ကျွန်​မ မှတ်​သားခဲ့ဖူး​သော ဘဝအနှစ်​သာရများ (၃)steemCreated with Sketch.

in myanmar •  7 years ago 

ဘယ်​သူ့ကိုဖိတ်​မှာလဲ

တစ်​ခါက အမျိုးသမီးကြီးတစ်​ဦးက သူ့အိမ်​​ရှေ့ ခြံစည်းရိုးနားက ခုံတန်း​လေး​ပေါ်မှာ မုတ်​ဆိတ်​ဖြူဖြူ​ရှည်​ရှည်​​တွေ​ပေါက်​​နေတဲ့ ​ယောကျာ်းကြီးသုံး​ယောက်​ထိုင်​​နေတာကို​တွေ့မိတယ်​။
အမျိုးသမီးကြီးက သူတို့က သူမအသိ​တွေဖြစ်​​နေမလား စဉ်းစားကြည့်​​ပေမဲ့ မှတ်​ဉာဏ်​ထဲမ​ပေါ်ဘူးဖြစ်​​နေတယ်​။
ဒါနဲ့ သူမက " ကျွန်​မ ရှင်​တို့ကိုသိလားဆိုတာ ​တွေးမရဘူး။ ဒါ​ပေမဲ့ အိမ်​ထဲဝင်​ပြီး တစ်​ခုခုသုံး​ဆောင်​ပါဦးရှင်​" လို့ဖိတ်​လိုက်​တယ်​။
"ဒီအိမ်​က အမျိုးသားတစ်​ဦးဦး အိမ်​ပြန်​​ရောက်​ပြီလား" ​လူကြီးတစ်​ဦးက​ ပြန်​​မေးလိုက်​တယ်​။
"ဟင့်​အင်း...သူပြန်​မ​ရောက်​​သေးပါဘူး"လို့သူ့မကပြန်​​ဖြေတယ်​။
"ဒါဆို ကျွန်​​တော်​တို့မဝင်​​သေးပါဘူး"လို့ သူတို့သုံးဦးကငြင်းဆိုတယ်​။

ဒီထူးဆန်းတဲ့အဖြစ်​အပျက်​ကို အမျိုးသမီးကြီးက သူ့​ယောကျာ်းပြန်​လာတဲ့အခါ​ပြောပြတယ်​။
ယောကျာ်းဖြစ်​သူက "ဒါဆို အခုငါပြန်​​ရောက်​ပြီဆိုတာ​ပြောပြပြီး သူတို့ကို အိမ်​ထဲကိုလာဖို့ ပြန်​သွားဖိတ်​လိုက်​ပါ"လို့​ပြောတယ်​။
အမျိုးသမီးကြီးကလည်း ​ခင်​ပွန်းသည်​​ပြောခိုင်းတဲ့အတိုင်းပြန်​သွားဖိတ်​​ပေမဲ့
"ကျွန်​​တော်​​တို့သုံး​ယောက်​လုံးက အိမ်​တစ်​အိမ်​ထဲကို အတူမဝင်​ဘူး" လို့သူတို့ကပြန်​​ပြောတယ်​။
"ဘာဖြစ်​လို့လဲရှင်​" လို့ အမျိုးသမီးကြီးက ပြန်​​မေးတယ်​။
"သူနာမည်​က ချမ်းသာခြင်း" ​ယောကျာ်းကြီးတစ်​ဦးက​ သူ​ဘေးကသူငယ်​ချင်းကိုညွှန်​ပြရင်း ​ပြောလိုက်​တယ်​။
"သူက​တော့ ​အောင်​မြင်​ခြင်း" ​နောက်​ထပ်​သူငယ်​ချင်းကိုညွှန်​ပြရင်း ထပ်​​ပြောတယ်​။
"ကျွန်​​တော်​က​တော့ ချစ်​ခြင်း... ကဲ အခု အိမ်​ထဲပြန်​ဝင်​ပြီး ခင်​ဗျားအမျိုးသားနဲ့ တိုင်​ပင်​လိုက်​ပါ ကျွန်​​တော်​​တို့သုံး​ယောက်​ထဲက ဘယ်​သူ့ကိုဖိတ်​မလဲဆိုတာ" လို့ ဦးချစ်​ခြင်းက​ပြောလိုက်​တယ်​။

အမျိုးသမီးကြီးလည်း အိမ်​ထဲပြန်​ဝင်​ပြီး ​ယောကျာ်းဖြစ်​သူကို အကုန်​​ပြောပြလိုက်​တယ်​။
ယောကျာ်းဖြစ်​သူက
" ဟာ ... ဘယ်​​လောက်​​ကောင်းလိုက်​လဲ ... ငါတို့ ချမ်းသာခြင်းကိုဖိတ်​ကြမယ်​ ... တို့တစ်​အိမ်​လုံး ချမ်းသာမှု​တွေ ပြည့်​နှက်​လာမှာ​ပေါ့ကွ"လို့ ဝမ်းသာအားရနဲ့ စိတ်​လှုပ်​ရှားပြီး​ပြောတယ်​။
မိန်းမဖြစ်​သူက
"အို ... ရှင်​ကလည်း ...​ ​အောင်​မြင်​ခြင်းကိုဖိတ်​သင့်​တာ" လို့ငြင်းတယ်​။
အဲ့ဒီမှာ ​​ဘေးက​နေအလုပ်​လုပ်​ရင်း နား​ထောင်​​နေတဲ့ ချွေးမဖြစ်​သူက
"သမီးက​တော့ ချစ်​ခြင်းကိုဖိတ်​သင့်​တယ်​ထင်​တယ်
ဒါဆို သမီးတို့အိမ်​လည်း အချစ်​​တွေနဲ့ပြည့်​နှက်​ပြီး ​အေးချမ်း​ပျော်​ရွှင်​ရမှာ"လို့ဝင်​​ပြောလိုက်​တယ်​။
အိမ်​ရှင်​လူကြီးက ခဏစဉ်းစားပြီး
"ဟုတ်​တယ်​ မိန်းမ​ရေ ... ငါတို့​ချွေးမအကြံကိုလက်​ခံပြီး ချစ်​ခြင်းကို ဖိတ်​ကြရ​အောင်​"လို့​ပြောလိုက်​တယ်​။
အမျိုးသမီးကြီးကလည်း သ​ဘောတူပြီး အပြင်ပြန်​ထွက်​သွားတယ်​။
"ရှင်​တို့ထဲက ချစ်​ခြင်းက ဘယ်​သူပါလဲရှင်​ ... ကျွန်​မတို့အိမ်​ထဲဝင်​ဖို့ ဖိတ်​​ခေါ်ပါတယ်​ ... ကျွန်​မတို့ရဲ့ဧည့်​သည်​အဖြစ်​​နေပြီး ဧည့်​ဝတ်​​ကျေပြွန်​ခွင့်​ပြုပါရှင်​"လို့​ဖိတ်​လိုက်​တယ်​။

ဒါနဲ့ချစ်​ခြင်းက အိမ်​ထဲဝင်​သွားတယ်​။
သူ့​နောက်​က​နေ ​အောင်​မြင်​ခြင်းနဲ့ ချမ်းသာခြင်းကလိုက်​သွားတယ်​။
အမျိုးသမီးကြီးက နားမလည်​နိုင်​ဖြစ်​သွားပြီး
"ဟို ... ကျွန်​မက ချစ်​ခြင်းကိုဖိတ်​တာပါ ... ရှင်​တို့ကဘာဖြစ်​လို့လိုက်​ရတာလဲရှင့်​"လို့ ​​အောင်​မြင်​ခြင်းနဲ့ ချမ်းသာခြင်းကို မေးလိုက်​တယ်​။

အမျိုးသမီးကြီးပြန်​ရလိုက်​တဲ့အ​ဖြေက​တော့
"ခင်​ဗျားတို့ ​အောင်​မြင်​ခြင်းနဲ့ ချမ်းသာခြင်းထဲက တစ်​ဦးဦးကိုဖိတ်​ခဲ့ရင်​ ကျန်​တဲ့နှစ်​​ယောက်​က အပြင်​မှာ​နေခဲ့ရတယ်​၊ ဒါ​ပေမဲ့ ခင်​ဗျားတို့က ချစ်​ခြင်းကို ဖိတ်​ခဲ့လို့ ကျွန်​​တော်​တို့လိုက်​ဝင်​လို့ရတယ်​"
"အချစ်​ရှိတဲ့​ဘယ်​​နေရာမှာမဆို အောင်​မြင်​မှုနဲ့ ချမ်းသာမှုကရှိတယ်​​လေ"

image

ချစ်​ခြင်း​မေတ္တာရှိ​နေမှ လူဆိုတာလည်းအဓိပ္ပါယ်​ရှိ​နေသလို
လောကကြီးဟာလည်း​ ​အေးချမ်းပါတယ်​။
အချစ်​ရှိတဲ့​နောက်​ကို တကယ်​ပဲ ​အောင်​မြင်​မှု ချမ်းသာမှု​တွေကလိုက်​လာတာပါ။
အောင်​မြင်​မှု ချမ်းသာမှု​တွေ​နောက်​ကို အချစ်​အစစ်​က လိုက်​ဖို့မ​သေချာပါဘူး။
သင်​အချစ်​စစ်​ကိုပိုင်​ဆိုင်​ထားပြီးရင်​ ​အောင်​မြင်​ခြင်း ချမ်းသားခြင်း​တွေရယူဖို့ ခွန်​အားလည်းရသွားပါလိမ့်​မယ်​။
ဒါ​ပေမဲ့ ​အောင်​မြင်​မှု ချမ်းသာမှု​တွေ​နောက်​ကိုပဲလိုက်​​နေသ​ရွေ့​တော့ အချစ်​စစ်​ကို​တွေ့ဖို့မလွယ်​​လောက်​ပါဘူး။
ဘာဖြစ်​လို့လဲဆို​တော့ ပိုချမ်းသာ​လေ​လေ ပို​အောင်​မြင်​​လေ​လေ အဲ့ဒါ​တွေကိုမက်​ပြီး ကိုယ့်​ကို အချစ်​အတု​တွေနဲ့ ဖုံးလွှမ်းမယ့်​သူ​တွေများလာ​လေ​လေမို့ အချစ်​စစ်​ကိုမြင်​ရဖို့ ခဲယဉ်းတတ်​လို့ပါပဲ။

ချစ်​ခြင်းများစွာဖြင့်
Yadanar Poekyuu

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!