Heartache

in myanmar •  7 years ago  (edited)

အမှာစာလေး…ရေးပါရစေ…
ကျွန်တော်…pro အတွက်…post တင်ဖို့ စာရေးရတာ…
လောလောဆယ်…လိုချင်တဲ့အကြောင်းအရာတွေ…ထွက်မလာဘူး
ပိတ်ဆို့ နေမိတယ်…အလုပ်တစ်ဖက်…ပြီးတော့…
အလုပ်ပိတ်ရက်((Sat,Sun)တိုက်တော့…
သင်တန်းကတစ်ဖက်ဖြစ်နေပြန်တယ်…ကြိုပြီးတည်ထားတဲ့…
အကြောင်းအရာလေးရှိပေမယ့်လည်း…အချက်အလက်…
မပြည့်စုံသေးတော့…Pro အမှီတင်ဖို့ အဆင်မပြေခဲ့ဘူး…
Pro မှာနည်းပညာအကြောင်း…တရားအကြောင်း…
စိတ်ခွန်အားအကြောင်းတွေ…တင်ပြနေတဲ့အချိန်မှာ…
ကျွန်တော်ကတော့…(စိတ်မကောင်းစွာနဲ့ )အချစ်အကြောင်းရေးသား
တင်ဆက်လိုက်မိတယ်…ရင်ဘတ်ကို ဆွဲဖြဲပြီးရေးသားထားသလိုမျိုး
ဖော်ပြရေးသားထားပါတယ်…ကျွန်တော့်ရင်ထဲက…သူမကို…
မပြောခဲ့လိုက်ရတဲ့အကြောင်းတွေ…အခုလိုပဲ…ဖွင့်ထုတ်ညည်းညူမိ၏ ။


!!!!!!!!!!!!!
ငါ…ဘဝရဲ့ အခက်အခဲတွေ…ဒုက္ခတွေနဲ့ မောပန်းနွမ်းနယ်…
တိုက်ခိုက်နေရတဲ့အချိန်မှာ…ငါ,နင်အနား.…ဖြေသိမ့်ခွင့်ရချင်ပေမယ့်…
နေခွင့်မရခဲ့ဘူး…နင်လည်း…ငါ့အနားရှိမနေခဲ့ဘူး…အဲ့လိုအခြေအနေတွေ
ပီပြင်လာတာ…မင်းအပြစ်မဟုတ်ပါဘူး…မတန်မရာကို လိုချင်သူ…
ငါ့အပြစ်လို့ ပဲတွေးပါတယ်…


တစ်ခါတစ်လေ…နင်,သနားသောအားဖြင့်(နှိမ့်ချဆက်ဆံ)
ချီးမြှင့်လိုက်တဲ့နှုတ်ခမ်းပါးရဲ့ အဖြေတွေက…ငါ့နှလုံးသားကို…
အရုပ်ကြိုးဖြတ်လိုက်သလိုပါပဲ…စုတ်ပြတ်နုံချာလွန်းတယ်…
နင်နဲ့ ငါက…"နေနဲ့ လ " အတိုင်းအပြင်ဘက်မှာ…
တစ်ကယ်ကို…ဆန့် ကျင်ဘက်ပဲနော်…ပြီးတော့…
"အထက်ကောင်းကင်နဲ့ မြေကြီး"လိုပဲ…မနီးစပ်ဘူး…
မထိုက်တန်ဘူး…အမြဲလိုလို…ငါ့ရင်ထဲ…ငိုကြွေးဆူပွက်
လောင်မြိုက်နေတာလည်း…မင်းမသိခဲ့ဘူး…မင်းကြောင့်
အဆိပ်သင့်နေတဲ့…ငါ့အချစ်တွေကလည်း…ဖြေဆေးမရှိခဲ့ဘူး…
ငါ့မျှော်လင့်ချက်တွေ…မင်းကြောင့်…သက်တမ်းကုန်ခဲ့ရတယ်…
နင်သာ…စီရင်မယ်ဆို…လည်တမျှော်မျှော်…လျှာတပြင်ပြင်နဲ့ 
အဆိပ်ကျွေးလည်း…စားမယ့်သူပါ…ဒါပေမယ့်…အသုံးတော်ခံ…
ကျွန်တစ်ယောက်လို လူအတွက်…ရင်ခုန်သံတွေ…
ဘယ်ထပ်တူကျပါ့မလဲနော်…ဒါပေမယ့်…အခုတော့လည်း…
ကမ္ဘာတွေကုန်သွားတဲ့အထိ…ပြန်မဆုံနိုင်အောင်…ငါတို့ ဝေးခဲ့ရပြီလေ…
ဒီတစ်သက်…ဒီဘဝ…ဒီဝေဒနာတွေကို…ငါ…ထပ်မကြေငြာတော့ပါဘူး…
အလွမ်းတွေကို…ထမ်းပိုးနေတဲ့ဒဏ်ရာများနဲ့ …
ကုန်သည်တစ်ယာက်ဟာ.…"ငါ"ပါပဲ…
ဒါဟာ …နင်မသိလိုက်တဲ့…ငါ မစပ်ဆိုတတ်တဲ့…ငါ့ရင်ကွဲကဗျာတွေပဲလေ…"

ဒါဟာ …ဘယ်သူမှ မသိသေးတဲ့…မဖော်ပြတတ်တဲ့…
ကျွန်တော့်ရင်ထဲကအံကျလာတဲ့(အံဖတ်)စကားတွေ
မဟုတ်ပါလားဗျာ…

ကြိုးစား(အသည်းကွဲ)ပါဦးမည်…

Credits Photos : From Google

Authur >>> @winko

MSC : 234

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အသည်းကွဲရင်ဖွင့်ဇတ်လမ်းလေးတစ်ခုပါ။အသည်းကွဲလူလိမ်မာလေးတစ်ယောက်ဖြစ်ပါစေ။

"အသည်းကွဲ လူ လိမ္မာ "
အဲ့စကားလုံးကို ကြိုက်တယ်

ဆရာကြီး ဦးအောင်သင်းကတော့ ကဗျာရူး ၊ စာရူးရယ်၊ အချစ်ရူးရယ်ကို ကြိုက်တယ်တဲ့ ဘာလို့လဲဆိုတော့ သူတို့က အသည်းနှလုံးရှိလို့တဲ့ ဒီတော့ကာ မင်းက အချစ်ရူးကိုး

ကျွန်တော်က ဆရာကြီးအောင်သင်း ပြောသလို ဖြစစ်နေပြီပေါ့

ကွဲရင်ကြိုက်တယ် ကွဲ ပလတ်စမ်းဘာ😁😁ခ်ခ် နေရောင် တောင်စွယ်မှာကွယ်တာ ငွေလမင်း ထွက်လာဖို့ပါ သားသားရာ အားတင်းထား😁

တောင်စွယ်နေကွယ် သတ်စေ ပေါ့နော် မမ

အလွမ်းတွေကို ထမ်းပိုးနေတဲ့ အလွမ်းကုန်သည်ဆိုပါလား

ကျော်…ကုန်သည် တစ်ယောက်ပါ

အသည်းကွဲ​နေရင်​super glueနှင့်​ပြန်​ကပ်ရင်​​ရတယ်​ဆို😜😉
Good poem

အောင် မ ငီး အမေး ဇင်း

အားပေးနေတယ်ညီနောက်လည်းခုလိုဗဟုသုတရှိသော အသိပညာလေးတွေမျှဝေပေးပါ။အမြဲအားပေးနေပါမယ်

ဟုတ် ဘဒိုရေ ကျေးဇူး

အချစ်က Bus ကားလိုဘဲတဲ့ မှတ်တိုင်မှာသာရပ်နေ တစ်စီး မမှီလိုက်လည်း ပြေးလိုက်မနေနဲ့ နောက်တစ်စီးလာလိမ့်မယ် ခဏလေးဘဲစောင့် လိုက်

ဟုတ်ကဲ့ အကို ပြောသလို ရပ်စောင့်နေတာ မှတ်တိုင်မှာ မရပ်ကြဘူး

ဟီး

  ·  7 years ago (edited)

အော် အေး အေး thihakoko

အမ မှတ်တိုင်မှာ ရပ်လို့ သူ လိုက်တာဖြစ်မယ် ဟီး

စာ‌ရေးတယ်‌ဆိုတာ ရင်‌ထဲ ဦး‌နှောက်‌ထဲ ရှိတာကို ‌ရေးတာပါ။ညီ့ရင်‌ထဲ ရှိတာဘဲ ‌ရေးပါ။ဒါဟာ အမှန်‌တရားပါ။သူတစ်‌ပါးဘာ‌ရေး‌ရေး ကိုယ်‌‌ရေးချင်‌တာဘဲ ဂရုစိုက်‌ပါ။

ဟုတ် ကိုကြီးမဟော်
နှစ်သိမ့် အားပေးလက်ခံလို့ 
ကျေးဇူးပါပဲ …ဗျာ

ရင်တွင်းဖြစ်
အသဲကွဲ ဇတ်လမ်းပေါ့

ဟုတ်အန်တီ Half truth ပေါ့

အသဲကွဲဇာတ်လမ်းလေးပေါ့

သူံအမုန်းများနဲ့ ရေးခြစ်ခဲ့…အသည်းကွဲ ဇာတ်လမ်းလးပါ…

ကဗျာသမား စာ​ပေသမားရဲ့စိတ်​က နူးညံ့တာများပါတယ်

ဆရာယုဇန
အဲ့ဒါပဲ လိုချင်တာ
ကျွန်တော့်နှလုံးသားက ဝါဂွမ်းလေးလိုပါပဲဗျာ

အိုက်​စ်

အိုက်ရင် ချွတ်လိုက်ပါ

ဟှီး

အိုက်​စ်

အ​ရေးအသား​ကောင်းတာ

ဟုတ်လား သိဘူး လျှောက်ဖြီးကြည့်တာ ဟီး

ရင်တွင်းဖြစ်လေးပေါ့ ကောင်းပါတယ်

မောင်မျိုးမင်း ရဲ့ သားတစ်ပည့်ပါ

အရင်ဆုံး ကိုယ်တွေ့လိုပုံစံလေးတွေကစကြိုးစားကြည့် နောက်တော့ ကိုယ့်နေရာသူများအစာထိုးရေး နောက်တော့ ရေးတတ်သွားမာပါညီရေ

ဟုတ် အကို
တစ်ခါတစ်လေကျတော့ မင်းသားလည်း ကျွန်တော်
ဒါရိုက်တာလည်း ကျွန်တော်ဖြစ်ချင်တာ
မင်းသမီးက တော့ သေသွားင်္ပြပေါ့

နောက်တာအကို အကြံပေးတာ ကျေးဇူးပဲ

Congratulations @winko! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes
Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Thank u