ကျွန်တော်တို့ လူသားတွေမှာ လူတစ်ချို့ များများထဲက (တစ်ချို့ တွေ ) အစွန်းရောက်နေတာလေးတွေ တွေ့ မိတတ်ပါတယ် ကြုံလည်းကြုံမိပါတယ်စာဖတ်သူ မိတ်ဆွေသူငယ်ချင်း သူတော်ကောင်းတွေလည်း ကြုံဖူးကြမှာပါ တွေ့ ဖူးကြမှာပါ အစွန်းရောက်တာတွေကတော့ အမျိုးမျိုး အထွေထွေ ရှိကြပါတယ်ဘာသာရေး လူမှုရေး နိုင်ငံရေးစသဖြင်ပေါ့ အများကြီးတွေ့ နိုင်မြင်နိုင်ကြားနိုင်ပါတယ်ဒါပေမယ့် လူ့ ပတ်ဝန်းကျင် နဲ့  လူ့ စိတ်နေသဘောထားတွေမှာ ဖြစ်တတ်တဲ့ စိတ်အစွန်းရောက် လွန်ကဲမှုလေးတွေကိုပဲ ကျွန်တော် ရေးသားဖော်ပြလိုပါတယ်
ကျွန်တော်တို့ ဘဝတွေမှာ တစ်ခါတစ်လေ ကိုယ်ကိုယ်တိုင်တောင်မှ စိတ်အစွန်းရောက်မိတာလေးတွေ ဖြစ်တတ်ခဲ့ဖူးပါတယ် အရာရာတိုင်းကို အမြဲလိုလို စိတ်တိုင်းကျမဖြစ်တာတို့  စိတ်အလိုမကျတိုင်း ရန်ရှာမိတာတို့ ရန်ဖြစ်ချင်တာတို့ ဖြစ်တတ်ခဲ့ဖူးမှာပါ ဒါတွေကို စိတ်အလိုလိုက်ပြီး အမြဲပြုမူလာခဲ့ရင် ကိုယ်ဟာအစွန်းရောက်သမား ဖြစ်မှန်းမသိဖြစ်နေတာမျိုးပါ တစ်ကယ်လည်း ဖြစ်သွားနိုင်ပါတယ် စိတ်ညစ်တိုင်း
အရက်သောက်နေလို့ ပဲ ဘယ်ဖြစ်မလဲဗျာ ဒါပေမယ့်သောက်နေကြတာပဲ သူတို့ ကို
အစွန်းရောက်သမားလို့ ခေါ်မလား ခေါ်တော့မခေါ်သင့်ပါဘူး ဒါပေမယ့် ပြောလို့  ဆိုလို့ မရတော့ရင် တစ်ဖက်လူစကား လက်မခံတော့ရင် ဒါ အစွန်းရောက်နေလို့ ပါ
(လူတိုင်းကိုပုံသေ,သတ်မှတ်ထားရမယ်လို့ တော့ မရည်ရွယ်ပါဘူး )
အဓိက ကတော့ စိတ်ပါပဲ စိတ်ကို သာယာမှုနောက် စိတ်ညစ်မှုနောက် ကြုံရင်ကြုံသလို
(မထိန်းချုပ်နိုင်ပဲ)ခိုစီးလိုက်ပါခိုင်းနေမယ်ဆိုရင်တော့ စိတ်ရဲ့  လွန်ကဲတဲ့ဖြစ်စဉ်တွေနဲ့ ပဲ အမြဲ နပမ်းလုံးနေရမှာ တစ်ချို့ ဆို စိတ်ဝေဒနာရှင် ဖြစ်သွားတဲ့အထိ ဖြစ်သွားတတ်ပါတယ် တစ်ချို့ ဆို ယဉ်ယဉ်လေး ရူးသွားတတ်ကြပါတယ် ဒါတွေဟာ ကိုယ့်စိတ်ကို မထိန်းချုပ်ပဲ အလိုလိုက်မိတော့ အစွန်းရောက်တဲ့စိတ်တွေကိန်းအောင်း လာပြီး ဖြစ်တတ်တဲ့ စိတ်ရောဂါတွေပါ တစ်ချို့ ဆို ကိုယ့်ကိုယ်ကို တစ်ကိုယ်ကောင်းအရမ်းဆန်ပြီး အတ္တပဲကြည့်တတ်တဲ့သူတွေရှိပါတယ် အရာရာဟာ ငါ့အတွက်ကြီးပဲ ဆိုတာမျိုးပေါ့ ပရဟိတဆိုတာ အလကားအပိုအလုပ်လို့ ထင်ပြီး ကိုယ်ကျိုးပဲကြည့်တတ်တဲ့သူတွေ အများကြီးပါ တစ်ချို့ ဆို မြင်ဖူးတယ် အလှူအတန်းတော့လုပ်တယ် ဒါပေမယ့် ဘယ်ဘုရားကိုမှ,လှူ မှာ ဘယ်နေရာမှ,လှူမှာ ဘယ်သူမှ ဘယ်လောက်ထိလှူမှာ ဘယ်သူ့ ကိုတော့ ဘယ်လောက်ပဲလှူနိုင်မှာ စသဖြင့် စိတ်ရဲ့ မတည်ငြိမ်မှုတွေ မထိန်းသိမ်းတတ်နိုင်မှုတွေနဲ့ အသားကျနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ လည်း
ဆုံဖူးကောင်း ဆုံတွေ့ ကြမှာပါ
တစ်ချို့ တစ်ဖက်သက်ဆန်ဆန်အစွန်းရောက်တဲ့သူတွေလည်း ရှိပါသေးတယ် ဘဝဆိုဟာတစ်စုံတစ်ယောက်က သတ်မှတ်ပြဌာန်းထာပြီးသားလို့  ထင်နေကြတယ် တစ်ချို့ ကြတော့လည်း ဘဝဆိုတာ အတိတ်ကံကသာ ချယ်လှယ်ပြီး ခိုင်းစေ လုပ်ဆောင်နေရတယ်လို့ လည်းမြင်နေကြတယ် အဲ့လိုသာဖြတ်သန်းရှင်သန်သွားမယ်ဆိုရင် အစွန်းရောက်ဝါဒီသမားတွေအဖြစ် သတ်မှတ်ခံရပြီး ပစ္စုပ္ပန်မှာ ရှုံးနိမ့်သွားရပါလိမ့်မယ်
ကျွန်တော်ကတော့ စိတ်ရဲ့ ဖြစ်တတ်တဲ့ အစွန်းရောက် ယိမ်းယိုင်တတ်တဲ့ လွန်ကဲမှုလေးတွေကို နားလည်မှတ်သားထားမိသလောက် ရေးသားတင်ပြတာဖြစ်ပါတယ်ဖြစ်တတ်တဲ့သဘောလေးတွေရေးသားထားတာမို့  လိုအပ်ချက်များရှိရင် နားလည်ခွင့်လွှတ်ပေးပါ အပြုသဘောဆောင် လမ်းညွှန်ပေးနိုင်ပါတယ်( စိတ်ရဲ့ ထူးခြားဆန်းကြယ်မှုကို ပိုပြီး သိလိုရင်တော့ အကိုကြီး@yuzana ရေးတဲ့ post အဟောင်းတွေမှာ ပြည့်စုံစွာ ဖတ်ရှု့နိုင်ပါတယ်
အကိုမဟော်(@ရှားကိုး)လည်း
စိတ်နဲ့ ဆက်နွက်သော အလားတူ post များ ရေးသားဖူးပါတယ် ဖတ်ရှုနိုင်ပါတယ်)
အားလုံးကို ကျေးဇူးတင်ပါတယ်
MSCး 234
Author >>> winko
စိတ်သာ အဓိက ....ပရဟိတ စိတ်ဆိုရင်တော့ ပိုမြင့်မြတ်တာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ဗျ အဓိက က စိတ်ကြောင့်ဖြစ်တာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစွန်းရောက်ရင် ဘယ်အရာမဆိုမကောင်းတော့ဘူးပေါ့ အစ်ကိုရယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်ဗျ မကောင်းတာကို သိထားတော့ ဆင်ခြင်တတ်မိတာပေါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တာပေါ့ သားလေး
လေ့လာသင့်ပါတယ် အန်တီလည်းလေ့လာရအုံးမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါအန်တီ
အစွန်းရောက်တာကို လေ့လာလို့ ရပါတယ် စိတ်အကြောင်းကိုလည်းလေ့လာလို့ ရပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘယ်လိုနေရာမှာဘဲဖြစ်ဖြစ်အစွန်းရောက်ရင်မကောင်းပါဘူး...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်အမရေ
အစွန်းရောက်တာက တစ်ကယ်တော့ မကောင်းမှန်း လူတိုင်းသိသင့်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစွန်းကတော့ ရှောင်ရမယ် မရှောင်နိုင်ရင် E-lan နဲ့လျော်ပါ အယ်လဲ့ စတာပါ😁 တကယ်တော့ အလယ်အလတ် လမ်းစဉ်က အကောင်းဆုံး😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မမကြည်ကတော့
အတည်ပေါက်နောက်တဲ့ မိန်းမပျိုလေးပါလား😁
အလယ်အလတ်ကအကောင်းဆုံးပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစွန်းရောက်သော တစ်ဖက်စောင်းနင်းဖြစ်သော လုပ်ရပ်များသည် အများအတွက်လည်း အကျိုးမရှိနိုင်သလို မိမိအတွက်လည်း တဖြည်းဖြည်း ကျရှုံးမှုတွေဖြစ်လာပါလိမ့်မယ်။ရည်ရွယ်ချက် ကောင်းမွန်သော post လေးပါခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်ကို ကျေးဇူးတင်ပါတယ်အကိုသန့် ရေ
ရည်ရွယ်ချက်ကောင်းလေးတွေပဲပေးနေမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အလယ်အလတ် လမ်းစဉ်အတိုင်း ကျင့်တာ အကောင်းဆုံးပဲ 😆😆
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်ကိုလွှမ်း
အလယ်အလတ်ကအကောင်းဆုံး method ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစွန်းဆို ဘယ်အစွန်းမှမကောင်း လိမ့်ကျတပ်သည် အဟိ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်အကိုကြီးရေ အမှန်ပဲ ဟဲဟဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစွန်းရောက်တယ်ဆိုတာ ပုံမှန်မဟုတ်တာကို ပြောတာပေါ့နော် ။ပုံမှန်ဘဲ ဖြစ်ဖြစ် အစွန်းရောက်တာဘဲ ဖြစ်ဖြစ် မိမိနဲ့သူတစ်ပါးကို ထိခိုက်တာဆို ဘယ်အရာမှမကောင်းပါဘူး။ ညီ့Postတွေ မှာ အသိပညာပေးတာတွေ ၊စဉ်းစားစရာတွေ ပါလာတော့ ဝမ်းသာပါတယ်ညီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်အကိုမဟော်ရေ
Thinking ပိုင်းလေးတွေ ရေးသားကြည့်မိတာပါ
အကိုတို့ ကိုလည်း ချဉ်းကပ်မှီငြမ်းရတာပေါ့
အားပေးလို့ ကျေးဇူးပါအကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သိပ်မှန်တာပေါ့ အစွန်းရောက်တာဟာ ဘယ်အတွက်မှမကောင်းပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်အကို Of Course !!!!!!!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မဇ္ဇိမပဋိပဒါ အလယ်အလတ်လမ်းစဉ်က အကောင်းဆုံးပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် အမနွေဦး
မလျော့ မတင်း စောင်းကြိုးညှင်း လို ပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အလယ်အလတ်လမ်းပဲ အစွန်းရောက်လွတ်အောင်သွားကြမယ်... ♫
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတူ သွားစို့  ဖြတ်ကျော်ကြစို့ ကွယ်.. ♫.. ♫
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit