လူရယ်လို့ဖြစ်လာရင် ချစ်တတ်၊ခင်တတ်၊ကြင်နာတတ်အသဲနှလုံးပါလာတာကြောင့် တစ်ဦးကို တစ်ဦးချစ်ကြ
ခင်ကြနဲ့ သံယောဇဉ်တွယ်တာတတ်ကြပါတယ်။ချင်ခင်ကြင်နာသူတွေအနားမှာပဲ အမြဲနေထိုင်လိုကြတယ်။
သို့သော်လည်း ပျော်ရာမှာမနေရ၊တော်ရာမှာနေရ ဟူသောစကားပုံ အတိုင်း ချစ်ခင်သူတွေနဲ့ဝေးကွာသွားတဲ့
အခါ အောက်မေ့သတိရကာလွမ်းတတ်ကြပါတယ်။
အလွမ်း၏တဖိုးဟုဆိုရာတွင်အလွမ်းအမျိုးမျိုးရှိကြပါတယ်။မိဘနှင့်သားသမီးကြား သတိရလွမ်းကြတာ။
ညီအစ်ကိုမောင်နှမကြားကအလွမ်း၊သူငယ်ချင်းမိတ်ဆွေသံယောဇဉ်ကြောင့် လွမ်းကြတဲ့အလွမ်း၊
သမီးရည်းစားချင်းလွမ်းကြတဲ့အလွမ်း၊ဆရာနှင့်တပည့်အကြားကအလွမ်း၊ကိုယ့်ဘ၀မှာကူညီထောက်ပံ့
ပေးခဲ့သော ကျေးဇူးရှိသူများကိုလွမ်းသောကျေးဇူးတရားကိုသတိရ လွမ်းဆွတ်ခြင်း စသဖြင့် လွမ်းရခြင်းများစွာ ရှိပါတယ်။
လူတိုင်းဘ၀မှာလွမ်းခဲ့ဘူးကြပါတယ်။တစ်စုံတစ်ယောက်(သို့)အကြောင်းအရာ အဖြစ်ပျက် တစ်ခုကို လွမ်းမိခြင်း၊သတိရခြင်းမျိုးဖြစ်ခဲ့ဖူးကြပါတယ်။မလွမ်းဖူးတဲ့သူဆိုတာမရှိသလောက်ပါပဲ။ တကယ်လို့
ရှိခဲ့ရင်လည်း ဘ၀ရဲ့တစ်ချိန်ချိန်မှာ အလွမ်းဆိုတာ ကြုံတွေ့ခံစားကြရမှာပါပဲ။တစ်စုံ တစ်ယောက်ကို
လွမ်းမိပီဆိုရင် သူအကြောင်းတွေကိုတွေးနေမိတတ်ကြတယ်။သူနှင့်အတူဖြတ် သန်းခဲ့တဲ့ အမှတ်ရစရာ
အတိတ်ကအဖြစ်ပျက်ကိုပြန်စဉ်းစားမကြတယ်။ဒီလိုစဉ်းစားနေရင်း၊တွေး နေရင်း၊လွမ်းရင်းဖြင့်ပင် အချိန်တွေကုန်ဆုံးသွားတတ်တာ သဘာဝပင်ဖြစ်တော့သည်။လွမ်းရင်ဖြင့် အချိန်တွေသာကုန်သွားတာ ကိုယ်လွမ်းနေတာက အကျိုးရှိလား။တန်ဖိုးရောရှိရဲ့လားဆိုတာကိုမစဉ်းစားမိကြပါဘူး။မိမိလွမ်းနေတဲ့
လူ(သို့)လွမ်းရတဲ့အကြောင်းအရာ၊အဖြစ်ပျက်များသည် ကိုယ်လွမ်းရတာနဲ့ထိုက်တန်မှုရှိ၊မရှိဆိုတာကိုလည်း မတွေးကြပါဘူး။ကျနော်ကိုယ်တိုင်လည်း မစဉ်းစားခဲ့ဘူး။မတွေးမိခဲ့ပါဘူး။
အလွမ်းတန်ဖိုးအကြောင်းစဉ်းစားဖြစ်ခဲ့ပုံပြောပြချင်ပါတယ်။လွန်ခဲ့သောလေးနှစ်ခန့် အချိန်ကပေါ့။ကျနော်
အသက်19နှစ်20နှစ်ဝန်းကျင်အချိန်ကဖြစ်ပါတယ်။ငွေကြေးဝန်ဆောင်မှု့ ကုမ္ပဏီကြီးတစ်ခုမှာ
လစာကောင်းကောင်းဖြင့် အလုပ်ရခဲ့ပါတယ်။တစ်နှစ်ခန့်ကြာသောအခါသက်တူရွယ်တူကောင်မလေး
တစ်ယောက်နဲ့ချစ်ကြိုက်ခဲ့တယ်။ကျနော့်သူ့ကိုသိပ်ချစ်ခဲ့တယ်။ သူ့အတွက်ဆိုရင် အရာရာပေးဆပ်ချင်
ခဲ့တာပါ။သူလိုအပ်သမျှကိုလည်း ကျနော်တတ်နိုင်သမျှ ကြိုးစားပြီးဖြစ်အောင်လုပ်ပေးခဲ့တယ်။အဲ့ဒီအတွက်
အလုပ်ကိုပိုကြိုးစားခဲ့တယ်။သို့သော်လည်း ၀န်ထမ်းအလုပ်ဆိုတာကအကန့်သတ်ဖြင့်သာ ဖြစ်သောကြောင့်
ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ထူထောင်လုပ်ကိုင်ဖို့ပြင်ဆင်ပြီး လက်ရှိအလုပ်က နှုတ်ထွက်ပြီးလုပ်ငန်းစတင်
ခဲ့တယ်။လုပ်ငန်းက ကြိုးစားမှုရလဒ်ဟုဆိုရပေမည်။လုပ်ငန်းအထိုင်ကျကာအဆင်ပြေလာခဲ့သည်။
ကျနော့်ရည်းစားကောင်မလေးမှာ ကျနော့်အောင်မြင်မှု့အတွက်ဝမ်းသာနေသည်။ပျော်ရွှင်နေခဲ့သည်။ကျနော့်မှာ ပျော်ရွှင်နေသော သူ့ကိုကြည့်က ပိုပီးကြည်နူးပျော်ရွှင်ခဲ့ရပါသည်။
တစ်နေ့တော့လုပ်ငန်းမှာ ပြဿနာအမှားယွင်းတစ်ဖြစ်ပွားခဲ့ပါတယ်။ပြဿနာကိုပြေလည် အောင်ဖြေရှင်းရင်း ကျနော့်လုပ်ငန်းလည်း ရပ်ဆိုင်းလိုက်သည်အထိဖြစ်သွားတယ်။နောက်ဆုံးမှာ ကျနော့်ဇာတိမြေ နယ်သို့ပြန်ကာ အလုပ်လုပ်ကိုင်ရတော့သည်။ကျနော်နယ်ပြန်ပီးနောက်ပိုင်းတွင် ကျနော်တို့ချစ်ခရီးလမ်းမှာ အစပိုင်းတွင် ချော့မွေ့နေဆဲပင်။သူနှင့်ဝေးကွာရာတွင်နေထိုင်ရပေမဲ့ ဖုန်းဖြင့်သာဆက်သွယ်ကာ နီးစပ်မှု့တစ်ခုရှိနေဆဲဖြစ်သည်။လအနည်းငယ်ပြီးနောက်ပိုင်းတွင် သူနဲ့ကျနော်၏ဆက်ဆံရေးမှာ သူ့ဘက်ကစပီး တစ်ဖြည်းဖြည်းစိမ်းကားလာခဲ့သည်။နောက်ဆုံး သူ့ဘက်မှစပီးလမ်းခွဲစကား
စပြောလာတော့သည်။ဘာကြောင့်လမ်းခွဲရသည်ကို တိတိကျကျ အကြောင်းပြချက်မရှိဘဲ ကျနော့်ကိုလမ်းခွဲခဲ့တော့သည်။ကျနော်နောက်တစ်ကြိမ်ပြန်ကြိုးစားမည် အဆင်ပြေအောင်လာချိန်ထိ သည်းခံစောင့်ဆိုင်းပေးရန် အမျိုးမျိုးတောင်းပန်သော်လည်း မရ။ဒုက္ခပင်လယ်ဝေချိန်မှာ ဘာမှအားပေးစကားတစ်ခွန်းတောင်မဆိုဘဲ ချန်ထားရစ်ခဲ့သည်။ ကျနော့်မှာတော့ အသုံးမကျတဲ့ကိုယ်ကိုကိုယ်ပဲ အပြစ်တင်ရမလား။သူ့ကိုပဲ ဒေါသဖြစ်ရမလား ဆိုတာ မဝေခွဲတတ်။သူချန်ထားရစ်ခဲ့ပေမဲ့ သူ့ကိုမေ့လို့မရခဲ့ပါဘူး။နေ့တိုင်းလိုလိုသတိရနေခဲ့ တယ်။လွမ်းနေရပါတယ်။အလုပ်ကိုလည်းကောင်းမလုပ်နိုင်နဲ့သူ့သူ့ကိုလွမ်းနေ့ခဲ့တယ်။လွမ်းရင်း ဖြင့်ပင်(၃)နှစ်တာအချိန်ကုန်ဆုံးသွားတော့သည်။
တစ်နေ့ဘူတာမှာရထားအလာကိုစောင့်နေစဉ်မှာ ရထားဆိုက်ချိန် တစ်နာရီခန့်လိုသေး တာကြောင့် အများပြည်သူဖတ်ရှူ့နိုင်ရန်ထားရှိသော စာပေရေချမ်းစာအုပ်စင်မှ သတင်းစာအဟောင်းတစ်ကို
ယူပီးဖတ်ကြည့်တယ်။စိတ်ဝင်စားစရာဆောင်းပါးတစ်ပုဒ်ကိုတွေ့ပါတယ်။ "အလွမ်းတန်ဖိုး" တဲ့။ဆက်ပီးဖတ်ကြည့်လိုက်တယ်။ဆောင်းပါးသုံးပိုဒ်ဖတ်အပြီး ကျန်စာပိုဒ်များကို မတွေ့ရတော့ပေ။ကျန်အပိုင်းမှာ စုတ်ပြဲနေသဖြင့် ရှာမတွေ့ခြင်းဖြစ်သည်။
ရထားစီးနေရတဲ့ လမ်းတစ်လျှောက်လုံးမှာကျနော်ဖတ်ခဲ့ရသော စာပိုလေးနှင့်အလွမ်းတန်ဖိုး ဆိုတဲ့ဆောင်းပါး အကြောင်းကို ဆက်စပ်စဉ်းစားတွေးတောကြည့်သည်။ တစ်စုံတစ်ယောက်(သို့) အကြောင်းရာတစ်အဖြစ်ပျက်တစ်ခုခုကို ကျနော်လွမ်းခဲ့ဘူးတဲ့အလွမ်းများသည် တန်ဖိုးရှိရဲ့လား။ လွမ်းရလောက်အောင်လည်းထိုက်တန်လား။အဖိုးဖွာနှင့်မိဘတွေကို သတိရလွမ်းကတော့ ကျနော့် အတွက် လွမ်းသင့်လွမ်းထိုက်သော ပုဂ္ဂတွေပဲ။ပညာပင်ပေးခဲ့တဲ့ဆရာ၊ဆရာမများသည်လည်း အလားတူလွမ်းဖို့ထိုက်တန်သောသူများဖြစ်ကြသည်။ကိုယ့်ကိုကူညီပေးခဲ့တဲ့ကျေးဇူးရှိသူများနှင့် သူငယ်ချင်းမိတ်ဆွေများသည်လည်း ကျနော့်တို့အတွက်လွမ်းသင့်လွမ်းထိုက်သော တန်ဖိုးရှိသော အလွမ်းများဖြစ်ပေလိမ့်မည်။အဲဒီလိုဖြင့်အချိန်တိုင်း တွေးဖြစ်ခဲ့သည်။နောက်ဆုံးတော့ ကျနော့် ရည်စားကောင်မလေးအား ကျနော်သတိရလွမ်းဆွတ်နေခဲ့ခြင်းသည် တန်ဖိုးရှိလား။ထိုက်တန်လား ဆိုတာကိုစဉ်းစားကြည့်ပါတော့တယ်။ကျနော့်အပေါ်သူကောင်းခဲ့လား၊ဆိုးခဲ့လား။ကျနော့်အတွက် သူဘာတွေကိုစွန့်လွတ်အနစ်နာခံခဲ့သလဲ။ဘာတွေပေးဆပ်ခဲ့သလဲ။အိုး…… ဘာမျှပြောပလောက် အောင်မရှိပေ။ကျနော့်ကို သူချစ်တယ်ဆိုတာသည် နှလုံးသားဖြင့်ရင်းပြီးချစ်ခဲ့တာမဖြစ်နိုင်။အလုပ် ကောင်းကောင်းဖြင့် အဆင်ပြေနိုင်သည်ဟု ယူဆကာ ချဉ်းကပ်ခဲ့ခြင်းဖြစ်နိုင်သည်။ကျနော်တော့ အဲလိုပဲတွေးမိတယ်။ဘာလို့ဆို ကျနော့်မှာအလုပ်လည်းမရှိ၊ ဘာမှမျှော်လင့်စရာမရှိတော့အချိန်မှာ ကိုယ်လွတ်ရုန်းထွတ်သွားနိုင်ရက်သော သူ့စိတ်ကိုတွေးကြည့်ခြင်းဖြင့်သိနိုင်ပေသည်။အဲဒီနောက် သူ့မလွမ်းတော့ဘဲမေ့ပစ်နိုင်အောင်ကြိုးစားခဲ့ပါတယ်။သူ့ကိုသတိရတိုင်း "သူ့ကိုမေ့ပစ်လိုက်ပါ၊ ဘာလို့သူ့ကိုလွမ်းနေမလဲ၊မင်းအတွက်သူဟာလွမ်းမှမထိုက်တန်တာ"ဟု ကိုယ့်ကိုယ်ကိုသတိပေး ကာ မေ့ပစ်ခဲ့သည်။ချက်ချင်းကြီးမေ့ပစ်နိုင်တာမျိုးမဟုတ်ပေမဲ့ တဖြည်းဖြည်းချင်းနဲ့သူ့ကို သတိရ စိတ်တွေလျော့ကျလာသလိုလွမ်းစိတ်တွေလည်းလျော့ပါးလာပြီးနောက်ပိုင်းမေ့ပစ်နိုင်ခဲ့ပါတယ်။
ရှေ့ဆက်ပြီးတော့ ကျနော်တစ်ယောက်ယောက်ကိုလွမ်းမိဆိုရင် လွမ်းဖို့ထိုက်တန်လား၊ မထိုက်တန်ဘူးလား။တန်ဖိုးရှိသောအလွမ်းလား၊မဟုတ်ဘူးလား တွေးကြည့်ပါတော့တယ်။ တကယ်လို့လွမ်းဖို့ထိုက်တန်လောက်အောင် တန်ဖိုးမရှိဘူးဆိုရင်တော့ ရှေ့ဆက်မလွမ်းတော့ဘူး ချက်ချင်းရပ်တန့်ပစ်လိုက်ပါတော့တယ်။တဖြည်းဖြည်းနဲ့ဘယ်လိုလူတွေကိုလွမ်းရတာ၊ဘယ်လို အလွမ်းများဟာ လွမ်းဖို့ထိုက်တန်ပြီးတန်ဖိုးရှိသောအလွမ်းများဖြစ်ကြောင်းသိလာရပါတော့သည်။ ဘယ်လိုလူတွေကိုကျနော်လွမ်းရတာက လွမ်းဖို့ထိုက်တန်သောအလွမ်း၊တန်ဖိုးရှိသောအလွမ်းဆို တာကိုရှင်းပြပါ့မယ်…………
မိမိတို့ဘ၀မှာ မိဘ၊ဆရာသမားများနှင့်မိမိတို့အပေါ်ကျေးဇူးပြုခဲ့ဘူးသော ကျေးဇူးရှင်များ အား သတိရ လွမ်းဆွတ်ခဲ့ဖူးကြတယ်။သူတို့ရဲ့ကျေးဇူးတရားများကို ပြန်လည်အောက်မေ့သတိရတတ်ပါတယ်။
သူတို့တွေကိုလွမ်းခဲ့တာဆိုရင်တော့ ဒါဟာသိပ်ကိုတန်ဖိုးရှိသောအလွမ်းများဖြစ်ပါ တယ်။ဘာကြောင့်ပါလဲ။
ကျနော်တို့ရဲ့မိဘများသည် ဆင်းရဲ့ဒုက္ခမျိုးစုံခံကာ လူ့လောကသို့ ရောက်ရှိလာအောင် မွေးဖွားပေးခဲ့တယ်။
ဖ၀ါးလက်နှစ်လုံးပခုံးလက်နှစ်သစ်အရွယ်ကတည်းက အရွယ်ရောက်ကြီးပြင်းလာသည့်တိုင်အောင်
ကျွေးမွေးပြုစုစောင့်ရှောက်ပေးခဲ့ကြတယ်။ပညာသင် ပေးပြီး ဘ၀မှာအောင်မြင်သူတစ်ယောက်ဖြစ်လာစေရန် အပြည့်အ၀ထောက်ပံ့ပေးခဲ့ကြတယ်။အများဆုံးစွန့်လွှတ်အနစ်နာခံခဲ့ကြသူများဖြစ်ပါတယ်။သူတို့၏
မြင့်မြတ်သောမေတ္တာနှင့်ချစ်ခြင်း တရားတို့သည် ကျနော်တို့အပေါ်တွင်လွန်စွာများလှပေသည်။
သူတို့ကိုလွမ်းနေမိတာ၊သတိရကာ သူတို့အကြောင်းလေးတွေကို ပြန်လည်သတိရ တွေးနေမိတာဆိုရင်တော့ ဒါဟာသိပ်ကိုထိုက်တန် သော အလွမ်းဖြစ်ပါတယ်။ဒီလိုသူတို့အကြောင်းစဉ်စားပီးသတိရနေခြင်းသည် သူတို့ရဲ့ကျေးဇူး တရား နှင့် မေတ္တာကို ပြန်အောက်မေ့ခြင်းဖြစ်သည်။သူတို့ရဲ့စွန့်လွတ်အနစ်နာခံမှုတို့ကို အသိမှတ် ပြုခြင်းဖြစ်ပေသည်။ဒါကြောင့်သူတို့ကိုလွမ်းနေခြင်းဟာဆိုရင် သင့်အတွက်တော့ အလွန်တန်ဖိုးရှိသော အလွမ်းပင်ဖြစ်ပေတော့သည်။
အလားတူပဲ ကိုယ့်ပညာသင်ပေးခဲ့ဆရာ၊ဆရာမများ၊ ကိုယ့်ဘ၀တိုးတက်အောင်မြင်စေရန် ကူညီထောက်ပံပေးခဲ့သူများ၊ဘ၀ကိုကောင်းတူဆိုးတူဖြတ်သန်းခဲ့ကြသောသူငယ်ချင်းမိတ်ဆွေများ အစရှိသဖြင့် သူတို့သူတို့တွေကို သတိရ လွမ်းဆွတ်နေမိတာကလည်း တန်ဖိုးရှိသောအလွမ်းများ ဖြစ်ပါသည်။မိမိကိုယ်ကိုကိုယ် ပြန်လည်မေးကြည့်သင့်ပါတယ်။လူတစ်ယောက်(သို့) အကြောင်းအရာတစ်ခုကို လွမ်းနေခြင်းသည် အကြောင်းမဲ့ ဘာတန်ဖိုးမျှမရှိဘဲလွမ်းနေသလား။ လွမ်းသင့်လွမ်းထိုက်တဲ့သူလား
ဆိုတာကိုပေါ့။ဘာကိုပဲလွမ်းလွမ်း တန်ဖိုးရှိဖို့သာ လိုပါတယ်။
အဖွဲ့အစည်းတစ်ခု (သို့)နယ်ပယ်တစ်ခုခုမှာ ဖွံ့ဖြိုးတိုးတက်လာအောင်လုပ်ခဲ့သူတွေ၊ အောင်မြင်လာအောင်ကြိုးစားခဲ့သူတွေကို ကျနော်တို့ပတ်ဝန်းကျင်မှာတွေ့မြင်နိုင်ပါတယ်။ သူတို့ကိုလူတိုင်းကအတုယူလောက်အောင်သူတို့ကြိုးစားခဲ့ကြတယ်။အောင်မြင်ခဲ့ကြတယ်။ ဥပမာအားဖြင့် ရုပ်ရှင်နှင့်အနုပညာနယ်ပယ်မှာဆိုရင် အမေရိကန်ကမိုက်ကယ်ဂျက်ဆင်၊ ကိုးရီးကPSY၊အိန္ဒိယကဆိုရင်
အမီတာဘဂျမ်းနှင့်ရှရွက်ခန်း၊တရုတ်နိုင်ငံကဆိုင်ရင် ဂျက်ကီချမ်း အစရှိသဖြင့်များစွာရှိပါတယ်။သူတို့သည် သူတို့ကျွမ်းကျင်ရာနယ်ပယ်မှာ သိပ်တော်ကြသလို သူတို့နိုင်ငံသားများ ဂုဏ်ယူဝင့်ကြွားနိုင်လောက်အောင်
ကြိုးစားခဲ့ကြသည်။နေရာအနှံ့သူတို့ကို မသိသူမရှိလောက်အောင်အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့
ကြသည်။သူတို့အကြောင်းသတိရ တမ်းတစွာပြောဆိုနေကြရင်း သူတို့ကိုလွမ်းတာဟာလည်း တန်ဖိုးရှိသောလွမ်းခြင်းတစ်မျိုးဖြစ် ပါသည်။
The King of Pop
Make MTV Song that Top One View in Youtube
The King of Bollywood
The King of Bollywood
One of the most successful actor in Asia
ကျနော်တို့မြန်မာနိုင်ငံတွင်လည်း ကျနော်တို့နိုင်ငံသားများအတုယူအားကျနိုင်အောင်ကမ္ဘာကျော်များရှိခဲ့ပါသည်။
ဦးသန့်လူမျိုးဖြစ်ပါတယ်။ဦးသန့်သည် ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်တာဝန်ကို ကမ္ဘာ့သမိုင်းမှတ်တမ်းမှာ 1961မှ1971အထိ သက်တမ်းသုံးကြိမ်(ပထမသတ်တမ်းတစ်ဝက်)ဆက် တာယူထမ်းဆောင်ခဲ့ သော တစ်ယောက်တည်း သော သူဖြစ်ပါတယ်။
ပြီးတော့သူဟာနယူကလီးယားစစ်ပွဲ၊ကမ္ဘာစစ်ပွဲဖြစ်စေနိုင်သောကျူးဘား အရေးခင်းလို(http://bit.ly/1NSEh5p)ကိစ္စကြီးကိုအတွင်းရေးမှူးတာဝန်ယူပီးတစ်နှစ်အကြာမှာရင်ဆိုင်ကြုံတွေ့ခဲ့ရသော်လည်း
ပြေလည်အောင် သံတမန်ရေးဖြင့် ဖြေရှင်းပေးနိုင်သူဖြစ်ပါတယ်။ ဒုတိယသက်တမ်းမှာလည်း အာရပ်-အစ္စရေး၊ ဗီယက်နမ်စစ်ပွဲ(http://bit.ly/UCPvUE) စသည့် အလွန်အရေးကြီးသော အရေးကိစ္စများကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သူဖြစ်ပါသည်။ဒါကြောင့်လည်းကမ္ဘာကြီးက ဦးသန့်အပေါ်မှာ ကျေးဇူးရှိဘူးတယ်
လို့ အမေရိကန်သမ္မတ တစ်ဦးကပြောဘူးပါတယ်
ကျနော်တို့မြန်မာတွေ ဦးသန့်ရဲ့မွေးနေ့တွေမှာ အမှတ်တရ
ပွဲတွေလုပ်၊ ဦးသန့်အမှတ်တရစာကြည့်တိုက်တွေဖွင့်၊ဦးသန့်ရဲ့အရည်ချင်းများနှင့်ကျေးဇူးတရားများကို ချီးမွမ်းပြောဆိုကြတာ ဟာဆိုရင် ကျနော်တို့သူတန်ဖိုးကိုသိလို့သူ့ကိုလွမ်းနေတာဖြစ်ပါတယ်။ ခုချိန်မှာသူသာရှိခဲ့ရင်ဆိုတဲ့အတွေးမျိုး ကျနော်တို့အားတွေးမိခဲ့ကြပါတယ်။ဒါကြောင့် ဦးသန့် ကဲ့သို့လူမျိုးကိုလွမ်းရင် သတိရခဲ့ရင် ဒါဟာအရမ်းတန်ဖိုးရှိသော အလွမ်းဖြစ်ပါတယ်လို့ဆိုပါရစေ။
နိုင်ငံတိုင်းမှာ သူတို့နိုင်ငံသားတွေအားကျအတုယူလောက်သောသူရဲကောင်းဆိုတာ ရှိကြစမြဲဖြစ်သည်။ထိုသူရဲကောင်းများသည် လူတိုင်းမလုပ်နိုင်သော နိုင်ငံအတွက် အသက်ပေး ကာကွယ်ပေးခဲ့ကြတယ်။နိုင်ငံအတွက် သူတို့ကိုယ်ကျိုးကိုစွန့်ကာ အနစ်နာခံကာ ဘ၀ကိုနစ်မြှုပ် ခံကာ စတေးပီးကြိုးစားခဲ့ကြသည်။သူတို့လိုအနစ်နာခံမှုမျိုး၊စွန့်စားမှုမျိုး၊အခက်ခဲနှင့်ဒုက္ခမျိုးစုံအား ကြံ့ကြံ့ခံပီးကြိုးစားမှုမျိုးသည် ကျနော်တို့လူတိုင်းလုပ်နိုင်ရန် လွယ်ကူသောကိစ္စရပ်မျိုးမဟုတ်ပါ။ သူတို့၏ဇွဲ၊လုံ့လနှင့်ဝီရိယတို့သည် အံ့မခန်းပင်ဖြစ်ပေသည်။ဒါကြောင့်လည်း ကျနော်တို့သည် ကျနော်တို့ရဲ့သူရဲကောင်းများကို ကျနော်တို့ရင်ထဲနှလုံးသားထဲတွင် အမြဲလိုလိုအမှတ်တရ ရှိနေကြသည်။သတိရနေကြသည်။လွမ်းနေကြသည်။အိန္ဒိယက ဂန္ဓီ၊အမေရိကန်ကAbraham Lincoln အစရှိသဖြင့် နိုင်ငံတိုင်းတွင်ရှိကြပါသည်။
နိုင်ငံတိုင်းတွင်ရှိကြပါသည်။ကျနော်တို့မြန်မာမှာဆိုရင် ဗိုလ်ချုပ်အေင်ဆန်း(http://bit.ly/2C4mabt)ဆိုတာ လူတိုင်းကချစ်ကြသည်။
