ရှင်းကရော

in myanmar •  7 years ago 

ကျွန်ုပ်တို့ တောရွာနေလူကြီးများသည် အများအားဖြင့် ခပ်ရိုးရိုး
ခပ်အေးအေး နေတတ်ကြသည်
စကားပြောရာ၌လည်း ဘွင်းဘွင်းနဲ့ ရှင်းရှင်းသာပြောလေ့ရှိကြသည်
တစ်နေ့ ရွာထဲကဒယိကာမကြီးတစ်ယောက် သီးဦးသီးဖျား
ကောက်ညှင်းဆန်လေးချက်၍ ရွာဦးကျောင်းသို့ သွားပို့သည်
ကျောင်းရောက်သည်ဆိုရင်ပဲ ဆရာတော်အား ဝတ်ပြုရင်း နေကောင်းကျန်းမာပါစ စသော လောကဝတ် စကားများဖြင့် နှုတ်ခွန်းပြုလေသည် ဒယိကာမကြီးသည် စကားပြောရာ၌ ပေါ့ပေါ့ပါးပါး
ပြုံးပြုံး ပြုံးပြုံးနှင့်ပြောတတ်သည် ဆရာတော်သည်လည်း
ရွာဘုန်းကြီးဆိုတော့ သိသည့်အတိုင်းပင် စကားကို အားရပါးရ
အာဘောင်အာရင်း သန်သန်ဖြင့်ပြောလေ့ရှိလေသည်
အသံအိုးလည်း အတော်ကောင်းပုံပေါက်သည်
ဒကာမကြီး ဦးချနေစဉ် ဆရာတော်မှစ၍ နှုတ်ခွန်းဆက်လိုက်သည်
ဆရာတော်>>ဗျို့ ဒကာမကြီး ကျန်းမာပါစ´´ ဒကာမကြီး>>မှန်ပါ့ မာပါတယ်ဖျာ့
ဆ>>> ဒါနဲ့ ဘာတွေများ လာပို့တာတုန်း ဒကာမကြီးရဲ့´´ မ>>>မှန်ပါ့ လယ်ကထွက်တဲ့ ကောက်ညှင်းလေး ချက်ပြီး လာပို့တာပါဖျာ့´´
အော် လုပ်လှချည်လား တောင်းကြီးနဲ့ဆိုတော့ ဘယ်လောက်တောင်များတုန်းဗျ´´မှန်ပါ ကျောင်းမှာ ရှိတဲ့ ဘုန်းကြီး ဦးဇင်း ကိုရင် ကျောင်းသား ကုန်ကုန်ပြောရရင် ကျောင်းမှာရှိတဲ့ ခွေးပါ စားရအောင်လို့ ဆယ်ပြည် ချက်လာခဲ့တယ်ဖျာ့´
{ဒကာမကြီးအတော်စေတနာကောင်းပုံရသည်
ခွေး ကောက်ညှင်းကျွေး ပိတ်ပြီးသေမှာပေါ့}
ဘုန်းကြီးမှာ ခပ်အောင့်အောင့်နှင့်ပင်
ဟ လုပ်လှချည်လား ဒကာမကြီးရဲ့´´ {ဆရာတော်ကသူ့ဝသီအတိုင်း ပါးစပ်နဲ့ ပလုပ်ပလောင်း ပြောသည် အားရပါးရပင်} ```မှန်ပါ ဘုန်းပေးစေချင်လို့ပါဖျာ့ ဟဲဟဲ´´ဒါနဲ့နေပါဦး လယ်ကဘယ်နှစ်ဧကများတောင် လုပ်ထားတာတုန်း´´´
မှန်ပါ ဆယ်ဧကတည်းပါဖျာ့´´ဟ လုပ်လှချည်လား ဒကာမကြီးရဲ့´´
မှန်ပါ့ အဆင်ပြေအောင်ကြည့်လုပ်ရတာပဲဖျာ့´´နို့ နွားတွေတော့ အတော်များများရှိမှာပေါ့ ဒကာမရီး´
မှန်ပါ နွားမအုပ် ၅၀နဲ့ နွားချင်း ၅ချင်း ရှိပါတယ်ဖျား´´ဟေ အတော်များသားပဲ လုပ်ထားလှချည်လားဗျ´´
``မှန်ပါ လုပ်စားရတာပေါ့ဖျာ့´´

နို့ ဒီနွေဘာလုပ်မယ် စိတ်များကူးတုန်းဗျ´´မှန်ပါ နွေစပါးလေး ငါးဧကလောက် စိုက်မယ်
စိတ်ကူးတယ်ဖျာ့´´
ဟ ဒကာမကြီး လုပ်လှချည်လား´´မှန်ပါ နောင်ရေးတွက်တာပါ ဖျာ့´´
နို့ နေပါဦး ဒကာမရီးမှာ သားသမီး ဘယ်နှစ်ယောက်များတောင် ရှိတုန်းဗျ´´မှန်ပါ ၇ ယောက်ပါဖျာ့´´´
ဟေ… လုပ်လှချည်လား ဒကာမရီးရဲ့´´ (ဒကာမရီး ခပ်ငေါ့ငေါ့နှင်) မှန်ပါ ဒါတောင် သူတို့အဖေ လေဖြတ်သွားလို့ဖျား´ငင်………………´´´ ဆရာတော် နဲနဲ ကြောင်သွားသည်တပည့်တော်ကို ပြန်ခွင့်ပြုပါဦးဖျာ့´´
ကောင်းပြီ ကောင်းပြီ ကောင်းပြီ ဆိုရင်း
ဆရာတော်လည်း ခေါင်းကုက်ကာ ကျန်ရစ်ခဲ့တော့သည် *
=========================== image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!