၁၂ လ ရာသီဖွားများအတွက် ၂၀၁၈ ခုနှစ် မတ်လ ၁၃ မှ ၁၉ ရက်နေ့အထိ ဟောစာတမ်း

in myanmar •  7 years ago 

image

မိဿရာသီ (မတ် ၂၁ မှ ဧပြီ ၂၀)

ဆန့်ကျင်ဘက်ပြုသူများနှင့် ထိပ်တိုက်တွေ့မည်။ လုပ်သမျှ နှောင့်နှေးကြန့်ကြာမည်။ စိတ်ပျံ့လွင့်လွယ်မည်။ အလွယ်တကူပြီးမြောက် မည့်ကိစ္စကို အချိန်ယူခြင်းကြောင့် စိတ်အနှောင့်အယှက်ရှိမည်။ ထင်ရာစိုင်းလိုခြင်း နှင့် ဇွတ်တရွတ်လုပ်လိုခြင်းများကိုလျှော့ရမည်။ အရေးကြီးသော စာရွက်စာတမ်းများပျောက်မည်။ ဆုံးဖြတ်ချက်မှား၍ ငွေ ကြေးဆုံးရှုံးမှုများဖြစ်မည်။ယတြာ ။ ။ အင်္ဂါနေ့တွင် ဆားပုလင်းအသစ်သုံးစွဲပါ။

ပြိဿရာသီ (ဧပြီ ၂၁ မှ မေ ၂၁)

အညံ့ကင်းစင်၍ အဆင်ပြေခြင်းများရှိလာမည်။ ရန်ပဋိပက္ခများအေးချမ်းသွားမည်။ အခက်အခဲများကို ပြေလည်အောင် ဖြေရှင်းနိုင်မည်။ ကြန့်ကြာနေသောရပိုင်ခွင့်များ လက်ဝယ်ပြန်ရမည်။ ကြုံတွေ့နေသော အခက်အခဲများကိုဖြေရှင်းနိုင်မည်။ မိသားစုနှင့်ပတ်သက်သော ကောင်းသတင်းစကားကြားရမည်။ အချစ်ရေး၊ မေတ္တာရေးကံကောင်းသည်။ ယတြာ ။  ။ သောကြာနေ့တွင် သွပ်ပြားဟောင်း၊ သစ်ဆွေးများစွန့်ပါ။

မေထုန်ရာသီ (မေ ၂၂ မှ ဇွန် ၂၁)

အကုန်အကျ၊ အပျောက်အရှများမည်။ ဆန့်ကျင်သူများနှင့် တွေ့တတ်သည်။ ရန်အနှောင့်အယှက်ပြုသူများနှင့်ရင်ဆိုင်ရမည်။ စိတ်ပင်ပန်း လူပင်ပန်းဖြစ်မည်။ လာဘ်ပိတ်မည်။ ငွေကုန်မည်။ ဆုံးရှုံးနစ်နာစရာများကြုံမည်။ ရေနစ်တတ်သည်။ ရေချိုးခန်းတွင်လဲပြိုခြင်းဖြစ်တတ်သည်။ လျှပ်စစ်ပစ္စည်း၊ စက်ပစ္စည်းများပျက်ယွင်းတတ်သည်။ ယတြာ ။  ။ ဗုဒ္ဓဟူးနေ့တွင် လီလီပန်းဘုရားကပ်လှူပါ။

ကရကဋ်ရာသီ (ဇွန် ၂၂ မှ ဇူလိုင် ၂၂)

အရာရာသတိနှင့်ယှဉ်ပြီးဆောင်ရွက်ရမည်။ ရန်အနှောင့်အယှက် အတိုက်အခံများဝန်းရံနေသည်။ အနီးကပ်လူဒုက္ခပေးမည်။ မှန်းထားသည် နှင့်လက်တွေ့ဖြစ်ရပ်တို့ကွာဟနေမည်။ မည်သည့်ကိစ္စကိုမဆိုချက်ချင်းဆောင်ရွက် လက်ငင်းလုပ်ခြင်းဖြင့်တိုးတက်မှုရမည်။ အချိန်ဆွဲပြီးလုပ်လေ အနှောင့်အယှက်ကြုံလေဖြစ်မည်။ ယတြာ ။ ။ တနင်္လာနေ့ ကော်ဖီပန်းကန်ကိုင်းကျိုးများ၊ နှုတ်ခမ်းပဲ့များစွန့်ပါ။

သိဟ်ရာသီ (ဇူလိုင် ၂၃ မှ ဩဂုတ် ၂၃)

အခက်အခဲများကိုကျော်လွှားနိုင်မည်။ ရန်အတိုက်အခံများနှင့်ထိပ်တိုက်ရင်ဆိုင်ရမည်။ လူမျိုးကွဲလူမျိုးခြားအကျိုးပေးမည်။ တစ်ပါးသူနှင့် မတူသောလမ်းကြောင်းမှအောင်မြင်မည်။ မိဘအကြီးအကဲ ကျန်းမာရေးချူချာမည်။ မတော်တဆအပူလောင်တတ်သည်။ မှန်းထားသည်နှင့် လက်တွေ့ကပြောင်းကပြန်ကွာဟလင့်ကစားအောင်မြင်မည်။ အရပ်တစ်ပါးသို့ ဆက်သွယ်၍ ထူးခြားမည်။ ယတြာ ။ ။ တနင်္ဂနွေနေ့တွင် အိုးပေါက်၊ အိုးကွဲများစွန့်ပါ။

ကန်ရာသီ (ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၂)

စိတ်ကူးသစ်နှင့် လက်တွေ့ အောင်မြင်မည်။ အရာရာအဆင်ပြေသော အနေအထားကျရောက်မည်။ လုပ်ရိုးလုပ်စဉ်မှခွဲထွက်၍ အောင်မြင်ခြင်းအဆင့်ဆင့်မြင့်မားမည်။ အတိုက်အခံကြားမှ တိုးတက်မှုဆောင်ရွက်ရမည်။ အများကိစ္စ၊ အဖွဲ့အစည်းနှင့်ပတ်သက်၍ထူးခြားသောအကျိုးဆက်ရမည်။ မိသားစုတွင် နေရာထိုင်ခင်းကိစ္စအတွက် စကားပြော အောင်မြင်မည်။ ယတြာ ။  ။ ဗုဒ္ဓဟူးနေ့တွင် ပဲကုလားဟင်း ဆွမ်းလောင်းပါ။

တူရာသီ (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၃)

အပြောင်းအလဲများသူများ၊ စကားမတည်သူများနှင့်ဆက်ဆံနေရမည်။ သစ္စာမဲ့သူများဒုက္ခပေးလိမ့်မည်။ ခုတုံးလုပ်၍အသုံးချခံရတတ်သည်။ အခက်အခဲပဋိပက္ခများနှင့်ထိပ် တိုက်တွေ့ရတတ်သည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ယုံကြည်အားကိုး၍မရ။ ဖြစ်ပေါ်လာသောအပြောင်းအလဲများ အသုံးချ၍တိုးတက်အောင်မြင်မှုရမည်။ မတော်တဆ အန္တရာယ်သတိရှိရမည်။ ယတြာ ။ ။ သောကြာနေ့တွင် ဟင်းရွက်ကြော် ဆွမ်းလောင်းပါ။

ဗြိစ္ဆာရာသီ (အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂)

အရှုပ်အထွေးများကြား ဝင်ရောက်ဖြေရှင်းရမည်။ တစ်ပါးသူ၏ အထင်မှားမှု၊ စွပ်စွဲမှုများခံရတတ်သည်။ မနာလိုသူများ၊ ရန်အနှောင့်အယှက်များကို ထိပ်တိုက်တွေ့ကြုံရ တတ်သည်။ ရှိနေသောငွေထက်ပို၍ သုံးစွဲလိုစိတ်များကြုံမည်။ ငွေမချေးရ။ လျှပ်စစ်ပစ္စည်းများသတိနှင့်ကိုင်တွယ်ပါ။ စက်ယန္တရားများနှင့် ထိခိုက်တတ်သည်။ ယတြာ ။  ။ အင်္ဂါနေ့တွင် စက်ပစ္စည်းဟောင်းများစွန့်ပါ။

ဓနုရာသီ (နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁)

သူတစ်ပါးပြဿနာများ ကြားဝင်ဖြေရှင်းပေးရမည်။ ဖြေရှင်းပြီး အေးနေသော ပြဿနာဟောင်းများပြန်လည်ဖြေရှင်းရမည်။ ရောဂါဝေဒနာဟောင်းများပြန်ပေါ်တတ်သည်။ ပညာအတတ်နှင့်ပတ်သက်သောကံ ကောင်းမည်။ သူတစ်ပါးနှင့် ယှဉ်ပြိုင်ပြီး လုပ်သောကိစ္စများအောင်မြင်မည်။ လူမျိုးကွဲ လူမျိုးခြား အကျိုးပေးမည်။ ယတြာ ။ ။ ကြာသပတေးနေ့တွင် ပဲပြားသုပ်ဒါနပြုပါ။

မကာရရာသီ (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၂၀)

ပတ်ဝန်းကျင်နှင့် ပဋိပက္ခဖြစ်မည်။ ရန်၊ မနာလိုအတိုက်အခံပြုသူများ နှင့် ကြုံမည်။ အခက်အခဲများနှင့်ထိပ်တိုက်တွေ့မည်။ ငွေကြေးကိစ္စစကားပောဆိုမှုများအဆင်ပြေမည်။ ဆုံးဖြတ်ချက်မှားတတ်သည်။ ညှိနှိုင်းတိုင်ပင်ပြီးမှဆောင်ရွက်ပါ။ စာရွက်စာတမ်း၊ စာရင်းဇယားအမှားကို လက်ခံလက်မှတ်ရေးထိုးခြင်း ကြုံတတ်သည်။ ယတြာ ။ ။ စနေနေ့တွင် ထီးနီတစ်လက်ဘုရားလှူပါ။

ကုံရာသီ (ဇန်နဝါရီ ၂၁ မှ ဖေဖော်ဝါရီ ၁၈)

အနှောင့်အယှက်များနှင့် ထိပ်တိုက်တွေ့မည်။ ရန်အားလုံးကိုရင်ဆိုင်ပြီးတိုးတက်မည်။ လူမျိုးကွဲ လူမျိုးခြားအကျိုးပေးမည်။ ကာလအတန်ကြာ ခက်ခဲနေသည်များအဆင်ပြေ အောင် ဆောင်ရွက်နိုင်မည်။ အမျိုးသမီး မိတ်ဆွေတစ်ဦးထံမှအကူအညီရမည်။ အာမခံခြင်း၊ တာဝန်ယူခြင်းများ သတိနှင့်ဆောင်ရွက်ပါ။ ရှေးဟောင်းပစ္စည်းတစ်ခုလက်ဆောင်ရ မည်။ ယတြာ ။ ။ စနေနေ့တွင် နဂါးမောက်သီးဆွမ်းတော်တင်ပါ။

မိန်ရာသီ (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀)

ကာလအတန်ကြာဆောင်ရွက်ထားသည့်ကိစ္စများကို အပြီးသတ်အောင်ဆောင်ရွက်နိုင်မည်။ လမ်းသစ်ထွင်၍ ဆောင်ရွက်ခြင်းမှထင်ရှားသောတက်လမ်းရမည်။ ကိုယ်ပိုင်အစွမ်းအစများ ပေါ်လွင်ထင်ရှားမည်။ ရုတ်တရက်ခရီးသွားရမည်။ အညံ့အဆိုး၊ အပြိုင်အဆိုင်များကြားမှ တိုးတက်မှုရှာရမည်။ သုံးသပ်မှုမှားယွင်းခြင်းကြောင့် အကြောင်းအရာ တချို့ကို နှစ်ကြိမ်မက ပြန်လုပ်ရမည်။ ယတြာ ။ ။ ကြာသပတေးနေ့တွင် ပေါက်ပေါက်တစ်ပွဲ ဆွမ်းတော်တင်ပါ။

ချမ်းမြေ့မေတ္တာ တုံ့ပြန်ပါသည်။

စံ-ဇာဏီဘို

See More : https://goo.gl/e8Cymj

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!