ကျနော်တို့လူသားတိုင်း၊လူမျိုးတိုင်းသည် နေ့စဉ် ကောင်းခြင်း၊ဆိုးခြင်းများစွာ နှင့်ကြုံတွေ့နေကြလျက်ရှိပါသည်၊ သို့ပေမယ့် လူသားတိုင်းအတွက် ပြသာနာအခက်အခဲအကျပ်အတည်းဟု ဆိုသော်လည်း တစ်ချို့အရာများသည် ကောင်းခြင်း များဖြစ်သည်၊
ပြသာနာဟု ဆိုနိုင်သောအရာများမှ ကောင်းသောအရာများ ရ ရှိတတ်ကြပါသည်၊ ထိုသို့ကောင်းခြင်းများကိုမူ လူတိုင်းမမြင်နိုင်ပေ၊ လူတိုင်းလူတိုင်းအဆိုးကို မြင်နေကြသည်၊ အကောင်းဘက်မှ တွေးခေါ်ခြင်းများ၊စံနမူနာ ယူခြင်းများမရှိပေ၊ ထို့သို့အကျင့်မရှိကြခြင်းသည် အလွန်ပင် မကောင်းသော အချက်ဖြစ်ပေသည်၊
ကျနော်ပြောပြသော ပြသာနာများထဲမှ လာဘ် များ....ကိုကျနော်ဖတ်ခဲ့ဖူးသော စာအုပ်အကြောင်း ပြောပြပါရစေ..........
တခါက ရွာတစ်ရွာမှာ အဖိုးကြီးတစ်ဦးနှင့်သူ၏သားတစ်ယောက်နေထိုင်လျက်ရှိသည် ထိုအဖိုးကြီးတွင်....
မြင်း တစ်ကောင် ရှိသည်၊ထိုမြင်းသည် ရွာတစ်ရွာလုံးတွင် အကောင်းဆုံးမြင်းဖြစ်သည် ၊ သခင်ဖြစ်သူအဖိုးကြီးအား များစွာအလုပ်ကျွေးပြုသော မြင်းဖြစ်ပေသည်၊ထိုမြင်း၏သတင်းမှာ ရွာတစ်ရွာလုံးတွင် ပျံ့ နှံ့  လျက်ရှိသည်၊
လောကမှာ အကောင်းနှင့်အဆိုး ဒွန်တွဲ နေသည့်သဘော အရ...
တနေ့တွင်...အလွန်ပင် သတင်းကောင်းဖြင့် ကျော်ကြားသော မြင်းသည် အဖိုးကြီး၏ခြံမှ ထွက်ပြေးကာ တောထဲသို့သွားလေသည်၊
ထိုသတင်းကြားသည်နှင့်တစ်ပြိုင်နက်..ကျန်ရစ်ခဲ့သော အဖိုးကြီးဆီသို့ အိမ်နီးနားချင်းများမှ လာရောက်ပြီး...
"မြင်းလေး ထွက်ပြေးသွားတာ စိတ်မကောင်းပါဘူးဗျာ...ခင်ဗျားလည်းကောင်းကောင်းကျွေးထားတာပဲကို...."ဟု ပြောခဲ့သည်.....
အဖိုးကြီးသည် အိမ်နီးနားချင်းများ၏စကားအား "may be"ဟု ပြောဆိုခဲ့သည်............................
နောက်တစ်ရက် မနက်တွင် အဖိုးကြီးထံသို့ မြင်းနှစ်ကောင် ရောက်လာခဲ့သည်....
မြင်းတစ်ကောင်မှာ နာမည်ကျော်ကြားခဲ့သောမြင်း ဖြစ်ပေသည် အဖိုးကြီးသည် အလွန်ပင်ဝမ်းသာ ကြည်နူးခဲ့သည်....
ယခင်နည်းတူ အိမ်နီးနားချင်းများမှ လာရောက်၍ "အဖိုးကြီး ခင်ဗျားသိပ်ကံကောင်းတာပဲဗျာ..ခုဆိုမြင်းနှစ်ကောင်တောင် ရှိသွားပြီပေါ့" ဟု ပြောခဲ့သည်...
အဖိုးကြီးသည် ယခင်နည်းတူ "may be"ဟုသာ ပြန်လည် ပြောဆိုခဲ့သည်.........
ဒီလိုနဲ့ အဖိုးကြီးသည် ကောင်းရာကောင်းကြောင်း အလုပ်လုပ်စားရင်း မြင်းနှစ်ကောင်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေလေသည်...
နှစ်လခန့်အကြာတွင် မြင်းနှစ်ကောင်ထဲမှ တစ်ကောင်သည် အလွန်ပင် သောင်းကျန်းနေလေ၏ ထိုသို့သောင်းကျန်းရင်း အခန့် မသင့် ပဲ အဖိုးကြီး၏သားကို ထိခိုက်ဒဏ်ရာ ရအောင် ပြုခဲ့ရာ...လက်တစ်ဖက် ဖြတ်ခဲ့ရသော အခြေအနေတစ်ခု သို့ကံဆိုးစွာရောက်ခဲ့သည်.....
ပတ်ဝန်းကျင်မှလည်း ယခင်နည်းအတိုင်း "အို အဖိုးကြီးသားလက်အတွက် စိတ်မကောင်းစရာပဲဗျာ...အလွန်ဆိုးတဲ့ မြင်းပဲ ထားဖို့တောင်မသင့်ပေ "ဟု ဝိုင်းပြောခဲ့သော်လည်း အဖိုးကြီးမှာမူ ယခင်အတိုင်း " may be "ဟုသာ ပြန်လည် ပြောခဲ့သည်........
အဖိုးကြီး၏စကား အဆုံး အိမ်နီးနားချင်းများ ပြန်သွားသောအခါ...မကြာမီအချိန်ကာလအတွင်းတွင် အရွယ်ရောက်သောလူငယ်တိုင်းအား..စစ်တပ်မှ စစ်မှူထမ်းရန်အတွက် လာရောက်ခဲ့သည်.....
သို့ပေမယ့် အဖိုးကြီး၏သားမှာ လက်တစ်ဖက် မရှိသဖြင့် အင်္ဂါ မစုံ စာရင်းထည့်ကာ စစ်မှူထမ်းရန် မပါခဲ့ပေ၊ အိမ်နီးနားချင်းမှာလည်း အဖိုးကြီးဆီလာရောက်ပြီး..."အို ခင်ဗျားသိပ်ကံကောင်းပါတယ်ဗျာ သားသမီးနဲ့မခွဲရဘူး" ကျနော်တို့သားတွေ စစ်တပ်ထဲပါသွားကြောင်း ပြောခဲ့သည်၊..
ထိုသို့သောအကြောင်းအရာမှာ အဖိုးကြီး၏လက်သုံးအကျင့်အတိုင်း ကိစ္စတိုင်းကို မကောင်းသည်၊ဆိုးသည်ဟု မခေါ်နိုင်ပေ ၊အဆိုးထဲကအကောင်းများ ရှိနေတတ်သဖြင့် အကောင်းမြင်ဘက်မှကျိကာ နေသင့်ကြောင်း ပြောပြထားခြင်းဖြစ်သည်........
ကျနော်တို့စာဖတ်မိတ်ဆွေတွေလည်း အဖိုးကြီးကဲ့သို့ ကျင့်ကြံသင့်ပါသည်...
မည်သည့်အခြေအနေတွင်ဖြစ်စေ အကောင်းဘက်မှ တွေးသင့်ပါသည်....သူတစ်ပါးကိုအပြစ်မတင်ပဲ မိမိကိုယ်တိုင်ဆန်းစစ်တတ်သော အကျင့် ရှိသင့်ပေသည်..........
ပတ်ဝန်းကျင်မှ ဘေးစကားများကိုနားမယောင်ပဲ နေတတ်တဲ့အဖိုးကြီးကို အတုယူသင့်ပေသည်...
ယခုခေတ်တွင်ပတ်ဝန်းကျင်၏စကားများကြောင့် ဖြစ်သင့်တာတွေမဖြစ်ခဲ့သောအရာများစွာ ရှိပေသည်....
ကျနော်ရေးသောအကြောင်းများထဲမှာ စာဖတ်သူအတွက် တစ်ခုခုကျန်ခဲ့၊ရခဲ့လျှင် အလွန်ပင်ဝမ်းမြောက်မိပါသည်.....နောင်လည်း တန်ဖိုးရှိသော စာသားများကို ရေးသားတင်ပြပါအုန်းမည်....
လိုအပ်လျှင်သီးခံဖတ်ပေးကြပါရန် မေတ္တာရပ်ခံရင်း ဒီစာကို ဒီနေရာမှာ ရပ်ခွင့်ပြုပါခင်ဗျာ
သာယာသောနေ့တစ်နေ့ ဖြစ်ပါစေဗျာ....
Author : yairthiha
Credit : google images
စိတ်ထားတတ်တော့ မရှုံးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါပဲလေ နပြည့်...ဟဲဟဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ထားတတ်တော့ မြတ်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post သားကြီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးသားရီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ထာကောင်းရင်ကောင်းမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hoke
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သာယာသောနေ့တစ်နေ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆက်ကြိုးစားနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Keep it up Bro.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းကြိုက်တတ်တာကတော့ သဘာဝပါ အကောင်းတွေးဖို့ကတော့ လူတိုင်းမလုပ်ကြပါ ကျေးဇူးပါခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
votesခဲ့ပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit