Study Tour to Vietnam - Day 1

in myanmar •  7 years ago 

30.1.2018 အချိန် မနက် 12:40 မိနစ်တွင် ကျွန်တော်တို့ MBA 17th Batch ရဲ့ Study Tour to Vietnam ခရီးစဉ် သွားရောက်လည်ပတ်ရန်အတွက် မုံရွာမြို့မှ စတင်ထွက်ခွာခဲ့ကြပါတယ်။
image
တီချယ် ဒေါက်တာသင်းနွယ်ဦး(ပါမောက္ခ၊ စီမံခန့်ခွဲမှုပညာ ဌာန)၊ တီချယ် ဒေါ်မိုးမိုးခိုင်(ကထိက၊ စီမံခန့်ခွဲမှုပညာဌာန)၊ တီချယ် ဒေါ်ဝါဝါသန်းဦး(ကထိက၊ စီမံခန့်ခွဲမှုပညာ ဌာန)တို့မှ ဦးဆောင်ပြီး MBA မှ ကျောင်းသား ကျောင်းသူ (၃၀) ဦး ပါဝင်လိုက်ပါခဲ့ပါတယ်။
ယခုတစ်ခေါက် သွားရောက်လေ့လာမည့် ခရီးစဉ်ဟာ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများသို့ သွားရောက်စဉ်ကနှင့်မတူညီပဲ ပြည်ပနိုင်ငံသို့ သွားရောက်ရမည်ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ၏ရင်ထဲဝယ် ရင်ခုန်ခြင်းများဖြင့် ပြည့်နှက်လျက်ရှိပါတယ်။
image
ကျွန်တော်တို့ရဲ့ ခရီးစဉ်ဟာ ပထမဆုံး မုံရွာကနေ ရန်ကုန်သို့ ကားဖြင့်စတင်ထွက်ခွာခဲ့ကြခြင်း ဖြစ်ပါတယ်။ ထိုမှတဆင့် လေယာဉ်ဖြင့် Vietnam နိုင်ငံ၊ Hanoi သို့ ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ ကားဖြင့်ထွက်ခွာလာရာ မနက် ၆:၀၀ ကျော်တွင် နေပြည်တော်ရှိ Famous တွင် ခဏနားရင်း မနက်စာ စားသုံးခဲ့ကြပါတယ်။ ထို့နောက် ဆက်လက်ထွက်ခွာလာကြရာ နေ့လည် ၁၂:၀၀ ခန့်တွင် ထောက်ကြန့်သို့ ရောက်ရှိခဲ့ကြသည်။ ထောက်ကြန့်တွင် နေ့လည်စာ စားပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆက်လက်ထွက်ခွာခဲ့ကြသည်။
image
ရန်ကုန်လေဆိပ်သို့ ၂:၀၀ ခန့်တွင်ရောက်ရှိခဲ့ကြသော်လည်း လေယာဉ်ချိန်မှာ ည ၇:၁၅ ဖြစ်သဖြင့် လေဆိပ်အတွင်းရှိ ခရီးသည်များနားနေဆောင်တွင် ခဏနားနေခဲ့ကြပါတယ်။ ခဏမျှကြာသောအခါတွင် ခရီးစဉ်ကို စီစဉ်ပေးသော Nice Style Travel & Tour မှ လိုက်ပါပို့ဆောင်ပေးမည့်သူများ ရောက်ရှိလာခဲ့ပြီး ၅:၁၅ တွင် Check-in ဝင်ကာ ၇:၁၅ မိနစ်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Vietjet Airline မှ လေယာဉ်နံပါတ် VJ-918 စတင်ထွက်ခွာခဲ့ကြပါတယ်။
image
ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Nôi Bài International Airport သို့ ဗီယက်နမ်စံတော် ည ၉:၄၅ တွင် ရောက်ရှိခဲ့ကြသည်။ ဗီယက်နမ်တွင် Nice Style ၏ ဗီယက်နမ်လူမျိုး Guide မှ လာရောက်ကြိုဆိုပြီး Hanoi ရှိ Muong Thanh Hanoi Centre Hotel သို့ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး အနားယူခဲ့ကြပါတယ်။
image
ဟိုတယ်သို့ရောက်ရှိပြီးနောက် ပထမဦးစွာ ဖုန်း sim card များ ဝယ်ယူခဲ့ကြပါတယ်။ Data Unlimited တစ်ပတ်စာအသုံးပြုခွင့်ပါဝင်သော ဖုန်းကတ်ကို 9$ ပေးရပါတယ်။ ပြီးတဲ့နောက်မှာတော့ ပါလာသော USD များကို ဗီယက်နမ်ငွေ VND ( ဒေါင် ) ဖြင့် လဲလှယ်သော အခါမှာတော့ 1USD ကို 22700 VND ပါက်ဈေးရှိကြောင်းသိရပါတယ်။ အဲ့ဒီနောက်မှာတော့ ဗီယက်နမ်သို့ Study Tour အဖြစ် ထွက်လာခဲ့သော ကျွန်တော်တို့၏ ခရီးစဉ် တစ်နေ့တာ ပြီးဆုံးသွားခဲ့ပါတယ်။

ဆက်ပါအုံးမည်......

@wailinn
MSC - 144

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကောင်း တာ ဗဟုသုတ ရပါတယ်

ဟုတ်ကဲ့ နောင်လာမယ့်အပိုင်းတွေမှာ ဗီယက်နမ် ဟနွိုင်းအကြောင်းပါပါမယ် ဖတ်ပေးပါအုံးနော်

If You Follow Upvote comment And Resteem me I Will Do Same

ပျော်ရွှင်ဖွယ် ခရီးစဉ်လေးဖြစ်ပါစေဗျာ

ပြန်ရောက်ပါပြီ အရှင်ဘုရား

မြန်မြန်လေးရေးပေးပါ အက်ဒမင်

ဟုတ်ကဲ့ ဆက်ရေးနေပါတယ် ဖတ်ပေးပါအုံးနော်

ကောင်းပါတယ်အစ်ကိုရေ။ပျော်ရွှင်ပါစေဗျာ။

ဟုတ်ကဲ့ ကျေးဇူးပါဗျ

ပျော်စရာကြီးပေါ့ အများကြီးဆိုတော့

ဟုတ်ပါ့ တစ်နေရာတစ်နေရာရောက်ရင် လူပြန်စုရတာတော့ မလွယ်ဘူးဗျ

good post

ကျေးဇူးပါဗျ

ကရဲဝင့် တိုတိုလေး.. :P
နောက်ရက်တေ မျှော်နေပါတယ်။
ဗီယက်နမ်မလေးတေပုံတေလည်းများများထည့်ပေးပါ။

တိုဆို ပထမရက်မှာ ဒါပဲရှိတာကိုး
ဒီကနေ ဟိုရောက် ည ၁၂ လောက်မှ ဟိုတယ်ရောက်တော့
ဒါလေးပဲဖြစ်သွားတာ

နောက်​အပိုင်း ​မျှော်​​နေမယ်​ bro

ဟုတ်ကဲ့ ဆက်ရေးနေပါတယ်ဗျ

ခရီးသွားအ​တွေ့အကြုံ​လေး​တွေ မျှ​ဝေ​ပေး​တော့ ကျွန်​မတို့လဲ ဗဟုသုတရတာ​ပေါ့

ဟုတ်ကဲ့ ကျေးဇူးပါဗျ

owww ပျော်စရာကြီးပါလား ရဲဝင့်ရေ

ပျော်စရာကြီးဖြစ်သလို ဝမ်းနည်းစရာလည်းကောင်းခဲ့တယ်
အစ်မရေ

ခရီးစဉ်ကောင်းလေးပါ။

ဟုတ်ကဲ့ ကျေးဇူးပါဗျ

မ​ရောက်​ဖူးတဲ့​နေရာ​တွေ အ​ကြောင်းသိရလို့ ​ကျေးဇူးပါဗျ

နောက် post တွေအတွက် စောင့်နေပါတယ် bro

ဆရာလဲ short stories ရေးနည်းသင်ဦးမှပါ၊ ဒီနေ့ post ဆို ဖြတ်လိုက်တာတောင် စာမျက်နှာ ၂၅ ကျော်သွားတယ်..