိတယ် ။တစ်ခါတလေ ဆိုပေမယ့် လုပ် စရှိရင် လုပ် ချင်တယ် ။အထူးသ ဖြင့် ယောင်္ကျာလေးတွေ ဂရုစိုက်ရမယ့် အချက်တွေပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်အစ်ကို ကျွန်တော်တို့ ယောင်္ကျားလေးတွေက တစ်ခါတစ်လေကနေပြီး မလုပ်ရမနေနိုင်တွေ ဖြစ်ကုန်ကြတာပါ။သတိလေးထားပြီး နေထိုင်သွားကြရမှာပေါ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စေတနာတွေကိုမြင်နေရပါတယ် ကိုသန့်ဇင်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါအစ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဂရုများမစိုက်မိရင် တကယ်မွဲစေနိုင်တဲ့အချက်တွေပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်ခင်ဗျာ သတိထားပြီးနေထိုင်တော့ ပိုပြီးအကျိုးရှိစေပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit