** တာဝန်ကျေပါ "ရွှေမြန်မာ" **

in myanmar •  7 years ago  (edited)

ဒီတစ်ပတ် promotion အတွက်တော့ အတွေးလေးတစ်ခုတွေးမိရင်း ဒီခေါင်းစဉ်လေးနဲ့ပဲ တန်ဆာဆင်လိုက်ပါတယ်ခင်ဗျာ။ကျွန်တော်တို့တွေဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲ ကာလတုန်းက ကိုယ်ကြိုက်တဲ့ပါတီဝင်တွေကိုမဲပေးခဲ့ကြပြီး ပါတီကိုယ်စားလှယ်တွေကနေ တစ်ဆင့်ပြီးတစ်ဆင့် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော် စသည်ဖြင့်နောက်ဆုံး သမ္မတနေရာအထိ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်တကွ လွတ်တော်တွင် စနစ်တကျ လွတ်လပ်စွာ မဲခွဲရွေးချယ်ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါကတော့ အားလုံးလည်းသိပြီးသားပါ။
qdjdtpivjyvy.png
Crd-org-source
ကျွန်တော်ပြောချင်တာက နိုင်ငံသားတိုင်း လွတ်လပ်စွာရွေးချယ်မဲပေးပိုင်ခွင့်နဲ့ ကိုယ်ကြိုက်တဲ့ပါတီဝင်ကို မဲပေးအမှန်ခြစ်ပြီး လက်သန်းလေးတွေမှာ မှင်လေးတွေနဲ့ တာဝန်ကျေခဲ့ကြတာပါ။
အဲဒီလိုလည်း ပေးပြီးသွားရော ကျွန်တော်တို့ကမှအစ ကိုယ်ကြိုက်တဲ့သူကို မဲပေးခဲ့ပြီးပြီ...အားလုံးလည်းအေးအေးချမ်းချမ်းနဲ့ ပြီးစီးသွားပြီ ဒါဆိုရင် ကိုယ်လည်းအေးအေးချမ်းချမ်းနဲ့ စိတ်ချမ်းသာပြီပေါ့ဆိုပြီး စိတ်အေးသွားပါလေရော။တကယ်တမ်းကြတော့ ကျွန်တော်တို့တွေလုပ်ခဲ့ကြတဲ့ အမှန်ခြစ်လေးနဲ့ လက်သန်းမှင်လေးလုပ်ခဲ့တာဟာ... ကျွန်တော်ကျွန်မတို့ ယုံကြည်စွာပေးခဲ့ကြသော ပါတီသာအနိုင်ရခဲ့၍ သူတို့တွေဦးဆောင်တဲ့အခါ ကျွန်တော်ကျွန်မတို့သည်လည်း ထိုသူတို့၏ကောင်းမွန်သော ဥပဒေသနှင့်စည်းကမ်းများအား လေးစားလိုက်နာ၍ မိမိတို့တစ်ဦးတစ်ယောက်ချင်းစီမှ မိမိနဲ့သက်ဆိုင်သောကိစ္စရပ်များကို တာဝန်သိစိတ်ဖြင့် ကြိုးစားလုပ်ကိုင်ဆောင်ရွက်ပါမည်ဟု ကတိတစ်ခုပေးခဲ့ခြင်းသဘောဖြစ်ပါတယ်။ဘာကြောင့်ဒီလိုပြောရသလဲဆိုရင်... မည်သည့်ပါတီအနိုင်ရသည်ဖြစ်စေ အနိုင်ရပါတီသည် မိမိတို့ နိုင်ငံအတွင်းမှ လူဦးရေအများဆုံးကြိုက်၍လက်ခံကြပြီး ရာခိုင်နှုန်းအများဆုံးရရှိထားတဲ့ ပြည်သူအများစု အလိုချင်ဆုံး ပါတီဖြစ်နေတဲ့အတွက်ကြောင့်ပဲဖြစ်တယ်။ ဒါကြောင့် ဒီလိုစိတ်ထားပြီး နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ အားလုံး အတူတကွပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။
10543_Effective_Discipline_Fcvr.jpg
Crd-org-source
နိုင်ငံတော်တိုးတက်ဖို့အတွက် တစ်ဦးကောင်းတစ်ယောက်ကောင်း... အဖွဲ့အစည်းတစ်ခုကောင်းရုံလောက်နှင့်မရနိုင်ပဲ အားလုံးတက်ညီလက်ညီ ကြိုးစားနေထိုင်သွားသင့်ပါတယ်။မိမိတို့တစ်ဦးချင်းကိုယ်တိုင် စည်းကမ်းရှိရှိ ကြိုးစားကျင့်ကြံ နေထိုင်ကြမှသာလျင် မိမိတို့ရပ်ကွက်...ကျေးရွာ...မြို့...တိုင်း... နိုင်ငံအထိ ပိုမိုတိုးတက် ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။စဉ်းစားမိတဲ့ ဥပမာလေးတစ်ခုပြောပါရစေ...ရှေ့လာမယ့်ရာသီဆိုရင် မိုးရာသီရောက်လာမှာဖြစ်ပါသည်။မိုးရာသီအတွက် မိမိတို့တစ်ဦးချင်းနဲ့သက်ဆိုင်တဲ့ကိစ္စရပ်လေးတစ်ခုပြောချင်ပါတယ်။မိမိတို့နေတဲ့ အိမ်ရှေ့/အိမ်နောက် ရေမြောင်းများရှိ အမှိုက်များသန့်ရှင်းခြင်း... ရေမြောင်းများအား သတ်မှတ်ပုံစံအတိုင်းပြန်လည်တူးဖော်ခြင်း...မိမိအိမ်ခြံဝန်းအတွင်း/အပြင် သန့်ရှင်းတို့ကို မဖြစ်မနေဆောင်ရွက်သင့်ပါတယ်။ထိုကဲ့သို့ မိမိတို့တစ်ဦးချင်း တစ်အိမ်ချင်း စည်းကမ်းတကျ လိုက်နာဆောင်ရွက်ပါက ရပ်ကွက်အတွင်းရေစီးရေလာကောင်းမွန်ခြင်း ရေဝပ်ခြင်းများမရှိတော့ပဲ ရပ်ကွက်ပိုမိုသန့်ရှင်းလာခြင်း...ရေဝပ်ခြင်းကြောင့်ဖြစ်ပေါ်လာမည့် ခြင်နှင့် ရောဂါပိုးမွှားအန္တရာယ်များ...အခြားဆိုးကျိုးများကိုပါ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။
Develop-Strategy-with-the-Right-Team2.jpg
Crd-org-source
ဤကဲ့သို့ ရပ်ကွက်တစ်ခုချင်းစီ...မြို့ရွာတစ်ခုချင်းစီ... တိုင်းတစ်ခုချင်းစီ ဆင့်ကဲဆင့်ကဲတာဝန်အလိုက် ဆောင်ရွက်သွားပါက ပိုမိုသန့်ရှင်းပြီး ဖြစ်ပေါ်လာသော ဆိုးကျိုးအန္တရာယ်များကို ကာကွယ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ထို့အတူ အခြားသောကိစ္စရပ်များတွင်လည်း မိမိတို့တစ်ဦးချင်းစီကိုယ်တိုင် စည်းကမ်းတကျ ဆောင်ရွက်ပါက ပိုမိုသန့်ရှင်းကောင်းမွန်သော အနာဂတ်ကိုရရှိစေမှာပဲဖြစ်ပါတယ်။
ထို့ကြောင့် နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးနိုင်ရန်အတွက် မိမိတို့တစ်ဦးချင်းစီမှာပင် စိတ်ဓါတ်ကောင်း...စည်းကမ်းကောင်းများဖြင့်တက်ညီလက်ညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်။တစ်ဦးချင်း၏တာဝန်သိစိတ်များမှ တစ်နိုင်ငံလုံးအထိ ရောက်ရှိအောင်မြင်မှာဖြစ်ပါကြောင်း....
တာဝန်ကျေသောစိတ်ဓါတ်... စံပြုထိုက်သောစိတ်ဓါတ်လုပ်ရပ်များဖြင့် နိုင်ငံတော်ကြီး တိုးတက်ဖွံ့ဖြိုးအောင်မြင်အောင် တည်ဆောက်ကြပါစို့လို့ ရေးသားတိုက်တွန်းလိုက်ရပါတော့သည်။
concept-of-business-success_23-2147521230.jpg
Crd-org-source
ကျွန်တော်၏ကိုယ်ပိုင် အယူအဆ အတွေးအမြင်လေးသာဖြစ်၍ လိုအပ်မှုတွေအများကြီးရှိနေနိုင်ပါသဖြင့် သီးခံပြီးဖတ်ရှု့ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝပိုင်ဆိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်....
@uthantzin
MSC-211

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကိုယ့်တာဝန်ကိုကျေဖို့ကြိုးစားရပါမယ်ဗျ

ဒီအချက်လေးကလည်း တစ်ထောင့်တစ်နေရာအားပြုပေးနေတယ်လို့ ထင်မိတာပါ။အဓိကတော့ အားလုံးတက်ညီလက်ညီရှိနေတဲ့ စုပေါင်းအင်အားလေးကို ပြောချင်လို့ပါ။

ဟုတ်​တယ်​ အစ်​ကို၊ဘယ်​ပါတီ နိုင်​နိုင်​ တစ်​ဦးတစ်​​ယောက်​၊ အဖွဲ့အစည်တစ်​ခု​ကောင်း​နေရုံနဲ့ မပြီး​မြောက်​ပါဘူး။ အားလုံး တပ်​ညီလက်​ညီ ​လှော်​ခတ်​မှသာ ​ရှေ့တက်​မှာပါ။

နိုင်ငံသားအားလုံး ရာထူးကြီး/သေး...ဆင်းရဲ/ချမ်းသာ မည်သူမဆို စိတ်ဓါတ်ကောင်းလေးတွေနဲ့ တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရင်တော့ နိုင်ငံတော်တိုးတက်ဖွံ့ဖြိုးဖို့ ပိုမိုလွယ်ကူမည်ဟု ထင်မြင်မိပါသည်။

အားလုံးတက်​ညီလက်​ညီနဲ့လုပ်​ကိုင်​​ဆောင်​ရွက်​ကြရင်​​တော့ နိုင်​ငံ​တော်​ကြီးဖွံ့ဖြိုးတိုးတက်​လာမှာပါဗျ

အားလုံးရဲ့ ညီညာတဲ့ အင်အားနဲ့ ဆောင်ရွက်မှ တိုးတက်မှု ကိုရရှိနိုင်မှာလို့မြင်မိလို့ပါခင်ဗျာ

သူများမ​ကောင်းလဲ ကိုယ်​တိုင်​​ကောင်း​အောင်​လုပ်​ရမယ်

ဆင်းရဲ ချမ်းသာမည်သူမဆို ဒီလို စိတ်ဓါတ်ရှိနေဖို့တော့ လိုအပ်ပါတယ်။

တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မဲ့ပါတီကို
ကျွန်တော်တို့ပြည်သူတွေကရွှေးချယ်ပေးရမှာပါ

တိုင်းပြည်အတွက် အမှန်တကယ် အလုပ်လုပ်ပေးနိုင်မယ့်ပါတီကို ပြည်သူတွေကရွေးချယ်ပေးရမှာပါ။ဒါကြောင့် ရာခိုင်နှုန်းတော်တော်များများဟာ ကျွန်တော်တို့ ပြည်သူတွေနဲ့ သက်ဆိုင်နေပါတယ်။

တာဝန်‌‌ကျေပွန်‌‌သော နိုင်‌ငံ့သား‌ကောင်းများ ဖြစ်‌‌အောင်‌ကြိုးစားကြပါစို့။

တာဝန်ကျေပွန်တဲ့ နိုင်ငံ့သားကောင်းတွေသာ ဖြစ်ကြရင်တော့ အားလုံးညီညီညာညာနဲ့ ဆောင်ရွက်ရင်း တိုးတက်မှုတွေ ခံစားရရှိကြမှာပေါ့အစ်ကို

စည်းလုံး ညီညာ အောင်ကြာင်းဖြာပါလို့😊

ညီညာမှ ပြည်သာပါမည်။ဒို့တိုင်းပြည်တိုးတက်ဖို့ အပေါ်ဆုံးမှ စ၍အောက်ဆုံးအဆင့်ထိ တာဝန်သိစိတ်ဓါတ်များဖြင့် ပူးပေါင်းဆောင်ရွက်ကြပါစို့

မှတ်​မိ​သေးတယ်​...လက်​သန်းမင်​စွန်းတာ​လေး....မိုးရာသီလည်းနီးပြီ...ကိုယ့်​ပတ်​၀န်းကျင်​ခြင်​၊ပိုးမွားအန္တရာယ်​ကင်းရှင့်းဖို့အသိစိတ်​နှင့်​ဝိုင်းဝန်း​ဆောင်​ရွက်​ကြရင်​​ကောင်းမယ်​...

ဟုတ်ပါတယ်။နိုင်ငံသားအားလုံးရဲ့အင်အားကိုယူပြီး လုပ်ရင် ပိုအောင်မြင်နိုင်တာလေးတွေးမိလို့ပါ။

ဘာစနစ်​ ဘာပါတီဘြဲဖစ်​​နေ​နေ ပြည်​သူ့အ​ပေါ်​စေတနာထားအုပ်​ချုပ်​ရင်​ပြည်​သူကလက်​ပြီးသားဘဲ

တစ်ဦးစေတနာ တစ်ဦးမေတ္တာပေါ့။ဒါလည်းသိပ်မှန်တဲ့အချက်ပါ။ပိုမိုပြည့်စုံဖို့ ဒီလိုအချက်တွေလည်းလိုအပ်တာပေါ့ဗျာ။

မှန်ပါတယ် အစ်ကိုရယ် နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုတက်ဖို့ဆိုတာ တစ်ဦးချင်းစီရဲ့ စိတ်ဓါတ်လေးတွေကို ပြုပြင်သင့်ပါတယ်ဗျာ

ဒီလိုစိတ်ဓါတ်လေးတွေ အားလုံးမှာရှိပြီး ဆောင်ရွက်ကြမယ်ဆိုရင်တော့ဖြင့် ပိုပြီးကောင်းမွန်တိုးတက်သော နိုင်ငံဖြစ်လာနိုင်ပြီပေါ့။ဟိုးအပေါ်ဆုံးမှ အောက်ဆုံးပြည်သူတွေအဆင့်ထိ အားလုံး နဲ့သက်ဆိုင်ပါတယ်လို့ ထင်မြင်မိပါတယ်။

စုပေါင်းညီညာမှသာ သာယာလှပတဲ့ပတ်ဝန်းကျင်လေးဖြစ်လာမှာ အမှန်ပါပဲဗျာ😊😊

စုပေါင်းအင်အားနဲ့ တက်ညီလက်ညီ ကြိုးစားမှသာ မိမိတို့ မျှော်မှန်းတဲ့ အောင်မြင်မှုကို ပိုမိုလွယ်ကူစွာ ရရှိနိုင်မှာဖြစ်ပါတယ်။

ခေတ်မီသန့် ရှင်းသော ဒီမိုကရေစီ စနစ်ပေါ်ပေါက်နိုင်ပါစေ ဗျာ

ဟုတ်ပါ့ဗျာ အခုထိလည်းဒီစကားက စိတ်ထဲမှာ တွေးနေရတုန်းပါ။အဓိပ္ပါယ်အစစ်အမှန်က လေးနက်ပြီး စနစ်တကျရှိလှသော ကောင်းမွန်သန့်ရှင်းအေးချမ်းသော လူနေမှုစနစ်ကို လွတ်လပ်ခွင့် ရပိုင်ခွင် အားလုံးနဲ့ ဆိုင်ပါတယ်ဗျာ???????????

စည်းလုံးခြင်းသည်အင်အား

စည်းလုံးညီညာ အောင်ကြောင်းဖြာပေါ့အစ်ကို

ဘယ်ပါတီဘဲနိင်နိင် ပြည်သူတွေအတွက် ကြိုးစားပြီး လုပ်ရင်တော့အကောင်းဆုံးပါဘဲဗျာ

မှန်ပါတယ်အစ်ကို။မည်သည့်ပါတီမဆို ပြည်သူတွေအတွက် ကြိုးစားပြီး မဖြစ်မနေလုပ်ဆောင်ပေးရပါမည်။ဒါကြောင့် နိုင်ငံသားတိုင်း မည်သူမဆို မည်သည့်ပါတီမဆို တာဝန်သိစိတ်နဲ့ မိမိတို့ဆိုင်ရာကိစ္စရပ်တွေကို တက်ညီလက်ညီအတူတကွကြိုးစားဆောင်ရွက်ရမယ်လို့ ထင်မြင်မိတာပါ။

ကိုယ်မဲပေးတဲ့ပါတီအနိုင်ရစေဖို့ဘဲသိခဲ့တာ
ကိုယ်မဲပေးတဲ့ပါတီအနိုင်ရရင်
ကိုယ်ပါသူတို့စည်းကမ်းဥပဒေလိုက်နာပြီးတိုးတက်အောင်အတူဆောင်ရွက်မယ်လို့ကတိပေးတာမှန်းမသိခဲ့ဘူး
ဒီနေ့အတွက်အသိတစ်ခုတိုးခဲ့ပြီဗျာကျေးဇူးပါအကိုရေ

အဲဒီလို စိတ်ဓါတ်လေးပါတစ်ဦးချင်းစီ သတိထားပြီးဆောင်ရွက်နိုင်ရင်တော့ ပိုမိုတိုးတက်ဖို့ လွယ်ကူသွားမယ်လို့ ထင်မြင်မိတာပါ။ရာထူးကြီးတဲ့သူက ကြီးတဲ့အလျောက် ငယ်တဲ့သူက ငယ်တဲ့အလျောက် နိုင်ငံသားအားလုံး တက်ညီလက်ညီ နဲ့ဆောင်ရွက်စေချင်တာပါ။

ဥဥသန့်ဇင် ဒူးရင်းသီး ဟိ😍😍😊

တကယ်တမ်း (မ နဲ့သတ်ရမှာပါ) အကြောင်းအရာကလေးကကောင်းမွန်လှတယ်၊ တင်ပြပုံမကောင်းတဲ့အတွက် စာဖတ်သူကိုငြိးငွေ့စေတယ်၊ ဒီလိုဆောင်းပါးမျိုးကို ပိုဒ်ခွဲ နံပါတ်လေးတွေ တပ်ရေးသင့်တယ်။၊ ဆွေးနွေးပွဲသဘောမျိုးနဲ့တင်ပြရင် သွက်လက်မှုအားပိုကောင်းလာမှာပါ။

ဟုတ်ကဲ့ဆရာ။အခုလို လိုအပ်တာလေးတွေ ပြောပြပေးတဲ့အတွက် အရင်ဆုံးကျေးဇူးတင်ပါတယ်။နောင်ကိုလည်း ဂရုတစိုက်နဲ့မှတ်သားပြီး ကြိုးစားပြင်ဆင်ပါ့မယ်။ဒီလို လိုအပ်ချက်လေးတွေ သိရဖို့ မလွယ်ကူပါဆရာ။သိလည်းမသိပါ။ဒါကြောင့် သိလိုက်ရတဲ့ တစ်ခုဆိုတစ်ခု ကျွန်တော်တို့အတွက် တန်ဖိုးရှိပါ၍ သေသေချာချာလိုက်နာမှတ်သားပါ့မယ်ဆရာ။ဆရာ ကျန်းမာ ချမ်းသာ ပျော်ရွှင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

တိုင်းပြည်အပေါ်စေတနာထားမယ့် ဘယ်ပါတီမဆိုကြိုဆိုလျှက်ပါ

You got a 100% upvote from @steempowergroup1 courtesy of @uthantzin ! It is a cool free !

Thank you so much.

You got a 50% upvote from @aungzawhtwe courtesy of @uthantzin ! its cool fee free .

Thank you so much.