လးစားကြသည်။ကျနော်ကိုယ်တိုင်လည်း ချစ်သည်၊လေးစားသည်၊တန်ဖိုးလည်းထားသည်။ဘာကြောင့်ဆိုရင် သူသည်ကျနော်တို့နိုင်ငံ အတွက် ဘာနဲ့မှအစားထိုးမရနိုင်သော ရတနာတစ်ပါးကဲ့သို့ တန်ဖိုးရှိသော ခေါင်းဆောင်ကောင်း တစ်ယောက်။သတ္တိ၊ဗျတ္တိနှင့် လက်ရုံးရည်နှလုံးရည်ပြည့်ဝသော အရည်ချင်းပြည့်ဝသူ တစ်ယောက်ဖြစ်သည်။သူ၏ကိုယ်ကျိုးစွန့်ပီးနိုင်ငံအကျိုးကြိုးစားဆောင်ရွက်မှုနှင့်စိတ်ထားဖြူစင်မှု များသည် အဖြစ်ပြောစရာဟူíရှာလို့ပင်မတွေ့နိုင်ပေ။ဒါကြောင့်ဗိုလ်ချုပ်မွေးနေ့ရောက်တိုင်း မွေးနေ့ပွဲ၊အမှတ်တရပွဲများ
ကျင်းပကာ ဗိုလ်ချုပ်ရဲ့ကျေးဇူးတရားများနှင့်စိတ်ထားကို ချီးမွမ်းကြ၊ ဆုတောင်းပေးကြရင်း ဗိုလ်ချုပ်ကို သတိရ လွမ်းဆွတ်ကာ မျက်ရည်ပင်ကျတတ်လေသည်။ ဒီလိုမျိုးသာလွမ်းရမယ်ဆိုရင်တော့ ကျနော်ကတော့
ဆယ်ခါပြန်လွမ်းရမလား။အသက်တစ်ရာနေရ ရင်လည်း နှစ်တစ်ရာတိုင် ကျနော်ဗိုလ်ချုပ်ကို လွမ်းနေအုန်း
မှာပါပဲ။ဘာလို့လဲဆိုရင်တော့ ဗိုလ်ချုပ်ကို လွမ်းရတာ ထိုက်တန်လို့ပါပဲ။တန်ဖိုးရှိသောအလွမ်းဖြစ်နေလို့ပါပဲ။
ဗိုလ်ချုပ်သည် နိုင်ငံနှင့်ချီသော လွမ်းသင့်လွမ်းထိုက်သော ပုဂ္ဂိုလ်ဖြစ်ပါသည်။
$
တိုင်းရင်းသားများနဲ့အတူတွေ့ရသော ဗိုလ်ချုပ်
Centre: Aung San and Clement Atlee
ဤသို့ဆိုလျှင် ကျနော်တို့တစ်ကမ္ဘာလုံးက လွမ်းနေကြသော ပုဂ္ဂများမရှိပေဘူးလား။
ရှိပါသည်။တစ်ကမ္ဘာလုံးလွမ်းနေသာ လွမ်းသင့်သော ပုဂ္ဂိုများရှိပါသည်။အက်ဒီဆင်(http://bit.ly/1AkHOEL)၊ Albert Einstein(http://bit.ly/1GvdkkB) နှင့် နယူတန်ကဲသို့သောပုဂ္ဂိုလ်များသည် ကျနော်တို့ ကမ္ဘာပေါ်မှ လူသားများအားလုးံလွမ်းသင့်သော သူများဖြစ်ပေ သည်။ ကျနော်တို့ ကမ္ဘာပေါ်က လူသားအားလုံးသည် ထိုပုဂ္ဂိုလ်များ၏ တီထွင်ဖန်တီးမှု၏အကျိုးကျေးဇူးများကို လက်တွေ့ခံစားနေကြရသည်။သူတို့သာ မရှိခဲ့လျှင် လျှပ်စစ်မီးဆိုတာမရှိ။ကမ္ဘာမြေဆွဲအားဆိုတာမသိ။
သိပ္ပံပညာနှင့်တိုးတက်မှုဆိုတာမရှိဖြစ်နေပေလိမ့်မည်ဖြစ်သည်။ညအချိန်အလင်းရောင် လျှပ်စစ်မီးရောင်ကို မြင်ရတိုင်း အက်ဒီဆင်ကျေးဇူးတင် သင့်ပေသည်။
ထို့နောက် မာသာထရီဇာ(http://bit.ly/1IeN4xf)ကဲ့သို့ပုဂ္ဂိုလည်းရှိသည်။အကြင်နာတရားနှင့်ကိုယ်ချင်းစာ တတ်မှုဆိုတာကို သူ့ရဲ့ကိုယ်ကျိုးစွန့်ပီး လုပ်ဆောင်မှုများက သက်သေအဖြစ် ဖော်ပြ၊ ပြောပြခဲ့ သည်။ သူတို့သည် ကျော်ကြားရုံသက်သက်မဟုတ်ပါဘူး။ အလုပ်နဲ့သက်သေပြ ခဲ့သူများ ဖြစ်ပါတယ်။ထိုကဲ့သို့ပုဂ္ဂိုလ်များကို ၊သူတို့အကြောင်းတွေးမိတိုင်း၊သတိတရပြောဆိုကြ ရင်း အချိန်တွေကုန်ဆုံးသွားရတာဟဆိုရင် သိပ်ကိုထိုက်တန်ပါပေတယ်။အလွန်တန်ဖိုးရှိသော အလွမ်းဖြစ်ပါတယ်။
လောကကြီးကိုဖြတ်သန်းကြရာတွင် အချစ်၊အမုန်း၊အလွမ်းဆွေးနှင့် သံယောဇဉ်ဆိုတာ အမြဲရှိနေသောအရာများဖြစ်ပါတယ်။တစ်ယောက်ယောက်ကိုလွမ်းနေလား။ဒါမှမဟုတ် အကြောင်း အရာတစ်ခု အဖြစ်ပျက်တစ်ခုလွမ်းနေလား။လွမ်းပါ။စိတ်ကြိုက်လွမ်းနိုင်ပါတယ်။တွေးတောရင်း ငေးမောကာ လွမ်းဆွေးနိုင်တယ်။အကြံပေးချင်တစ်ခုကတော့ ကိုယ်လွမ်းနေသော အလွမ်းသည် တန်ဖိုးရှိလား။လွမ်းဖို့ထိုက်တန်ရဲ့လားဆိုတာ နည်းနည်းလောက် စဉ်းစားကြည့်ဖို့လိုမယ်လို့ ထင်ပါတယ်။ဘာလို့ဆို ဘ၀ဆိုတဲ့အချိန်သည် အကန့်သတ်ဖြင့်ရသောအရာဖြစ်လို့ တန်ဖိုးမရှိသောအလွမ်းများလွမ်းကာ အချိန်တွေကုန်ဆုံးသွားမည်မှာ လွန်စွာနှမြောဖို့ကောင်းပေသည်။ဒါကြောင့် မိမိတို့၏အလွမ်းများသည် တန်းဖိုးရှိသောအလွမ်းများဖြစ်ကြပါစေလို့ဆုတောင်းပေးလိုက်ရပါသည်။
Photo; Google Image
Some Character and Stories are fictions
Written By
ဗစ်တာ
@victorzayyar
Bro ၁၀၀ upvote ပေးခဲ့ပါတယ်နော်၊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တန်ဖိုးရှိတဲ့ အလွမ်းကိုဘဲ လွမ်းပါတော့မယ် Bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါမှလည်း ကိုယ်လွမ်းရတာနဲ့ ထိုက်တန်မာလေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူပြောမှပဲပြန်စဉ်းစားရတော့မယ်
ရေးသားချက်ကတော့ကောင်းတယ်ဆိုတာထက်ပိုပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လေးလေးနက်နက် စဉ်းစားကြည့်ပါ
ပိုပီးသိလာပါလိမ့်မယ်နော်
ကိုယ့်ချစ်ခင်သူတွေ ကိုယ့်ကိုတန်ဖိုးထားသူတွေကိုသာ လွမ်းကြပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်းတဲ့ post လေးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit